مِن قَبْلُ هُدًى لِّلنَّاسِ وَأَنزَلَ الْفُرْقَانَ ۗ إِنَّ الَّذِينَ كَفَرُوا بِآيَاتِ اللَّهِ لَهُمْ عَذَابٌ شَدِيدٌ ۗ وَاللَّهُ عَزِيزٌ ذُو انتِقَامٍ ٤
🔤 Transliteration
Min qablu hudal linnaasi wa anzalal Furqaan; innallazeena kafaroo bi Aayaatil laahi lahum `azaabun shadeed; wallaahu `azeezun zun tiqaam
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတစ်ပါး တုံ အရှင်မြတ်သည်(မိမိစေလွှတ်တော်မူသော နဗီတမန်တော်များကို ထောက်ခံစေ ခြင်းအားဖြင့်) အမှားအမှန်ကို ခွဲခြားသိစွမ်းနိုင်စေသောအရာကိုလည်းချပေးသနားတော်မူခဲ့ချေပြီ။ မုချဧကန် အလ္လာဟ်အရှင်မြတ်၏သက်သေ သာဓကလက္ခဏာရပ်များကို မယုံမကြည် သွေဖည်ငြင်းပယ်ကြသောသူတို့အဖို့ ပြင်းထန်သောပြစ်ဒဏ်သည်အသင့်ရှိ၏။ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည်တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ တုံ့ပြန် လက်စားချေတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
🌐 Additional reference in ภาษาไทย
၁။ ကမ္မတ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် مِن قَبْلُ (မင်ကာဗ်လု) — ယင်းမတိုင်မီ၊ ဤနေရာတွင် တောင်ရာသ်နှင့် အင်ဂျီလ်ကျမ်းတော်များ ချပေးခြင်းသည် ကုရ်အာန်ကျမ်းတော်မြတ် မချပေးမီကာလကို ရည်ညွှန်းသည်။هُدًى (ဟုဒန်) — လမ်းညွှန်မှု၊ ဖြောင့်မတ်သောလမ်းကို ညွှန်ပြခြင်း။الْفُرْقَانَ (အလ်ဖုရ်ကာန်) — အမှန်နှင့်အမှားကို ခွဲခြားပေးသောအရာ၊ ဤနေရာတွင် ကုရ်အာန်ကျမ်းတော်မြတ်ကို ရည်ညွှန်းသည်။عَزِيزٌ (အဇီဇ်) — အနိုင်ရရှိတော်မူသောအရှင်၊ မည်သည့်အရာကမျှ အနိုင်မယူနိုင်သော တန်ခိုးတော်ရှင်။ذُو انتِقَامٍ (ဇူအင်တိကာမ်) — အပြစ်ဒဏ်ပေးတော်မူသောအရှင်၊ မယုံကြည်သူများကို သင့်လျော်သော အပြစ်ဒဏ်ပေးတော်မူသောအရှင်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် ယခင်အာယသ်တော်နှင့် ဆက်စပ်လျက် ရှိသည်။ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွ) အပေါ် ကုရ်အာန်ကျမ်းတော်မြတ်ကို အမှန်တရားနှင့်တကွ ချပေးတော်မူခဲ့သည်။ ထိုကျမ်းတော်သည် မိမိအလျင်ရှိခဲ့သော ကျမ်းတော်များကို ထောက်ခံအတည်ပြုပေးသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် တောင်ရာသ်ကျမ်းတော်ကို တမန်တော်မူစာ (အ.စ) အပေါ်၎င်း၊ အင်ဂျီလ်ကျမ်းတော်ကို တမန်တော်အီစာ (အ.စ) အပေါ်၎င်း ကုရ်အာန်မချပေးမီကာလတွင် ချပေးတော်မူခဲ့သည်။ ထိုကျမ်းတော်များအားလုံးသည် လူသားတို့အတွက် လမ်းညွှန်မှုဖြစ်သည် — သူတို့၏ ဒီန် (ဘာသာရေး) နှင့် လောကီရေးရာများတွင် အကျိုးရှိရာလမ်းကို ညွှန်ပြပေးသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အလ်ဖုရ်ကာန် — အမှန်နှင့်အမှား၊ လမ်းမှန်နှင့်လမ်းမှားကို ခွဲခြားသိစေသော ကုရ်အာန်ကျမ်းတော်မြတ်ကို ချပေးတော်မူခဲ့သည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သတိပေးတော်မူသည် — အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များ (ကျမ်းတော်များ) ကို ငြင်းပယ်ကြသည်၊ ထိုသူတို့အတွက် ပြင်းထန်သော အပြစ်ဒဏ်ရှိသည်။ အလ္လာဟ်အရှင်မြတ်သည် အနိုင်ရရှိတော်မူသောအရှင်၊ မည်သည့်အရာကမျှ အနိုင်မယူနိုင်သော တန်ခိုးတော်ရှင်၊ မိမိ၏ တမန်တော်များကို ငြင်းပယ်သူများနှင့် အမိန့်တော်ကို ဖီဆန်သူများကို သင့်လျော်သော အပြစ်ဒဏ်ပေးတော်မူသောအရှင် ဖြစ်တော်မူသည်။
مِن قَبۡلُ هُدًى لِّلنَّاسِ وَأَنزَلَ ٱلۡفُرۡقَانَۗ إِنَّ ٱلَّذِينَ كَفَرُواْ بِـَٔايَٰتِ ٱللَّهِ لَهُمۡ عَذَابٌ شَدِيدٌۗ وَٱللَّهُ عَزِيزٌ ذُو ٱنتِقَامٍ ٤
ထိုမှတစ်ပါး တုံ အရှင်မြတ်သည်(မိမိစေလွှတ်တော်မူသော နဗီတမန်တော်များကို ထောက်ခံစေ ခြင်းအားဖြင့်) အမှားအမှန်ကို ခွဲခြားသိစွမ်းနိုင်စေသောအရာကိုလည်းချပေးသနားတော်မူခဲ့ချေပြီ။ မုချဧကန် အလ္လာဟ်အရှင်မြတ်၏သက်သေ သာဓကလက္ခဏာရပ်များကို မယုံမကြည် သွေဖည်ငြင်းပယ်ကြသောသူတို့အဖို့ ပြင်းထန်သောပြစ်ဒဏ်သည်အသင့်ရှိ၏။ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည်တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ တုံ့ပြန် လက်စားချေတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 2-6 — စူရာ အာလ်-အိမရာန်
2 اللَّهُ لَا إِلَٰهَ إِلَّا هُوَ الْحَيُّ الْقَيُّومُ
အလ္လာဟ်အရှင်မြတ်သည်သာလျှင် (ခဝပ်ကိုးကွယ် ရာအရှင်ဖြစ်တော်မူ၏။) ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိချေ။ (ထိုအရှင်မြတ်သည် မရဏသေခြင်းတရားမှ လုံးဝကင်းစင်တော်မူ၍) နိစ္စ�ာဝရ အမြဲရှင်နေတော်မူသောအရှင်၊ (မိမိကိုယ်တော်တိုင် အမြဲထာဝရတည်နေတော်မူ၍ သက်ရှိသက်မဲ့ အပေါင်းတို့အား) ထိန်းသိမ်းစောင့်ရှောက်တော် မူသောအရှင်မြတ် ဖြစ်တော်မူလေသတည်း။
3 نَزَّلَ عَلَيْكَ الْكِتَابَ بِالْحَقِّ مُصَدِّقًا لِّمَا بَيْنَ يَدَيْهِ وَأَنزَلَ التَّوْرَاةَ وَالْإِنجِيلَ
ထို(အလ္လာဟ်)အရှင်မြတ်သည် အသင်၏ အပေါ်ဝယ် ကျမ်းမြတ်(ကုရ်အာန်)ကို မှန်ကန် တိကျစွာဖြင့် ထုတ်ပြန်ပို့ချတော်မူလေပြီ။ (ယင်းကုရ်အာန်ကျမ်းတော်မြတ်သည်) မိမိထက်ရှေးဦးစွာ ကျရောက်ခဲ့သော ဒေသနာတော် ကျမ်းဂန်များကို ထောက်ခံလျက်ရှိပေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ရှေးအထက်ကျော်ကာလ၌ လူခပင်းတို့ အဖို့တရားဓမ္မအဖြစ် တော်ရာတ် ကျမ်းမြတ်နှင့် အီန်ဂျီလ်ကျမ်းမြတ်ကိုလည်း ထုတ်ပြန်ပို့ချတော် မူခဲ့လေပြီ။
4 مِن قَبْلُ هُدًى لِّلنَّاسِ وَأَنزَلَ الْفُرْقَانَ ۗ إِنَّ الَّذِينَ كَفَرُوا بِآيَاتِ اللَّهِ لَهُمْ عَذَابٌ شَدِيدٌ ۗ وَاللَّهُ عَزِيزٌ ذُو انتِقَامٍ
ထိုမှတစ်ပါး တုံ အရှင်မြတ်သည်(မိမိစေလွှတ်တော်မူသော နဗီတမန်တော်များကို ထောက်ခံစေ ခြင်းအားဖြင့်) အမှားအမှန်ကို ခွဲခြားသိစွမ်းနိုင်စေသောအရာကိုလည်းချပေးသနားတော်မူခဲ့ချေပြီ။ မုချဧကန် အလ္လာဟ်အရှင်မြတ်၏သက်သေ သာဓကလက္ခဏာရပ်များကို မယုံမကြည် သွေဖည်ငြင်းပယ်ကြသောသူတို့အဖို့ ပြင်းထန်သောပြစ်ဒဏ်သည်အသင့်ရှိ၏။ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည်တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ တုံ့ပြန် လက်စားချေတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
5 إِنَّ اللَّهَ لَا يَخْفَىٰ عَلَيْهِ شَيْءٌ فِي الْأَرْضِ وَلَا فِي السَّمَاءِ
ဧကန်မုချ ပထဝီမြေပြင်၌ ရှိရှိသမျှသော အရာဝတ္ထုများသည်လည်းကောင်း၊ အာကာသကောင်းကင်၌ရှိရှိသမျှသော အရာဝတ္ထုများသည်လည်းကောင်း၊ မည်သည့်တစုံတခုမျှ အလ္လာဟ်အရှင်မြတ်ထံတော်၌ ဖုံးကွယ်နေသည်ဟူ၍ မရှိချေ။
6 هُوَ الَّذِي يُصَوِّرُكُمْ فِي الْأَرْحَامِ كَيْفَ يَشَاءُ ۚ لَا إِلَٰهَ إِلَّا هُوَ الْعَزِيزُ الْحَكِيمُ
ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသည့်အတိုင်း(မိခင်တို့၏)သားအိမ်များတွင် အသင်တို့၏ရုပ်အဆင်းသဏ္ဍာန်များကို ပြုလုပ်ဖန်ဆင်းတော်မူသော အရှင်မြတ်ပင်(ဖြစ်တော်မူ၏)။ ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့်လွမ်းမူတော်မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံဉာဏ် ပညာနှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူချေသတည်း။
ဘာသာပြန် — အာလ်-အိမရာန် 4 စူရာ အာလ်-အိမရာန် အာယာသ် 4 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး တုံ အရှင်မြတ်သည်(မိမိစေလွှတ်တော်မူသော နဗီတမန်တော်များကို ထောက်ခံစေ ခြင်းအားဖြင့်) အမှားအမှန်ကို ခွဲခြားသိစွမ်းနိုင်စေသောအရာကိုလည်းချပေးသနားတော်မူခဲ့ချေပြီ။ မုချဧကန် အလ္လာဟ်အရှင်မြတ်၏သက်သေ…
စူရာ အာယာသ် 4/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 2–6. မြန်မာဘာသာ: ภาษาไทย.