အရ်-ရူမ် · 52/60
ဘာသာပြန် အသံနိုင်ငံ — စူရာ အရ်-ရူမ်
فَإِنَّكَ لَا تُسْمِعُ الْمَوْتَىٰ وَلَا تُسْمِعُ الصُّمَّ الدُّعَاءَ إِذَا وَلَّوْا مُدْبِرِينَ ۝٥٢
Fa innaka laa tusmi`ul mawtaa wa laa tusmi`us summad du`aaa`a izaa wallaw mudbireen
📖 မြန်မာဘာသာ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) ဧကန်အမှန် အသင်သည် သူသေတို့အား ကြားစေနိုင်သည် မဟုတ်ပေ။ထိုနည်းတူစွာ အသင်သည် နားပင်းသူတို့အားလည်း ၎င်းတို့ကျောခိုင်းလှည့် ပြန်သွားကြသောအခါ ဟစ်ခေါ်သံကို ကြားစေနိုင်သည် မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 50-54 — စူရာ အရ်-ရူမ်

50فَانظُرْ إِلَىٰ آثَارِ رَحْمَتِ اللَّهِ كَيْفَ يُحْيِي الْأَرْضَ بَعْدَ مَوْتِهَا ۚ إِنَّ ذَٰلِكَ لَمُحْيِي الْمَوْتَىٰ ۖ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်(တည်းဟူသော မိုးရွာသွန်းခြင်း)၏ အမှတ်လက္ခဏာများကို ကြည့်လေ။ ထိုအရှင်မြတ်သည် ပထဝီမြေကို ယင်းပထဝီမြေ (သွေ့ခြောက်) သေပြီးနောက် မည်သို့ ရှင်စေတော်မူခဲ့ပါသနည်း။ ဧကန်မလွဲ ထိုအရှင်မြတ်သည်ပင် သူသေတို့အား ရှင်စေတော်မူမည့် အရှင်ဖြစ်တော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
51وَلَئِنْ أَرْسَلْنَا رِيحًا فَرَأَوْهُ مُصْفَرًّا لَّظَلُّوا مِن بَعْدِهِ يَكْفُرُونَ
သို့ရာတွင် အမှန်ပင် အကယ်၍ ငါအရှင်မြတ်သည် (အခြားသော)လေတစ်မျိုးကို စေလွှတ်တော်မူ၍ ၎င်းတို့သည် ထိုလယ်ယာကို ဝါ၍နေသည်ကို တွေ့မြင်ခဲ့ကြလျှင် ၎င်းတို့သည် ထို(သို့ဝါသွားသည့်) နောက်တွင် အမှန်ပင် ကျေးဇူးကန်းကြကုန်အံ့သတည်း။
52فَإِنَّكَ لَا تُسْمِعُ الْمَوْتَىٰ وَلَا تُسْمِعُ الصُّمَّ الدُّعَاءَ إِذَا وَلَّوْا مُدْبِرِينَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) ဧကန်အမှန် အသင်သည် သူသေတို့အား ကြားစေနိုင်သည် မဟုတ်ပေ။ထိုနည်းတူစွာ အသင်သည် နားပင်းသူတို့အားလည်း ၎င်းတို့ကျောခိုင်းလှည့် ပြန်သွားကြသောအခါ ဟစ်ခေါ်သံကို ကြားစေနိုင်သည် မဟုတ်ပေ။
53وَمَا أَنتَ بِهَادِ الْعُمْيِ عَن ضَلَالَتِهِمْ ۖ إِن تُسْمِعُ إِلَّا مَن يُؤْمِنُ بِآيَاتِنَا فَهُم مُّسْلِمُونَ
ထိုမှတစ်ပါး အသင်သည် မျက်စိကန်းသူတို့အားလည်း ၎င်းတို့၏လမ်းလွဲခြင်းမှ (ကယ်တင်ခြင်းငှာ) တရားလမ်းကို ပြသနိုင်မည်မဟုတ်ပေ။ အသင်သည် ငါအရှင်မြတ်၏ အာယတ်တော်များကို ယုံကြည်၍(အမိန့်တော်များကို) နာခံသော သူတို့အားသာလျှင် ကြားစေနိုင်ပေသတည်း။
54۞ اللَّهُ الَّذِي خَلَقَكُم مِّن ضَعْفٍ ثُمَّ جَعَلَ مِن بَعْدِ ضَعْفٍ قُوَّةً ثُمَّ جَعَلَ مِن بَعْدِ قُوَّةٍ ضَعْفًا وَشَيْبَةً ۚ يَخْلُقُ مَا يَشَاءُ ۖ وَهُوَ الْعَلِيمُ الْقَدِيرُ
အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အား အားနည်းရာမှ ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်(ယင်း)အားနည်းမှု၏ နောက်တွင် ခွန်အားကို ပြုလုပ်၍ ပေးတော်မူ၏။ ထို့နောက်တဖန် ထိုအရှင်မြတ်သည် (ထို)ခွန်အား၏နောက်တွင် အားနည်းမှုကိုလည်းကောင်း၊ အသက်အရွယ်အိုမင်းရင့်ရော်မှုကို လည်းကောင်း၊ ပြုလုပ်တော်မူ၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသော အရာကို ဖန်ဆင်းတော်မူ၏။ အမှန်သော်ကား ထိုအရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို) အလွန်တရာ သိတော်မူသော(အရာခပ်သိမ်းတို့ကို) စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အရ်-ရူမ်ကုရ်အာန် ညွှန်းကိန်း
60အာယာသ်
MeccanRevelation
52အာယာသ်

ဘာသာပြန် — အရ်-ရူမ် 52

စူရာ အရ်-ရူမ် အာယာသ် 52 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) ဧကန်အမှန် အသင်သည် သူသေတို့အား ကြားစေနိုင်သည် မဟုတ်ပေ။ထိုနည်းတူစွာ အသင်သည် နားပင်းသူတို့အားလည်း ၎င်းတို့ကျောခိုင်းလှည့်…

စူရာ အာယာသ် 52/60 — စူရာ အရ်-ရူမ် الروم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အရ်-ရူမ် နားထောင်, စူရာ အရ်-ရူမ် ဘာသာပြန်, စူရာ အရ်-ရူမ် mp3, စူရာ အရ်-ရူမ် pdf. အာယာသ် 50–54. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers