လုက်မာန် · 30/34
ဘာသာပြန် အသံနိုင်ငံ — စူရာ လုက်မာန်
ذَٰلِكَ بِأَنَّ اللَّهَ هُوَ الْحَقُّ وَأَنَّ مَا يَدْعُونَ مِن دُونِهِ الْبَاطِلُ وَأَنَّ اللَّهَ هُوَ الْعَلِيُّ الْكَبِيرُ ۝٣٠
Zaalika bi annal laaha Huwal Haqqu wa anna maa yad`oona min doonihil baatilu wa annal laaha Huwal `Aliyyul Kabeer
📖 မြန်မာဘာသာ
ဤသည်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် အမှန်အကန်(ထာဝရတည်ရှိနေတော်မူမည်) ဖြစ်သောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး၊ထိုသူတို့ဟစ်ခေါ်တမ်းတကြကုန်သော အရာများသည် အမှားပင်(ဖြစ်၍ပျက်စီးသွားကြမည်)သာ ဖြစ်သောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်သာလျှင် လွန်စွာမြင့်မြတ်တော်မူသော၊ လွန်စွာ ကြီးကဲတော်မူသောအရှင် ဖြစ်တော်မူသောကြောင့်ပင် ဖြစ်ချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ

  • ဇာလိကာ (ذَٰلِكَ) — ထို(ဖော်ပြခဲ့သော ဖန်ဆင်းခြင်းနှင့် စီမံခန့်ခွဲခြင်း)သည်။
  • အလ်ဟက္ကု (الْحَقُّ) — အမှန်တရား၊ ဧကန်အမှန်ဖြစ်သော အရှင်။
  • အလ်ဗာသွိလု (الْبَاطِلُ) — အခြေအမြစ်မရှိသော၊ အနှစ်သာရမရှိသော၊ အလွယ်တကူ ကွယ်ပျောက်သွားမည့်အရာ။
  • အလ်အလီယျု (الْعَلِيُّ) — အမြင့်မြတ်ဆုံးဖြစ်တော်မူသော အရှင်။
  • အလ်ကဗီးရု (الْكَبِيرُ) — အကြီးမြတ်ဆုံးဖြစ်တော်မူသော အရှင်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤဖော်ပြပါ ဖန်ဆင်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့် တန်ခိုးတော်ဆိုင်ရာ သက်သေလက္ခဏာများအားလုံးသည် အလ္လာဟ်အရှင်မြတ်သည် အမှန်တရားဖြစ်တော်မူကြောင်း သိရှိစေရန်အတွက်ဖြစ်သည်။ အရှင်မြတ်သည် မိမိ၏ ဇာတ်တော်၊ ဂုဏ်တော်များနှင့် လုပ်ဆောင်ချက်များအားလုံးတွင် ဧကန်အမှန်ဖြစ်တော်မူသည်။ အရှင်မြတ်မှတစ်ပါး သူတို့ဟစ်ခေါ်ကိုးကွယ်နေကြသော ရုပ်တုများ၊ ကိုးကွယ်ရာများသည် အခြေအမြစ်မရှိသော၊ အနှစ်သာရမရှိသော အချည်းနှီးသောအရာများသာဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ဇာတ်တော်၊ တန်ခိုးတော်နှင့် အနန္တစွမ်းအားတော်ဖြင့် ဖန်ဆင်းခံအရာအားလုံးအပေါ် အမြင့်မြတ်ဆုံးဖြစ်တော်မူသည်။ အရှင်မြတ်ထက် မြင့်မြတ်သောအရာ မရှိပါ။ အရှင်မြတ်သည် အရာအားလုံးထက် ကြီးမြတ်တော်မူပြီး အရှင်မြတ်မှလွဲ၍ ကျန်ရှိသမျှအရာအားလုံးသည် အရှင်မြတ်၏ စိုးမိုးအုပ်ချုပ်မှုအောက်တွင် ရှိကြသည်။ ထို့ကြောင့် အရှင်မြတ်တစ်ပါးတည်းသာလျှင် ကိုးကွယ်ထိုက်သော အရှင်ဖြစ်တော်မူသည်။

၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် အမှန်တရားဖြစ်တော်မူကြောင်း သိရှိခြင်းသည် စိတ်နှလုံးကို ငြိမ်းချမ်းမှုနှင့် ယုံကြည်မှုခိုင်မာစေသည်။
  • အရှင်မြတ်မှတစ်ပါး ကိုးကွယ်ရာများသည် အခြေအမြစ်မရှိကြောင်း သိရှိခြင်းဖြင့် အမှားအယွင်းများမှ ကင်းဝေးနိုင်သည်။
  • အလ္လာဟ်အရှင်မြတ်သည် အမြင့်မြတ်ဆုံးနှင့် အကြီးမြတ်ဆုံးဖြစ်တော်မူကြောင်း နားလည်ခြင်းသည် အရှင်မြတ်အပေါ် ရိုသေလေးစားမှုနှင့် ချစ်ခင်မှုကို တိုးပွားစေသည်။
  • ဤအာယသ်တော်သည် အစ္စလာမ


📜 အာယာသ် 28-32 — စူရာ လုက်မာန်

28مَّا خَلْقُكُمْ وَلَا بَعْثُكُمْ إِلَّا كَنَفْسٍ وَاحِدَةٍ ۗ إِنَّ اللَّهَ سَمِيعٌ بَصِيرٌ
အသင်တို့အား ဖန်ဆင်းတော်မူခြင်းနှင့် အသင်တို့အား (သေပြီးနောက်တဖန်) ရှင်ပြန်ထစေတော်မူ ခြင်းသည်လူတစ်ယောက်(ကိုဖန်ဆင်းတော်မူခြင်း၊ သို့မဟုတ် လူတစ်ယောက်အား ရှင်ပြန်ထစေတော်မူခြင်း) ကဲ့သို့သာဖြစ်သည်။အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာကြားတော်မူသော၊ အလွန်တရာ မြင်တော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
29أَلَمْ تَرَ أَنَّ اللَّهَ يُولِجُ اللَّيْلَ فِي النَّهَارِ وَيُولِجُ النَّهَارَ فِي اللَّيْلِ وَسَخَّرَ الشَّمْسَ وَالْقَمَرَ كُلٌّ يَجْرِي إِلَىٰ أَجَلٍ مُّسَمًّى وَأَنَّ اللَّهَ بِمَا تَعْمَلُونَ خَبِيرٌ
အသင်သည် မသိမမြင်ခဲ့လေသလော၊ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ည(၏အစိတ်အပိုင်းများ)ကို နေ့တွင်လည်းကောင်း၊ နေ့(၏ အစိတ်အပိုင်းများ)ကို ညတွင်လည်းကောင်း ဝင်စေတော်မူ၏။ ထို့ပြင်၊ ထိုအရှင်မြတ်သည် ‘နေ’ကိုလည်းကောင်း၊ ‘လ’ ကို လည်းကောင်း နိုင်နင်းစေတော်မူ၏။ယင်း (‘နေ’နှင့်’လ’) အသီးသီးတို့သည် သတ်မှတ်ပြဌာန်းအပ်သော အချိန်ကာလတိုင်အောင် သွားလာလှုပ်ရှားလျက်ပင်ရှိပေမည်။ ထိုမှတစ်ပါး အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်ကြသည်တို့ကို အကြွင်းမဲ့ ကြားသိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။
30ذَٰلِكَ بِأَنَّ اللَّهَ هُوَ الْحَقُّ وَأَنَّ مَا يَدْعُونَ مِن دُونِهِ الْبَاطِلُ وَأَنَّ اللَّهَ هُوَ الْعَلِيُّ الْكَبِيرُ
ဤသည်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် အမှန်အကန်(ထာဝရတည်ရှိနေတော်မူမည်) ဖြစ်သောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး၊ထိုသူတို့ဟစ်ခေါ်တမ်းတကြကုန်သော အရာများသည် အမှားပင်(ဖြစ်၍ပျက်စီးသွားကြမည်)သာ ဖြစ်သောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်သာလျှင် လွန်စွာမြင့်မြတ်တော်မူသော၊ လွန်စွာ ကြီးကဲတော်မူသောအရှင် ဖြစ်တော်မူသောကြောင့်ပင် ဖြစ်ချေသတည်း။
31أَلَمْ تَرَ أَنَّ الْفُلْكَ تَجْرِي فِي الْبَحْرِ بِنِعْمَتِ اللَّهِ لِيُرِيَكُم مِّنْ آيَاتِهِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّكُلِّ صَبَّارٍ شَكُورٍ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် သမုဒ္ဒရာပင်လယ်၌ ရွက်သင်္ဘောများ သွားလာလှုပ်ရှားလျက်ရှိကြခြင်းမှာ ထိုအရှင်မြတ်သည် အသင်တို့အား မိမိ၏အချို့သက်သေသာဓကများကို ပြသတော်မူရန်ဖြစ်ကြောင်းအသင်သည် မမြင်ခဲ့လေသလော။ ဧကန်မလွဲ ဤသည်တွင်ကျေးဇူးသိတတ်သော သည်းခံခြင်းတရား ထားရှိသူတိုင်း၏အဖို့အမှန်ပင် သက်သေသာဓကများ ရှိကြပေသည်။
32وَإِذَا غَشِيَهُم مَّوْجٌ كَالظُّلَلِ دَعَوُا اللَّهَ مُخْلِصِينَ لَهُ الدِّينَ فَلَمَّا نَجَّاهُمْ إِلَى الْبَرِّ فَمِنْهُم مُّقْتَصِدٌ ۚ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا كُلُّ خَتَّارٍ كَفُورٍ
စင်စစ် ၎င်းတို့အား လှိုင်းတံပိုးသည် အမိုးများပမာ ဖုံးလွှမ်းခဲ့သောအခါ၊ ၎င်းတို့သည် ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်အဖို့သာ စေတနာ သဒ္ဓါတရားဖြူစင်စွာထားကာ ဟစ်ခေါ်တသကြကုန်၏။ သို့ရာတွင်ထိုအရှင်မြတ်သည် ၎င်းတို့အားကယ်တင်၍ ကုန်းမြေသို့ ပို့ဆောင်တော်မူသောအခါ ၎င်းတို့အနက်အချို့သည် မဇိ္ဈမပဋိပဒါစနစ်ကိုလိုက်၏။ စင်စစ်သော်ကား ငါအရှင်မြတ်၏ သက်သေလက္ခဏာ များကိုကျေးဇူးကန်းသော ကတိသစ္စာ ဖောက်ဖျက်သူတိုင်းသာလျှင် ငြင်းပယ်လေ့ရှိကြပေသတည်း။
လုက်မာန်ကုရ်အာန် ညွှန်းကိန်း
34အာယာသ်
MeccanRevelation
30အာယာသ်

ဘာသာပြန် — လုက်မာန် 30

စူရာ လုက်မာန် အာယာသ် 30 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤသည်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် အမှန်အကန်(ထာဝရတည်ရှိနေတော်မူမည်) ဖြစ်သောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး၊ထိုသူတို့ဟစ်ခေါ်တမ်းတကြကုန်သော အရာများသည် အမှားပင်(ဖြစ်၍ပျက်စီးသွားကြမည်)သာ ဖြစ်သောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်သာလျှင် လွန်စွာမြင့်မြတ်တော်မူသော၊…

စူရာ အာယာသ် 30/34 — စူရာ လုက်မာန် لقمان (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ လုက်မာန် နားထောင်, စူရာ လုက်မာန် ဘာသာပြန်, စူရာ လုက်မာန် mp3, စူရာ လုက်မာန် pdf. အာယာသ် 28–32. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers