စဗ · 12/54
ဘာသာပြန် အသံနိုင်ငံ — စူရာ စဗ
وَلِسُلَيْمَانَ الرِّيحَ غُدُوُّهَا شَهْرٌ وَرَوَاحُهَا شَهْرٌ ۖ وَأَسَلْنَا لَهُ عَيْنَ الْقِطْرِ ۖ وَمِنَ الْجِنِّ مَن يَعْمَلُ بَيْنَ يَدَيْهِ بِإِذْنِ رَبِّهِ ۖ وَمَن يَزِغْ مِنْهُمْ عَنْ أَمْرِنَا نُذِقْهُ مِنْ عَذَابِ السَّعِيرِ ۝١٢
Wa li-Sulaimaanar reeha ghuduwwuhaa shahrunw wa ra-waahuhaa shahrunw wa asalnaa lahoo `ainal qitr; wa minal jinni mai ya`malu baina yadaihi bi izni Rabbih; wa mai yazigh minhum `an amrinaa nuziqhu min `azaabis sa`eer
📖 မြန်မာဘာသာ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်)လေကိုစုလိုင်မာန် ၏(အမိန့်ကို နာခံစေတော်မူခဲ့၏။) ယင်းလေ၏နံနက်လမ်းခရီးမှာ တစ်လခရီးလမ်းဖြစ်၍ ညနေလမ်းခရီးမှာလည်း တလခရီးလမ်းပင် ဖြစ်ခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည်ထိုစုလိုင်မာန် ၏အကျိုးငှာ ကြေးနီချောင်းများကို စီးဆင်းစေတော်မူခဲ့၏။ ထိုမှတစ်ပါး ဂျင်န်တို့အနက် အချို့မှာ ထိုစုလိုင်မာန်၏ရှေ့မှောက်ဝယ် ထိုစုလိုင်မာန်၏အရှင် မြတ်အမိန့်တော်နှင့် (၎င်းခိုင်းစေသမျှတို့ကို) လုပ်ကိုင် ဆောင်ရွက်ပေးလျက်သာရှိနေခဲ့ကြ၏။ စင်စစ်သော်ကား ထိုဂျင်န်များအနက် မည်သူမဆို ငါအရှင်မြတ်၏အမိန့်တော်မှ သွေဖည် တိမ်းယိမ်းသည်ရှိသော် ငါအရှင်မြတ်သည် ၎င်းအား အလျှံပြောင်ပြောင်တောက်လောင်လျက်ရှိသော မီးတောက်မီးလျှံ၏ အရသာကိုမြည်းစမ်းစေတော်မူမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ စူရဟ်စဗ် (၃၄) အာယသ် ၁၂ တွင် ပါဝင်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ—
  • ဂုဒွသ် (غُدُوّ) — နံနက်အစောပိုင်းမှ မွန်းတည့်ချိန်အထိ ခရီးသွားခြင်း။
  • ရဝါဟ် (رَوَاح) — မွန်းတည့်ချိန်မှ ညနေအထိ ခရီးသွားခြင်း။
  • အဆလ်နာ (أَسَلْنَا) — အရည်ပျော်စေခဲ့သည်၊ စီးဆင်းစေခဲ့သည်။
  • အိုင်နုလ်ကိသ်ရ် (عَيْنَ الْقِطْر) — ကြေးနီသတ္တုတွင်း၊ ကြေးနီကို အရည်ပျော်စေသော စမ်းရေတွင်း။
  • ယာဇိဂ် (يَزِغْ) — လမ်းလွဲခြင်း၊ သွေဖည်ခြင်း။
  • စအီရ် (السَّعِير) — တောက်လောင်နေသော မီးငရဲ။
  1. ဤအာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်—

အလ္လာဟ်အရှင်မြတ်သည် တမန်တော်စုလိုင်မာန် (အလိုင်ဟိစ်စလာမ်) အတွက် လေကို အလုပ်အကျွေးပြုစေတော်မူခဲ့သည်။ ထိုလေသည် နံနက်အစောပိုင်းတွင် လည်းကောင်း၊ ညနေပိုင်းတွင် လည်းကောင်း တစ်လစာ ခရီးအကွာအဝေးကို သယ်ဆောင်ပေးနိုင်သည်။ ထို့အပြင် အရှင်မြတ်သည် တမန်တော်စုလိုင်မာန်အတွက် ကြေးနီကို အရည်ပျော်စေတော်မူခဲ့သည်။ ထိုကြေးနီသည် ရေကဲ့သို့ စီးဆင်းနေသဖြင့် သူအလိုရှိသည့်အတိုင်း အသုံးပြုနိုင်သည်။ ထို့အပြင် ဂျင်န်များထဲမှ အချို့ကို သူ့ရှေ့တွင် အလုပ်လုပ်ရန် အရှင်မြတ်၏ အမိန့်တော်ဖြင့် အလုပ်အကျွေးပြုစေတော်မူခဲ့သည်။ ထိုဂျင်န်များထဲမှ မည်သူမဆို အရှင်မြတ်၏ အမိန့်တော်မှ သွေဖည်လျှင် တောက်လောင်နေသော မီးငရဲ၏ ပြစ်ဒဏ်ကို မြည်းစမ်းစေမည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ—
  • အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိသော ကျေးကျွန်များအား သဘာဝတရားများ၊ သတ္တဝါများကို အလုပ်အကျွေးပြုစေနိုင်သည့် တန်ခိုးအာနိသင်ကို ပေးသနားတော်မူသည်။ ဤသည်က အရှင်မြတ်၏ စွမ်းအားတော်ကို ထင်ရှားစေသည်။
  • တမန်တော်စုလိုင်မာန်သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကြောင့် လေ၊ ကြေးနီနှင့် ဂျင်န်များကို အသုံးပြုနိုင်ခဲ့သည်။ ဤသည်က အရှင်မြတ်အား ယုံကြည်ကိုးကွယ်ပါက မည်သည့်အရာမဆို ဖြစ်နိုင်သည်ဟူသော သင်ခန်းစာကို ပေးသည်။
  • အရှင်မြတ်၏ အမိန့်တော်ကို နာခံခြင်းသည် ကောင်းချီးမင်္ဂလာများကို ရရှိစေပြီး၊ သွေဖည်ခြင်းသည် ပြစ်ဒဏ်ကို ခံစားရစေသည်။ ဤသည်က အရှင်မြတ်အား နာခံရန် အားပေးတိုက်တွန်းသည်။
  • အလ္လာဟ်အရှင်မြ


📜 အာယာသ် 10-14 — စူရာ စဗ

10۞ وَلَقَدْ آتَيْنَا دَاوُودَ مِنَّا فَضْلًا ۖ يَا جِبَالُ أَوِّبِي مَعَهُ وَالطَّيْرَ ۖ وَأَلَنَّا لَهُ الْحَدِيدَ
မလွဲဧကန် ငါအရှင်မြတ်သည် (နဗီတမန်တော်)ဒါဝူဒ်အား မိမိအထံတော်မှ ကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ (ထို့ပြင် ငါအရှင်မြတ်သည် တောင်များကို)အို-တောင်တို့ အသင်တို့သည်ဒါဝူဒ်နှင့်အတူ (ငါအရှင်မြတ်)စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုကြကုန်လော့ (ဟုမိန့်ကြားတော်မူခဲ့၏)။ ထိုနည်းတူစွာ ငှက်တိရစ္ဆာန်များကိုလည်း (ငါအရှင်မြတ်သည် ဤအတိုင်းပင် မိန့်ကြားတော်မူခဲ့၏)ထိုမှတစ်ပါး ငါအရှင်မြတ်သည် ဒါဝူဒ် အဖို့ အသံကိုပျော့ပျောင်း စေတော်မူခဲ့၏။
11أَنِ اعْمَلْ سَابِغَاتٍ وَقَدِّرْ فِي السَّرْدِ ۖ وَاعْمَلُوا صَالِحًا ۖ إِنِّي بِمَا تَعْمَلُونَ بَصِيرٌ
(ထိုမှတစ်ပါး ငါအရှင်မြတ်သည် ဒါဝူဒ် အားမိန့်ကြားတော်မူခဲ့၏။) အသင်သည် ပြည့်စုံသော သံချပ်အကျႌရှည်များကို ပြုလုပ်ပါလေ။ ၎င်းပြင် အသင်သည် (ကွင်းဆက်များကို) ဆက်ရာတွင် သင့်မြတ်အောင် ချိန်ဆခန့်မှန်း၍ ပြုလုပ်ပါလေ။ ထို့ပြင် (အို-ဒါဝူဒ်၏သားမြေးတို့) အသင်တို့သည်(ထိုဒါဝူဒ်နှင့်အတူ) ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ကြလေကုန်၊ ဧကန်မလွဲ ငါအရှင်မြတ်သည်အသင်တို့ ကျင့်မူပြုလုပ်သမျှတို့ကို အကြွင်းမဲ့သိမြင်တော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
12وَلِسُلَيْمَانَ الرِّيحَ غُدُوُّهَا شَهْرٌ وَرَوَاحُهَا شَهْرٌ ۖ وَأَسَلْنَا لَهُ عَيْنَ الْقِطْرِ ۖ وَمِنَ الْجِنِّ مَن يَعْمَلُ بَيْنَ يَدَيْهِ بِإِذْنِ رَبِّهِ ۖ وَمَن يَزِغْ مِنْهُمْ عَنْ أَمْرِنَا نُذِقْهُ مِنْ عَذَابِ السَّعِيرِ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်)လေကိုစုလိုင်မာန် ၏(အမိန့်ကို နာခံစေတော်မူခဲ့၏။) ယင်းလေ၏နံနက်လမ်းခရီးမှာ တစ်လခရီးလမ်းဖြစ်၍ ညနေလမ်းခရီးမှာလည်း တလခရီးလမ်းပင် ဖြစ်ခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည်ထိုစုလိုင်မာန် ၏အကျိုးငှာ ကြေးနီချောင်းများကို စီးဆင်းစေတော်မူခဲ့၏။ ထိုမှတစ်ပါး ဂျင်န်တို့အနက် အချို့မှာ ထိုစုလိုင်မာန်၏ရှေ့မှောက်ဝယ် ထိုစုလိုင်မာန်၏အရှင် မြတ်အမိန့်တော်နှင့် (၎င်းခိုင်းစေသမျှတို့ကို) လုပ်ကိုင် ဆောင်ရွက်ပေးလျက်သာရှိနေခဲ့ကြ၏။ စင်စစ်သော်ကား ထိုဂျင်န်များအနက် မည်သူမဆို ငါအရှင်မြတ်၏အမိန့်တော်မှ သွေဖည် တိမ်းယိမ်းသည်ရှိသော် ငါအရှင်မြတ်သည် ၎င်းအား အလျှံပြောင်ပြောင်တောက်လောင်လျက်ရှိသော မီးတောက်မီးလျှံ၏ အရသာကိုမြည်းစမ်းစေတော်မူမည်။
13يَعْمَلُونَ لَهُ مَا يَشَاءُ مِن مَّحَارِيبَ وَتَمَاثِيلَ وَجِفَانٍ كَالْجَوَابِ وَقُدُورٍ رَّاسِيَاتٍ ۚ اعْمَلُوا آلَ دَاوُودَ شُكْرًا ۚ وَقَلِيلٌ مِّنْ عِبَادِيَ الشَّكُورُ
ထိုဂျင်န်တို့သည် ထိုစုလိုင်မာန်၏ အကျိုးငှာ၎င်းအလိုရှိသော ကြီးကျယ်သောအဆောက်အအုံများကို လည်းကောင်း၊(ကျောက်၊ ကြေးနီ၊ ဖန် စသည်များဖြင့်ပြီးသော) ရုပ်တုများကိုလည်းကောင်း၊ ရေကန်ကြီးများတမျှရှိ ဇလုံ၊ အင်တုံများကိုလည်းကောင်း၊ မပြောင်း မရွှေ့နိုင်သော အိုးကြီးများကိုလည်းကောင်း၊ ပြုလုပ်ပေးကြကုန်၏။ (ထို့ပြင် ငါအရှင်မြတ်သည်ဤသို့ မိန့်ကြား တော်မူခဲ့၏) အို-ဒါဝူဒ် ၏သား၊မြေး၊ အိမ်သူအိမ်သားတို့၊ အသင်တို့သည် ကျေးဇူးသိတတ်သော အနေနှင့်ကောင်းမှုပြုကြလေကုန်။ စင်စစ်သော်ကား ငါအရှင်မြတ်၏ကျွန်တို့အနက် ကျေးဇူးသိတတ်ကြ သောသူတို့မှာ နည်းပါးလှပေသတည်း။
14فَلَمَّا قَضَيْنَا عَلَيْهِ الْمَوْتَ مَا دَلَّهُمْ عَلَىٰ مَوْتِهِ إِلَّا دَابَّةُ الْأَرْضِ تَأْكُلُ مِنسَأَتَهُ ۖ فَلَمَّا خَرَّ تَبَيَّنَتِ الْجِنُّ أَن لَّوْ كَانُوا يَعْلَمُونَ الْغَيْبَ مَا لَبِثُوا فِي الْعَذَابِ الْمُهِينِ
ထို့နောက် ငါအရှင်မြတ်သည် ထိုစုလိုင်မာန်၏အပေါ်၌ မရဏ သေခြင်းတရားကို ပြဋ္ဌာန်းတော် မူခဲ့လေသောအခါ ၎င်း၏လှင်ကန်တောင်ဝှေးကို စားလျက်ရှိသည့်မြေကြီး၌နေသောပိုးကောင်မှတစ်ပါး ၎င်း ကွယ်လွန်သေဆုံးပြီးဖြစ်ကြောင်းကို ထိုဂျင်န်များအား မည်သူကမျှ သိစေခဲ့သည်မဟုတ်ပေ။ ထို့နောက် ထိုစုလိုင်မာန်သည် လဲ၍ကျသွားခဲ့သောအခါ ဂျင်န် များသည် ဧကန်စင်စစ် အကယ်၍ မိမိတို့မှာအကွယ် ၌ရှိသည်များကိုသိရှိကြလျှင် ဤသည့်ဂုဏ်ရည် သေးသိမ်စေသောဒုက္ခ၌ ဆက်လက်၍ နေခဲ့ကြမည် မဟုတ်ကြောင်းသိသွားခဲ့ကြကုန်သတည်း။
စဗကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
12အာယာသ်

ဘာသာပြန် — စဗ 12

စူရာ စဗ အာယာသ် 12 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုနည်းတူစွာ (ငါအရှင်မြတ်သည်)လေကိုစုလိုင်မာန် ၏(အမိန့်ကို နာခံစေတော်မူခဲ့၏။) ယင်းလေ၏နံနက်လမ်းခရီးမှာ တစ်လခရီးလမ်းဖြစ်၍ ညနေလမ်းခရီးမှာလည်း တလခရီးလမ်းပင် ဖြစ်ခဲ့၏။ ထို့ပြင်…

စူရာ အာယာသ် 12/54 — စူရာ စဗ سبأ (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ စဗ နားထောင်, စူရာ စဗ ဘာသာပြန်, စူရာ စဗ mp3, စူရာ စဗ pdf. အာယာသ် 10–14. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers