စဗ · 13/54
ဘာသာပြန် အသံနိုင်ငံ — စူရာ စဗ
يَعْمَلُونَ لَهُ مَا يَشَاءُ مِن مَّحَارِيبَ وَتَمَاثِيلَ وَجِفَانٍ كَالْجَوَابِ وَقُدُورٍ رَّاسِيَاتٍ ۚ اعْمَلُوا آلَ دَاوُودَ شُكْرًا ۚ وَقَلِيلٌ مِّنْ عِبَادِيَ الشَّكُورُ ۝١٣
Ya`maloona lahoo ma yashaaa`u mim mahaareeba wa tamaaseela wa jifaanin kaljawaabi wa qudoorir raasiyaat; i`maloo aala Daawooda shukraa; wa qaleelum min `ibaadiyash shakoor
📖 မြန်မာဘာသာ
ထိုဂျင်န်တို့သည် ထိုစုလိုင်မာန်၏ အကျိုးငှာ၎င်းအလိုရှိသော ကြီးကျယ်သောအဆောက်အအုံများကို လည်းကောင်း၊(ကျောက်၊ ကြေးနီ၊ ဖန် စသည်များဖြင့်ပြီးသော) ရုပ်တုများကိုလည်းကောင်း၊ ရေကန်ကြီးများတမျှရှိ ဇလုံ၊ အင်တုံများကိုလည်းကောင်း၊ မပြောင်း မရွှေ့နိုင်သော အိုးကြီးများကိုလည်းကောင်း၊ ပြုလုပ်ပေးကြကုန်၏။ (ထို့ပြင် ငါအရှင်မြတ်သည်ဤသို့ မိန့်ကြား တော်မူခဲ့၏) အို-ဒါဝူဒ် ၏သား၊မြေး၊ အိမ်သူအိမ်သားတို့၊ အသင်တို့သည် ကျေးဇူးသိတတ်သော အနေနှင့်ကောင်းမှုပြုကြလေကုန်။ စင်စစ်သော်ကား ငါအရှင်မြတ်၏ကျွန်တို့အနက် ကျေးဇူးသိတတ်ကြ သောသူတို့မှာ နည်းပါးလှပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • မိဟ်ရာဗ် (مَحَارِيبَ): ဤနေရာတွင် ဝတ်ပြုရာ مسجد များ၊ သို့မဟုတ် ဂုဏ်သရေရှိ ဆောက်လုပ်မှုများကို ဆိုလိုသည်။
  • တမာသီးလ် (تَمَاثِيلَ): ရုပ်ပုံများ၊ ပုံတူများ။
  • ဂျိဖာန် (جِفَانٍ): ကြီးမားသော ပန်းကန်ပြားကြီးများ၊ ဇလုံကြီးများ။
  • ဂျဝါဗ် (الْجَوَابِ): ရေကန်ကြီးများနှင့် တူသော ကြီးမားသည့် ခွက်ကြီးများ။ (ဂျာဗိယဟ် ဟူသော ဝေါဟာရ၏ ဗဟုဝုစ်ပုံစံ)
  • ကုဒူရ် (قُدُورٍ): ချက်ပြုတ်ရာ အိုးကြီးများ။
  • ရာစီယာသ် (رَّاسِيَاتٍ): ကြီးမားလွန်းသောကြောင့် နေရာမှ မလှုပ်ရှားနိုင်သော၊ တည်ငြိမ်စွာ ရပ်တည်နေသော။
  • ရှုကရ် (شُكْرًا): ကျေးဇူးတင်ခြင်း။
  • ရှကూర် (الشَّكُورُ): ကျေးဇူးတင်တတ်သူ၊ ကျေးဇူးတော်ကို အမြဲသိတတ်သူ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

ဂျင်န်များသည် တမန်တော် ဆုလိုင်မာန် (အလိုင်ဟိစ်စလာမ်) အတွက် သူအလိုရှိသည့်အတိုင်း ဝတ်ပြုရာ مسجد များ၊ ရုပ်ပုံများ၊ ရေကန်ကြီးများနှင့် တူသော ပန်းကန်ဇလုံကြီးများ၊ နေရာမှ မလှုပ်ရှားနိုင်လောက်အောင် ကြီးမားသော ချက်ပြုတ်အိုးကြီးများကို လုပ်ကိုင်ပေးကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ဒါဝူးဒ်၏ အိမ်သူအိမ်သားများအား "အလ္လာဟ်အရှင်မြတ် ပေးသနားတော်မူသော ကျေးဇူးတော်များအတွက် ကျေးဇူးတင်ခြင်းကို ပြုလုပ်ကြလော့" ဟု မိန့်တော်မူခဲ့သည်။ ကျေးဇူးတင်ခြင်းဆိုသည်မှာ အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်းဖြင့် ကျေးဇူးတော်ကို တုံ့ပြန်ခြင်းဖြစ်သည်။ သို့သော် အလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်များထဲတွင် ကျေးဇူးတင်တတ်သူသည် အနည်းငယ်သာရှိသည်။ တမန်တော် ဒါဝူးဒ်နှင့် သူ၏ အိမ်သူအိမ်သားများသည် ထိုကျေးဇူးတင်တတ်သူ အနည်းငယ်ထဲတွင် ပါဝင်ခဲ့ကြသည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်များနှင့် ကောင်းမွန်သော ကျေးကျွန်များအား ကြီးမားသော စွမ်းအားများ၊ ဂုဏ်သတင်းများ ပေးသနားတော်မူသည်။ ဤအရာများသည် အရှင်မြတ်၏ စွမ်းအားတော်ကို ပြသသည့် သက်သေများဖြစ်သည်။
  • ကျေးဇူးတင်ခြင်းသည် စကားဖြင့်သာ မဟုတ်ဘဲ လက်တွေ့ လုပ်ဆောင်ခြင်းဖြင့်လည်း ဖြစ်ရ


📜 အာယာသ် 11-15 — စူရာ စဗ

11أَنِ اعْمَلْ سَابِغَاتٍ وَقَدِّرْ فِي السَّرْدِ ۖ وَاعْمَلُوا صَالِحًا ۖ إِنِّي بِمَا تَعْمَلُونَ بَصِيرٌ
(ထိုမှတစ်ပါး ငါအရှင်မြတ်သည် ဒါဝူဒ် အားမိန့်ကြားတော်မူခဲ့၏။) အသင်သည် ပြည့်စုံသော သံချပ်အကျႌရှည်များကို ပြုလုပ်ပါလေ။ ၎င်းပြင် အသင်သည် (ကွင်းဆက်များကို) ဆက်ရာတွင် သင့်မြတ်အောင် ချိန်ဆခန့်မှန်း၍ ပြုလုပ်ပါလေ။ ထို့ပြင် (အို-ဒါဝူဒ်၏သားမြေးတို့) အသင်တို့သည်(ထိုဒါဝူဒ်နှင့်အတူ) ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ကြလေကုန်၊ ဧကန်မလွဲ ငါအရှင်မြတ်သည်အသင်တို့ ကျင့်မူပြုလုပ်သမျှတို့ကို အကြွင်းမဲ့သိမြင်တော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
12وَلِسُلَيْمَانَ الرِّيحَ غُدُوُّهَا شَهْرٌ وَرَوَاحُهَا شَهْرٌ ۖ وَأَسَلْنَا لَهُ عَيْنَ الْقِطْرِ ۖ وَمِنَ الْجِنِّ مَن يَعْمَلُ بَيْنَ يَدَيْهِ بِإِذْنِ رَبِّهِ ۖ وَمَن يَزِغْ مِنْهُمْ عَنْ أَمْرِنَا نُذِقْهُ مِنْ عَذَابِ السَّعِيرِ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်)လေကိုစုလိုင်မာန် ၏(အမိန့်ကို နာခံစေတော်မူခဲ့၏။) ယင်းလေ၏နံနက်လမ်းခရီးမှာ တစ်လခရီးလမ်းဖြစ်၍ ညနေလမ်းခရီးမှာလည်း တလခရီးလမ်းပင် ဖြစ်ခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည်ထိုစုလိုင်မာန် ၏အကျိုးငှာ ကြေးနီချောင်းများကို စီးဆင်းစေတော်မူခဲ့၏။ ထိုမှတစ်ပါး ဂျင်န်တို့အနက် အချို့မှာ ထိုစုလိုင်မာန်၏ရှေ့မှောက်ဝယ် ထိုစုလိုင်မာန်၏အရှင် မြတ်အမိန့်တော်နှင့် (၎င်းခိုင်းစေသမျှတို့ကို) လုပ်ကိုင် ဆောင်ရွက်ပေးလျက်သာရှိနေခဲ့ကြ၏။ စင်စစ်သော်ကား ထိုဂျင်န်များအနက် မည်သူမဆို ငါအရှင်မြတ်၏အမိန့်တော်မှ သွေဖည် တိမ်းယိမ်းသည်ရှိသော် ငါအရှင်မြတ်သည် ၎င်းအား အလျှံပြောင်ပြောင်တောက်လောင်လျက်ရှိသော မီးတောက်မီးလျှံ၏ အရသာကိုမြည်းစမ်းစေတော်မူမည်။
13يَعْمَلُونَ لَهُ مَا يَشَاءُ مِن مَّحَارِيبَ وَتَمَاثِيلَ وَجِفَانٍ كَالْجَوَابِ وَقُدُورٍ رَّاسِيَاتٍ ۚ اعْمَلُوا آلَ دَاوُودَ شُكْرًا ۚ وَقَلِيلٌ مِّنْ عِبَادِيَ الشَّكُورُ
ထိုဂျင်န်တို့သည် ထိုစုလိုင်မာန်၏ အကျိုးငှာ၎င်းအလိုရှိသော ကြီးကျယ်သောအဆောက်အအုံများကို လည်းကောင်း၊(ကျောက်၊ ကြေးနီ၊ ဖန် စသည်များဖြင့်ပြီးသော) ရုပ်တုများကိုလည်းကောင်း၊ ရေကန်ကြီးများတမျှရှိ ဇလုံ၊ အင်တုံများကိုလည်းကောင်း၊ မပြောင်း မရွှေ့နိုင်သော အိုးကြီးများကိုလည်းကောင်း၊ ပြုလုပ်ပေးကြကုန်၏။ (ထို့ပြင် ငါအရှင်မြတ်သည်ဤသို့ မိန့်ကြား တော်မူခဲ့၏) အို-ဒါဝူဒ် ၏သား၊မြေး၊ အိမ်သူအိမ်သားတို့၊ အသင်တို့သည် ကျေးဇူးသိတတ်သော အနေနှင့်ကောင်းမှုပြုကြလေကုန်။ စင်စစ်သော်ကား ငါအရှင်မြတ်၏ကျွန်တို့အနက် ကျေးဇူးသိတတ်ကြ သောသူတို့မှာ နည်းပါးလှပေသတည်း။
14فَلَمَّا قَضَيْنَا عَلَيْهِ الْمَوْتَ مَا دَلَّهُمْ عَلَىٰ مَوْتِهِ إِلَّا دَابَّةُ الْأَرْضِ تَأْكُلُ مِنسَأَتَهُ ۖ فَلَمَّا خَرَّ تَبَيَّنَتِ الْجِنُّ أَن لَّوْ كَانُوا يَعْلَمُونَ الْغَيْبَ مَا لَبِثُوا فِي الْعَذَابِ الْمُهِينِ
ထို့နောက် ငါအရှင်မြတ်သည် ထိုစုလိုင်မာန်၏အပေါ်၌ မရဏ သေခြင်းတရားကို ပြဋ္ဌာန်းတော် မူခဲ့လေသောအခါ ၎င်း၏လှင်ကန်တောင်ဝှေးကို စားလျက်ရှိသည့်မြေကြီး၌နေသောပိုးကောင်မှတစ်ပါး ၎င်း ကွယ်လွန်သေဆုံးပြီးဖြစ်ကြောင်းကို ထိုဂျင်န်များအား မည်သူကမျှ သိစေခဲ့သည်မဟုတ်ပေ။ ထို့နောက် ထိုစုလိုင်မာန်သည် လဲ၍ကျသွားခဲ့သောအခါ ဂျင်န် များသည် ဧကန်စင်စစ် အကယ်၍ မိမိတို့မှာအကွယ် ၌ရှိသည်များကိုသိရှိကြလျှင် ဤသည့်ဂုဏ်ရည် သေးသိမ်စေသောဒုက္ခ၌ ဆက်လက်၍ နေခဲ့ကြမည် မဟုတ်ကြောင်းသိသွားခဲ့ကြကုန်သတည်း။
15لَقَدْ كَانَ لِسَبَإٍ فِي مَسْكَنِهِمْ آيَةٌ ۖ جَنَّتَانِ عَن يَمِينٍ وَشِمَالٍ ۖ كُلُوا مِن رِّزْقِ رَبِّكُمْ وَاشْكُرُوا لَهُ ۚ بَلْدَةٌ طَيِّبَةٌ وَرَبٌّ غَفُورٌ
ဧကန်မုချ စဗာမျိုးနွယ်ဝင်တို့အဖို့ ၎င်းတို့၏နေထိုင်ရာဒေသ၌ပင် သက်သေလက္ခဏာသည် ရှိခဲ့၏။ ထိုမျိုးနွယ်ဝင်တို့နေထိုင်ရာ မြို့ရွာများ၏လက်ယာဘက်၌ လည်းကောင်း၊ လက်ဝဲဘက်၌ လည်းကောင်း၊ ဥယျာဉ်နှစ်ခုရှိခဲ့၏။(၎င်းတို့မှာ မိမိတို့၏ နဗီတမန်တော်များမှ တစ်ဆင့် ဤသို့မိန့်ကြားခြင်းကို ခံခဲ့ကြကုန်၏။) အသင်တို့သည် မိမိတို့၏ အရှင်မြတ်က ချီးမြှင့် ပေးသနားတော်မူသော စားနပ်ရိက္ခာကို စားသုံးကြ လေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ်အားကျေးဇူးတင်ရှိကြလေကုန်။ (အသင်တို့၏မြို့ရွာမှာ) ကောင်းမွန်သန့်ပြန့်သောမြို့ရွာဖြစ်၍ (အသင်တို့၏ အရှင်မြတ်မှာလည်း)လွန်စွာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
စဗကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
13အာယာသ်

ဘာသာပြန် — စဗ 13

စူရာ စဗ အာယာသ် 13 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုဂျင်န်တို့သည် ထိုစုလိုင်မာန်၏ အကျိုးငှာ၎င်းအလိုရှိသော ကြီးကျယ်သောအဆောက်အအုံများကို လည်းကောင်း၊(ကျောက်၊ ကြေးနီ၊ ဖန် စသည်များဖြင့်ပြီးသော) ရုပ်တုများကိုလည်းကောင်း၊ ရေကန်ကြီးများတမျှရှိ…

စူရာ အာယာသ် 13/54 — စူရာ စဗ سبأ (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ စဗ နားထောင်, စူရာ စဗ ဘာသာပြန်, စူရာ စဗ mp3, စူရာ စဗ pdf. အာယာသ် 11–15. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers