အန်-နီဆာ · 140/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَقَدْ نَزَّلَ عَلَيْكُمْ فِي الْكِتَابِ أَنْ إِذَا سَمِعْتُمْ آيَاتِ اللَّهِ يُكْفَرُ بِهَا وَيُسْتَهْزَأُ بِهَا فَلَا تَقْعُدُوا مَعَهُمْ حَتَّىٰ يَخُوضُوا فِي حَدِيثٍ غَيْرِهِ ۚ إِنَّكُمْ إِذًا مِّثْلُهُمْ ۗ إِنَّ اللَّهَ جَامِعُ الْمُنَافِقِينَ وَالْكَافِرِينَ فِي جَهَنَّمَ جَمِيعًا ۝١٤٠
Wa qad nazzala `alaikum fil Kitaabi an izaa sami`tum Aayaatil laahi yukfaru bihaa wa yustahza u bihaa falaa taq`udoo ma`ahum hattaa yakhoodoo fee hadeesin ghairih; innakum izam misluhum; innal laaha jaami`ul munaafiqeena wal kaafireena fee jahannama jamee`aa
📖 မြန်မာဘာသာ
၎င်းပြင် ဧကန်မလွဲ ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌ (ကုရ်အာန်) ကျမ်းတော်မြတ်တွင် ဤသို့ (အမိန့်တော်) ထုတ်ပြန်ချမှတ်တော်မူခဲ့လေသည်။ မည်သည့်အခါမျိုးမဆို အသင်တို့သည် (‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့က) အလ္လာဟ်အရှင်မြတ်၏ လက္ခဏာတော်များကို ငြင်းပယ်ကြသည်ကိုလည်းကောင်း၊ ပြက်ရယ် ပြောင်လှောင်ကြသည်ကိုလည်းကောင်း ကြားကြရပါလျှင်၊ ယင်း (ငြင်းပယ်ပြောင်လှာင်သော) သူတို့သည် ထိုစက�းကိုစွန့်၍ အခြားစကားများတွင် အာရုံမစူးစိုက်သမျှ ကာလပတ်လုံး အသင်တို့သည် ၎င်းတို့နှင့်အတူ မထိုင်ကြကုန်အံ့။ သို့ထိုင်ကြပါလျှင် အသင်တို့သည်လည်း ထိုသူတို့ကဲ့သို့ပင် (အပြစ်ရှိသူများ) ဖြစ်သွားကြကုန်အံ့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်’မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့နှင့် ‘ကာဖိရ်’မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ အားလုံးကို ‘ဂျဟန္နမ်’ငရဲဘုံတွင် စုပေါင်းတော်မူမည့်အရှင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းစကားလုံးများ၏ အဓိပ္ပာယ်များ
  • وَقَدْ نَزَّلَ عَلَيْكُمْ: အသင်တို့အပေါ်သို့ အမှန်ပင် ချပေးတော်မူခဲ့ပြီ။
  • فِي الْكِتَابِ: ကုရ်အာန်ကျမ်းတော်မြတ်တွင်။
  • آيَاتِ اللَّهِ: အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များ၊ ကုရ်အာန်ကျမ်းတော်မြတ်၏ အမိန့်တော်များ။
  • يُكْفَرُ بِهَا: ထိုအာယသ်တော်များကို ငြင်းပယ်ခြင်း၊ မယုံကြည်ခြင်း။
  • يُسْتَهْزَأُ بِهَا: ထိုအာယသ်တော်များကို ပြောင်လှောင်ခြင်း၊ လှောင်ပြောင်ခြင်း။
  • فَلَا تَقْعُدُوا مَعَهُمْ: ထိုသူတို့နှင့်အတူ မထိုင်ပါနှင့်။
  • حَتَّىٰ يَخُوضُوا فِي حَدِيثٍ غَيْرِهِ: သူတို့သည် အခြားစကားတစ်ခုသို့ ကူးပြောင်းပြောဆိုသည်အထိ။
  • إِنَّكُمْ إِذًا مِّثْلُهُمْ: ထိုအခါ အသင်တို့သည် သူတို့နှင့်တူညီသူများ ဖြစ်ကြသည်။
  • الْمُنَافِقِينَ: အီမာန်ကို ဖုံးကွယ်ထားသူများ၊ အယောင်ဆောင်သူများ။
  • وَالْكَافِرِينَ: ကာဖိရ်များ၊ မယုံကြည်သူများ။
  • جَامِعُ: စုရုံးပေးတော်မူမည့်အရှင်။
  • جَهَنَّمَ: ဂျဟန်နမ်ငရဲဘုံ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို မုအ်မင်န်တို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်သို့ ကုရ်အာန်ကျမ်းတော်မြတ်တွင် ဤအမိန့်တော်ကို ချပေးတော်မူခဲ့ပြီးဖြစ်သည်။ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို ငြင်းပယ်ခြင်းနှင့် ပြောင်လှောင်ခြင်းခံရသည်ကို ကြားရသောအခါ ထိုသို့ပြုလုပ်သူများနှင့်အတူ မထိုင်ကြပါနှင့်။ သူတို့သည် အခြားစကားတစ်ခုသို့ ကူးပြောင်းပြောဆိုသည်အထိ စောင့်ဆိုင်းပါ။ အကယ်၍ အသင်တို့သည် သူတို့နှင့်အတူ ထိုင်နေကြမည်ဆိုပါက ထိုအချိန်တွင် အသင်တို့သည် သူတို့နှင့်တူညီသူများဖြစ်ကြသည်။ အကြောင်းမှာ ကုဖ်ရ်ကို နှစ်သက်လက်ခံခြင်းသည် ကုဖ်ရ်ပြုခြင်းနှင့် တူညီသောကြောင့်ဖြစ်သည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အယောင်ဆောင်သူများနှင့် ကာဖိရ်များအားလုံးကို ဂျဟန်နမ်ငရဲဘုံတွင် စုရုံးပေးတော်မူမည်ဖြစ်သည်။ ထိုသူအားလုံးသည် ထိုငရဲဘုံတွင် ဆိုးရွားလှသော ပြစ်ဒဏ်ကို ခံစားကြရမည်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာကို နှစ်သက်စေသော သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်နှင့် ကုရ်အာန်ကျမ်းတော်မြတ်ကို လေးစားမြတ်နိုးခြင်းသည် မုအ်မင်န်တစ်ဦး၏ တာဝန်ဖြစ


📜 အာယာသ် 138-142 — စူရာ အန်-နီဆာ

138بَشِّرِ الْمُنَافِقِينَ بِأَنَّ لَهُمْ عَذَابًا أَلِيمًا
(အို- နဗီတမန်တော်) အသင်သည် ‘မုနာဖစ်က်’အယောင်ဆောင်မွတ်စ်လင်မ်တို့အား ၎င်းတို့အဖို့ ပြင်းပြနာကျင်ဖွယ်ရာအပြစ်ဒဏ်သည် (အဆင့်သင့်) ရှိသည်ဟု သတင်းကောင်းပြောကြားပါလေ။
139الَّذِينَ يَتَّخِذُونَ الْكَافِرِينَ أَوْلِيَاءَ مِن دُونِ الْمُؤْمِنِينَ ۚ أَيَبْتَغُونَ عِندَهُمُ الْعِزَّةَ فَإِنَّ الْعِزَّةَ لِلَّهِ جَمِيعًا
အကြင် (‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်) တို့သည် ‘မုအ်မင်န်’ တို့အား စွန့်လွှတ်ပြီး ‘ကာဖိရ်’တို့ကို အဆွေခင်ပွန်းများ ပြုလုပ်ကြလေသည်။ ၎င်းတို့သည် ထို‘ကာဖိရ်’တို့ထံတွင် ဂုဏ်အင်ဒြဗ် ရှာဖွေကြလေသလော။ သို့ဖြစ်လျှင် ဂုဏ်အင်ဒြဗ်ဟူသမျှတို့သည် မုချဧကန် အလ္လာဟ်အရှင်မြတ်၌သာ ရှိသည်သာတည်း။
140وَقَدْ نَزَّلَ عَلَيْكُمْ فِي الْكِتَابِ أَنْ إِذَا سَمِعْتُمْ آيَاتِ اللَّهِ يُكْفَرُ بِهَا وَيُسْتَهْزَأُ بِهَا فَلَا تَقْعُدُوا مَعَهُمْ حَتَّىٰ يَخُوضُوا فِي حَدِيثٍ غَيْرِهِ ۚ إِنَّكُمْ إِذًا مِّثْلُهُمْ ۗ إِنَّ اللَّهَ جَامِعُ الْمُنَافِقِينَ وَالْكَافِرِينَ فِي جَهَنَّمَ جَمِيعًا
၎င်းပြင် ဧကန်မလွဲ ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌ (ကုရ်အာန်) ကျမ်းတော်မြတ်တွင် ဤသို့ (အမိန့်တော်) ထုတ်ပြန်ချမှတ်တော်မူခဲ့လေသည်။ မည်သည့်အခါမျိုးမဆို အသင်တို့သည် (‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့က) အလ္လာဟ်အရှင်မြတ်၏ လက္ခဏာတော်များကို ငြင်းပယ်ကြသည်ကိုလည်းကောင်း၊ ပြက်ရယ် ပြောင်လှောင်ကြသည်ကိုလည်းကောင်း ကြားကြရပါလျှင်၊ ယင်း (ငြင်းပယ်ပြောင်လှာင်သော) သူတို့သည် ထိုစက�းကိုစွန့်၍ အခြားစကားများတွင် အာရုံမစူးစိုက်သမျှ ကာလပတ်လုံး အသင်တို့သည် ၎င်းတို့နှင့်အတူ မထိုင်ကြကုန်အံ့။ သို့ထိုင်ကြပါလျှင် အသင်တို့သည်လည်း ထိုသူတို့ကဲ့သို့ပင် (အပြစ်ရှိသူများ) ဖြစ်သွားကြကုန်အံ့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်’မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့နှင့် ‘ကာဖိရ်’မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ အားလုံးကို ‘ဂျဟန္နမ်’ငရဲဘုံတွင် စုပေါင်းတော်မူမည့်အရှင် ဖြစ်တော်မူပေသတည်း။
141الَّذِينَ يَتَرَبَّصُونَ بِكُمْ فَإِن كَانَ لَكُمْ فَتْحٌ مِّنَ اللَّهِ قَالُوا أَلَمْ نَكُن مَّعَكُمْ وَإِن كَانَ لِلْكَافِرِينَ نَصِيبٌ قَالُوا أَلَمْ نَسْتَحْوِذْ عَلَيْكُمْ وَنَمْنَعْكُم مِّنَ الْمُؤْمِنِينَ ۚ فَاللَّهُ يَحْكُمُ بَيْنَكُمْ يَوْمَ الْقِيَامَةِ ۗ وَلَن يَجْعَلَ اللَّهُ لِلْكَافِرِينَ عَلَى الْمُؤْمِنِينَ سَبِيلًا
အကြင် (‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်) တို့သည် အသင်တို့ (၌သက်ရောက်မည့် ဘေးဒုက္ခများ) ကို စောင့်မျှော်နေကြ၏။ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ‘ဇေယျ’ မင်္ဂလာ အောင်မြင်မှုကို ရရှိခဲ့ပါမူ ထိုသူတို့က “ငါတို့သည်လည်း အသင်တို့နှင့်အတူ ပါဝင် (ကူညီ) ခဲ့ကြသည် မဟုတ်လော” ဟု ပြောဆိုကြကုန်၏။ သို့ရာတွင် အကယ်၍ ‘ကာဖိရ်’ သွေဖည် ငြင်းပယ်သောသူတို့တွင် (အောင်နိုင်မှု) တစ်စိတ်တစ်ဒေသ ဖြစ်သွားပါမူ ၎င်းတို့သည် (ယင်းသူတို့ထံသွားရောက်ပြီးလျှင်) “ငါတို့သည် (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရာတွင်) အသင်တို့ကို အောင်နိုင်မည့်ဆဲဆဲ ဖြစ်ခဲ့ကြသည်မဟုတ်လော။ သို့ (အောင်နိုင်ခဲ့) ပါလျက် ငါတို့သည် အသင်တို့ကို (မွတ်စ်လင်မ်တို့၏ဘေးရန်တို့မှ လွတ်မြောက်ကြရန်) ကာကွယ်ခဲ့ကြသည် မဟုတ်ပါလော” ဟု ပြောဆိုကြပြန်သည်။ သို့ဖြစ်ရကား အလ္လာဟ်အရှင်မြတ်သည် ‘ကိယာမတ်’ နေ့တွင် အသင်တို့၏စပ်ကြား၌ စီရင်ဆုံးဖြတ်တော်မူအံ့။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား မွတ်စ်လင်မ်တို့အပေါ်၌ (လွှမ်းမိုးနိုင်ရန်) မည်သည့် နည်းလမ်းကိုမျှ အလျင်းပေးတော်မူမည်မဟုတ်ချေ။
142إِنَّ الْمُنَافِقِينَ يُخَادِعُونَ اللَّهَ وَهُوَ خَادِعُهُمْ وَإِذَا قَامُوا إِلَى الصَّلَاةِ قَامُوا كُسَالَىٰ يُرَاءُونَ النَّاسَ وَلَا يَذْكُرُونَ اللَّهَ إِلَّا قَلِيلًا
ဧကန်မလွဲ ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်တို့သည် အလ္လာဟ်အရှင်မြတ်ကို လိမ်လည်လှည့်ဖြားကြကုန်၏။ ထိုအရှင်မြတ်သည်လည်း ၎င်းတို့အား လှည့်ဖြားတောမူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ ၎င်းပြင် ထိုသူတို့သည် ‘ဆွလာဟ်’ ဝတ်ပြုရန် ရပ်ကြရာ၌လည်း ပျင်းရိစွာနှင့်၊ လူခပင်းတို့အား ပြစားရန်အတွက်သာလျှင် ရပ်ကြကုန်၏။ ထို့ပြင်တဝ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်ကို အနည်းငယ်မျှ (လူကြားကောင်းအောင်) မှအပ အောက်မေ့တသကြသည်မဟုတ်ပေ။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
140အာယာသ်

ဘာသာပြန် — အန်-နီဆာ 140

စူရာ အန်-နီဆာ အာယာသ် 140 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ဧကန်မလွဲ ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌ (ကုရ်အာန်) ကျမ်းတော်မြတ်တွင် ဤသို့ (အမိန့်တော်) ထုတ်ပြန်ချမှတ်တော်မူခဲ့လေသည်။ မည်သည့်အခါမျိုးမဆို…

စူရာ အာယာသ် 140/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 138–142. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers