အန်-နီဆာ · 141/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
الَّذِينَ يَتَرَبَّصُونَ بِكُمْ فَإِن كَانَ لَكُمْ فَتْحٌ مِّنَ اللَّهِ قَالُوا أَلَمْ نَكُن مَّعَكُمْ وَإِن كَانَ لِلْكَافِرِينَ نَصِيبٌ قَالُوا أَلَمْ نَسْتَحْوِذْ عَلَيْكُمْ وَنَمْنَعْكُم مِّنَ الْمُؤْمِنِينَ ۚ فَاللَّهُ يَحْكُمُ بَيْنَكُمْ يَوْمَ الْقِيَامَةِ ۗ وَلَن يَجْعَلَ اللَّهُ لِلْكَافِرِينَ عَلَى الْمُؤْمِنِينَ سَبِيلًا ۝١٤١
Allazeena yatarab basoona bikum fa in kaana lakum fathum minal laahi qaalooo alam nakum ma`akum wa in kaana lilkaafireena naseebun qaalooo alam nastah wiz `alaikum wa nammna`kum minal mu`mineen; fallaahu yahkumu bainakum Yawmal Qiyaamah; wa lai yaj`alal laahu lilkaafireena `alal mu`mineena sabeelaa
📖 မြန်မာဘာသာ
အကြင် (‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်) တို့သည် အသင်တို့ (၌သက်ရောက်မည့် ဘေးဒုက္ခများ) ကို စောင့်မျှော်နေကြ၏။ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ‘ဇေယျ’ မင်္ဂလာ အောင်မြင်မှုကို ရရှိခဲ့ပါမူ ထိုသူတို့က “ငါတို့သည်လည်း အသင်တို့နှင့်အတူ ပါဝင် (ကူညီ) ခဲ့ကြသည် မဟုတ်လော” ဟု ပြောဆိုကြကုန်၏။ သို့ရာတွင် အကယ်၍ ‘ကာဖိရ်’ သွေဖည် ငြင်းပယ်သောသူတို့တွင် (အောင်နိုင်မှု) တစ်စိတ်တစ်ဒေသ ဖြစ်သွားပါမူ ၎င်းတို့သည် (ယင်းသူတို့ထံသွားရောက်ပြီးလျှင်) “ငါတို့သည် (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရာတွင်) အသင်တို့ကို အောင်နိုင်မည့်ဆဲဆဲ ဖြစ်ခဲ့ကြသည်မဟုတ်လော။ သို့ (အောင်နိုင်ခဲ့) ပါလျက် ငါတို့သည် အသင်တို့ကို (မွတ်စ်လင်မ်တို့၏ဘေးရန်တို့မှ လွတ်မြောက်ကြရန်) ကာကွယ်ခဲ့ကြသည် မဟုတ်ပါလော” ဟု ပြောဆိုကြပြန်သည်။ သို့ဖြစ်ရကား အလ္လာဟ်အရှင်မြတ်သည် ‘ကိယာမတ်’ နေ့တွင် အသင်တို့၏စပ်ကြား၌ စီရင်ဆုံးဖြတ်တော်မူအံ့။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား မွတ်စ်လင်မ်တို့အပေါ်၌ (လွှမ်းမိုးနိုင်ရန်) မည်သည့် နည်းလမ်းကိုမျှ အလျင်းပေးတော်မူမည်မဟုတ်ချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ယတရဗ္ဗဆူန (يَتَرَبَّصُونَ): စောင့်ကြည့်နေကြသည်၊ မည်သည့်အခြေအနေ ဖြစ်ပေါ်လာမည်ကို စောင့်မျှော်နေကြသည်။
  • ဖသဟ် (فَتْح): အောင်ပွဲ၊ အောင်မြင်မှု၊ စစ်ရေးအောင်ပွဲနှင့် စစ်ရေးဆုတrophi။
  • နဆီဗ် (نَصِيب): အခွင့်အရေး၊ ဝေစု၊ အခြေအနေကောင်း။
  • နစ္တဟ်ဝိဇ် (نَسْتَحْوِذْ): ကျွန်ုပ်တို့ ထိန်းချုပ်ခဲ့သည်၊ ကျွန်ုပ်တို့ လွှမ်းမိုးခဲ့သည်၊ ကျွန်ုပ်တို့ အုပ်ချုပ်ခဲ့သည်။
  • ဆဗီလာ (سَبِيلًا): လမ်း၊ အခွင့်အလမ်း၊ သက်သေအထောက်အထား။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

ဤအာယသ်တော်သည် မုနာဖိက္(အယောင်ဆောင်)များ၏ သဘောထားနှင့် လုပ်ရပ်များကို ဖော်ပြထားပါသည်။ သူတို့သည် မုအ်မင်န်များ၏ အခြေအနေကို အမြဲစောင့်ကြည့်နေကြပြီး မည်သည့်ဘက်မှ အောင်ပွဲရမည်ကို စောင့်မျှော်နေကြသည်။ အကယ်၍ အလ္လာဟ်အရှင်မြတ်ထံမှ မုအ်မင်န်များအတွက် အောင်ပွဲနှင့် စစ်ရေးဆုတrophi ရရှိပါက သူတို့သည် မုအ်မင်န်များထံသွား၍ "ကျွန်ုပ်တို့သည် သင်တို့နှင့်အတူ မရှိခဲ့ကြဘူးလား၊ သင်တို့နှင့်အတူ ပါဝင်ခဲ့ကြသည်မဟုတ်လား" ဟု ဆိုကြပြီး ဆုတrophiမှ အစိတ်အပိုင်းရရှိရန် ကြိုးစားကြသည်။ သို့သော် အကယ်၍ ကာဖိရ်များ(မယုံကြည်သူများ)ဘက်မှ အခြေအနေကောင်းနှင့် အောင်မြင်မှု ရရှိပါက သူတို့သည် ကာဖိရ်များထံသွား၍ "ကျွန်ုပ်တို့သည် သင်တို့၏ အရေးကိစ္စများကို ထိန်းချုပ်ပေးခဲ့သည်မဟုတ်လား၊ မုအ်မင်န်များ၏ လျှို့ဝှက်ချက်များကို သင်တို့အား အသိပေးခဲ့သည်မဟုတ်လား၊ မုအ်မင်န်များ၏ တိုက်ခိုက်မှုမှ သင်တို့ကို ကာကွယ်ပေးခဲ့သည်မဟုတ်လား" ဟု ဆိုကြသည်။ ဤသို့ဖြင့် သူတို့သည် မည်သည့်ဘက်မှ အောင်ပွဲရပါက ထိုဘက်နှင့် ဆက်စပ်မှုရှိကြောင်း ပြောဆိုကာ အကျိုးအမြတ်ရယူရန် ကြိုးစားကြသည်။

ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့(ရှင်ပြန်ထမြောက်ရာနေ့)တွင် မုအ်မင်န်များနှင့် မုနာဖိက္များကြားတွင် တရားစီရင်တော်မူမည်ဖြစ်ပြီး မုအ်မင်န်များကို ဂျန္နသ်(သုခဘုံ)ဖြင့် ဆုချီးမြှင့်တော်မူမည်။ မုနာဖိက္များကိုမူ ငရဲ၏ အနိမ့်ဆုံးအဆင့်တွင် ထားရှိတော်မူမည်။ ထို့



📜 အာယာသ် 139-143 — စူရာ အန်-နီဆာ

139الَّذِينَ يَتَّخِذُونَ الْكَافِرِينَ أَوْلِيَاءَ مِن دُونِ الْمُؤْمِنِينَ ۚ أَيَبْتَغُونَ عِندَهُمُ الْعِزَّةَ فَإِنَّ الْعِزَّةَ لِلَّهِ جَمِيعًا
အကြင် (‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်) တို့သည် ‘မုအ်မင်န်’ တို့အား စွန့်လွှတ်ပြီး ‘ကာဖိရ်’တို့ကို အဆွေခင်ပွန်းများ ပြုလုပ်ကြလေသည်။ ၎င်းတို့သည် ထို‘ကာဖိရ်’တို့ထံတွင် ဂုဏ်အင်ဒြဗ် ရှာဖွေကြလေသလော။ သို့ဖြစ်လျှင် ဂုဏ်အင်ဒြဗ်ဟူသမျှတို့သည် မုချဧကန် အလ္လာဟ်အရှင်မြတ်၌သာ ရှိသည်သာတည်း။
140وَقَدْ نَزَّلَ عَلَيْكُمْ فِي الْكِتَابِ أَنْ إِذَا سَمِعْتُمْ آيَاتِ اللَّهِ يُكْفَرُ بِهَا وَيُسْتَهْزَأُ بِهَا فَلَا تَقْعُدُوا مَعَهُمْ حَتَّىٰ يَخُوضُوا فِي حَدِيثٍ غَيْرِهِ ۚ إِنَّكُمْ إِذًا مِّثْلُهُمْ ۗ إِنَّ اللَّهَ جَامِعُ الْمُنَافِقِينَ وَالْكَافِرِينَ فِي جَهَنَّمَ جَمِيعًا
၎င်းပြင် ဧကန်မလွဲ ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌ (ကုရ်အာန်) ကျမ်းတော်မြတ်တွင် ဤသို့ (အမိန့်တော်) ထုတ်ပြန်ချမှတ်တော်မူခဲ့လေသည်။ မည်သည့်အခါမျိုးမဆို အသင်တို့သည် (‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့က) အလ္လာဟ်အရှင်မြတ်၏ လက္ခဏာတော်များကို ငြင်းပယ်ကြသည်ကိုလည်းကောင်း၊ ပြက်ရယ် ပြောင်လှောင်ကြသည်ကိုလည်းကောင်း ကြားကြရပါလျှင်၊ ယင်း (ငြင်းပယ်ပြောင်လှာင်သော) သူတို့သည် ထိုစက�းကိုစွန့်၍ အခြားစကားများတွင် အာရုံမစူးစိုက်သမျှ ကာလပတ်လုံး အသင်တို့သည် ၎င်းတို့နှင့်အတူ မထိုင်ကြကုန်အံ့။ သို့ထိုင်ကြပါလျှင် အသင်တို့သည်လည်း ထိုသူတို့ကဲ့သို့ပင် (အပြစ်ရှိသူများ) ဖြစ်သွားကြကုန်အံ့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်’မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့နှင့် ‘ကာဖိရ်’မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ အားလုံးကို ‘ဂျဟန္နမ်’ငရဲဘုံတွင် စုပေါင်းတော်မူမည့်အရှင် ဖြစ်တော်မူပေသတည်း။
141الَّذِينَ يَتَرَبَّصُونَ بِكُمْ فَإِن كَانَ لَكُمْ فَتْحٌ مِّنَ اللَّهِ قَالُوا أَلَمْ نَكُن مَّعَكُمْ وَإِن كَانَ لِلْكَافِرِينَ نَصِيبٌ قَالُوا أَلَمْ نَسْتَحْوِذْ عَلَيْكُمْ وَنَمْنَعْكُم مِّنَ الْمُؤْمِنِينَ ۚ فَاللَّهُ يَحْكُمُ بَيْنَكُمْ يَوْمَ الْقِيَامَةِ ۗ وَلَن يَجْعَلَ اللَّهُ لِلْكَافِرِينَ عَلَى الْمُؤْمِنِينَ سَبِيلًا
အကြင် (‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်) တို့သည် အသင်တို့ (၌သက်ရောက်မည့် ဘေးဒုက္ခများ) ကို စောင့်မျှော်နေကြ၏။ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ‘ဇေယျ’ မင်္ဂလာ အောင်မြင်မှုကို ရရှိခဲ့ပါမူ ထိုသူတို့က “ငါတို့သည်လည်း အသင်တို့နှင့်အတူ ပါဝင် (ကူညီ) ခဲ့ကြသည် မဟုတ်လော” ဟု ပြောဆိုကြကုန်၏။ သို့ရာတွင် အကယ်၍ ‘ကာဖိရ်’ သွေဖည် ငြင်းပယ်သောသူတို့တွင် (အောင်နိုင်မှု) တစ်စိတ်တစ်ဒေသ ဖြစ်သွားပါမူ ၎င်းတို့သည် (ယင်းသူတို့ထံသွားရောက်ပြီးလျှင်) “ငါတို့သည် (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရာတွင်) အသင်တို့ကို အောင်နိုင်မည့်ဆဲဆဲ ဖြစ်ခဲ့ကြသည်မဟုတ်လော။ သို့ (အောင်နိုင်ခဲ့) ပါလျက် ငါတို့သည် အသင်တို့ကို (မွတ်စ်လင်မ်တို့၏ဘေးရန်တို့မှ လွတ်မြောက်ကြရန်) ကာကွယ်ခဲ့ကြသည် မဟုတ်ပါလော” ဟု ပြောဆိုကြပြန်သည်။ သို့ဖြစ်ရကား အလ္လာဟ်အရှင်မြတ်သည် ‘ကိယာမတ်’ နေ့တွင် အသင်တို့၏စပ်ကြား၌ စီရင်ဆုံးဖြတ်တော်မူအံ့။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား မွတ်စ်လင်မ်တို့အပေါ်၌ (လွှမ်းမိုးနိုင်ရန်) မည်သည့် နည်းလမ်းကိုမျှ အလျင်းပေးတော်မူမည်မဟုတ်ချေ။
142إِنَّ الْمُنَافِقِينَ يُخَادِعُونَ اللَّهَ وَهُوَ خَادِعُهُمْ وَإِذَا قَامُوا إِلَى الصَّلَاةِ قَامُوا كُسَالَىٰ يُرَاءُونَ النَّاسَ وَلَا يَذْكُرُونَ اللَّهَ إِلَّا قَلِيلًا
ဧကန်မလွဲ ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်တို့သည် အလ္လာဟ်အရှင်မြတ်ကို လိမ်လည်လှည့်ဖြားကြကုန်၏။ ထိုအရှင်မြတ်သည်လည်း ၎င်းတို့အား လှည့်ဖြားတောမူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ ၎င်းပြင် ထိုသူတို့သည် ‘ဆွလာဟ်’ ဝတ်ပြုရန် ရပ်ကြရာ၌လည်း ပျင်းရိစွာနှင့်၊ လူခပင်းတို့အား ပြစားရန်အတွက်သာလျှင် ရပ်ကြကုန်၏။ ထို့ပြင်တဝ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်ကို အနည်းငယ်မျှ (လူကြားကောင်းအောင်) မှအပ အောက်မေ့တသကြသည်မဟုတ်ပေ။
143مُّذَبْذَبِينَ بَيْنَ ذَٰلِكَ لَا إِلَىٰ هَٰؤُلَاءِ وَلَا إِلَىٰ هَٰؤُلَاءِ ۚ وَمَن يُضْلِلِ اللَّهُ فَلَن تَجِدَ لَهُ سَبِيلًا
(ယင်း ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည်) ‘အီမာန်’ ယုံကြည်မှုနှင့် ‘ကုဖ်ရ်’ မယုံမကြည် သွေဖည်ငြင်းပယ်မှု၏ စပ်ကြားဝယ် (မည်သည့်ဘက်ကိုမျှ) အတိတကျ စိတ်ဆုံးဖြတ် နိုင်ခြင်းမရှိဘဲ၊ ထိုဘက်မရောက်၊ ဤဘက်မရောက် (သို့လော၊ သို့လော ယုံမှားသံသယတည်းဟူသော ‘ဝီစိကိစ္ဆာ’ စိတ်နှစ်ခွထားရှိသူများ) ဖြစ်နေကြကုန်၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမဆို လမ်းမှား၌ထားရှိတော်မူပါလျှင် အသင်သည် ထိုသူ၏အဖို့ မည်သည့်နည်းလမ်းကိုမျှ အလျင်းတွေ့ရှိမည်မဟုတ်ချေ။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
141အာယာသ်

ဘာသာပြန် — အန်-နီဆာ 141

စူရာ အန်-နီဆာ အာယာသ် 141 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကြင် (‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်) တို့သည် အသင်တို့ (၌သက်ရောက်မည့် ဘေးဒုက္ခများ) ကို စောင့်မျှော်နေကြ၏။ အကယ်၍…

စူရာ အာယာသ် 141/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 139–143. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers