အန်-နီဆာ · 142/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
إِنَّ الْمُنَافِقِينَ يُخَادِعُونَ اللَّهَ وَهُوَ خَادِعُهُمْ وَإِذَا قَامُوا إِلَى الصَّلَاةِ قَامُوا كُسَالَىٰ يُرَاءُونَ النَّاسَ وَلَا يَذْكُرُونَ اللَّهَ إِلَّا قَلِيلًا ۝١٤٢
Innal munaafiqeena yukhaadi`oonal laaha wa huwa khaadi`uhum wa izaa qaamooo ilas Salaati qaamoo kusaalaa yuraaa`oonan naasa wa laa yazkuroonal laaha illaa qaleelaa
📖 မြန်မာဘာသာ
ဧကန်မလွဲ ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်တို့သည် အလ္လာဟ်အရှင်မြတ်ကို လိမ်လည်လှည့်ဖြားကြကုန်၏။ ထိုအရှင်မြတ်သည်လည်း ၎င်းတို့အား လှည့်ဖြားတောမူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ ၎င်းပြင် ထိုသူတို့သည် ‘ဆွလာဟ်’ ဝတ်ပြုရန် ရပ်ကြရာ၌လည်း ပျင်းရိစွာနှင့်၊ လူခပင်းတို့အား ပြစားရန်အတွက်သာလျှင် ရပ်ကြကုန်၏။ ထို့ပြင်တဝ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်ကို အနည်းငယ်မျှ (လူကြားကောင်းအောင်) မှအပ အောက်မေ့တသကြသည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • အလ်မုနာဖိကူန်း (المنافقين) — အစ္စလာမ်ကို အပြင်ပန်း ယုံကြည်ဟန်ဆောင်သော်လည်း အတွင်းစိတ်တွင် ကုဖ်ရ် (မယုံကြည်မှု) ကို ဖုံးကွယ်ထားသူများ။
  • ယုခါဒီအူနာ (يخادعون) — လှည့်ဖြားရန်၊ လိမ်လည်ရန် ကြံစည်ခြင်း။
  • ခါဒိအုဟွမ် (خادعهم) — သူတို့၏ လှည့်ဖြားမှုကို ပြန်လည် ဆပ်ပေးခြင်း၊ အပြစ်ပေးခြင်း။
  • ကုစာလာ (كسالى) — ပျင်းရိစွာ၊ လေးလံစွာ၊ မလိုလားဘဲ။
  • ယုရာအူနာ (يراءون) — လူများကို ပြသရန်၊ သူတစ်ပါး မြင်စေရန် ရည်ရွယ်ခြင်း။

၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို မယုံကြည်ဘဲ အစ္စလာမ်ကို အပြင်ပန်းသာ ဟန်ဆောင်ကိုးကွယ်သော မုနာဖိကူန်များ၏ အခြေအနေကို ဖော်ပြထားပါသည်။

ထိုသူများသည် အီမာန်ကို အပြင်ပန်းပြသ၍ အတွင်းစိတ်တွင် ကုဖ်ရ်ကို ဖုံးကွယ်ထားခြင်းဖြင့် အလ္လာဟ်အရှင်မြတ်ကို လှည့်ဖြားရန် ကြံစည်ကြပါသည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် သူတို့၏ လျှို့ဝှက်ချက်အားလုံးကို အကြွင်းမဲ့ သိရှိတော်မူပြီး သူတို့၏ လှည့်ဖြားမှုကို ပြန်လည် ဆပ်ပေးတော်မူမည်။ ဤလောကတွင် သူတို့၏ အသက်ကို ကာကွယ်ပေးထားသော်လည်း နောင်တမလွန်ဘဝတွင် အလွန်ပြင်းထန်သော အပြစ်ဒဏ်ကို အသင့်ပြင်ထားတော်မူပါသည်။

ထို့အပြင် ထိုမုနာဖိကူန်များသည် ဆွလာသ်ဝတ်ပြုရန် ထသောအခါ ပျင်းရိလေးလံစွာ၊ မလိုလားဘဲ ထကြပါသည်။ သူတို့၏ ဝတ်ပြုမှုသည် အလ္လာဟ်အရှင်မြတ်အတွက် မဟုတ်ဘဲ လူများ မြင်စေရန်၊ ချီးမွမ်းခံရရန် ရည်ရွယ်ချက်ဖြင့်သာ ဖြစ်ပါသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်ကို အလွန်နည်းသော အချိန်တွင်သာ သတိရကြပါသည်။ အီမာန်ရှိသူများကို မြင်သောအခါ အနည်းငယ် သတိရကြသော်လည်း စိတ်ရင်းမှန်ဖြင့် အလ္လာဟ်အရှင်မြတ်ကို သတိရခြင်း မရှိကြပါ။

ဆွဟာဗာတစ်ပါးဖြစ်သော အစ်ဗ်နုအဗ္ဗာစ် (ရဒီယလ္လာဟုအန်ဟု) က မိန့်တော်မူသည်မှာ “အကယ်၍ ထိုအနည်းငယ်သော သတိရမှုကို အလ္လာဟ်အရှင်မြတ်၏ ကျေနပ်မှုအတွက် ရည်ရွယ်ခဲ့ကြလျှင် ထိုအနည်းငယ်သည် များစွာဖြစ်သွားမည်” ဟု



📜 အာယာသ် 140-144 — စူရာ အန်-နီဆာ

140وَقَدْ نَزَّلَ عَلَيْكُمْ فِي الْكِتَابِ أَنْ إِذَا سَمِعْتُمْ آيَاتِ اللَّهِ يُكْفَرُ بِهَا وَيُسْتَهْزَأُ بِهَا فَلَا تَقْعُدُوا مَعَهُمْ حَتَّىٰ يَخُوضُوا فِي حَدِيثٍ غَيْرِهِ ۚ إِنَّكُمْ إِذًا مِّثْلُهُمْ ۗ إِنَّ اللَّهَ جَامِعُ الْمُنَافِقِينَ وَالْكَافِرِينَ فِي جَهَنَّمَ جَمِيعًا
၎င်းပြင် ဧကန်မလွဲ ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌ (ကုရ်အာန်) ကျမ်းတော်မြတ်တွင် ဤသို့ (အမိန့်တော်) ထုတ်ပြန်ချမှတ်တော်မူခဲ့လေသည်။ မည်သည့်အခါမျိုးမဆို အသင်တို့သည် (‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့က) အလ္လာဟ်အရှင်မြတ်၏ လက္ခဏာတော်များကို ငြင်းပယ်ကြသည်ကိုလည်းကောင်း၊ ပြက်ရယ် ပြောင်လှောင်ကြသည်ကိုလည်းကောင်း ကြားကြရပါလျှင်၊ ယင်း (ငြင်းပယ်ပြောင်လှာင်သော) သူတို့သည် ထိုစက�းကိုစွန့်၍ အခြားစကားများတွင် အာရုံမစူးစိုက်သမျှ ကာလပတ်လုံး အသင်တို့သည် ၎င်းတို့နှင့်အတူ မထိုင်ကြကုန်အံ့။ သို့ထိုင်ကြပါလျှင် အသင်တို့သည်လည်း ထိုသူတို့ကဲ့သို့ပင် (အပြစ်ရှိသူများ) ဖြစ်သွားကြကုန်အံ့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်’မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့နှင့် ‘ကာဖိရ်’မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ အားလုံးကို ‘ဂျဟန္နမ်’ငရဲဘုံတွင် စုပေါင်းတော်မူမည့်အရှင် ဖြစ်တော်မူပေသတည်း။
141الَّذِينَ يَتَرَبَّصُونَ بِكُمْ فَإِن كَانَ لَكُمْ فَتْحٌ مِّنَ اللَّهِ قَالُوا أَلَمْ نَكُن مَّعَكُمْ وَإِن كَانَ لِلْكَافِرِينَ نَصِيبٌ قَالُوا أَلَمْ نَسْتَحْوِذْ عَلَيْكُمْ وَنَمْنَعْكُم مِّنَ الْمُؤْمِنِينَ ۚ فَاللَّهُ يَحْكُمُ بَيْنَكُمْ يَوْمَ الْقِيَامَةِ ۗ وَلَن يَجْعَلَ اللَّهُ لِلْكَافِرِينَ عَلَى الْمُؤْمِنِينَ سَبِيلًا
အကြင် (‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်) တို့သည် အသင်တို့ (၌သက်ရောက်မည့် ဘေးဒုက္ခများ) ကို စောင့်မျှော်နေကြ၏။ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ‘ဇေယျ’ မင်္ဂလာ အောင်မြင်မှုကို ရရှိခဲ့ပါမူ ထိုသူတို့က “ငါတို့သည်လည်း အသင်တို့နှင့်အတူ ပါဝင် (ကူညီ) ခဲ့ကြသည် မဟုတ်လော” ဟု ပြောဆိုကြကုန်၏။ သို့ရာတွင် အကယ်၍ ‘ကာဖိရ်’ သွေဖည် ငြင်းပယ်သောသူတို့တွင် (အောင်နိုင်မှု) တစ်စိတ်တစ်ဒေသ ဖြစ်သွားပါမူ ၎င်းတို့သည် (ယင်းသူတို့ထံသွားရောက်ပြီးလျှင်) “ငါတို့သည် (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရာတွင်) အသင်တို့ကို အောင်နိုင်မည့်ဆဲဆဲ ဖြစ်ခဲ့ကြသည်မဟုတ်လော။ သို့ (အောင်နိုင်ခဲ့) ပါလျက် ငါတို့သည် အသင်တို့ကို (မွတ်စ်လင်မ်တို့၏ဘေးရန်တို့မှ လွတ်မြောက်ကြရန်) ကာကွယ်ခဲ့ကြသည် မဟုတ်ပါလော” ဟု ပြောဆိုကြပြန်သည်။ သို့ဖြစ်ရကား အလ္လာဟ်အရှင်မြတ်သည် ‘ကိယာမတ်’ နေ့တွင် အသင်တို့၏စပ်ကြား၌ စီရင်ဆုံးဖြတ်တော်မူအံ့။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား မွတ်စ်လင်မ်တို့အပေါ်၌ (လွှမ်းမိုးနိုင်ရန်) မည်သည့် နည်းလမ်းကိုမျှ အလျင်းပေးတော်မူမည်မဟုတ်ချေ။
142إِنَّ الْمُنَافِقِينَ يُخَادِعُونَ اللَّهَ وَهُوَ خَادِعُهُمْ وَإِذَا قَامُوا إِلَى الصَّلَاةِ قَامُوا كُسَالَىٰ يُرَاءُونَ النَّاسَ وَلَا يَذْكُرُونَ اللَّهَ إِلَّا قَلِيلًا
ဧကန်မလွဲ ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်တို့သည် အလ္လာဟ်အရှင်မြတ်ကို လိမ်လည်လှည့်ဖြားကြကုန်၏။ ထိုအရှင်မြတ်သည်လည်း ၎င်းတို့အား လှည့်ဖြားတောမူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ ၎င်းပြင် ထိုသူတို့သည် ‘ဆွလာဟ်’ ဝတ်ပြုရန် ရပ်ကြရာ၌လည်း ပျင်းရိစွာနှင့်၊ လူခပင်းတို့အား ပြစားရန်အတွက်သာလျှင် ရပ်ကြကုန်၏။ ထို့ပြင်တဝ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်ကို အနည်းငယ်မျှ (လူကြားကောင်းအောင်) မှအပ အောက်မေ့တသကြသည်မဟုတ်ပေ။
143مُّذَبْذَبِينَ بَيْنَ ذَٰلِكَ لَا إِلَىٰ هَٰؤُلَاءِ وَلَا إِلَىٰ هَٰؤُلَاءِ ۚ وَمَن يُضْلِلِ اللَّهُ فَلَن تَجِدَ لَهُ سَبِيلًا
(ယင်း ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည်) ‘အီမာန်’ ယုံကြည်မှုနှင့် ‘ကုဖ်ရ်’ မယုံမကြည် သွေဖည်ငြင်းပယ်မှု၏ စပ်ကြားဝယ် (မည်သည့်ဘက်ကိုမျှ) အတိတကျ စိတ်ဆုံးဖြတ် နိုင်ခြင်းမရှိဘဲ၊ ထိုဘက်မရောက်၊ ဤဘက်မရောက် (သို့လော၊ သို့လော ယုံမှားသံသယတည်းဟူသော ‘ဝီစိကိစ္ဆာ’ စိတ်နှစ်ခွထားရှိသူများ) ဖြစ်နေကြကုန်၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမဆို လမ်းမှား၌ထားရှိတော်မူပါလျှင် အသင်သည် ထိုသူ၏အဖို့ မည်သည့်နည်းလမ်းကိုမျှ အလျင်းတွေ့ရှိမည်မဟုတ်ချေ။
144يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا الْكَافِرِينَ أَوْلِيَاءَ مِن دُونِ الْمُؤْمِنِينَ ۚ أَتُرِيدُونَ أَن تَجْعَلُوا لِلَّهِ عَلَيْكُمْ سُلْطَانًا مُّبِينًا
အို-‘မုအ်မင်န်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိသူအပေါင်းတို့၊ အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့မှတစ်ပါး ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား ကလျာဏ မိတ်သဟာယ အဆွေခင်ပွန်း မပြုလုပ်ကြကုန်လင့်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အဖို့ မိမိတို့နှင့်ဆန့်ကျင်၍ ထင်ရှားစွာသောသက်သေခံကို ပြုလုပ်လိုကြပါသလော။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
142အာယာသ်

ဘာသာပြန် — အန်-နီဆာ 142

စူရာ အန်-နီဆာ အာယာသ် 142 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်မလွဲ ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်တို့သည် အလ္လာဟ်အရှင်မြတ်ကို လိမ်လည်လှည့်ဖြားကြကုန်၏။ ထိုအရှင်မြတ်သည်လည်း ၎င်းတို့အား လှည့်ဖြားတောမူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။…

စူရာ အာယာသ် 142/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 140–144. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, October 21, 2026

Don't forget us in your sincere prayers