အန်-နီဆာ · 143/176
ဘာသာပြန် အသံနိုင်ငံ — အန်-နီဆာ
مُّذَبْذَبِينَ بَيْنَ ذَٰلِكَ لَا إِلَىٰ هَٰؤُلَاءِ وَلَا إِلَىٰ هَٰؤُلَاءِ ۚ وَمَن يُضْلِلِ اللَّهُ فَلَن تَجِدَ لَهُ سَبِيلًا ۝١٤٣
Muzabzabeena baina zaalika laaa ilaa haaa` ulaaa`i wa laaa ilaa haaa`ulaaa`; wa mai yudlilil laahu falan tajida lahoo sabeela
📖 မြန်မာဘာသာ
(ယင်း ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည်) ‘အီမာန်’ ယုံကြည်မှုနှင့် ‘ကုဖ်ရ်’ မယုံမကြည် သွေဖည်ငြင်းပယ်မှု၏ စပ်ကြားဝယ် (မည်သည့်ဘက်ကိုမျှ) အတိတကျ စိတ်ဆုံးဖြတ် နိုင်ခြင်းမရှိဘဲ၊ ထိုဘက်မရောက်၊ ဤဘက်မရောက် (သို့လော၊ သို့လော ယုံမှားသံသယတည်းဟူသော ‘ဝီစိကိစ္ဆာ’ စိတ်နှစ်ခွထားရှိသူများ) ဖြစ်နေကြကုန်၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမဆို လမ်းမှား၌ထားရှိတော်မူပါလျှင် အသင်သည် ထိုသူ၏အဖို့ မည်သည့်နည်းလမ်းကိုမျှ အလျင်းတွေ့ရှိမည်မဟုတ်ချေ။

🎧 နားထောင်


📜 အာယာသ် 141-145 — အန်-နီဆာ

141الَّذِينَ يَتَرَبَّصُونَ بِكُمْ فَإِن كَانَ لَكُمْ فَتْحٌ مِّنَ اللَّهِ قَالُوا أَلَمْ نَكُن مَّعَكُمْ وَإِن كَانَ لِلْكَافِرِينَ نَصِيبٌ قَالُوا أَلَمْ نَسْتَحْوِذْ عَلَيْكُمْ وَنَمْنَعْكُم مِّنَ الْمُؤْمِنِينَ ۚ فَاللَّهُ يَحْكُمُ بَيْنَكُمْ يَوْمَ الْقِيَامَةِ ۗ وَلَن يَجْعَلَ اللَّهُ لِلْكَافِرِينَ عَلَى الْمُؤْمِنِينَ سَبِيلًا
အကြင် (‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်) တို့သည် အသင်တို့ (၌သက်ရောက်မည့် ဘေးဒုက္ခများ) ကို စောင့်မျှော်နေကြ၏။ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ‘ဇေယျ’ မင်္ဂလာ အောင်မြင်မှုကို ရရှိခဲ့ပါမူ ထိုသူတို့က “ငါတို့သည်လည်း အသင်တို့နှင့်အတူ ပါဝင် (ကူညီ) ခဲ့ကြသည် မဟုတ်လော” ဟု ပြောဆိုကြကုန်၏။ သို့ရာတွင် အကယ်၍ ‘ကာဖိရ်’ သွေဖည် ငြင်းပယ်သောသူတို့တွင် (အောင်နိုင်မှု) တစ်စိတ်တစ်ဒေသ ဖြစ်သွားပါမူ ၎င်းတို့သည် (ယင်းသူတို့ထံသွားရောက်ပြီးလျှင်) “ငါတို့သည် (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရာတွင်) အသင်တို့ကို အောင်နိုင်မည့်ဆဲဆဲ ဖြစ်ခဲ့ကြသည်မဟုတ်လော။ သို့ (အောင်နိုင်ခဲ့) ပါလျက် ငါတို့သည် အသင်တို့ကို (မွတ်စ်လင်မ်တို့၏ဘေးရန်တို့မှ လွတ်မြောက်ကြရန်) ကာကွယ်ခဲ့ကြသည် မဟုတ်ပါလော” ဟု ပြောဆိုကြပြန်သည်။ သို့ဖြစ်ရကား အလ္လာဟ်အရှင်မြတ်သည် ‘ကိယာမတ်’ နေ့တွင် အသင်တို့၏စပ်ကြား၌ စီရင်ဆုံးဖြတ်တော်မူအံ့။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား မွတ်စ်လင်မ်တို့အပေါ်၌ (လွှမ်းမိုးနိုင်ရန်) မည်သည့် နည်းလမ်းကိုမျှ အလျင်းပေးတော်မူမည်မဟုတ်ချေ။
142إِنَّ الْمُنَافِقِينَ يُخَادِعُونَ اللَّهَ وَهُوَ خَادِعُهُمْ وَإِذَا قَامُوا إِلَى الصَّلَاةِ قَامُوا كُسَالَىٰ يُرَاءُونَ النَّاسَ وَلَا يَذْكُرُونَ اللَّهَ إِلَّا قَلِيلًا
ဧကန်မလွဲ ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်တို့သည် အလ္လာဟ်အရှင်မြတ်ကို လိမ်လည်လှည့်ဖြားကြကုန်၏။ ထိုအရှင်မြတ်သည်လည်း ၎င်းတို့အား လှည့်ဖြားတောမူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ ၎င်းပြင် ထိုသူတို့သည် ‘ဆွလာဟ်’ ဝတ်ပြုရန် ရပ်ကြရာ၌လည်း ပျင်းရိစွာနှင့်၊ လူခပင်းတို့အား ပြစားရန်အတွက်သာလျှင် ရပ်ကြကုန်၏။ ထို့ပြင်တဝ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်ကို အနည်းငယ်မျှ (လူကြားကောင်းအောင်) မှအပ အောက်မေ့တသကြသည်မဟုတ်ပေ။
143مُّذَبْذَبِينَ بَيْنَ ذَٰلِكَ لَا إِلَىٰ هَٰؤُلَاءِ وَلَا إِلَىٰ هَٰؤُلَاءِ ۚ وَمَن يُضْلِلِ اللَّهُ فَلَن تَجِدَ لَهُ سَبِيلًا
(ယင်း ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည်) ‘အီမာန်’ ယုံကြည်မှုနှင့် ‘ကုဖ်ရ်’ မယုံမကြည် သွေဖည်ငြင်းပယ်မှု၏ စပ်ကြားဝယ် (မည်သည့်ဘက်ကိုမျှ) အတိတကျ စိတ်ဆုံးဖြတ် နိုင်ခြင်းမရှိဘဲ၊ ထိုဘက်မရောက်၊ ဤဘက်မရောက် (သို့လော၊ သို့လော ယုံမှားသံသယတည်းဟူသော ‘ဝီစိကိစ္ဆာ’ စိတ်နှစ်ခွထားရှိသူများ) ဖြစ်နေကြကုန်၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမဆို လမ်းမှား၌ထားရှိတော်မူပါလျှင် အသင်သည် ထိုသူ၏အဖို့ မည်သည့်နည်းလမ်းကိုမျှ အလျင်းတွေ့ရှိမည်မဟုတ်ချေ။
144يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا الْكَافِرِينَ أَوْلِيَاءَ مِن دُونِ الْمُؤْمِنِينَ ۚ أَتُرِيدُونَ أَن تَجْعَلُوا لِلَّهِ عَلَيْكُمْ سُلْطَانًا مُّبِينًا
အို-‘မုအ်မင်န်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိသူအပေါင်းတို့၊ အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့မှတစ်ပါး ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား ကလျာဏ မိတ်သဟာယ အဆွေခင်ပွန်း မပြုလုပ်ကြကုန်လင့်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အဖို့ မိမိတို့နှင့်ဆန့်ကျင်၍ ထင်ရှားစွာသောသက်သေခံကို ပြုလုပ်လိုကြပါသလော။
145إِنَّ الْمُنَافِقِينَ فِي الدَّرْكِ الْأَسْفَلِ مِنَ النَّارِ وَلَن تَجِدَ لَهُمْ نَصِيرًا
ဧကန်အမှန် ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည် ငရဲဘုံ၏အောက်ဆုံးအထပ်၌ ရှိကြ�တ္တံ့။ ၎င်းပြင် အသင်သည် ထိုသူတို့အဖို့ ကူညီစောင်မမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်ကိုမျှ တွေ့ရှိရမည်မဟုတ်ပေ။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
143အာယာသ်

ဘာသာပြန် — အန်-နီဆာ 143

စူရာ အန်-နီဆာ အာယာသ် 143 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ယင်း ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည်) ‘အီမာန်’ ယုံကြည်မှုနှင့် ‘ကုဖ်ရ်’ မယုံမကြည် သွေဖည်ငြင်းပယ်မှု၏ စပ်ကြားဝယ်…

စူရာ အာယာသ် 143/176 — အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အန်-နီဆာ နားထောင်, အန်-နီဆာ ဘာသာပြန်, အန်-နီဆာ mp3, အန်-နီဆာ pdf. အာယာသ် 141–145. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers