يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا الْكَافِرِينَ أَوْلِيَاءَ مِن دُونِ الْمُؤْمِنِينَ ۚ أَتُرِيدُونَ أَن تَجْعَلُوا لِلَّهِ عَلَيْكُمْ سُلْطَانًا مُّبِينًا ١٤٤
🔤 Transliteration
Yaaa aiyuhal lazeena aamanoo laa tattakhizul kaafireena awliyaaa`a min doonil mu`mineen; aturee doona an taj`aloo lillaahi `alaikum sultaanam mubeenaa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အို-‘မုအ်မင်န်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိသူအပေါင်းတို့၊ အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့မှတစ်ပါး ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား ကလျာဏ မိတ်သဟာယ အဆွေခင်ပွန်း မပြုလုပ်ကြကုန်လင့်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အဖို့ မိမိတို့နှင့်ဆန့်ကျင်၍ ထင်ရှားစွာသောသက်သေခံကို ပြုလုပ်လိုကြပါသလော။
🌐 Additional reference in ภาษาไทย
အဓိပ္ပာယ်ရှင်းလင်းချက် أَوْلِيَاءَ (အောင်လိယာအ်) — ချစ်ခင်မြတ်နိုးသူများ၊ မိတ်ဆွေများ၊ အုပ်ထိန်းသူများ၊ ကူညီပံ့ပိုးသူများ။مِن دُونِ الْمُؤْمِنِينَ (မိန်ဒူနိလ်မုအ်မီနီန်) — မုအ်မင်မွတ်စ်လင်မ်များကို ချန်လှပ်၍၊ သူတို့ထက် ကျော်လွန်၍။سُلْطَانًا مُّبِينًا (ဆုလ်သွာနန်မုဗီနန်) — ထင်ရှားသော သက်သေအထောက်အထား၊ ရှင်းလင်းသော အကြောင်းပြချက်။အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အို အီမာန်ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ကို ယုံကြည်ပြီး အရှင်မြတ်၏ သာသနာတော်အတိုင်း ကျင့်သုံးသူများဖြစ်ကြသော သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ငြင်းပယ်သော ကာဖိရ်များကို မိမိတို့၏ ချစ်ခင်မြတ်နိုးရာ မိတ်ဆွေများ၊ အုပ်ထိန်းသူများအဖြစ် မသတ်မှတ်ကြပါနှင့်။ မုအ်မင်မွတ်စ်လင်မ်များကို ချန်လှပ်ထားပြီး ကာဖိရ်များကို အစားထိုး၍ ချစ်ခင်မြတ်နိုးခြင်း၊ သူတို့ဘက်မှ ရပ်တည်ခြင်းကို မပြုလုပ်ကြပါနှင့်။
သင်တို့သည် မိမိတို့၏ အီမာန်ကို သစ္စာမရှိသူများအဖြစ် ထင်ရှားစေမည့်၊ အလ္လာဟ်အရှင်မြတ်ထံတော်မှ သင်တို့အပေါ် ထင်ရှားသော သက်သေအထောက်အထား၊ ရှင်းလင်းသော အကြောင်းပြချက် ဖြစ်ပေါ်လာစေရန် ရည်ရွယ်နေကြသလော။ ဆိုလိုသည်မှာ ကာဖိရ်များကို ချစ်ခင်မြတ်နိုးခြင်းဖြင့် သင်တို့အပေါ် အပြစ်ဒဏ်ခံထိုက်ကြောင်း ထင်ရှားစေမည့် အလ္လာဟ်အရှင်မြတ်၏ ခိုင်လုံသော အထောက်အထားကို သင်တို့ကိုယ်တိုင် ဖန်တီးနေကြသလော။
ဤအာယသ်တော်သည် မုနာဖိက် (အယောင်ဆောင် ယုံကြည်သူ) များ၏ အပြုအမူကို ဖော်ပြထားခြင်းဖြစ်သည်။ သူတို့သည် အပြင်ပန်းအားဖြင့် အီမာန်ရှိသကဲ့သို့ ပြုမူသော်လည်း အတွင်းစိတ်တွင် ကာဖိရ်များကို ချစ်ခင်မြတ်နိုးပြီး သူတို့ဘက်မှ ရပ်တည်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် အီမာန်၏ သစ္စာစောင့်သိမှုကို ချိုးဖောက်ရာ ရောက်ပြီး အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်ကို ခံထိုက်ကြောင်း ထင်ရှားစေသည်။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်သာသနာကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ အီမာန်ဟူသည် စကားဖြင့် ပြောဆိုခြင်းသာမက လက်တွေ့ဘဝတွင် သစ္စာစောင့်သ
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّخِذُواْ ٱلۡكَٰفِرِينَ أَوۡلِيَآءَ مِن دُونِ ٱلۡمُؤۡمِنِينَۚ أَتُرِيدُونَ أَن تَجۡعَلُواْ لِلَّهِ عَلَيۡكُمۡ سُلۡطَٰنًا مُّبِينًا ١٤٤
အို-‘မုအ်မင်န်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိသူအပေါင်းတို့၊ အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့မှတစ်ပါး ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား ကလျာဏ မိတ်သဟာယ အဆွေခင်ပွန်း မပြုလုပ်ကြကုန်လင့်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အဖို့ မိမိတို့နှင့်ဆန့်ကျင်၍ ထင်ရှားစွာသောသက်သေခံကို ပြုလုပ်လိုကြပါသလော။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 142-146 — စူရာ အန်-နီဆာ
142 إِنَّ الْمُنَافِقِينَ يُخَادِعُونَ اللَّهَ وَهُوَ خَادِعُهُمْ وَإِذَا قَامُوا إِلَى الصَّلَاةِ قَامُوا كُسَالَىٰ يُرَاءُونَ النَّاسَ وَلَا يَذْكُرُونَ اللَّهَ إِلَّا قَلِيلًا
ဧကန်မလွဲ ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်တို့သည် အလ္လာဟ်အရှင်မြတ်ကို လိမ်လည်လှည့်ဖြားကြကုန်၏။ ထိုအရှင်မြတ်သည်လည်း ၎င်းတို့အား လှည့်ဖြားတောမူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ ၎င်းပြင် ထိုသူတို့သည် ‘ဆွလာဟ်’ ဝတ်ပြုရန် ရပ်ကြရာ၌လည်း ပျင်းရိစွာနှင့်၊ လူခပင်းတို့အား ပြစားရန်အတွက်သာလျှင် ရပ်ကြကုန်၏။ ထို့ပြင်တဝ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်ကို အနည်းငယ်မျှ (လူကြားကောင်းအောင်) မှအပ အောက်မေ့တသကြသည်မဟုတ်ပေ။
143 مُّذَبْذَبِينَ بَيْنَ ذَٰلِكَ لَا إِلَىٰ هَٰؤُلَاءِ وَلَا إِلَىٰ هَٰؤُلَاءِ ۚ وَمَن يُضْلِلِ اللَّهُ فَلَن تَجِدَ لَهُ سَبِيلًا
(ယင်း ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည်) ‘အီမာန်’ ယုံကြည်မှုနှင့် ‘ကုဖ်ရ်’ မယုံမကြည် သွေဖည်ငြင်းပယ်မှု၏ စပ်ကြားဝယ် (မည်သည့်ဘက်ကိုမျှ) အတိတကျ စိတ်ဆုံးဖြတ် နိုင်ခြင်းမရှိဘဲ၊ ထိုဘက်မရောက်၊ ဤဘက်မရောက် (သို့လော၊ သို့လော ယုံမှားသံသယတည်းဟူသော ‘ဝီစိကိစ္ဆာ’ စိတ်နှစ်ခွထားရှိသူများ) ဖြစ်နေကြကုန်၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမဆို လမ်းမှား၌ထားရှိတော်မူပါလျှင် အသင်သည် ထိုသူ၏အဖို့ မည်သည့်နည်းလမ်းကိုမျှ အလျင်းတွေ့ရှိမည်မဟုတ်ချေ။
144 يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا الْكَافِرِينَ أَوْلِيَاءَ مِن دُونِ الْمُؤْمِنِينَ ۚ أَتُرِيدُونَ أَن تَجْعَلُوا لِلَّهِ عَلَيْكُمْ سُلْطَانًا مُّبِينًا
အို-‘မုအ်မင်န်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိသူအပေါင်းတို့၊ အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့မှတစ်ပါး ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား ကလျာဏ မိတ်သဟာယ အဆွေခင်ပွန်း မပြုလုပ်ကြကုန်လင့်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အဖို့ မိမိတို့နှင့်ဆန့်ကျင်၍ ထင်ရှားစွာသောသက်သေခံကို ပြုလုပ်လိုကြပါသလော။
145 إِنَّ الْمُنَافِقِينَ فِي الدَّرْكِ الْأَسْفَلِ مِنَ النَّارِ وَلَن تَجِدَ لَهُمْ نَصِيرًا
ဧကန်အမှန် ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည် ငရဲဘုံ၏အောက်ဆုံးအထပ်၌ ရှိကြ�တ္တံ့။ ၎င်းပြင် အသင်သည် ထိုသူတို့အဖို့ ကူညီစောင်မမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်ကိုမျှ တွေ့ရှိရမည်မဟုတ်ပေ။
146 إِلَّا الَّذِينَ تَابُوا وَأَصْلَحُوا وَاعْتَصَمُوا بِاللَّهِ وَأَخْلَصُوا دِينَهُمْ لِلَّهِ فَأُولَٰئِكَ مَعَ الْمُؤْمِنِينَ ۖ وَسَوْفَ يُؤْتِ اللَّهُ الْمُؤْمِنِينَ أَجْرًا عَظِيمًا
သို့ရာတွင် အကြင်သူတို့သည် သတိသံဝေဂ နောင်တတရားရရှိခဲ့ကြသည့်ပြင် ၎င်းတို့သည် မိမိတို့၏အခြေအနေကိုလည်း ပြုပြင်ခဲ့ကြကုန်အံ့။ ထိုမှတစ်ပါး ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ် (၏ အမိန့်တော်များ) ကိုလည်း မြဲမြံစွာ ဖက်ကိုင်ထားခဲ့ကြကုန်အံ့။ ၎င်းပြင် ထိုသူတို့သည် မိမိတို့၏သာသနာကိုလည်း သီးသန့် အလ္လာဟ်အရှင်မြတ်အဖို့ ဖြစ်စေခဲ့ကြကုန်အံ့။ ထိုသူတို့သည် ‘မုအ်မင်န်’ ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသောသူတို့နှင့် အတူတကွရှိကြလတ္တံ့။ ၎င်းပြင် မကြာမြင့်မီ အလ္လာဟ်အရှင်မြတ်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူတို့အား ကြီးကျယ်မြင့်မြတ်လှသော အကျိုးဆုလဒ်ကို ချီးမြှင့်ပေးသနားတော်မူအံ့။
ဘာသာပြန် — အန်-နီဆာ 144 စူရာ အန်-နီဆာ အာယာသ် 144 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-‘မုအ်မင်န်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိသူအပေါင်းတို့၊ အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့မှတစ်ပါး ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား ကလျာဏ မိတ်သဟာယ…
စူရာ အာယာသ် 144/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 142–146. မြန်မာဘာသာ: ภาษาไทย.