အန်-နီဆာ · 146/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
إِلَّا الَّذِينَ تَابُوا وَأَصْلَحُوا وَاعْتَصَمُوا بِاللَّهِ وَأَخْلَصُوا دِينَهُمْ لِلَّهِ فَأُولَٰئِكَ مَعَ الْمُؤْمِنِينَ ۖ وَسَوْفَ يُؤْتِ اللَّهُ الْمُؤْمِنِينَ أَجْرًا عَظِيمًا ۝١٤٦
Illal lazeena taaboo wa aslahoo wa`tasamoo billaahi wa akhlasoo deenahum lillaahi faulaaa`ika ma`al mu`mineena wa sawfa yu`til laahul mu`mineena ajran `azeemaa
📖 မြန်မာဘာသာ
သို့ရာတွင် အကြင်သူတို့သည် သတိသံဝေဂ နောင်တတရားရရှိခဲ့ကြသည့်ပြင် ၎င်းတို့သည် မိမိတို့၏အခြေအနေကိုလည်း ပြုပြင်ခဲ့ကြကုန်အံ့။ ထိုမှတစ်ပါး ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ် (၏ အမိန့်တော်များ) ကိုလည်း မြဲမြံစွာ ဖက်ကိုင်ထားခဲ့ကြကုန်အံ့။ ၎င်းပြင် ထိုသူတို့သည် မိမိတို့၏သာသနာကိုလည်း သီးသန့် အလ္လာဟ်အရှင်မြတ်အဖို့ ဖြစ်စေခဲ့ကြကုန်အံ့။ ထိုသူတို့သည် ‘မုအ်မင်န်’ ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသောသူတို့နှင့် အတူတကွရှိကြလတ္တံ့။ ၎င်းပြင် မကြာမြင့်မီ အလ္လာဟ်အရှင်မြတ်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူတို့အား ကြီးကျယ်မြင့်မြတ်လှသော အကျိုးဆုလဒ်ကို ချီးမြှင့်ပေးသနားတော်မူအံ့။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • تَابُوا (တာဗူး) — နောင်တရ၍ အလ္လာဟ်အရှင်မြတ်ထံ ပြန်လည်ချဉ်းကပ်ခြင်း၊ အမှားများမှ လွတ်မြောက်ရန် အသနားခံခြင်း။
  • أَصْلَحُوا (အဆ်လဟူး) — ပျက်စီးစေခဲ့သော အခြေအနေများကို ပြန်လည်ပြုပြင်ခြင်း၊ ကောင်းမွန်အောင် ပြုလုပ်ခြင်း။
  • اعْتَصَمُوا بِاللَّهِ (အိအ်သွဆမూస် ဗိလ္လာဟ်) — အလ္လာဟ်အရှင်မြတ်ကို မှီတွယ်အားထားခြင်း၊ အရှင်မြတ်၏ ဒီန်သာသနာကို လက်ကိုင်တုတ်အဖြစ် မြဲမြံစွာ ဆုပ်ကိုင်ထားခြင်း။
  • أَخْلَصُوا دِينَهُمْ لِلَّهِ (အာခ်လဆူး ဒီနဟွမ် လိလ္လာဟ်) — မိမိတို့၏ သာသနာကို အလ္လာဟ်အရှင်မြတ်အတွက်သာ သီးသန့်စေခြင်း၊ အရှင်မြတ်အား ဖော်ရွက်ခြင်းကင်းစွာ ကိုးကွယ်ခြင်း။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် မုနာဖိက္(အယောင်ဆောင်)တို့နှင့် ပတ်သက်၍ ချမှတ်ထားသော သတိပေးချက်များနောက်တွင် လာရှိပါသည်။ အလ္လာဟ်အရှင်မြတ်သည် မုနာဖိက္တို့အား ပြင်းထန်သော အပြစ်ဒဏ်များ ဖော်ပြပြီးနောက်၊ မျှော်လင့်ချက် တံခါးကို ဖွင့်ပေးထားတော်မူပါသည်။

အကယ်၍ မုနာဖိက္တို့သည် —

(၁) မိမိတို့၏ နှစ်မျက်နှာဆောင်မှုမှ နောင်တရ၍ အလ္လာဟ်အရှင်မြတ်ထံ ပြန်လည်ချဉ်းကပ်ကြပါက၊

(၂) မိမိတို့ ပျက်စီးစေခဲ့သော အတွင်းစိတ်နှင့် အပြင်ပန်း အခြေအနေများကို ပြန်လည်ပြုပြင်ကြပါက၊

(၃) အလ္လာဟ်အရှင်မြတ်ကို မှီတွယ်အားထား၍ အရှင်မြတ်၏ ဒီန်သာသနာကို မြဲမြံစွာ ဆုပ်ကိုင်ထားကြပါက၊

(၄) မိမိတို့၏ ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အတွက်သာ သီးသန့်ဖြစ်စေပြီး၊ လူအများ၏ မျက်နှာကို မျှော်ကိုးခြင်း၊ အသံတူအသံမှောင် ပြုလုပ်ခြင်းတို့မှ ကင်းစင်ကြပါက —

ထိုသူတို့သည် ဤလောကတွင်သာမက နောင်တမလွန်ဘဝတွင်ပါ မုအ်မင်န်(သစ္စာရှိယုံကြည်သူ)တို့နှင့်အတူ ရှိကြမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်တို့အား ကြီးမားလှသော အကျိုးဆုလာဘ်ကို နောင်တမလွန်ဘဝတွင် ပေးသနားတော်မူမည်ဖြစ်သည်။

ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်သည် အလွန်ကျယ်ဝန်းလှကြောင်း ဖော်ပြချက်ဖြစ်သည်။ မည်မျှပင် အပြစ်ကြီးခဲ့သော်လည်း စိတ်ရင်းမှန်ဖြင့် နောင်တရ၍ ပြုပြ



📜 အာယာသ် 144-148 — စူရာ အန်-နီဆာ

144يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا الْكَافِرِينَ أَوْلِيَاءَ مِن دُونِ الْمُؤْمِنِينَ ۚ أَتُرِيدُونَ أَن تَجْعَلُوا لِلَّهِ عَلَيْكُمْ سُلْطَانًا مُّبِينًا
အို-‘မုအ်မင်န်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိသူအပေါင်းတို့၊ အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့မှတစ်ပါး ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား ကလျာဏ မိတ်သဟာယ အဆွေခင်ပွန်း မပြုလုပ်ကြကုန်လင့်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အဖို့ မိမိတို့နှင့်ဆန့်ကျင်၍ ထင်ရှားစွာသောသက်သေခံကို ပြုလုပ်လိုကြပါသလော။
145إِنَّ الْمُنَافِقِينَ فِي الدَّرْكِ الْأَسْفَلِ مِنَ النَّارِ وَلَن تَجِدَ لَهُمْ نَصِيرًا
ဧကန်အမှန် ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည် ငရဲဘုံ၏အောက်ဆုံးအထပ်၌ ရှိကြ�တ္တံ့။ ၎င်းပြင် အသင်သည် ထိုသူတို့အဖို့ ကူညီစောင်မမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်ကိုမျှ တွေ့ရှိရမည်မဟုတ်ပေ။
146إِلَّا الَّذِينَ تَابُوا وَأَصْلَحُوا وَاعْتَصَمُوا بِاللَّهِ وَأَخْلَصُوا دِينَهُمْ لِلَّهِ فَأُولَٰئِكَ مَعَ الْمُؤْمِنِينَ ۖ وَسَوْفَ يُؤْتِ اللَّهُ الْمُؤْمِنِينَ أَجْرًا عَظِيمًا
သို့ရာတွင် အကြင်သူတို့သည် သတိသံဝေဂ နောင်တတရားရရှိခဲ့ကြသည့်ပြင် ၎င်းတို့သည် မိမိတို့၏အခြေအနေကိုလည်း ပြုပြင်ခဲ့ကြကုန်အံ့။ ထိုမှတစ်ပါး ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ် (၏ အမိန့်တော်များ) ကိုလည်း မြဲမြံစွာ ဖက်ကိုင်ထားခဲ့ကြကုန်အံ့။ ၎င်းပြင် ထိုသူတို့သည် မိမိတို့၏သာသနာကိုလည်း သီးသန့် အလ္လာဟ်အရှင်မြတ်အဖို့ ဖြစ်စေခဲ့ကြကုန်အံ့။ ထိုသူတို့သည် ‘မုအ်မင်န်’ ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသောသူတို့နှင့် အတူတကွရှိကြလတ္တံ့။ ၎င်းပြင် မကြာမြင့်မီ အလ္လာဟ်အရှင်မြတ်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူတို့အား ကြီးကျယ်မြင့်မြတ်လှသော အကျိုးဆုလဒ်ကို ချီးမြှင့်ပေးသနားတော်မူအံ့။
147مَّا يَفْعَلُ اللَّهُ بِعَذَابِكُمْ إِن شَكَرْتُمْ وَآمَنتُمْ ۚ وَكَانَ اللَّهُ شَاكِرًا عَلِيمًا
အို- ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်အပေါင်းတို့၊ အကယ်၍သာ အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏ အတိုင်းမသိ အဆုံးမရှိသော) ကျေးဇူးတော်များကိုသိကြ၍ ‘အီမာန်’ ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကြပါမူ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အဘယ်သို့လျှင် အပြစ်ဒဏ်ပေးတော်မူအံ့နည်း။ အမှန်စင်စစ်သော်ကား အလ္လာလ်အရှင်မြတ်သည် ကောင်းမှုပြုသူတို့အား ရက်ရောစွာ ကောင်းကျိုးပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်တည်း။
148۞ لَّا يُحِبُّ اللَّهُ الْجَهْرَ بِالسُّوءِ مِنَ الْقَوْلِ إِلَّا مَن ظُلِمَ ۚ وَكَانَ اللَّهُ سَمِيعًا عَلِيمًا
အလ္လာဟ်အရှင်မြတ်သည် (သူတစ်ပါး၏) မကောင်းကြောင်း ထုတ်ဖေါ်ပြောဆိုသည်ကို နှစ်မြို့တော်မမူချေ။ သို့ရာတွင် နှိပ်စက်ညှဉ်းပန်းခြင်းခံရသောသူမှာကား (မိမိအားနှိပ်စက်သူ၏ မကောင်းကြောင်းကို ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်ရှိပေသည်။) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ညှဉ်းပန်းနှိပ်စက်ခြင်းခံရသောသူ၏ ပြောဆိုမှုကို) ကောင်းစွာ ကြားသိတော်မူသောအရှင်၊ (ညှဉ်းပန်းနှိပ်စက်သောသူ၏ အကြောင်းကိုလည်း) ကောင်းစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူသည်။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
146အာယာသ်

ဘာသာပြန် — အန်-နီဆာ 146

စူရာ အန်-နီဆာ အာယာသ် 146 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် အကြင်သူတို့သည် သတိသံဝေဂ နောင်တတရားရရှိခဲ့ကြသည့်ပြင် ၎င်းတို့သည် မိမိတို့၏အခြေအနေကိုလည်း ပြုပြင်ခဲ့ကြကုန်အံ့။ ထိုမှတစ်ပါး ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်…

စူရာ အာယာသ် 146/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 144–148. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers