အန်-နီဆာ · 147/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
مَّا يَفْعَلُ اللَّهُ بِعَذَابِكُمْ إِن شَكَرْتُمْ وَآمَنتُمْ ۚ وَكَانَ اللَّهُ شَاكِرًا عَلِيمًا ۝١٤٧
maa yafa`lul laahu bi `azaabikum in shakartum wa aamantum; wa kaanal laahu Shaakiran `Aleema
📖 မြန်မာဘာသာ
အို- ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်အပေါင်းတို့၊ အကယ်၍သာ အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏ အတိုင်းမသိ အဆုံးမရှိသော) ကျေးဇူးတော်များကိုသိကြ၍ ‘အီမာန်’ ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကြပါမူ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အဘယ်သို့လျှင် အပြစ်ဒဏ်ပေးတော်မူအံ့နည်း။ အမှန်စင်စစ်သော်ကား အလ္လာလ်အရှင်မြတ်သည် ကောင်းမှုပြုသူတို့အား ရက်ရောစွာ ကောင်းကျိုးပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်တည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အဓိပ္ပာယ်ရှင်းလင်းရန် လိုအပ်သော စကားလုံးများ
  • شَكَرْتُمْ (ရှကာရ်တွမ်) — သင်တို့သည် ကျေးဇူးတင်ကြပါက။
  • آمَنتُمْ (အာမန်တွမ်) — သင်တို့သည် သက်ဝင်ယုံကြည်ကြပါက။
  • شَاكِرًا (ရှာကိရန်) — အလ္လာဟ်သည် ကျေးဇူးတင်တော်မူသောအရှင်၊ ကောင်းမှုကို အစားပေးတော်မူသောအရှင်။
  • عَلِيمًا (အလီမန်) — အရာခပ်သိမ်းကို အသိဉာဏ်တော်ဖြင့် သိတော်မူသောအရှင်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် မိမိကျေးကျွန်များကို အပြစ်ပေးရန် လိုအပ်ချက်မရှိပါ။ အကယ်၍ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို အသိအမှတ်ပြု၍ ကျေးဇူးတင်ကြပြီး၊ အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို စိတ်နှလုံးအတွင်းရော အပြင်တွင်ပါ သက်ဝင်ယုံကြည်ကြပါက၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား အဘယ်ကြောင့် အပြစ်ပေးတော်မူမည်နည်း။ အရှင်မြတ်သည် မည်သူ့ထံမှမျှ အကျိုးအမြတ်ကို မလိုအပ်ဘဲ၊ မိမိကျေးကျွန်များ၏ အပြစ်များကြောင့်သာ အပြစ်ပေးတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် မိမိအား နာခံကိုးကွယ်သူများကို အစားပေးတော်မူသောအရှင်၊ ကျေးဇူးတင်တော်မူသောအရှင်ဖြစ်တော်မူပြီး၊ မိမိဖန်ဆင်းထားသော ကျေးကျွန်များ၏ ယုံကြည်မှုနှင့် လုပ်ရပ်များကို အသိဉာဏ်တော်ဖြင့် ကောင်းစွာသိတော်မူသောအရှင်ဖြစ်သည်။ ထို့ကြောင့် လူသားတို့သည် ကျေးဇူးတင်ခြင်းနှင့် ယုံကြည်ခြင်းဖြင့် အလ္လာဟ်အရှင်မြတ်ထံ ချဉ်းကပ်ပါက၊ အရှင်မြတ်သည် သူတို့အား အပြစ်ပေးမည်မဟုတ်ဘဲ၊ ကောင်းမှုများအတွက် ဆုလာဘ်များကို ကြီးမားစွာ ပေးသနားတော်မူမည်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာသို့ ဖိတ်ခေါ်မှု
  • အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်များကို အပြစ်ပေးရန် လုံးဝမလိုအပ်ကြောင်း သိရှိရသည်။ အရှင်မြတ်သည် အလွန်ကရုဏာတော်ရှင်ဖြစ်ပြီး၊ ကျေးကျွန်များ ကောင်းမှုပြုခြင်းကို အလွန်နှစ်သက်တော်မူသည်။
  • ကျေးဇူးတင်ခြင်းနှင့် ယုံကြည်ခြင်းသည် လူသားတို့အတွက် အပြစ်မှ လွတ်မြောက်ရန် လမ်းစဖြစ်သည်။ ဤအရည်အချင်းနှစ်ခုရှိပါက အလ္လာဟ်အရှင်မြတ်သည် အပြစ်ပေးတော်မူမည်မဟုတ်ပါ။
  • အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးတင်တတ်သော ကျေးကျွန်များကို အစားပေးတော်မူသောအရှင်၊ အရာခပ်သိမ်းကို သိတော်မူသောအရှင်ဖြစ်သည်။


📜 အာယာသ် 145-149 — စူရာ အန်-နီဆာ

145إِنَّ الْمُنَافِقِينَ فِي الدَّرْكِ الْأَسْفَلِ مِنَ النَّارِ وَلَن تَجِدَ لَهُمْ نَصِيرًا
ဧကန်အမှန် ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည် ငရဲဘုံ၏အောက်ဆုံးအထပ်၌ ရှိကြ�တ္တံ့။ ၎င်းပြင် အသင်သည် ထိုသူတို့အဖို့ ကူညီစောင်မမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်ကိုမျှ တွေ့ရှိရမည်မဟုတ်ပေ။
146إِلَّا الَّذِينَ تَابُوا وَأَصْلَحُوا وَاعْتَصَمُوا بِاللَّهِ وَأَخْلَصُوا دِينَهُمْ لِلَّهِ فَأُولَٰئِكَ مَعَ الْمُؤْمِنِينَ ۖ وَسَوْفَ يُؤْتِ اللَّهُ الْمُؤْمِنِينَ أَجْرًا عَظِيمًا
သို့ရာတွင် အကြင်သူတို့သည် သတိသံဝေဂ နောင်တတရားရရှိခဲ့ကြသည့်ပြင် ၎င်းတို့သည် မိမိတို့၏အခြေအနေကိုလည်း ပြုပြင်ခဲ့ကြကုန်အံ့။ ထိုမှတစ်ပါး ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ် (၏ အမိန့်တော်များ) ကိုလည်း မြဲမြံစွာ ဖက်ကိုင်ထားခဲ့ကြကုန်အံ့။ ၎င်းပြင် ထိုသူတို့သည် မိမိတို့၏သာသနာကိုလည်း သီးသန့် အလ္လာဟ်အရှင်မြတ်အဖို့ ဖြစ်စေခဲ့ကြကုန်အံ့။ ထိုသူတို့သည် ‘မုအ်မင်န်’ ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသောသူတို့နှင့် အတူတကွရှိကြလတ္တံ့။ ၎င်းပြင် မကြာမြင့်မီ အလ္လာဟ်အရှင်မြတ်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူတို့အား ကြီးကျယ်မြင့်မြတ်လှသော အကျိုးဆုလဒ်ကို ချီးမြှင့်ပေးသနားတော်မူအံ့။
147مَّا يَفْعَلُ اللَّهُ بِعَذَابِكُمْ إِن شَكَرْتُمْ وَآمَنتُمْ ۚ وَكَانَ اللَّهُ شَاكِرًا عَلِيمًا
အို- ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်အပေါင်းတို့၊ အကယ်၍သာ အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏ အတိုင်းမသိ အဆုံးမရှိသော) ကျေးဇူးတော်များကိုသိကြ၍ ‘အီမာန်’ ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကြပါမူ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အဘယ်သို့လျှင် အပြစ်ဒဏ်ပေးတော်မူအံ့နည်း။ အမှန်စင်စစ်သော်ကား အလ္လာလ်အရှင်မြတ်သည် ကောင်းမှုပြုသူတို့အား ရက်ရောစွာ ကောင်းကျိုးပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်တည်း။
148۞ لَّا يُحِبُّ اللَّهُ الْجَهْرَ بِالسُّوءِ مِنَ الْقَوْلِ إِلَّا مَن ظُلِمَ ۚ وَكَانَ اللَّهُ سَمِيعًا عَلِيمًا
အလ္လာဟ်အရှင်မြတ်သည် (သူတစ်ပါး၏) မကောင်းကြောင်း ထုတ်ဖေါ်ပြောဆိုသည်ကို နှစ်မြို့တော်မမူချေ။ သို့ရာတွင် နှိပ်စက်ညှဉ်းပန်းခြင်းခံရသောသူမှာကား (မိမိအားနှိပ်စက်သူ၏ မကောင်းကြောင်းကို ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်ရှိပေသည်။) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ညှဉ်းပန်းနှိပ်စက်ခြင်းခံရသောသူ၏ ပြောဆိုမှုကို) ကောင်းစွာ ကြားသိတော်မူသောအရှင်၊ (ညှဉ်းပန်းနှိပ်စက်သောသူ၏ အကြောင်းကိုလည်း) ကောင်းစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူသည်။
149إِن تُبْدُوا خَيْرًا أَوْ تُخْفُوهُ أَوْ تَعْفُوا عَن سُوءٍ فَإِنَّ اللَّهَ كَانَ عَفُوًّا قَدِيرًا
(ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသောသူ၌ မိမိ မကျေမနပ်ဖြစ်ကြောင်းကို ထုတ်ဖေါ်ပြောဆို ညည်းညူနိုင်ခွင့်ရှိငြားလည်း) အကယ်၍ အသင်တို့သည် ကောင်းမှုတစ်စုံတစ်ရာကို ထုတ်ဖေါ်ကြပါလျှင်၊ သို့မဟုတ် ယင်းကောင်းမှုကို ဖုံးအုပ်ကြပါလျှင်၊ သို့တည်းမဟုတ် အသင်တို့သည် တစ်စုံတစ်ယောက်ကို ခွင့်လွှတ်ကြပါလျှင် (ဤသည် အကောင်းဆုံးပင်တည်း။ အကြောင်းသော်ကား) ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်လည်း အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ စွမ်းဆောင်နိုင်တော်မူသောအရှင်လည်း ဖြစ်တော်မူ၏။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
147အာယာသ်

ဘာသာပြန် — အန်-နီဆာ 147

စူရာ အန်-နီဆာ အာယာသ် 147 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို- ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်အပေါင်းတို့၊ အကယ်၍သာ အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏ အတိုင်းမသိ အဆုံးမရှိသော) ကျေးဇူးတော်များကိုသိကြ၍ ‘အီမာန်’…

စူရာ အာယာသ် 147/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 145–149. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers