အန်-နီဆာ · 149/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
إِن تُبْدُوا خَيْرًا أَوْ تُخْفُوهُ أَوْ تَعْفُوا عَن سُوءٍ فَإِنَّ اللَّهَ كَانَ عَفُوًّا قَدِيرًا ۝١٤٩
in tubdoo khairann aw tukhfoohu aw ta`foo `an sooo`in fa innal laaha kaana `afuwwan Qadeeraa
📖 မြန်မာဘာသာ
(ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသောသူ၌ မိမိ မကျေမနပ်ဖြစ်ကြောင်းကို ထုတ်ဖေါ်ပြောဆို ညည်းညူနိုင်ခွင့်ရှိငြားလည်း) အကယ်၍ အသင်တို့သည် ကောင်းမှုတစ်စုံတစ်ရာကို ထုတ်ဖေါ်ကြပါလျှင်၊ သို့မဟုတ် ယင်းကောင်းမှုကို ဖုံးအုပ်ကြပါလျှင်၊ သို့တည်းမဟုတ် အသင်တို့သည် တစ်စုံတစ်ယောက်ကို ခွင့်လွှတ်ကြပါလျှင် (ဤသည် အကောင်းဆုံးပင်တည်း။ အကြောင်းသော်ကား) ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်လည်း အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ စွမ်းဆောင်နိုင်တော်မူသောအရှင်လည်း ဖြစ်တော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 147-151 — စူရာ အန်-နီဆာ

147مَّا يَفْعَلُ اللَّهُ بِعَذَابِكُمْ إِن شَكَرْتُمْ وَآمَنتُمْ ۚ وَكَانَ اللَّهُ شَاكِرًا عَلِيمًا
အို- ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်အပေါင်းတို့၊ အကယ်၍သာ အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏ အတိုင်းမသိ အဆုံးမရှိသော) ကျေးဇူးတော်များကိုသိကြ၍ ‘အီမာန်’ ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကြပါမူ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အဘယ်သို့လျှင် အပြစ်ဒဏ်ပေးတော်မူအံ့နည်း။ အမှန်စင်စစ်သော်ကား အလ္လာလ်အရှင်မြတ်သည် ကောင်းမှုပြုသူတို့အား ရက်ရောစွာ ကောင်းကျိုးပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်တည်း။
148۞ لَّا يُحِبُّ اللَّهُ الْجَهْرَ بِالسُّوءِ مِنَ الْقَوْلِ إِلَّا مَن ظُلِمَ ۚ وَكَانَ اللَّهُ سَمِيعًا عَلِيمًا
အလ္လာဟ်အရှင်မြတ်သည် (သူတစ်ပါး၏) မကောင်းကြောင်း ထုတ်ဖေါ်ပြောဆိုသည်ကို နှစ်မြို့တော်မမူချေ။ သို့ရာတွင် နှိပ်စက်ညှဉ်းပန်းခြင်းခံရသောသူမှာကား (မိမိအားနှိပ်စက်သူ၏ မကောင်းကြောင်းကို ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်ရှိပေသည်။) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ညှဉ်းပန်းနှိပ်စက်ခြင်းခံရသောသူ၏ ပြောဆိုမှုကို) ကောင်းစွာ ကြားသိတော်မူသောအရှင်၊ (ညှဉ်းပန်းနှိပ်စက်သောသူ၏ အကြောင်းကိုလည်း) ကောင်းစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူသည်။
149إِن تُبْدُوا خَيْرًا أَوْ تُخْفُوهُ أَوْ تَعْفُوا عَن سُوءٍ فَإِنَّ اللَّهَ كَانَ عَفُوًّا قَدِيرًا
(ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသောသူ၌ မိမိ မကျေမနပ်ဖြစ်ကြောင်းကို ထုတ်ဖေါ်ပြောဆို ညည်းညူနိုင်ခွင့်ရှိငြားလည်း) အကယ်၍ အသင်တို့သည် ကောင်းမှုတစ်စုံတစ်ရာကို ထုတ်ဖေါ်ကြပါလျှင်၊ သို့မဟုတ် ယင်းကောင်းမှုကို ဖုံးအုပ်ကြပါလျှင်၊ သို့တည်းမဟုတ် အသင်တို့သည် တစ်စုံတစ်ယောက်ကို ခွင့်လွှတ်ကြပါလျှင် (ဤသည် အကောင်းဆုံးပင်တည်း။ အကြောင်းသော်ကား) ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်လည်း အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ စွမ်းဆောင်နိုင်တော်မူသောအရှင်လည်း ဖြစ်တော်မူ၏။
150إِنَّ الَّذِينَ يَكْفُرُونَ بِاللَّهِ وَرُسُلِهِ وَيُرِيدُونَ أَن يُفَرِّقُوا بَيْنَ اللَّهِ وَرُسُلِهِ وَيَقُولُونَ نُؤْمِنُ بِبَعْضٍ وَنَكْفُرُ بِبَعْضٍ وَيُرِيدُونَ أَن يَتَّخِذُوا بَيْنَ ذَٰلِكَ سَبِيلًا
ဧကန်စင်စစ် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်တို့ကို ငြင်းပယ်ကြကုန်သည်။ ၎င်းပြင် ထိုသူတို့သည် (အီမာန်ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိရာ၌လည်း) အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်တို့၏စပ်ကြားတွင် ခွဲခြားလိုကြကုန်သည်။ ထိုမျှမကသေးချေ၊ ယင်းသူတို့သည် (မိမိတို့၏နှုတ်ဖြင့်) ငါတို့သည် အချို့ (ရစူလ်တမန်တော်များ) ကို ယုံကြည်ကြကုန်၏။ သို့ရာတွင် အချို့ (ရစူလ်တမန်တော် များ) ကိုမူ ငြင်းပယ်ကြသည်ဟူ၍လည်း ပြောဆိုကြကုန်သည်။ ထိုမှတစ်ပါးတုံ ၎င်းတို့သည် ယင်း (‘ကုဖ်ရ်’ သွေဖည်ငြင်းပယ်မှုနှင့် ‘အီမာန်’ ယုံကြည်မှု) ၏ အလယ်အကြားတ�င် နည်းလမ်းတစ်ခုကိုလည်း ပြုလုပ်လိုကြကုန်သတည်း။
151أُولَٰئِكَ هُمُ الْكَافِرُونَ حَقًّا ۚ وَأَعْتَدْنَا لِلْكَافِرِينَ عَذَابًا مُّهِينًا
(သို့ဖြစ်ပေရာ) ထိုသူတို့သည်သာလျှင် မုချ ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြကုန်၏။ ငါအရှင်မြတ်သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အဖို့ ဂုဏ်ရည်သေးသိမ် စေသောအပြစ်ဒဏ်ကို အဆင်သင့် ပြင်ဆင်ထားရှိတော်မူပြီး ဖြစ်ချေသတည်း။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
149အာယာသ်

ဘာသာပြန် — အန်-နီဆာ 149

စူရာ အန်-နီဆာ အာယာသ် 149 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသောသူ၌ မိမိ မကျေမနပ်ဖြစ်ကြောင်းကို ထုတ်ဖေါ်ပြောဆို ညည်းညူနိုင်ခွင့်ရှိငြားလည်း) အကယ်၍ အသင်တို့သည် ကောင်းမှုတစ်စုံတစ်ရာကို ထုတ်ဖေါ်ကြပါလျှင်၊…

စူရာ အာယာသ် 149/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 147–151. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers