رُّسُلًا مُّبَشِّرِينَ وَمُنذِرِينَ لِئَلَّا يَكُونَ لِلنَّاسِ عَلَى اللَّهِ حُجَّةٌ بَعْدَ الرُّسُلِ ۚ وَكَانَ اللَّهُ عَزِيزًا حَكِيمًا ١٦٥
🔤 Transliteration
Rusulam mubashshireena wa munzireena li`allaa yakoona linnaasi `alal laahi hujjatum ba`dar Rusul; wa kaanallaahu `Azeezan Hakeema
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(ငါအရှင်မြတ်သည်) ရစူလ်တမန်တော်များအား ဝမ်းမြောက်ဖွယ်ရာ သတင်းပေးသူများအဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်သူများအဖြစ်လည်းကောင်း စေလွှတ်တော်မူခဲ့လေသည်။ ယင်းသို့ စေလွှတ် တော်မူခြင်းမှာ) ထိုရစူလ်တမန်တော်များ ရောက်ရှိလာကြပြီးနောက် (‘ကိယာမတ်’ခေါ် ရှင်ပြန်ထရမည့်နေ့တွင် ) အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်၌ လူတို့အဖို့ အကြောင်းပြချက် မရှိစေရန်အလို့ငှာ ဖြစ်ချေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🌐 Additional reference in ภาษาไทย
ခက်ခဲသောဝေါဟာရများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် رُّسُلًا (ရုဆုလန်) — တမန်တော်များ၊ ရစူလ်များ။ مُّبَشِّرِينَ (မုဗရှ်ရီန) — သတင်းကောင်းပေးသူများ၊ သုခဘုံနှင့် ဆုလာဘ်များအကြောင်း ဝမ်းမြောက်ဖွယ်သတင်းကို ကြေညာပေးသူများ။ مُنذِرِينَ (မွန်ဇိရီန) — သတိပေးသူများ၊ ငရဲနှင့် ပြစ်ဒဏ်များအကြောင်း သတိပေးနှိုးဆော်သူများ။ حُجَّةٌ (ဟွဂ္ဂျာ) — အကြောင်းပြချက်၊ ခုခံပြောဆိုခွင့်၊ ဆင်ခြေပေးနိုင်သည့် အခွင့်အရေး။ عَزِيزًا (အဇီဇန်) — အနိုင်ရရှိတော်မူသော၊ မည်သူမျှ မနိုင်နင်းနိုင်သော၊ ဘုန်းတန်ခိုးကြီးတော်မူသော။ حَكِيمًا (ဟကီမန်) — ဉာဏ်ပညာနှင့်ပြည့်စုံတော်မူသော၊ အရာခပ်သိမ်းကို မှန်ကန်စွာ စီမံခန့်ခွဲတော်မူသော။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အလ္လာဟ်အရှင်မြတ်သည် ရစူလ်တမန်တော်များကို စေလွှတ်တော်မူခဲ့သည်။ ထိုတမန်တော်များသည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်သူများအတွက် ဂုဏ်ကျေးဇူးကြီးမားသော ဆုလာဘ်များနှင့် သုခဘုံသတင်းကောင်းကို ဝမ်းမြောက်ဖွယ် ကြေညာပေးသူများဖြစ်ကြသည်။ တစ်ဖက်တွင်လည်း အလ္လာဟ်အရှင်မြတ်ကို ငြင်းပယ်သူများအတွက် ပြင်းထန်သော ပြစ်ဒဏ်နှင့် ငရဲမီးအကြောင်း သတိပေးနှိုးဆော်သူများလည်း ဖြစ်ကြသည်။
ဤသို့ ရစူလ်တမန်တော်များ စေလွှတ်တော်မူခြင်း၏ ရည်ရွယ်ချက်မှာ လူသားများအနေဖြင့် ကိယာမသ်နေ့တွင် "ကျွန်ုပ်တို့ထံ သတိပေးသူ တမန်တော်တစ်ပါးမျှ ရောက်လာခဲ့ခြင်းမရှိပါ၊ ထို့ကြောင့် အကျွန်ုပ်တို့သည် အသိမရှိဘဲ နေမိခဲ့ခြင်းဖြစ်သည်" ဟူ၍ အလ္လာဟ်အရှင်မြတ်အပေါ် ဆင်ခြေပေးခွင့်၊ ခုခံပြောဆိုခွင့် မရှိစေရန်အတွက်ဖြစ်သည်။ ရစူလ်တမန်တော်များ ရောက်လာပြီးနောက်တွင်မူ လူသားများအတွက် မည်သည့် အကြောင်းပြချက်မျှ ကျန်ရှိတော့မည်မဟုတ်ပေ။
အလ္လာဟ်အရှင်မြတ်သည် အနိုင်ရရှိတော်မူသော အရှင်ဖြစ်တော်မူသည်။ ကိုယ်တော်ရည်ရွယ်တော်မူသည့်အတိုင်း ဖြစ်ပေါ်လာစေရန် မည်သူမျှ ဟန့်တားနိုင်ခြင်းမရှိပါ။ ထို့အပြင် အရှင်မြတ်သည် ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူသည်။ တမန်တော်များ စေလွှတ်တော်မူခြင်း၊ သတင်းကောင်းနှင့် သတိပေးချက်များ ပေးပို့တော်မူခြင်း အပါအဝင် အရာခပ်သိမ
رُّسُلًا مُّبَشِّرِينَ وَمُنذِرِينَ لِئَلَّا يَكُونَ لِلنَّاسِ عَلَى ٱللَّهِ حُجَّةُۢ بَعۡدَ ٱلرُّسُلِۚ وَكَانَ ٱللَّهُ عَزِيزًا حَكِيمًا ١٦٥
(ငါအရှင်မြတ်သည်) ရစူလ်တမန်တော်များအား ဝမ်းမြောက်ဖွယ်ရာ သတင်းပေးသူများအဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်သူများအဖြစ်လည်းကောင်း စေလွှတ်တော်မူခဲ့လေသည်။ ယင်းသို့ စေလွှတ် တော်မူခြင်းမှာ) ထိုရစူလ်တမန်တော်များ ရောက်ရှိလာကြပြီးနောက် (‘ကိယာမတ်’ခေါ် ရှင်ပြန်ထရမည့်နေ့တွင် ) အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်၌ လူတို့အဖို့ အကြောင်းပြချက် မရှိစေရန်အလို့ငှာ ဖြစ်ချေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 163-167 — စူရာ အန်-နီဆာ
163 ۞ إِنَّا أَوْحَيْنَا إِلَيْكَ كَمَا أَوْحَيْنَا إِلَىٰ نُوحٍ وَالنَّبِيِّينَ مِن بَعْدِهِ ۚ وَأَوْحَيْنَا إِلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ وَيَعْقُوبَ وَالْأَسْبَاطِ وَعِيسَىٰ وَأَيُّوبَ وَيُونُسَ وَهَارُونَ وَسُلَيْمَانَ ۚ وَآتَيْنَا دَاوُودَ زَبُورًا
ဧကန်စင်စစ် ငါအရှင်မြတ်သည် (နဗီတမန်တော်) နူဟ်နှင့် ယင်း (နဗီတမန်တော် နူဟ်) ၏နောက်၌ ပ�င့်ခဲ့ကြလေသော နဗီတမန်တော်တို့ထံသို့ (ဝဟ်ယ်) အမိန့်ဗျာဒိတ်တော်များ ပို့တော်မူဘိသကဲ့သို့လည်းကောင်း၊ (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၊ (နဗီတမန်တော်) အစ္စမာအီလ်၊ (နဗီတမန်တော်) အစ္စဟာက် (နဗီတမန်တော်) ယအ်ကူဗ်၊ (ထို နဗီတမန်တော်ယအ်ကူဗ်၏) သား-မြေး-မြစ် (တို့တွင် ပွင့်လေသော နဗီတမန်တော်များ) ၊ (နဗီတမန်တော်) အီစာ၊ (နဗီတမန်တော်) အိုက်ယူဗ်၊ (နဗီတမန်တော်) ယူနွတ်စ်၊ (နဗီတမန်တော်) ဟာရူန်နှင့် (နဗီတမန်တော်) ဆူလိုင်မာန်တို့ထံသို့ (ဝဟ်ယ်) အမိန့်ဗျာဒိတ်တော်များ ပို့တော်မူဘိသကဲ့သို့လည်းကောင်း၊ (နဗီတမန်တော်) ဒါဝူဒ်အား ဇဗူရ်ကျမ်းတော်ကို ချီးမြှင့်ပေးသနားတော်မူဘိသကဲ့သို့လည်းကောင်း၊ အသင့်ထံသို့လည်း (ဝဟ်ယ်) အမိန့်ဗျာဒိတ်တော်များကို ပို့တော်မူခဲ့လေသတည်း။
164 وَرُسُلًا قَدْ قَصَصْنَاهُمْ عَلَيْكَ مِن قَبْلُ وَرُسُلًا لَّمْ نَقْصُصْهُمْ عَلَيْكَ ۚ وَكَلَّمَ اللَّهُ مُوسَىٰ تَكْلِيمًا
၎င်းပြင် (ငါအရှင်မြတ်သည်) အကြင်ရစူလ်တမန်တော်များထံသို့လည်း (ဝဟ်ယ် အမိန့်ဗျာဒိတ်တော်များကို ပို့တော်မူခဲ့လေသည်) ။ ထိုရစူလ်တမန်တော်များ၏အကြောင်း အတ္ထုပ္ပတ္တိကို ငါအရှင်မြတ်သည် ယခင်မူလက အသင်၏ရှေ့ဝယ် ပြောပြတော်မူခဲ့ဖူး၏။ ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) အကြင်ရစူလ်တမန်တော်များထံသို့လည်း (ဝဟ်ယ် အမိန့်ဗျာဒိတ်တော်များကို ပို့တော်မူခဲ့လေသည်၊) ထိုရစူလ်တမန်တော်များ၏အတ္ထုပ္ပတ္တိကို ငါအရှင်မြတ်သည် အသင်၏ရှေ့ဝယ် ဖေါ်ပြတော်မူခဲ့ဖူးသည်မရှိချေ။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) မူစာနှင့် (အထူးသဖြင့်) စကား ပြောဆိုတော်မူခဲ့လေသတည်း။
165 رُّسُلًا مُّبَشِّرِينَ وَمُنذِرِينَ لِئَلَّا يَكُونَ لِلنَّاسِ عَلَى اللَّهِ حُجَّةٌ بَعْدَ الرُّسُلِ ۚ وَكَانَ اللَّهُ عَزِيزًا حَكِيمًا
(ငါအရှင်မြတ်သည်) ရစူလ်တမန်တော်များအား ဝမ်းမြောက်ဖွယ်ရာ သတင်းပေးသူများအဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်သူများအဖြစ်လည်းကောင်း စေလွှတ်တော်မူခဲ့လေသည်။ ယင်းသို့ စေလွှတ် တော်မူခြင်းမှာ) ထိုရစူလ်တမန်တော်များ ရောက်ရှိလာကြပြီးနောက် (‘ကိယာမတ်’ခေါ် ရှင်ပြန်ထရမည့်နေ့တွင် ) အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်၌ လူတို့အဖို့ အကြောင်းပြချက် မရှိစေရန်အလို့ငှာ ဖြစ်ချေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
166 لَّٰكِنِ اللَّهُ يَشْهَدُ بِمَا أَنزَلَ إِلَيْكَ ۖ أَنزَلَهُ بِعِلْمِهِ ۖ وَالْمَلَائِكَةُ يَشْهَدُونَ ۚ وَكَفَىٰ بِاللَّهِ شَهِيدًا
သို့ရာတွင် (ယင်းသူတို့က အသင်နဗီတမန်တော်ဖြစ်ကြောင်း ငြင်းပယ်ကြသော်လည်း) အလ္လာဟ်အရှင်မြတ်သည် (အသင် နဗီတမန်တော်ဖြစ်ကြောင်းကို) မိမိချပေးသနားတော်မူခဲ့သော (ကုရ်အာန်) ကျမ်းတော်မြတ်ဖြင့် သက်သေခံတော်မူလေသည်။ ထိုအရှင်မြတ်သည် ယင်းကျမ်းတော် မြတ်ကို မိမိအသိပညာတော်နှင့်တကွ ချပေးသနားတော်မူခဲ့လေသည်။ ၎င်းပြင် ‘မလာအိကဟ်’ အပါးတော်စေတမန်အပေါင်းတို့လည်း (အသင် နဗီတမန်တော်ဖြစ်ကြောင်းကို) သက်သေခံလျက် ရှိကြကုန်သည်။ အမှန်စင်စစ်သော်လည်း အလ္လာဟ်အရှင်မြတ်သည်ပင် သက်သေအဖြစ် လုံလောက် တော်မူပေသတည်း။
167 إِنَّ الَّذِينَ كَفَرُوا وَصَدُّوا عَن سَبِيلِ اللَّهِ قَدْ ضَلُّوا ضَلَالًا بَعِيدًا
ဧကန်စင်စစ် အကြင်သူတို့သည် (တမန်တော်မုဟမ္မဒ်သည် နဗီဖြစ်ခြင်းနှင့်စပ်လျဉ်း၍ သက်သေခံအထင်အရှားရှိပါလျက်) မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြ၏။ ၎င်းပြင် အခြားသူများကို အလ္လာဟ်အရှင်မြတ်၏ (တရား) လမ်းတော်မှလည်း မြစ်တားခဲ့ကြ၏။ မလွဲဧကန် ထိုသူတို့သည် (တရားလမ်းမှန်မှ) အလွန်ကမ်းလှမ်းဝေးကွာသော လမ်းမှားသို့ ရောက်ရှိခဲ့ကြချေပြီ။
ဘာသာပြန် — အန်-နီဆာ 165 စူရာ အန်-နီဆာ အာယာသ် 165 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ငါအရှင်မြတ်သည်) ရစူလ်တမန်တော်များအား ဝမ်းမြောက်ဖွယ်ရာ သတင်းပေးသူများအဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်သူများအဖြစ်လည်းကောင်း စေလွှတ်တော်မူခဲ့လေသည်။ ယင်းသို့ စေလွှတ် တော်မူခြင်းမှာ) ထိုရစူလ်တမန်တော်များ…
စူရာ အာယာသ် 165/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 163–167. မြန်မာဘာသာ: ภาษาไทย.