အန်-နီဆာ · 165/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
رُّسُلًا مُّبَشِّرِينَ وَمُنذِرِينَ لِئَلَّا يَكُونَ لِلنَّاسِ عَلَى اللَّهِ حُجَّةٌ بَعْدَ الرُّسُلِ ۚ وَكَانَ اللَّهُ عَزِيزًا حَكِيمًا ۝١٦٥
Rusulam mubashshireena wa munzireena li`allaa yakoona linnaasi `alal laahi hujjatum ba`dar Rusul; wa kaanallaahu `Azeezan Hakeema
📖 မြန်မာဘာသာ
(ငါအရှင်မြတ်သည်) ရစူလ်တမန်တော်များအား ဝမ်းမြောက်ဖွယ်ရာ သတင်းပေးသူများအဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်သူများအဖြစ်လည်းကောင်း စေလွှတ်တော်မူခဲ့လေသည်။ ယင်းသို့ စေလွှတ် တော်မူခြင်းမှာ) ထိုရစူလ်တမန်တော်များ ရောက်ရှိလာကြပြီးနောက် (‘ကိယာမတ်’ခေါ် ရှင်ပြန်ထရမည့်နေ့တွင် ) အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်၌ လူတို့အဖို့ အကြောင်းပြချက် မရှိစေရန်အလို့ငှာ ဖြစ်ချေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 163-167 — စူရာ အန်-နီဆာ

163۞ إِنَّا أَوْحَيْنَا إِلَيْكَ كَمَا أَوْحَيْنَا إِلَىٰ نُوحٍ وَالنَّبِيِّينَ مِن بَعْدِهِ ۚ وَأَوْحَيْنَا إِلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ وَيَعْقُوبَ وَالْأَسْبَاطِ وَعِيسَىٰ وَأَيُّوبَ وَيُونُسَ وَهَارُونَ وَسُلَيْمَانَ ۚ وَآتَيْنَا دَاوُودَ زَبُورًا
ဧကန်စင်စစ် ငါအရှင်မြတ်သည် (နဗီတမန်တော်) နူဟ်နှင့် ယင်း (နဗီတမန်တော် နူဟ်) ၏နောက်၌ ပ�င့်ခဲ့ကြလေသော နဗီတမန်တော်တို့ထံသို့ (ဝဟ်ယ်) အမိန့်ဗျာဒိတ်တော်များ ပို့တော်မူဘိသကဲ့သို့လည်းကောင်း၊ (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၊ (နဗီတမန်တော်) အစ္စမာအီလ်၊ (နဗီတမန်တော်) အစ္စဟာက် (နဗီတမန်တော်) ယအ်ကူဗ်၊ (ထို နဗီတမန်တော်ယအ်ကူဗ်၏) သား-မြေး-မြစ် (တို့တွင် ပွင့်လေသော နဗီတမန်တော်များ) ၊ (နဗီတမန်တော်) အီစာ၊ (နဗီတမန်တော်) အိုက်ယူဗ်၊ (နဗီတမန်တော်) ယူနွတ်စ်၊ (နဗီတမန်တော်) ဟာရူန်နှင့် (နဗီတမန်တော်) ဆူလိုင်မာန်တို့ထံသို့ (ဝဟ်ယ်) အမိန့်ဗျာဒိတ်တော်များ ပို့တော်မူဘိသကဲ့သို့လည်းကောင်း၊ (နဗီတမန်တော်) ဒါဝူဒ်အား ဇဗူရ်ကျမ်းတော်ကို ချီးမြှင့်ပေးသနားတော်မူဘိသကဲ့သို့လည်းကောင်း၊ အသင့်ထံသို့လည်း (ဝဟ်ယ်) အမိန့်ဗျာဒိတ်တော်များကို ပို့တော်မူခဲ့လေသတည်း။
164وَرُسُلًا قَدْ قَصَصْنَاهُمْ عَلَيْكَ مِن قَبْلُ وَرُسُلًا لَّمْ نَقْصُصْهُمْ عَلَيْكَ ۚ وَكَلَّمَ اللَّهُ مُوسَىٰ تَكْلِيمًا
၎င်းပြင် (ငါအရှင်မြတ်သည်) အကြင်ရစူလ်တမန်တော်များထံသို့လည်း (ဝဟ်ယ် အမိန့်ဗျာဒိတ်တော်များကို ပို့တော်မူခဲ့လေသည်) ။ ထိုရစူလ်တမန်တော်များ၏အကြောင်း အတ္ထုပ္ပတ္တိကို ငါအရှင်မြတ်သည် ယခင်မူလက အသင်၏ရှေ့ဝယ် ပြောပြတော်မူခဲ့ဖူး၏။ ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) အကြင်ရစူလ်တမန်တော်များထံသို့လည်း (ဝဟ်ယ် အမိန့်ဗျာဒိတ်တော်များကို ပို့တော်မူခဲ့လေသည်၊) ထိုရစူလ်တမန်တော်များ၏အတ္ထုပ္ပတ္တိကို ငါအရှင်မြတ်သည် အသင်၏ရှေ့ဝယ် ဖေါ်ပြတော်မူခဲ့ဖူးသည်မရှိချေ။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) မူစာနှင့် (အထူးသဖြင့်) စကား ပြောဆိုတော်မူခဲ့လေသတည်း။
165رُّسُلًا مُّبَشِّرِينَ وَمُنذِرِينَ لِئَلَّا يَكُونَ لِلنَّاسِ عَلَى اللَّهِ حُجَّةٌ بَعْدَ الرُّسُلِ ۚ وَكَانَ اللَّهُ عَزِيزًا حَكِيمًا
(ငါအရှင်မြတ်သည်) ရစူလ်တမန်တော်များအား ဝမ်းမြောက်ဖွယ်ရာ သတင်းပေးသူများအဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်သူများအဖြစ်လည်းကောင်း စေလွှတ်တော်မူခဲ့လေသည်။ ယင်းသို့ စေလွှတ် တော်မူခြင်းမှာ) ထိုရစူလ်တမန်တော်များ ရောက်ရှိလာကြပြီးနောက် (‘ကိယာမတ်’ခေါ် ရှင်ပြန်ထရမည့်နေ့တွင် ) အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်၌ လူတို့အဖို့ အကြောင်းပြချက် မရှိစေရန်အလို့ငှာ ဖြစ်ချေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
166لَّٰكِنِ اللَّهُ يَشْهَدُ بِمَا أَنزَلَ إِلَيْكَ ۖ أَنزَلَهُ بِعِلْمِهِ ۖ وَالْمَلَائِكَةُ يَشْهَدُونَ ۚ وَكَفَىٰ بِاللَّهِ شَهِيدًا
သို့ရာတွင် (ယင်းသူတို့က အသင်နဗီတမန်တော်ဖြစ်ကြောင်း ငြင်းပယ်ကြသော်လည်း) အလ္လာဟ်အရှင်မြတ်သည် (အသင် နဗီတမန်တော်ဖြစ်ကြောင်းကို) မိမိချပေးသနားတော်မူခဲ့သော (ကုရ်အာန်) ကျမ်းတော်မြတ်ဖြင့် သက်သေခံတော်မူလေသည်။ ထိုအရှင်မြတ်သည် ယင်းကျမ်းတော် မြတ်ကို မိမိအသိပညာတော်နှင့်တကွ ချပေးသနားတော်မူခဲ့လေသည်။ ၎င်းပြင် ‘မလာအိကဟ်’ အပါးတော်စေတမန်အပေါင်းတို့လည်း (အသင် နဗီတမန်တော်ဖြစ်ကြောင်းကို) သက်သေခံလျက် ရှိကြကုန်သည်။ အမှန်စင်စစ်သော်လည်း အလ္လာဟ်အရှင်မြတ်သည်ပင် သက်သေအဖြစ် လုံလောက် တော်မူပေသတည်း။
167إِنَّ الَّذِينَ كَفَرُوا وَصَدُّوا عَن سَبِيلِ اللَّهِ قَدْ ضَلُّوا ضَلَالًا بَعِيدًا
ဧကန်စင်စစ် အကြင်သူတို့သည် (တမန်တော်မုဟမ္မဒ်သည် နဗီဖြစ်ခြင်းနှင့်စပ်လျဉ်း၍ သက်သေခံအထင်အရှားရှိပါလျက်) မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြ၏။ ၎င်းပြင် အခြားသူများကို အလ္လာဟ်အရှင်မြတ်၏ (တရား) လမ်းတော်မှလည်း မြစ်တားခဲ့ကြ၏။ မလွဲဧကန် ထိုသူတို့သည် (တရားလမ်းမှန်မှ) အလွန်ကမ်းလှမ်းဝေးကွာသော လမ်းမှားသို့ ရောက်ရှိခဲ့ကြချေပြီ။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
165အာယာသ်

ဘာသာပြန် — အန်-နီဆာ 165

စူရာ အန်-နီဆာ အာယာသ် 165 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ငါအရှင်မြတ်သည်) ရစူလ်တမန်တော်များအား ဝမ်းမြောက်ဖွယ်ရာ သတင်းပေးသူများအဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်သူများအဖြစ်လည်းကောင်း စေလွှတ်တော်မူခဲ့လေသည်။ ယင်းသို့ စေလွှတ် တော်မူခြင်းမှာ) ထိုရစူလ်တမန်တော်များ…

စူရာ အာယာသ် 165/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 163–167. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers