အက်ရှ်-ရှူရာ · 11/53
ဘာသာပြန် အသံနိုင်ငံ — စူရာ အက်ရှ်-ရှူရာ
فَاطِرُ السَّمَاوَاتِ وَالْأَرْضِ ۚ جَعَلَ لَكُم مِّنْ أَنفُسِكُمْ أَزْوَاجًا وَمِنَ الْأَنْعَامِ أَزْوَاجًا ۖ يَذْرَؤُكُمْ فِيهِ ۚ لَيْسَ كَمِثْلِهِ شَيْءٌ ۖ وَهُوَ السَّمِيعُ الْبَصِيرُ ۝١١
Faatirus samaawaati wal ard; ja`ala lakum min anfusikum azwaajanw wa minal an`aami azwaajany yazra`ukum feeh; laisa kamislihee shai`unw wa Huwas Samee`ul Baseer
📖 မြန်မာဘာသာ
(ထိုအရှင်မြတ်သည်ပင်) မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် အသင်တို့အဖို့ အသင် တို့၏အမျိုးအစားထဲမှပင် ကြင်ရာကြင်ဖက်များကိုဖန်ဆင်းတော်မူခဲ့၏။ ထိုနည်းတူစွာ ခြေလေးချောင်း တိရစ္ဆာန်တို့၏ စုံတွဲများကိုလည်း ဖန်ဆင်းတော်မူခဲ့၏။ ယင်းသို့ ပြုလုပ်ခြင်းအားဖြင့် ထိုအရှင်မြတ်သည် အသင်တို့အား ပြန့်ပွားစေတော်မူ၏။ ထိုအရှင်မြတ်နှင့် တူသောအရာဟူ၍ကား မည်သည့် တစ်စုံတစ်ရာမျှပင်မရှိပြီ။ ထိုအရှင်မြတ်သည်ပင် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ မြင်တော်မူသောအရှင်ဖြစ်တော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ဖာသိရု (فَاطِرُ): ဖန်ဆင်းတော်မူသောအရှင်၊ ပကတိမရှိဘဲ အစမှ ဖန်ဆင်းတော်မူသောအရှင်။
  • အဇ်ဝါဂျန် (أَزْوَاجًا): ဇနီးမောင်နှံများ၊ အတွဲများ၊ အထီးအမများ။
  • ယဇ်ရအူကွမ် (يَذْرَؤُكُمْ): သင်တို့ကို များပြားစေတော်မူ၏၊ ဖန်ဆင်းတော်မူ၏။
  • လိုင်စ ကမိသ်လိဟိ ရှိုင်အူန် (لَيْسَ كَمِثْلِهِ شَيْءٌ): ထိုအရှင်နှင့် တူညီသော မည်သည့်အရာမျှ မရှိပါ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေကြီးကို မည်သည့်စံပြပုံစံမျှမရှိဘဲ ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် သင်တို့အတွက် သင်တို့၏အမျိုးအစားထဲမှပင် ဇနီးမောင်နှံများကို ဖန်ဆင်းပေးတော်မူခဲ့၏၊ သင်တို့သည် ထိုသူတို့ထံ စိတ်အေးချမ်းမှုရရှိကြရန်အတွက်ဖြစ်၏။ ထို့အပြင် ကုလားအုတ်၊ နွား၊ ဆိတ်စသည့် တိရစ္ဆာန်များထဲမှလည်း အထီးအမအတွဲများကို ဖန်ဆင်းပေးတော်မူခဲ့၏။ ဤနည်းဖြင့် ထိုအရှင်မြတ်သည် သင်တို့ကို မျိုးပွားစေတော်မူ၏၊ သင်တို့အကျိုးအတွက် များပြားစေတော်မူ၏။ ထိုအရှင်မြတ်နှင့် တူညီသော မည်သည့်အရာမျှ မရှိပါ။ အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၏ ဂုဏ်တော်များ၊ နာမတော်များ၊ လုပ်ဆောင်ချက်တော်များနှင့် ကိုယ်တော်တိုင်းတွင် မည်သည့်ဖန်ဆင်းခံအရာမျှ ထပ်တူညီမျှမှု မရှိပါ။ အရှင်မြတ်သည် မိမိဖန်ဆင်းခံများ၏ စကားများကို ကြားတော်မူ၏၊ လုပ်ဆောင်ချက်များကို မြင်တော်မူ၏၊ မည်သည့်အရာမျှ အရှင်မြတ်ထံမှ လွတ်မြောက်မည်မဟုတ်ပါ။ ထိုအရှင်မြတ်သည် သူတို့၏ လုပ်ဆောင်ချက်များအတွက် အစားပေးတော်မူမည်ဖြစ်၏၊ ကောင်းမှုဖြစ်လျှင် ကောင်းကျိုးဖြင့်လည်းကောင်း၊ မကောင်းမှုဖြစ်လျှင် မကောင်းကျိုးဖြင့်လည်းကောင်း အစားပေးတော်မူမည် ဖြစ်၏။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူကြောင်း


📜 အာယာသ် 9-13 — စူရာ အက်ရှ်-ရှူရာ

9أَمِ اتَّخَذُوا مِن دُونِهِ أَوْلِيَاءَ ۖ فَاللَّهُ هُوَ الْوَلِيُّ وَهُوَ يُحْيِي الْمَوْتَىٰ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
၎င်းတို့သည် ထိုအရှင်မြတ်မှတစ်ပါး အခြားသူတို့အား ကိစ္စအဝဝကို ပြီးစီးအောင်ဆောင်ရွက်ပေးသူ များအဖြစ် ရွေးချယ်ပြုလုပ်ထားခဲ့ကြလေသလော။ အမှန်စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးတော်မူသော အရှင်ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် သူသေတို့အားရှင်စေတော်မူမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်သာလျှင် အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။
10وَمَا اخْتَلَفْتُمْ فِيهِ مِن شَيْءٍ فَحُكْمُهُ إِلَى اللَّهِ ۚ ذَٰلِكُمُ اللَّهُ رَبِّي عَلَيْهِ تَوَكَّلْتُ وَإِلَيْهِ أُنِيبُ
၎င်းပြင် အကြင်ကိစ္စသည် ယင်းကိစ္စနှင့်စပ်လျဉ်း၍ အသင်တို့သည် (မုစ်လင်မ်တို့နှင့်) ကွဲပြားလျက်ရှိကြကုန်၏။စင်စစ်သော်ကား ယင်းကိစ္စ၏ အဆုံးအဖြတ်မှာ အလ္လာဟ်အရှင်မြတ်အထံတော်၌ပင်ရှိ၏။ ဤသည်ပင် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ ငါသည် ထိုအရှင်မြတ်အပေါ်၌ပင် ယုံပုံလွှဲအပ်ပေသည်။ ၎င်းပြင်ငါသည် ထိုအရှင်မြတ်ဘက်သို့သာလျှင် ပြန်လှည့်၏။
11فَاطِرُ السَّمَاوَاتِ وَالْأَرْضِ ۚ جَعَلَ لَكُم مِّنْ أَنفُسِكُمْ أَزْوَاجًا وَمِنَ الْأَنْعَامِ أَزْوَاجًا ۖ يَذْرَؤُكُمْ فِيهِ ۚ لَيْسَ كَمِثْلِهِ شَيْءٌ ۖ وَهُوَ السَّمِيعُ الْبَصِيرُ
(ထိုအရှင်မြတ်သည်ပင်) မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် အသင်တို့အဖို့ အသင် တို့၏အမျိုးအစားထဲမှပင် ကြင်ရာကြင်ဖက်များကိုဖန်ဆင်းတော်မူခဲ့၏။ ထိုနည်းတူစွာ ခြေလေးချောင်း တိရစ္ဆာန်တို့၏ စုံတွဲများကိုလည်း ဖန်ဆင်းတော်မူခဲ့၏။ ယင်းသို့ ပြုလုပ်ခြင်းအားဖြင့် ထိုအရှင်မြတ်သည် အသင်တို့အား ပြန့်ပွားစေတော်မူ၏။ ထိုအရှင်မြတ်နှင့် တူသောအရာဟူ၍ကား မည်သည့် တစ်စုံတစ်ရာမျှပင်မရှိပြီ။ ထိုအရှင်မြတ်သည်ပင် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ မြင်တော်မူသောအရှင်ဖြစ်တော်မူ၏။
12لَهُ مَقَالِيدُ السَّمَاوَاتِ وَالْأَرْضِ ۖ يَبْسُطُ الرِّزْقَ لِمَن يَشَاءُ وَيَقْدِرُ ۚ إِنَّهُ بِكُلِّ شَيْءٍ عَلِيمٌ
မိုးကောင်းကင်များနှင့်ပထဝီမြေ၏ သော့များသည် ထိုအရှင်မြတ်၌သာရှိကုန်၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ဝန်းစွာ ချီးမြှင့်တော်မူ၏။ ထိုနည်းတူစွာ (မိမိ အလိုရှိတော်မူသောသူအားစားနပ်ရိက္ခာကို)ကျပ်တည်းစေတော်မူ၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွးမဲ့သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
13۞ شَرَعَ لَكُم مِّنَ الدِّينِ مَا وَصَّىٰ بِهِ نُوحًا وَالَّذِي أَوْحَيْنَا إِلَيْكَ وَمَا وَصَّيْنَا بِهِ إِبْرَاهِيمَ وَمُوسَىٰ وَعِيسَىٰ ۖ أَنْ أَقِيمُوا الدِّينَ وَلَا تَتَفَرَّقُوا فِيهِ ۚ كَبُرَ عَلَى الْمُشْرِكِينَ مَا تَدْعُوهُمْ إِلَيْهِ ۚ اللَّهُ يَجْتَبِي إِلَيْهِ مَن يَشَاءُ وَيَهْدِي إِلَيْهِ مَن يُنِيبُ
ထိုအရှင်မြတ်သည် အသင်တို့အဖို့ အကြင်သာသနာတော်ကိုပင် သတ်မှတ်ပြဋ္ဌာန်း၍ ပေးတော်မူခဲ့၏။ ထိုအရှင်မြတ်သည် (နဗီတမန်တော်) နူဟ်အား ယင်းသာသနာတော်ကိုပင် နာယူကျင့်မူရန် အမိန့်ပေးတော်မူခဲ့၏။ ၎င်းပြင်ငါအရှင်မြတ်သည် ယင်းသာသနာတော်ကိုပင် အသင့်ထံသို့ထုတ်ပြန်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းသာသနာတော်ကိုပင် နာယူကျင့်မူရန် (နဗီတမန်တော်) အစ်ဗ်ရာဟီမ် အားလည်းကောင်း၊ (နဗီတမန်တော်) မူစာ အားလည်းကောင်း၊ (နဗီတမန်တော်) အီစာ အားလည်းကောင်း၊အမိန့်ပေးတော်မူခဲ့၏။ အသင်တို့သည် ဒီန်သာသနာတော်ကို ခိုင်မြဲတည်ရှိစေကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်ယင်းသာသနာ တော်နှင့်စပ်လျဉ်း၍ ကွဲပြားခြင်း၊ အုပ်စုကွဲခြင်း၊မရှိကြကုန်လင့်ဟူ၍ အမိန့်ပေးတော်မူခဲ့၏။ (အို-နဗီတမန်တော်) မုရှ်ရစ်က် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ကြကုန်သော သူတို့၌ အသင် ၎င်းတို့အား ဖိတ်ခေါ်လျက်ရှိသော (တောင်ဟီဒ်)တရားတော်မှာ လွန်စွာခက်ခဲကြီးလေးလှ၏။ (စင်စစ်မှာကား)အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား မိမိအထံတော်သို့ ရွေးချယ်တော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိဘက်တော်သို့ ပြန်လှည့်သောသူအား လမ်းညွှန်တော်မူ၏။
အက်ရှ်-ရှူရာကုရ်အာန် ညွှန်းကိန်း
53အာယာသ်
MeccanRevelation
11အာယာသ်

ဘာသာပြန် — အက်ရှ်-ရှူရာ 11

စူရာ အက်ရှ်-ရှူရာ အာယာသ် 11 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုအရှင်မြတ်သည်ပင်) မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် အသင်တို့အဖို့ အသင် တို့၏အမျိုးအစားထဲမှပင် ကြင်ရာကြင်ဖက်များကိုဖန်ဆင်းတော်မူခဲ့၏။…

စူရာ အာယာသ် 11/53 — စူရာ အက်ရှ်-ရှူရာ الشورى (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အက်ရှ်-ရှူရာ နားထောင်, စူရာ အက်ရှ်-ရှူရာ ဘာသာပြန်, စူရာ အက်ရှ်-ရှူရာ mp3, စူရာ အက်ရှ်-ရှူရာ pdf. အာယာသ် 9–13. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers