အလ်-ဖသ် · 19/29
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဖသ်
وَمَغَانِمَ كَثِيرَةً يَأْخُذُونَهَا ۗ وَكَانَ اللَّهُ عَزِيزًا حَكِيمًا ۝١٩
Wa maghaanima kaseera tany yaakhuzoonahaa; wa kaanal laahu `Azeezan Hakeemaa
📖 မြန်မာဘာသာ
ထိုမှတစ်ပါး မြောက်မြားစွာသော လက်ရပစ္စည်းများကိုလည်း (ချီးမြှင့်တော်မူခဲ့ပေရာ) ၎င်းတို့သည် ယင်းလက်ရပစ္စည်းများကို ယူငင်လျက် ရှိကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မသဒ္ဒါအနက်ဖွင့်ဆိုချက်

  • وَمَغَانِمَ (ဝမ်ဂါနိမ) — စစ်ရေးအရ ရရှိသော ဥစ္စာပစ္စည်းများ၊ စစ်ဆုလာဘ်များ။ ဤနေရာတွင် ခိုင်ဗရ်မြို့မှ ရရှိသော ပစ္စည်းဥစ္စာများကို ဆိုလိုသည်။
  • كَثِيرَةً (ကသီရသန်) — များပြားသော၊ အလျှံပယ်သော။
  • يَأْخُذُونَهَا (ယအ်ခုဇူနဟာ) — သူတို့သည် ယင်းတို့ကို ရယူကြသည်။
  • عَزِيزًا (အဇီဇန်) — အနိုင်ရရှိတော်မူသော၊ မည်သူမျှ မယှဉ်နိုင်သော၊ ဘုန်းတန်ခိုးကြီးတော်မူသော။
  • حَكِيمًا (ဟကီမန်) — ဉာဏ်ပညာနှင့်ပြည့်စုံတော်မူသော၊ အရာရာကို မှန်ကန်စွာ စီမံခန့်ခွဲတော်မူသော။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် ဟူဒိုင်ဗီယာျမစ်ကမ်းတွင် သစ်ပင်အောက်၌ ယုံကြည်သူများ တမန်တော်မုဟမ္မဒ် (ဆွ) အား သစ္စာခံကတိပြုခဲ့ကြသော ဖြစ်ရပ်နှင့် ဆက်စပ်လျက်ရှိသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုယုံကြည်သူများ၏ စိတ်နှလုံးထဲတွင် ရှိသော သစ္စာရှိမှု၊ ရိုးသားမှုနှင့် ကတိသစ္စာကို သိတော်မူသဖြင့် သူတို့အပေါ် စိတ်ငြိမ်းချမ်းမှုကို ချပေးတော်မူပြီး သူတို့၏ စိတ်နှလုံးများကို ခိုင်မြဲစေတော်မူခဲ့သည်။ ထို့နောက် ဟူဒိုင်ဗီယာ စာချုပ်ကြောင့် လက်လွတ်ဆုံးရှုံးခဲ့ရသည့်အရာအတွက် အစားထိုးအဖြစ် မကြာမီရရှိမည့် အောင်ပွဲတစ်ခု—ခိုင်ဗရ်မြို့ကို အောင်နိုင်ခြင်း—ကို ပေးသနားတော်မူခဲ့သည်။ ထို့အပြင် သူတို့သည် ခိုင်ဗရ်ရှိ ဂျူးလူမျိုးတို့၏ ဥစ္စာပစ္စည်းများထဲမှ များပြားလှသော စစ်ဆုလာဘ်များကို ရယူကြရမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အနိုင်ရရှိတော်မူသောအရှင်၊ မည်သူမျှ ယှဉ်ပြိုင်နိုင်ခြင်းမရှိသောအရှင် ဖြစ်တော်မူပြီး၊ မိမိ၏ ဖန်ဆင်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ဆုံးဖြတ်ချက်များတွင် ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ယုံကြည်သူကျွန်များ၏ စိတ်နှလုံးထဲတွင် ရှိသော သစ္စာရှိမှုနှင့် ရိုးသားမှုကို အမြဲသိတော်မူသည်။ လူသားတို့သည် ခက်ခဲသောအခြေအနေများတွင် စိတ်ရှည်သည်းခံပြီး အလ္လာဟ်အရ


📜 အာယာသ် 17-21 — စူရာ အလ်-ဖသ်

17لَّيْسَ عَلَى الْأَعْمَىٰ حَرَجٌ وَلَا عَلَى الْأَعْرَجِ حَرَجٌ وَلَا عَلَى الْمَرِيضِ حَرَجٌ ۗ وَمَن يُطِعِ اللَّهَ وَرَسُولَهُ يُدْخِلْهُ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ ۖ وَمَن يَتَوَلَّ يُعَذِّبْهُ عَذَابًا أَلِيمًا
(သို့ရာတွင်) မျက်စိကွယ်သော သူ၏အပေါ်၌(စစ်တိုက်ရန် မလိုက်နိုင်သောကြောင့်) အပြစ် တစ်စုံတစ်ရာမရှိချေ။ ၎င်းပြင် ခြေကျိုး၏အပေါ်၌လည်း မည်သည့်အပြစ်မျှ မရှိချေ။ ထိုနည်းတူစွာ ဝေဒနာရှင်၏အပေါ်၌လည်း အပြစ် တစ်စုံတစ်ရာမျှမရှိချေ။ စင်စစ်တမူကား မည်သူမဆို အလ္လာဟ်အရှင်မြတ် အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်၏ အမိန့်တော်ကိုလည်းကောင်း၊ လိုက်နာသည်ရှိသော် ထိုအရှင်မြတ်သည် ၎င်းအား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူပေမည်။ ယင်းဥယျာဉ်များ၏အောက်၌ ချောင်းများ၊စီဆင်းလျက် ရှိကြပေမည်။ သို့ရာတွင် မည်သူမဆို (အမိန့်တော်ကို လိုက်နာခြင်းမရှိဘဲ) မျက်နှာလွှဲသည်ရှိသော် ထို အရှင်မြတ်သည် ၎င်းအား ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို စီရင်တပ်ရိုက်တော်မူအံ့သတည်း။
18۞ لَّقَدْ رَضِيَ اللَّهُ عَنِ الْمُؤْمِنِينَ إِذْ يُبَايِعُونَكَ تَحْتَ الشَّجَرَةِ فَعَلِمَ مَا فِي قُلُوبِهِمْ فَأَنزَلَ السَّكِينَةَ عَلَيْهِمْ وَأَثَابَهُمْ فَتْحًا قَرِيبًا
(အို-နဗီတမန်တော်၊) ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့သည် သစ်ပင်အောက်တွင် အသင်နှင့် ‘ဗိုင်အတ်’ပြုနေကြစဉ်အခါ၌ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် ကျေနပ်တော်မူခဲ့၏။ တစ်ဖန် ထိုအရှင်မြတ်သည် ၎င်းတို့၏ စိတ်တွင်း၌ရှိသည်ကို သိတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် စိတ်တည်ငြိမ်မှုကို ချပေး သနားတော်မူခဲ့၏။ ထို့ပြင် ၎င်းတို့အား ထိုအရှင်မြတ်သည် နီးကပ်စွာသော အောင်မြင်မှုကိုလည်း ချီးမြှင့်တော်မူခဲ့၏။
19وَمَغَانِمَ كَثِيرَةً يَأْخُذُونَهَا ۗ وَكَانَ اللَّهُ عَزِيزًا حَكِيمًا
ထိုမှတစ်ပါး မြောက်မြားစွာသော လက်ရပစ္စည်းများကိုလည်း (ချီးမြှင့်တော်မူခဲ့ပေရာ) ၎င်းတို့သည် ယင်းလက်ရပစ္စည်းများကို ယူငင်လျက် ရှိကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
20وَعَدَكُمُ اللَّهُ مَغَانِمَ كَثِيرَةً تَأْخُذُونَهَا فَعَجَّلَ لَكُمْ هَٰذِهِ وَكَفَّ أَيْدِيَ النَّاسِ عَنكُمْ وَلِتَكُونَ آيَةً لِّلْمُؤْمِنِينَ وَيَهْدِيَكُمْ صِرَاطًا مُّسْتَقِيمًا
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အခြားမြောက်မြားစွာသော လက်ရပစ္စည်းများကိုလည်း အသင်တို့ ယူငင်ကြဦးမည် ဖြစ်သည်ဟု ကတိပေးတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ဤသည့်(အောင်မြင်မှု)ကို အသင်တို့အား လတ်တလော ချီးမြှင့်တော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် လူတို့၏လက်များကို အသင်တို့(အား အန္တရာယ်ပြုနိုင်ခြင်း)မှ တားဆီးတော်မူခဲ့၏။ (ထိုသို့ပြုတော်မူခြင်းမှာ)ယင်း(လတ်တလောရရှိခဲ့သော) အောင်မြင်မှုသည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အဖို့ နမူနာတစ်ရပ် ဖြစ်အံ့သောငှာ လည်းကောင်း၊ ထိုအရှင်မြတ်သည် အသင်တို့အား ဖြောင့်မတ်သောလမ်းကို ပြတော်မူအံ့သောငှာလည်းကောင်း၊ ဖြစ်ချေသည်။
21وَأُخْرَىٰ لَمْ تَقْدِرُوا عَلَيْهَا قَدْ أَحَاطَ اللَّهُ بِهَا ۚ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرًا
ထိုမှတစ်ပါး အသင်တို့ စွမ်းနိုင်ခြင်း မရှိခဲ့ကြသေးသော အခြားအောင်မြင်မှုတစ်ရပ်လည်း ရှိပေသေး၏။ဧကန်�င်စစ် အလ္လာဟ်အရှင်မြတ်သည် ယင်းအောင်မြင်မှုကို ဝန်းဝိုင်းလျက် ရှိတော်မူ၏။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
အလ်-ဖသ်ကုရ်အာန် ညွှန်းကိန်း
29အာယာသ်
MedinanRevelation
19အာယာသ်

ဘာသာပြန် — အလ်-ဖသ် 19

စူရာ အလ်-ဖသ် အာယာသ် 19 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး မြောက်မြားစွာသော လက်ရပစ္စည်းများကိုလည်း (ချီးမြှင့်တော်မူခဲ့ပေရာ) ၎င်းတို့သည် ယင်းလက်ရပစ္စည်းများကို ယူငင်လျက် ရှိကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်…

စူရာ အာယာသ် 19/29 — စူရာ အလ်-ဖသ် الفتح (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဖသ် နားထောင်, စူရာ အလ်-ဖသ် ဘာသာပြန်, စူရာ အလ်-ဖသ် mp3, စူရာ အလ်-ဖသ် pdf. အာယာသ် 17–21. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers