အလ်-မာအိဒ · 101/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَسْأَلُوا عَنْ أَشْيَاءَ إِن تُبْدَ لَكُمْ تَسُؤْكُمْ وَإِن تَسْأَلُوا عَنْهَا حِينَ يُنَزَّلُ الْقُرْآنُ تُبْدَ لَكُمْ عَفَا اللَّهُ عَنْهَا ۗ وَاللَّهُ غَفُورٌ حَلِيمٌ ۝١٠١
yaaa aiyuhal lazeena aamanoo laa tas`aloo `an ashyaaa`a in tubda lakum tasu`kum wa in tas`aloo `anhaa heena yunazzalul Qur`aanu tubda lakum; `afallaahu `anhaa; wallaahu Ghafoorun Haleem
📖 မြန်မာဘာသာ
အို- သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် (နဗီတမန်တော်မြတ်ထံ မဖွယ်မရာသော) အကြင် (အကြောင်း) အရာများနှင့်စပ်လျဉ်း၍ လျှောက်ထားမေးမြန်းခြင်းကို မပြုကြကုန်လင့်။ အကယ်၍သာ ထို (အကြောင်း) အရာများကို အသင်တို့ရှေ့ဝယ် ထုတ်ဖေါ် (ပြောဆို) ခဲ့သည်ရှိသော် အသင်တို့အဖို့ [မကောင်းဖြစ်ပေအံ့]။ (တစ်နည်း) [မနှစ်သက်ဖွယ်ဖြစ်ပေအံ့]။ သို့ရာတွင် အကယ်၍သာ အသင်တို့သည် ထို (အကြောင်း) အရာများနှင့်စပ်လျဉ်း၍ ကုရ်အာန်ကျမ်းတော်မြတ် ကျရောက်နေစဉ်အခါကာလ၌ လျှောက်ထားမေးမြန်းကြပါမူ ထို (အကြောင်း) အရာများသည် အသင်တို့ရှေ့ဝယ် ထုတ်ဖေါ်ပြီးဖြစ်အံ့။ ယင်းသို့သောအရာများနှင့်စပ်လျဉ်း၍ (အတိတ်တွင်မေးခဲ့ကြသည်များကိုမူကား) အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်တော်မူ၏။ အမှနစင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ ခန္တီတရားနှင့် ပြည့်စုံတော် (မူ၍ သည်းခံတော်) မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကလိမတ်များ၏ အဓိပ္ပာယ်
  • لَا تَسْأَلُوا (လာ တပ်စ်အလူ) — မမေးမြန်းကြနှင့်။
  • أَشْيَاءَ (အရှ်ယာအာ) — အရာများ၊ ကိစ္စရပ်များ။
  • إِن تُبْدَ لَكُمْ (အင်း တုပ်ဒါ လကုမ်) — အကယ်၍ သင်တို့အား ထင်ရှားစေခဲ့လျှင်။
  • تَسُؤْكُمْ (တဆုအုကုမ်) — သင်တို့အား စိတ်ဆင်းရဲစေမည်။
  • عَفَا اللَّهُ عَنْهَا (အဖလ္လာဟု အန်ဟာ) — အလ္လာဟ်အရှင်မြတ်သည် ထိုအရာများကို ခွင့်လွှတ်တော်မူခဲ့ပြီ။
  • غَفُورٌ (ဂဖူရ်) — အလွန်ခွင့်လွှတ်တော်မူသောအရှင်။
  • حَلِيمٌ (ဟလီမ်) — အလွန်သည်းခံတော်မူသောအရှင်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို အီမာန်ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်ကို ယုံကြည်ပြီး သာသနာ့ဥပဒေသများကို လိုက်နာကျင့်သုံးသူတို့၊ သင်တို့သည် မိမိတို့အတွက် မလိုအပ်သော၊ သာသနာ့ကိစ္စများတွင် မမေးမြန်းအပ်သော အရာများကို မမေးမြန်းကြနှင့်။ အကယ်၍ ထိုအရာများသည် သင်တို့အား ထင်ရှားလာခဲ့လျှင် သင်တို့အား စိတ်ဆင်းရဲမှုနှင့် ဒုက္ခရောက်စေမည်ဖြစ်သည်။ အကယ်၍ သင်တို့သည် ကုရ်အာန်ကျမ်းတော်မြတ် ထုတ်ဖော်ချပေးနေစဉ်ကာလတွင် ထိုအရာများအကြောင်း မေးမြန်းခဲ့ကြလျှင် သင်တို့အား ထင်ရှားစေမည်ဖြစ်သည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် ထိုအရာများကို ခွင့်လွှတ်တော်မူခဲ့ပြီဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်သည်းခံတော်မူသောအရှင် ဖြစ်တော်မူသည်။

ရှင်းလင်းချက် — ဤအာယသ်တော်သည် မုအ်မင်န်များအား သင်ခန်းစာပေးအပ်ရန် ကျရောက်လာခြင်းဖြစ်သည်။ အကြောင်းမှာ သူတို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) အား အလွန်အကျွံ မေးမြန်းလာခဲ့ကြသောကြောင့်ဖြစ်သည်။ မလိုအပ်သော၊ မိမိတို့အား ဒုက္ခရောက်စေမည့် အရာများကို မမေးမြန်းရန် သတိပေးတော်မူခြင်းဖြစ်သည်။ အကယ်၍ ထိုအရာများကို မေးမြန်းခဲ့လျှင် ထိုအရာများသည် ထင်ရှားလာပြီး လိုက်နာရန် ခက်ခဲသော တာဝန်များ ဖြစ်လာနိုင်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် ထိုကဲ့သို့သော အရာများကို ခွင့်လွှတ်တော်မူခဲ့ပြီး မေးမြန်းခြင်းမပြုရန် ညွှန်ကြားတော်မူခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိကျေးကျွန်မျ



📜 အာယာသ် 99-103 — စူရာ အလ်-မာအိဒ

99مَّا عَلَى الرَّسُولِ إِلَّا الْبَلَاغُ ۗ وَاللَّهُ يَعْلَمُ مَا تُبْدُونَ وَمَا تَكْتُمُونَ
ရစူလ်တမန်တော် (မုဟမ္မဒ်) ၏အပေါ်၌ (အလ္လာဟ်အရှင်မြတ်၏ အမိန့်ဗျာဒိတ်တော်များကို လူတို့ထံသို့) ပို့ဆောင် (ဟောကြား) ရန် တာဝန်သာရှိ၏။ အသင်တို့ ထင်ရှားစွာပြုလုပ်သော အရာများကိုလည်းကောင်း၊ အသင်တို့ ထိမ်ချန်လျှို့ဝှက်စွာပြုသော အရာများကိုလည်းကောင်း စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကာင်းစွာသိရှိတော်မူပေသတည်း။
100قُل لَّا يَسْتَوِي الْخَبِيثُ وَالطَّيِّبُ وَلَوْ أَعْجَبَكَ كَثْرَةُ الْخَبِيثِ ۚ فَاتَّقُوا اللَّهَ يَا أُولِي الْأَلْبَابِ لَعَلَّكُمْ تُفْلِحُونَ
(အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ “မသန့်ရှင်း မစင်ကြယ်သောအရာများ၏ ပေါများမှုသည် အသင့်အား ဝမ်းသာအားရစေသော်လည်း မသန့်ရှင်း မစင်ကြယ်သောအရာများနှင့် သန့်ရှင်းစင်ကြယ်သောအရာများသည် မတူချေ။ သို့ဖြစ်ပေရာ အို- ခွဲခြားသိနိုင်သော နိသမ္မဉာဏ်ရှင် အပေါင်းတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည်အောင်မြင်ကြလတ္တံ့။ (ရကူ)
101يَا أَيُّهَا الَّذِينَ آمَنُوا لَا تَسْأَلُوا عَنْ أَشْيَاءَ إِن تُبْدَ لَكُمْ تَسُؤْكُمْ وَإِن تَسْأَلُوا عَنْهَا حِينَ يُنَزَّلُ الْقُرْآنُ تُبْدَ لَكُمْ عَفَا اللَّهُ عَنْهَا ۗ وَاللَّهُ غَفُورٌ حَلِيمٌ
အို- သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် (နဗီတမန်တော်မြတ်ထံ မဖွယ်မရာသော) အကြင် (အကြောင်း) အရာများနှင့်စပ်လျဉ်း၍ လျှောက်ထားမေးမြန်းခြင်းကို မပြုကြကုန်လင့်။ အကယ်၍သာ ထို (အကြောင်း) အရာများကို အသင်တို့ရှေ့ဝယ် ထုတ်ဖေါ် (ပြောဆို) ခဲ့သည်ရှိသော် အသင်တို့အဖို့ [မကောင်းဖြစ်ပေအံ့]။ (တစ်နည်း) [မနှစ်သက်ဖွယ်ဖြစ်ပေအံ့]။ သို့ရာတွင် အကယ်၍သာ အသင်တို့သည် ထို (အကြောင်း) အရာများနှင့်စပ်လျဉ်း၍ ကုရ်အာန်ကျမ်းတော်မြတ် ကျရောက်နေစဉ်အခါကာလ၌ လျှောက်ထားမေးမြန်းကြပါမူ ထို (အကြောင်း) အရာများသည် အသင်တို့ရှေ့ဝယ် ထုတ်ဖေါ်ပြီးဖြစ်အံ့။ ယင်းသို့သောအရာများနှင့်စပ်လျဉ်း၍ (အတိတ်တွင်မေးခဲ့ကြသည်များကိုမူကား) အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်တော်မူ၏။ အမှနစင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ ခန္တီတရားနှင့် ပြည့်စုံတော် (မူ၍ သည်းခံတော်) မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
102قَدْ سَأَلَهَا قَوْمٌ مِّن قَبْلِكُمْ ثُمَّ أَصْبَحُوا بِهَا كَافِرِينَ
အသင်တို့အလျင် အထက်ကျော်ကာလ၌ရှိခဲ့ကြသော သူတို့သည်လည်း ယင်းကဲ့သို့သောအကြောင်းအရာများကို မေးမြန်းခဲ့ဖူးကြလေသည်။ ထို့နောက် ၎င်းတို့သည် ယင်းအကြောင်းအရာများကို မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သတည်း။
103مَا جَعَلَ اللَّهُ مِن بَحِيرَةٍ وَلَا سَائِبَةٍ وَلَا وَصِيلَةٍ وَلَا حَامٍ ۙ وَلَٰكِنَّ الَّذِينَ كَفَرُوا يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ ۖ وَأَكْثَرُهُمْ لَا يَعْقِلُونَ
အလ္လာဟ်အရှင်မြတ်သည် ‘ဗဟီရဟ်’ ကိုလည်း (ရှရီအတ်တရားဥပဒေတွင်) သတ်မှတ်ပြဌာန်းတော်မူခဲ့သည်မဟုတ်ပေ။ ‘စာအိဗဟ်’ ကိုလည်း သတ်မှတ်ပြဌာန်းတော်မူခဲ့သည် မဟုတ်ပေ။ ‘ဝဆွီလဟ်’ ကိုလည်း သတ်မှတ်ပြဌာန်းတော်မူခဲ့သည် မဟုတ်ပေ။ ‘ဟာမီ’ ကိုလည်း အသိအမှတ်ပြုတော်မူခဲ့သည် မဟုတ်ပေ။ သို့ရာတွင် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့မူကား အလ္လာဟ်အရှင်မြတ် အပေါ်၌ မဟုတ်မမှန်�ုပ်ကြံ၍ မုသားစကား ပြောဆိုကြကုန်၏။ စင်စစ်သော်ကား ၎င်းတို့အနက် များစွာသောသူတို့သည် အသိဉာဏ်ကင်းမဲ့ကြကုန်သတည်း။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
101အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 101

စူရာ အလ်-မာအိဒ အာယာသ် 101 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို- သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် (နဗီတမန်တော်မြတ်ထံ မဖွယ်မရာသော) အကြင် (အကြောင်း) အရာများနှင့်စပ်လျဉ်း၍ လျှောက်ထားမေးမြန်းခြင်းကို မပြုကြကုန်လင့်။…

စူရာ အာယာသ် 101/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 99–103. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers