အလ်-မာအိဒ · 100/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
قُل لَّا يَسْتَوِي الْخَبِيثُ وَالطَّيِّبُ وَلَوْ أَعْجَبَكَ كَثْرَةُ الْخَبِيثِ ۚ فَاتَّقُوا اللَّهَ يَا أُولِي الْأَلْبَابِ لَعَلَّكُمْ تُفْلِحُونَ ۝١٠٠
Qul laa yastawil khabeesu wattaiyibu wa law a`jabaka kasratul khabees; fattaqul laaha yaaa ulil albaabi la`allakum tuflihoon
📖 မြန်မာဘာသာ
(အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ “မသန့်ရှင်း မစင်ကြယ်သောအရာများ၏ ပေါများမှုသည် အသင့်အား ဝမ်းသာအားရစေသော်လည်း မသန့်ရှင်း မစင်ကြယ်သောအရာများနှင့် သန့်ရှင်းစင်ကြယ်သောအရာများသည် မတူချေ။ သို့ဖြစ်ပေရာ အို- ခွဲခြားသိနိုင်သော နိသမ္မဉာဏ်ရှင် အပေါင်းတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည်အောင်မြင်ကြလတ္တံ့။ (ရကူ)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 98-102 — စူရာ အလ်-မာအိဒ

98اعْلَمُوا أَنَّ اللَّهَ شَدِيدُ الْعِقَابِ وَأَنَّ اللَّهَ غَفُورٌ رَّحِيمٌ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (တစ်စုံတစ်ရာကို ထိုအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ် ခြင်း၊ အမိန့်တော်ကို သွေဖည်ငြင်းပယ်ခြင်း အစရှိသောပြစ်မှုများနှင့် မိမိတို့ကိုယ်ကို ဖုံးလွမ်းစေသောသူတို့အား) အလွန်ပြင်းထန်စွာ ပြစ်ဒဏ်ပေးတော်မူမည် ဖြစ်ကြောင်းနှင့် စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် (ထိုတစ်ဆူတည်းသောအရှင်မြတ်အား ယုံကြည်ဆည်းကပ်၍ ကောင်းမြတ်သော သီလများကို ဆောက်တည်ကြကုန်သောသူတို့အား) အလွန်တရာမျှ လွတည်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာမျှ သနားညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူကြောင်းကို အသင်တို့သည် ကောင်းစွာသိထားကြလေကုန်။
99مَّا عَلَى الرَّسُولِ إِلَّا الْبَلَاغُ ۗ وَاللَّهُ يَعْلَمُ مَا تُبْدُونَ وَمَا تَكْتُمُونَ
ရစူလ်တမန်တော် (မုဟမ္မဒ်) ၏အပေါ်၌ (အလ္လာဟ်အရှင်မြတ်၏ အမိန့်ဗျာဒိတ်တော်များကို လူတို့ထံသို့) ပို့ဆောင် (ဟောကြား) ရန် တာဝန်သာရှိ၏။ အသင်တို့ ထင်ရှားစွာပြုလုပ်သော အရာများကိုလည်းကောင်း၊ အသင်တို့ ထိမ်ချန်လျှို့ဝှက်စွာပြုသော အရာများကိုလည်းကောင်း စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကာင်းစွာသိရှိတော်မူပေသတည်း။
100قُل لَّا يَسْتَوِي الْخَبِيثُ وَالطَّيِّبُ وَلَوْ أَعْجَبَكَ كَثْرَةُ الْخَبِيثِ ۚ فَاتَّقُوا اللَّهَ يَا أُولِي الْأَلْبَابِ لَعَلَّكُمْ تُفْلِحُونَ
(အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ “မသန့်ရှင်း မစင်ကြယ်သောအရာများ၏ ပေါများမှုသည် အသင့်အား ဝမ်းသာအားရစေသော်လည်း မသန့်ရှင်း မစင်ကြယ်သောအရာများနှင့် သန့်ရှင်းစင်ကြယ်သောအရာများသည် မတူချေ။ သို့ဖြစ်ပေရာ အို- ခွဲခြားသိနိုင်သော နိသမ္မဉာဏ်ရှင် အပေါင်းတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည်အောင်မြင်ကြလတ္တံ့။ (ရကူ)
101يَا أَيُّهَا الَّذِينَ آمَنُوا لَا تَسْأَلُوا عَنْ أَشْيَاءَ إِن تُبْدَ لَكُمْ تَسُؤْكُمْ وَإِن تَسْأَلُوا عَنْهَا حِينَ يُنَزَّلُ الْقُرْآنُ تُبْدَ لَكُمْ عَفَا اللَّهُ عَنْهَا ۗ وَاللَّهُ غَفُورٌ حَلِيمٌ
အို- သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် (နဗီတမန်တော်မြတ်ထံ မဖွယ်မရာသော) အကြင် (အကြောင်း) အရာများနှင့်စပ်လျဉ်း၍ လျှောက်ထားမေးမြန်းခြင်းကို မပြုကြကုန်လင့်။ အကယ်၍သာ ထို (အကြောင်း) အရာများကို အသင်တို့ရှေ့ဝယ် ထုတ်ဖေါ် (ပြောဆို) ခဲ့သည်ရှိသော် အသင်တို့အဖို့ [မကောင်းဖြစ်ပေအံ့]။ (တစ်နည်း) [မနှစ်သက်ဖွယ်ဖြစ်ပေအံ့]။ သို့ရာတွင် အကယ်၍သာ အသင်တို့သည် ထို (အကြောင်း) အရာများနှင့်စပ်လျဉ်း၍ ကုရ်အာန်ကျမ်းတော်မြတ် ကျရောက်နေစဉ်အခါကာလ၌ လျှောက်ထားမေးမြန်းကြပါမူ ထို (အကြောင်း) အရာများသည် အသင်တို့ရှေ့ဝယ် ထုတ်ဖေါ်ပြီးဖြစ်အံ့။ ယင်းသို့သောအရာများနှင့်စပ်လျဉ်း၍ (အတိတ်တွင်မေးခဲ့ကြသည်များကိုမူကား) အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်တော်မူ၏။ အမှနစင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ ခန္တီတရားနှင့် ပြည့်စုံတော် (မူ၍ သည်းခံတော်) မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
102قَدْ سَأَلَهَا قَوْمٌ مِّن قَبْلِكُمْ ثُمَّ أَصْبَحُوا بِهَا كَافِرِينَ
အသင်တို့အလျင် အထက်ကျော်ကာလ၌ရှိခဲ့ကြသော သူတို့သည်လည်း ယင်းကဲ့သို့သောအကြောင်းအရာများကို မေးမြန်းခဲ့ဖူးကြလေသည်။ ထို့နောက် ၎င်းတို့သည် ယင်းအကြောင်းအရာများကို မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သတည်း။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
100အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 100

စူရာ အလ်-မာအိဒ အာယာသ် 100 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ “မသန့်ရှင်း မစင်ကြယ်သောအရာများ၏ ပေါများမှုသည် အသင့်အား ဝမ်းသာအားရစေသော်လည်း…

စူရာ အာယာသ် 100/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 98–102. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers