အလ်-မာအိဒ · 50/120
ဘာသာပြန် အသံနိုင်ငံ — အလ်-မာအိဒ
أَفَحُكْمَ الْجَاهِلِيَّةِ يَبْغُونَ ۚ وَمَنْ أَحْسَنُ مِنَ اللَّهِ حُكْمًا لِّقَوْمٍ يُوقِنُونَ ۝٥٠
Afahukmal jaahiliyyati yabghoon; wa man ahsanu minal laahi hukmal liqawminy yooqinoon
📖 မြန်မာဘာသာ
ပြီးနောက် ယင်းသူတို့သည် အမိုက်ခေတ်၏ စီရင်ဆုံးဖြတ်မှုကို လိုလားကြလေသလော။ အမှန်စင်စစ်သော်ကား ယုံကြည်မှုထားရှိသော အမျိုးသားတို့အဖို့ အလ္လာဟ်အရှင်မြတ်ထက် ပိုမိုကောင်းမွန်စွာ စီရင်ဆုံးဖြတ်မည့်သူကား အသူနည်း။ (ရကူ)
🎧 နားထောင်

📜 အာယာသ် 48-52 — အလ်-မာအိဒ

48وَأَنزَلْنَا إِلَيْكَ الْكِتَابَ بِالْحَقِّ مُصَدِّقًا لِّمَا بَيْنَ يَدَيْهِ مِنَ الْكِتَابِ وَمُهَيْمِنًا عَلَيْهِ ۖ فَاحْكُم بَيْنَهُم بِمَا أَنزَلَ اللَّهُ ۖ وَلَا تَتَّبِعْ أَهْوَاءَهُمْ عَمَّا جَاءَكَ مِنَ الْحَقِّ ۚ لِكُلٍّ جَعَلْنَا مِنكُمْ شِرْعَةً وَمِنْهَاجًا ۚ وَلَوْ شَاءَ اللَّهُ لَجَعَلَكُمْ أُمَّةً وَاحِدَةً وَلَٰكِن لِّيَبْلُوَكُمْ فِي مَا آتَاكُمْ ۖ فَاسْتَبِقُوا الْخَيْرَاتِ ۚ إِلَى اللَّهِ مَرْجِعُكُمْ جَمِيعًا فَيُنَبِّئُكُم بِمَا كُنتُمْ فِيهِ تَخْتَلِفُونَ
၎င်းပြင် (အို- နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်ထံသို့ မှန်ကန်သောကျမ်းမြတ် (ကုရ်အာန်) ကို ထုတ်ပြန်ချမှတ်တော်မူခဲ့လေသည်။ (ယင်း ကုရ်အာန်ကျမ်းတော်မြတ်သည်) ၎င်း၏အလျင်ရှိခဲ့သောကျမ်းများကို ထောက်ခံလျက်ရှိ၏။ ၎င်းပြင် ယင်းကျမ်းများကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ၏။ သို့ဖြစ်ပေရာ (အို- နဗီတမန်တော်) အသင်သည် ထိုသူတို့၏စပ်ကြားဝယ် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (တရားတော်) နှင့်အညီ စီရင်ဆုံးဖြတ်ပါလေ။ ၎င်းပြင် အသင်သည် မိမိထံရောက်ရှိလာသော မှန်ကန်သောကျမ်းတို့ကိုစွန့်၍ ၎င်းတို့၏ အလိုဆန္ဒများကို မလိုက်လေနှင့်။ ငါအရှင်မြတ်သည် အသင်တို့အနက် အသီးသီးတို့အဖို့ တရားဓမ္မသတ် (နည်းဥပဒေ) တစ်မျိုးနှင့် ထင်ရှားလှစွာသော လမ်းစဉ်တစ်မျိုးကို သတ်မှတ်ပြဋ္ဌာန်းပေးတော်မူခဲ့သည်။ အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါမူ အသင်တို့ (အားလုံး) ကို သာသနာဝင်တစ်မျိုးတည်း ဖြစ်စေတော်မူခဲ့မည်မှာ ဧကန်မလွဲပင်။ သို့ရာတွင် ထိုအရှင်မြတ်သည် မိမိပြဋ္ဌာန်းပေးသနားတော်မူသည့် (တရားလမ်းစဉ်) နှင့်စပ်လျဉ်း၍ အသင်တို့အား စမ်းသပ်တော်မူခြင်းငှာ (ထိုကဲ့သို့ သာသနာဝင်တစ်မျိုးတည်း ဖြစ်စေတော်မမူခဲ့ချေ) ။ သို့ဖြစ်ပေရာ အသင်တို့သည် ကောင်းမှုများကို သူ့ထက်ငါသာအောင် လျင်မြန်စွာပြုလုပ်ကြလေကုန်။ အသင်တို့ အားလုံးသည် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်ရောက်ရှိကြမည်ဖြစ်ကုန်၏။ ထိုရောအခါဝယ် ထိုအရှင်မြတ်သည် အသင်တို့ကွဲလွဲခဲ့ကြကုန်သော အကြောင်းအချက်တို့နှင့်စပ်လျဉ်း၍ အသင်တို့အား အသိပေးတော်မူမည်ဖြစ်၏။
49وَأَنِ احْكُم بَيْنَهُم بِمَا أَنزَلَ اللَّهُ وَلَا تَتَّبِعْ أَهْوَاءَهُمْ وَاحْذَرْهُمْ أَن يَفْتِنُوكَ عَن بَعْضِ مَا أَنزَلَ اللَّهُ إِلَيْكَ ۖ فَإِن تَوَلَّوْا فَاعْلَمْ أَنَّمَا يُرِيدُ اللَّهُ أَن يُصِيبَهُم بِبَعْضِ ذُنُوبِهِمْ ۗ وَإِنَّ كَثِيرًا مِّنَ النَّاسِ لَفَاسِقُونَ
၎င်းပြင် (အို- နဗီတမန်တော်) အသင်သည် ထိုသူတို့၏စပ်ကြားဝယ် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (တရားတော်) နှင့်အညီ တရားစီရင်ဆုံးဖြတ်ပါလေ။ ၎င်းပြင် အသင်သည် ထိုသူတို့၏ စိတ်အလိုဆန္ဒကို မလိုက်စားပါလေနှင့်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်က အသင့်ထံ ထုတ်ပြန်ချမှတ်ပေးသနားတော်မူသော အချို့အမိန့်တော်များနှင့်စပ်လျဉ်း၍ ထိုသူတို့သည် အသင့်အား ချွတ်ချော်တိမ်းပါးစေမည်ကို အသင် သတိထားပါလေ။ ထို့နောက် အကယ်၍ ၎င်းတို့သည် (အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်းမရှိဘဲ) မျက်နှာလွှဲဖယ်သွားခဲ့ကြပါမူ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ အချို့ပြစ်မှုဒုစရိုက်များကြောင့် ယင်းသူတို့ကို (ပစ္စုပ္ပန်လောက၌ပင်) ပြစ်ဒဏ်ပေးလိုတော်မူကြောင်း အသင် ကောင်းစွာမှတ်ယူပါလေ။ အမှန်စင်စစ်သော်ကား လူတို့အနက် များစွာသောလူတို့သည် (အလ္လာဟ်အရှင်မြတ်၏) စည်းကမ်းကို ဖေါက်ဖျက်ကျူးလွန်သူများပင် ဖြစ်ကြကုန်သတည်း။
50أَفَحُكْمَ الْجَاهِلِيَّةِ يَبْغُونَ ۚ وَمَنْ أَحْسَنُ مِنَ اللَّهِ حُكْمًا لِّقَوْمٍ يُوقِنُونَ
ပြီးနောက် ယင်းသူတို့သည် အမိုက်ခေတ်၏ စီရင်ဆုံးဖြတ်မှုကို လိုလားကြလေသလော။ အမှန်စင်စစ်သော်ကား ယုံကြည်မှုထားရှိသော အမျိုးသားတို့အဖို့ အလ္လာဟ်အရှင်မြတ်ထက် ပိုမိုကောင်းမွန်စွာ စီရင်ဆုံးဖြတ်မည့်သူကား အသူနည်း။ (ရကူ)
51۞ يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا الْيَهُودَ وَالنَّصَارَىٰ أَوْلِيَاءَ ۘ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ وَمَن يَتَوَلَّهُم مِّنكُمْ فَإِنَّهُ مِنْهُمْ ۗ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် ယဟူဒီတို့အားလည်းကောင်း၊ ခရစ်ယာန်တို့အားလည်းကောင်း မိတ်သဟာယ အဆွေခင်ပွန်းများ မပြုကြကုန်လင့်။ ၎င်း (ယဟူဒီနှင့်ခရစ်ယာန်) တို့သည် (အသင်တို့ကိုဆန့်ကျင်ရာတွင်) အချင်းချင်း တစ်ဦးကိုတစ်ဦး ယိုင်းပင်းကူညီသော အဆွေခင်ပွန်းများပင် ဖြစ်ကြပေသည်။ အမှန်သော်ကား အသင်တို့အနက် မည်သူမဆို ထိုသူတို့အား ‘ကလျာဏ’ အဆွေခင်ပွန်းပြုလုပ်သည်ရှိသော် ထိုသူသည် ဧကန်မုချ ၎င်းတို့တွင် (အပါအဝင်) ဖြစ်၏။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် မတရားကျူလွန်သူတို့အား တရားလမ်းမှန်သို့ ပို့ပေးတော်မူမည်မဟုတ်ပေ။
52فَتَرَى الَّذِينَ فِي قُلُوبِهِم مَّرَضٌ يُسَارِعُونَ فِيهِمْ يَقُولُونَ نَخْشَىٰ أَن تُصِيبَنَا دَائِرَةٌ ۚ فَعَسَى اللَّهُ أَن يَأْتِيَ بِالْفَتْحِ أَوْ أَمْرٍ مِّنْ عِندِهِ فَيُصْبِحُوا عَلَىٰ مَا أَسَرُّوا فِي أَنفُسِهِمْ نَادِمِينَ
ထို့ကြောင့်ပင် အသင်သည် စိတ်နှလုံးများတွင် ဝေဒနာစွဲကပ်လျက်ရှိသောသူတို့အား ထို (ယဟူဒီနှင့် ခရစ်ယာန်) တို့ထံ အပြေးအလွှားသွားကြသည်ကို တွေ့မြင်ရလေသည်။ ထိုသူတို့က “ကျွန်ုပ်တို့သည် မိမိတို့၌ (မတော်တဆ) ဘေးဒုက္ခ အန္တရာယ်တစ်စုံတစ်ရာ ဆိုက်ရောက်လာမည်ကို စိုးရိမ်ကြသည်” ဟု ပြောဆိုကြကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မကြာမြင့်မီ (မွတ်စ်လင်မ်တို့အား) အောင်မြင်ခြင်းတရားကို ပေးသနားတော်မူအံ့။ သို့တည်းမဟုတ် အထူးအကြောင်းတစ်ရပ်ရပ်ကို (ဖြစ်စေတော်မူအံ့။) ထိုအခါ ယင်းသူတို့သည် မိမိတို့စိတ်တွင်း၌ လျှို့ဝှက် ထိမ်ချန်ထားရှိခဲ့ကြသော အကြောင်းများနှင့်စပ်လျဉ်း၍ ဝမ်းနည်းပူဆွေးကြရလတ္တံ့။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
50အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 50

စူရာ အလ်-မာအိဒ အာယာသ် 50 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ပြီးနောက် ယင်းသူတို့သည် အမိုက်ခေတ်၏ စီရင်ဆုံးဖြတ်မှုကို လိုလားကြလေသလော။ အမှန်စင်စစ်သော်ကား ယုံကြည်မှုထားရှိသော အမျိုးသားတို့အဖို့ အလ္လာဟ်အရှင်မြတ်ထက် ပိုမိုကောင်းမွန်စွာ…

စူရာ အာယာသ် 50/120 — အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-မာအိဒ နားထောင်, အလ်-မာအိဒ ဘာသာပြန်, အလ်-မာအိဒ mp3, အလ်-မာအိဒ pdf. အာယာသ် 48–52. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers