အလ်-မာအိဒ · 51/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
۞ يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا الْيَهُودَ وَالنَّصَارَىٰ أَوْلِيَاءَ ۘ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ وَمَن يَتَوَلَّهُم مِّنكُمْ فَإِنَّهُ مِنْهُمْ ۗ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ ۝٥١
Yaaa aiyuhal lazeena aamanoo laa tattakhizul Yahooda wan nasaaraaa awliyaaa`; ba`duhum awliyaaa`u ba`d; wa mai yatawallahum minkum fa innahoo minhum; innal laaha laa yahdil qawmaz zaalimeen
📖 မြန်မာဘာသာ
အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် ယဟူဒီတို့အားလည်းကောင်း၊ ခရစ်ယာန်တို့အားလည်းကောင်း မိတ်သဟာယ အဆွေခင်ပွန်းများ မပြုကြကုန်လင့်။ ၎င်း (ယဟူဒီနှင့်ခရစ်ယာန်) တို့သည် (အသင်တို့ကိုဆန့်ကျင်ရာတွင်) အချင်းချင်း တစ်ဦးကိုတစ်ဦး ယိုင်းပင်းကူညီသော အဆွေခင်ပွန်းများပင် ဖြစ်ကြပေသည်။ အမှန်သော်ကား အသင်တို့အနက် မည်သူမဆို ထိုသူတို့အား ‘ကလျာဏ’ အဆွေခင်ပွန်းပြုလုပ်သည်ရှိသော် ထိုသူသည် ဧကန်မုချ ၎င်းတို့တွင် (အပါအဝင်) ဖြစ်၏။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် မတရားကျူလွန်သူတို့အား တရားလမ်းမှန်သို့ ပို့ပေးတော်မူမည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မသဒ္ဒါများ ရှင်းလင်းချက်

  • لَا تَتَّخِذُوا (လာ တတ္တခိဇူ) — မသတ်မှတ်ကြပါနှင့်၊ မယူကြပါနှင့်။
  • أَوْلِيَاءَ (အောင်လိယာအ) — မိတ်ဆွေများ၊ မဟာမိတ်များ၊ အားကိုးရာများ၊ ချစ်ခင်ရင်းနှီးသူများ။
  • يَتَوَلَّهُم (ယတဝလ္လဟွမ်) — သူတို့ကို မိတ်ဆွေအဖြစ် သတ်မှတ်သူ၊ သူတို့ဘက်မှ ရပ်တည်သူ။
  • الظَّالِمِينَ (အဇ်ဇွာလိမီးန) — မတရားသူများ၊ ကိုယ့်ကိုယ်ကိုယ် နစ်နာဆုံးရှုံးစေသူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို အီမာန်ယုံကြည်သူတို့၊ ဂျူးများနှင့် ခရစ်ယာန်များကို မိမိတို့၏ မိတ်ဆွေများ၊ အားကိုးရာများအဖြစ် မသတ်မှတ်ကြပါနှင့်။ အကြောင်းမှာ သူတို့သည် အချင်းချင်း မိတ်ဆွေများဖြစ်ကြပြီး၊ မွတ်စ်လင်မ်တို့ကို ဆန့်ကျင်ရာတွင် စုစည်းညီညွတ်ကြသည်။ သင်တို့အနက် မည်သူမဆို သူတို့ကို မိတ်ဆွေအဖြစ် သတ်မှတ်လျှင် ထိုသူသည် သူတို့ထဲမှ တစ်ဦးအဖြစ် ရေတွက်ခံရမည်။ အလ္လာဟ်အရှင်မြတ်သည် မတရားသော လူမျိုးကို လမ်းမှန်သို့ ညွှန်ပြတော်မူသည် မဟုတ်ပါ။

ဤအာယသ်တော်သည် အီမာန်ယုံကြည်သူများအား သတိပေးချက်တစ်ရပ်ဖြစ်သည်။ မွတ်စ်လင်မ်တို့သည် မိမိတို့၏ သာသနာကို ထိခိုက်နစ်နာစေမည့် သူများနှင့် ရင်းနှီးခင်မင်မှု မထားရှိရန် သွန်သင်ထားသည်။ ဂျူးများနှင့် ခရစ်ယာန်များသည် မိမိတို့အချင်းချင်း ကူညီပံ့ပိုးကြသကဲ့သို့ မွတ်စ်လင်မ်တို့သည်လည်း အချင်းချင်း ကူညီပံ့ပိုးရမည်ဖြစ်သည်။ မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏ သာသနာကို စွန့်လွှတ်၍ အခြားသာသနာဝင်တို့နှင့် ရောနှောနေထိုင်လျှင် သူသည် သူတို့ထဲမှ တစ်ဦးဖြစ်သွားမည်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းသည် မိမိကိုယ်ကိုယ် နစ်နာဆုံးရှုံးစေသော မတရားမှုဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသို့သော မတရားသူများကို လမ်းမှန်သို့ ညွှန်ပြတော်မူသည် မဟုတ်ပါ။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ

၁။ အစ္စလာမ်သာသနာသည် မွတ်စ်လင်မ်တို့အား မိမိတို့၏ သာသနာကို ကာကွယ်စောင့်ရှောက်ရန် သွန်သင်ပေးသည်။

၂။ မွတ်စ်လင်မ်တို့သည် အချင်းချင်း ညီညွတ်စွာ ရပ်တည်ရမည်ဖြစ်ပြီး၊ သာသနာကို ထိခိုက်စေမည့်သူများနှင့်



📜 အာယာသ် 49-53 — စူရာ အလ်-မာအိဒ

49وَأَنِ احْكُم بَيْنَهُم بِمَا أَنزَلَ اللَّهُ وَلَا تَتَّبِعْ أَهْوَاءَهُمْ وَاحْذَرْهُمْ أَن يَفْتِنُوكَ عَن بَعْضِ مَا أَنزَلَ اللَّهُ إِلَيْكَ ۖ فَإِن تَوَلَّوْا فَاعْلَمْ أَنَّمَا يُرِيدُ اللَّهُ أَن يُصِيبَهُم بِبَعْضِ ذُنُوبِهِمْ ۗ وَإِنَّ كَثِيرًا مِّنَ النَّاسِ لَفَاسِقُونَ
၎င်းပြင် (အို- နဗီတမန်တော်) အသင်သည် ထိုသူတို့၏စပ်ကြားဝယ် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (တရားတော်) နှင့်အညီ တရားစီရင်ဆုံးဖြတ်ပါလေ။ ၎င်းပြင် အသင်သည် ထိုသူတို့၏ စိတ်အလိုဆန္ဒကို မလိုက်စားပါလေနှင့်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်က အသင့်ထံ ထုတ်ပြန်ချမှတ်ပေးသနားတော်မူသော အချို့အမိန့်တော်များနှင့်စပ်လျဉ်း၍ ထိုသူတို့သည် အသင့်အား ချွတ်ချော်တိမ်းပါးစေမည်ကို အသင် သတိထားပါလေ။ ထို့နောက် အကယ်၍ ၎င်းတို့သည် (အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်းမရှိဘဲ) မျက်နှာလွှဲဖယ်သွားခဲ့ကြပါမူ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ အချို့ပြစ်မှုဒုစရိုက်များကြောင့် ယင်းသူတို့ကို (ပစ္စုပ္ပန်လောက၌ပင်) ပြစ်ဒဏ်ပေးလိုတော်မူကြောင်း အသင် ကောင်းစွာမှတ်ယူပါလေ။ အမှန်စင်စစ်သော်ကား လူတို့အနက် များစွာသောလူတို့သည် (အလ္လာဟ်အရှင်မြတ်၏) စည်းကမ်းကို ဖေါက်ဖျက်ကျူးလွန်သူများပင် ဖြစ်ကြကုန်သတည်း။
50أَفَحُكْمَ الْجَاهِلِيَّةِ يَبْغُونَ ۚ وَمَنْ أَحْسَنُ مِنَ اللَّهِ حُكْمًا لِّقَوْمٍ يُوقِنُونَ
ပြီးနောက် ယင်းသူတို့သည် အမိုက်ခေတ်၏ စီရင်ဆုံးဖြတ်မှုကို လိုလားကြလေသလော။ အမှန်စင်စစ်သော်ကား ယုံကြည်မှုထားရှိသော အမျိုးသားတို့အဖို့ အလ္လာဟ်အရှင်မြတ်ထက် ပိုမိုကောင်းမွန်စွာ စီရင်ဆုံးဖြတ်မည့်သူကား အသူနည်း။ (ရကူ)
51۞ يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا الْيَهُودَ وَالنَّصَارَىٰ أَوْلِيَاءَ ۘ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ وَمَن يَتَوَلَّهُم مِّنكُمْ فَإِنَّهُ مِنْهُمْ ۗ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် ယဟူဒီတို့အားလည်းကောင်း၊ ခရစ်ယာန်တို့အားလည်းကောင်း မိတ်သဟာယ အဆွေခင်ပွန်းများ မပြုကြကုန်လင့်။ ၎င်း (ယဟူဒီနှင့်ခရစ်ယာန်) တို့သည် (အသင်တို့ကိုဆန့်ကျင်ရာတွင်) အချင်းချင်း တစ်ဦးကိုတစ်ဦး ယိုင်းပင်းကူညီသော အဆွေခင်ပွန်းများပင် ဖြစ်ကြပေသည်။ အမှန်သော်ကား အသင်တို့အနက် မည်သူမဆို ထိုသူတို့အား ‘ကလျာဏ’ အဆွေခင်ပွန်းပြုလုပ်သည်ရှိသော် ထိုသူသည် ဧကန်မုချ ၎င်းတို့တွင် (အပါအဝင်) ဖြစ်၏။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် မတရားကျူလွန်သူတို့အား တရားလမ်းမှန်သို့ ပို့ပေးတော်မူမည်မဟုတ်ပေ။
52فَتَرَى الَّذِينَ فِي قُلُوبِهِم مَّرَضٌ يُسَارِعُونَ فِيهِمْ يَقُولُونَ نَخْشَىٰ أَن تُصِيبَنَا دَائِرَةٌ ۚ فَعَسَى اللَّهُ أَن يَأْتِيَ بِالْفَتْحِ أَوْ أَمْرٍ مِّنْ عِندِهِ فَيُصْبِحُوا عَلَىٰ مَا أَسَرُّوا فِي أَنفُسِهِمْ نَادِمِينَ
ထို့ကြောင့်ပင် အသင်သည် စိတ်နှလုံးများတွင် ဝေဒနာစွဲကပ်လျက်ရှိသောသူတို့အား ထို (ယဟူဒီနှင့် ခရစ်ယာန်) တို့ထံ အပြေးအလွှားသွားကြသည်ကို တွေ့မြင်ရလေသည်။ ထိုသူတို့က “ကျွန်ုပ်တို့သည် မိမိတို့၌ (မတော်တဆ) ဘေးဒုက္ခ အန္တရာယ်တစ်စုံတစ်ရာ ဆိုက်ရောက်လာမည်ကို စိုးရိမ်ကြသည်” ဟု ပြောဆိုကြကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မကြာမြင့်မီ (မွတ်စ်လင်မ်တို့အား) အောင်မြင်ခြင်းတရားကို ပေးသနားတော်မူအံ့။ သို့တည်းမဟုတ် အထူးအကြောင်းတစ်ရပ်ရပ်ကို (ဖြစ်စေတော်မူအံ့။) ထိုအခါ ယင်းသူတို့သည် မိမိတို့စိတ်တွင်း၌ လျှို့ဝှက် ထိမ်ချန်ထားရှိခဲ့ကြသော အကြောင်းများနှင့်စပ်လျဉ်း၍ ဝမ်းနည်းပူဆွေးကြရလတ္တံ့။
53وَيَقُولُ الَّذِينَ آمَنُوا أَهَٰؤُلَاءِ الَّذِينَ أَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ ۙ إِنَّهُمْ لَمَعَكُمْ ۚ حَبِطَتْ أَعْمَالُهُمْ فَأَصْبَحُوا خَاسِرِينَ
၎င်းပြင် ‘အီမာန်’ သက်ဝင်ယုံကြည်သောသူများက (မုနာဖစ်က်များနှင့်စပ်လျဉ်း၍) အလ္လာဟ်အရှင်မြတ်အား အထူးတလည်တိုင်တည်၍ “မုချဧကန် ၎င်းတို့သည် အသင်တို့နှင့်အတူပင် ရှိကြပါသည်ဟု ပြောဆိုသောသူများမှာ ဤသူများပင်လော” ဟု ပြောဆိုကြမည်။ ၎င်းတို့၏အပြုအမူများသည် အချည်းနှီးဖြစ်ခဲ့ချေပြီ။ သို့ဖြစ်ပေရာ ၎င်းတို့သည် နစ်နာဆုံးရှုံးသူများပင် ဖြစ်ခဲ့ကြချေပြီ။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
51အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 51

စူရာ အလ်-မာအိဒ အာယာသ် 51 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် ယဟူဒီတို့အားလည်းကောင်း၊ ခရစ်ယာန်တို့အားလည်းကောင်း မိတ်သဟာယ အဆွေခင်ပွန်းများ မပြုကြကုန်လင့်။ ၎င်း…

စူရာ အာယာသ် 51/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 49–53. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers