وَمَا لَنَا لَا نُؤْمِنُ بِاللَّهِ وَمَا جَاءَنَا مِنَ الْحَقِّ وَنَطْمَعُ أَن يُدْخِلَنَا رَبُّنَا مَعَ الْقَوْمِ الصَّالِحِينَ ٨٤
🔤 Transliteration
Wa maa lanaa laa nu`minu billaahi wa maa jaaa`anaa minal haqqi wa natma`u ai yudkhilanaa Rabbunaa ma`al qawmis saaliheen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့ပြင်တဝ ယင်းသူတို့က ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်မြတ်က (ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည်ကြကုန်သော) သူတော်စင်သူတော်ကောင်းတို့အတွင်း၌ ပါဝင်စေတော်မူမည်ဟု မျှော်လင့်ချက်ထားရှိကြသည်ဖြစ်ရာ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ (ယခု) ကျွန်ုပ်တို့ထံဝယ် ရောက်ရှိလာသော အမှန်တရားကိုလည်းကောင်း၊ မယုံကြည်ကြရန် မည်သည့်အကြောင်းမျှမရှိတော့ပြီ (ဟူ၍လည်း ပြောဆိုကြကုန်သတည်း။) (တစ်အားဖြင့်နည်း) ၎င်းပြင် (ထိုသူတို့က) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်ကောင်း၊ ကျွန်ုပ်တို့ထံရောက်ရှိလာသော အမှန်တရားကိုလည်းကောင်း မယုံကြည်ကြရန် အကြောင်းမရှိပါ။ အမှန်စင်စစ်သော်ကား ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်က သူတော်စင်တို့တွင် အပါအဝင်ဖြစ်စေတော်မူမည်ကို မျှော်လင့်လျက်ရှိကြပါသည် (ဟုပြောဆိုကြ၏။)‘”
🌐 Additional reference in ภาษาไทย
အဓိပ္ပာယ်ရှင်းလင်းချက် وَمَا لَنَا — “ငါတို့မှာ ဘာအကြောင်းရှိသနည်း” ဟု ဆိုလိုသည်။ အဘယ်ကြောင့် မယုံကြည်ရမည့် အကြောင်းရင်း မရှိကြောင်း ဖော်ပြသည့် စကားဖြစ်သည်။لَا نُؤْمِنُ بِاللَّهِ — “အလ္လာဟ်အရှင်မြတ်ကို ကျွန်ုပ်တို့ မယုံကြည်ဘဲ မနေနိုင်ပါ” ဟု ဆိုလိုသည်။وَمَا جَاءَنَا مِنَ الْحَقِّ — “ကျွန်ုပ်တို့ထံ ရောက်ရှိလာသော အမှန်တရား” ဆိုသည်မှာ တမန်တော်မုဟမ္မဒ် (ဆွ) ထံမှ ရရှိသော ကုရ်အာန်နှင့် အစ္စလာမ်သာသနာတော် ဖြစ်သည်။وَنَطْمَعُ — “ကျွန်ုပ်တို့ မျှော်လင့်တောင့်တသည်” ဟု ဆိုလိုသည်။أَن يُدْخِلَنَا رَبُّنَا — “ကျွန်ုပ်တို့၏ အရှင်သခင်က ကျွန်ုပ်တို့ကို ဝင်ရောက်စေတော်မူမည်” ဟု ဆိုလိုသည်။مَعَ الْقَوْمِ الصَّالِحِينَ — “သူတော်ကောင်းများနှင့်အတူ” ဆိုသည်မှာ ဂျန္နတ်ဥယျာဉ်တော်တွင် သူတော်ကောင်းများ၊ တမန်တော်များနှင့် သူတို့၏ နောက်လိုက်များနှင့်အတူ ဖြစ်သည်။အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် ယခင်အာယသ်တော်များတွင် ဖော်ပြခဲ့သော ခရစ်ယာန်ဘာသာဝင် ပညာရှင်များ၏ စကားကို ဆက်လက်ဖော်ပြထားခြင်း ဖြစ်သည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ခြင်း၊ တမန်တော်မုဟမ္မဒ် (ဆွ) ထံ ရောက်ရှိလာသော အမှန်တရားကို လက်ခံခြင်းနှင့် ပတ်သက်၍ သူတို့အား အပြစ်တင်ခံရခြင်းကို ပြန်လည်ချေပသည့်အနေဖြင့် ဤသို့ ဆိုကြသည်။
“ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ခြင်းနှင့် ကျွန်ုပ်တို့ထံ ရောက်ရှိလာသော အမှန်တရားကို လက်ခံခြင်းမှ ကျွန်ုပ်တို့ကို တားဆီးနေသည့် အကြောင်းရင်းကား အဘယ်နည်း။ ကျွန်ုပ်တို့တွင် မယုံကြည်ရန် မည်သည့် အကြောင်းပြချက်မျှ မရှိပါ။ အမှန်တရားသည် ထင်ရှားစွာ ရောက်ရှိလာပြီး ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အရှင်သခင်က ကျွန်ုပ်တို့အား သူတော်ကောင်းများ၊ တမန်တော်များနှင့် သူတို့၏ နောက်လိုက်များနှင့်အတူ ဂျန္နတ်ဥယျာဉ်တော်သို့ ဝင်ရောက်စေတော်မူမည်ကို မျှော်လင့်တောင့်တလျက် ရှိကြသည်။”
ဆိုလိုသည်မှာ သူတို့သည် အီမာန်ယုံကြည်မှုကို လက်ခံရန် အဆင်သင့်ဖြစ်နေပြီး ယင်းအတွက် မည်သည့် အတားအဆီးမျှ မရှိကြောင်း၊ ထို့အပြင် ယုံကြည်ခြင်း၏ အကျိုးကျေးဇူးကို မျှော်လင့်လျ
وَمَا لَنَا لَا نُؤۡمِنُ بِٱللَّهِ وَمَا جَآءَنَا مِنَ ٱلۡحَقِّ وَنَطۡمَعُ أَن يُدۡخِلَنَا رَبُّنَا مَعَ ٱلۡقَوۡمِ ٱلصَّٰلِحِينَ ٨٤
ထို့ပြင်တဝ ယင်းသူတို့က ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်မြတ်က (ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည်ကြကုန်သော) သူတော်စင်သူတော်ကောင်းတို့အတွင်း၌ ပါဝင်စေတော်မူမည်ဟု မျှော်လင့်ချက်ထားရှိကြသည်ဖြစ်ရာ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ (ယခု) ကျွန်ုပ်တို့ထံဝယ် ရောက်ရှိလာသော အမှန်တရားကိုလည်းကောင်း၊ မယုံကြည်ကြရန် မည်သည့်အကြောင်းမျှမရှိတော့ပြီ (ဟူ၍လည်း ပြောဆိုကြကုန်သတည်း။) (တစ်အားဖြင့်နည်း) ၎င်းပြင် (ထိုသူတို့က) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်ကောင်း၊ ကျွန်ုပ်တို့ထံရောက်ရှိလာသော အမှန်တရားကိုလည်းကောင်း မယုံကြည်ကြရန် အကြောင်းမရှိပါ။ အမှန်စင်စစ်သော်ကား ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်က သူတော်စင်တို့တွင် အပါအဝင်ဖြစ်စေတော်မူမည်ကို မျှော်လင့်လျက်ရှိကြပါသည် (ဟုပြောဆိုကြ၏။)‘”
🖼️ Save Image
🎬 Save Video
📜 အာယာသ် 82-86 — စူရာ အလ်-မာအိဒ
82 ۞ لَتَجِدَنَّ أَشَدَّ النَّاسِ عَدَاوَةً لِّلَّذِينَ آمَنُوا الْيَهُودَ وَالَّذِينَ أَشْرَكُوا ۖ وَلَتَجِدَنَّ أَقْرَبَهُم مَّوَدَّةً لِّلَّذِينَ آمَنُوا الَّذِينَ قَالُوا إِنَّا نَصَارَىٰ ۚ ذَٰلِكَ بِأَنَّ مِنْهُمْ قِسِّيسِينَ وَرُهْبَانًا وَأَنَّهُمْ لَا يَسْتَكْبِرُونَ
(အို- နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သောသူတို့ကို ရန်ငြိုးထားရာ၌ လူသားများအနက် ယဟူဒီတို့နှင့် မုရှ်ရစ်က်တို့ကို အပြင်းအထန်ဆုံးသောသူများအဖြစ် တွေ့ရှိရလတ္တံ့။ ၎င်းပြင် အသင်သည် ‘မုအ်မင်န်’သင်ဝင်ယုံကြည်သောသူတို့ကို မိတ်ဖွဲ့ရာ၌ ထိုလူသားများအနက် အနီးစပ်ဆုံးသောသူများအဖြစ် (မိမိတို့ကိုယ်ကို) “ကျွန်ုပ်တို့သည် ‘နဆွာရာ’ များဖြစ်ကြသည်” ဟု ပြောဆိုကြကုန်သောသူတို့အား တွေ့ရှိရပေအံ့။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့တွင်ပညာရှင်များနှင့် ဘုန်းကြီးရဟန်းများ ရှိနေကြသောကြောင့်လည်းကောင်း၊ ထိုသူတို့သည် မာန်မာနထောင်လွှားခြင်းလည်း မရှိကြသောကြောင့်လည်ကောင်း ဖြစ်ချေသည်။
83 وَإِذَا سَمِعُوا مَا أُنزِلَ إِلَى الرَّسُولِ تَرَىٰ أَعْيُنَهُمْ تَفِيضُ مِنَ الدَّمْعِ مِمَّا عَرَفُوا مِنَ الْحَقِّ ۖ يَقُولُونَ رَبَّنَا آمَنَّا فَاكْتُبْنَا مَعَ الشَّاهِدِينَ
၎င်းပြင် ယင်းသူတို့သည် ရစူလ်တမန်တော် (မုဟမ္မဒ်) ၏ထံသို့ ကျရောက်လာသော မုက္ခပါဌ်တော်များကို ကြားနာကြရသောအခါ (ထိုမုက္ခပါဌ်တော်များအားဖြင့်) အမှန်ကို သိမြင်လာကြသောကြောင့်၊ ၎င်းတို့၏မျက်စိများမှ မျက်ရည်များယိုစီးလျက်ရှိသည်ကို အသင်တွေ့မြင်ရလတ္တံ့။ (၎င်းပြင်) ယင်းသူတို့က “အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင် ကျွန်တော်မျိုးတို့သည် ယုံကြည်ပါပြီ၊ သို့ဖြစ်ပေရာ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလည်း ယုံကြည်ထောက်ခံ သက်သေထွက်ဆိုသောသူတို့နှင့်အတူ အသိအမှတ်ပြုတော်မူပါ” ဟု လျှောက်ထားပန်ကြားကြကုန်သတည်း။
84 وَمَا لَنَا لَا نُؤْمِنُ بِاللَّهِ وَمَا جَاءَنَا مِنَ الْحَقِّ وَنَطْمَعُ أَن يُدْخِلَنَا رَبُّنَا مَعَ الْقَوْمِ الصَّالِحِينَ
ထို့ပြင်တဝ ယင်းသူတို့က ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်မြတ်က (ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည်ကြကုန်သော) သူတော်စင်သူတော်ကောင်းတို့အတွင်း၌ ပါဝင်စေတော်မူမည်ဟု မျှော်လင့်ချက်ထားရှိကြသည်ဖြစ်ရာ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ (ယခု) ကျွန်ုပ်တို့ထံဝယ် ရောက်ရှိလာသော အမှန်တရားကိုလည်းကောင်း၊ မယုံကြည်ကြရန် မည်သည့်အကြောင်းမျှမရှိတော့ပြီ (ဟူ၍လည်း ပြောဆိုကြကုန်သတည်း။) (တစ်အားဖြင့်နည်း) ၎င်းပြင် (ထိုသူတို့က) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်ကောင်း၊ ကျွန်ုပ်တို့ထံရောက်ရှိလာသော အမှန်တရားကိုလည်းကောင်း မယုံကြည်ကြရန် အကြောင်းမရှိပါ။ အမှန်စင်စစ်သော်ကား ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်က သူတော်စင်တို့တွင် အပါအဝင်ဖြစ်စေတော်မူမည်ကို မျှော်လင့်လျက်ရှိကြပါသည် (ဟုပြောဆိုကြ၏။)‘”
85 فَأَثَابَهُمُ اللَّهُ بِمَا قَالُوا جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ وَذَٰلِكَ جَزَاءُ الْمُحْسِنِينَ
သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ထိုသူတို့၏ (ထိုသို့ဝန်ခံ) ပြောဆိုခဲ့ကြသည့်အတွက်ကြောင့် အကြင်ဥယျာဉ်များကို အစားပေးတော်မူအံ့။ ထိုဥယျာဉ်များ၏အောက်၌ စမ်းရေချောင်းများသည် စီးဆင်းလျက်ရှိမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ ထာဝစဉ်နေထိုင်ကြမည်။ ဤသည်ကား ကောင်းမြတ်သောအကျင့်သီလများကို ဖြည့်ကျင့်ဆည်းပူးကြလေသော သူတော်ကောင်းတို့၏ အကျိုးပင်တည်း။
86 وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ الْجَحِيمِ
သို့ရာတွင် အကြင်သူများသည် သွေဖည်ငြင်းပယ်နေခဲ့ကြ၏။ ၎င်းပြင် ထိုသူများသည် �ါအရှင်မြတ်၏ဒေသနာတော်များကို မုသားဟု ငြင်းဆိုနေခဲ့ကြ၏။ ထိုကဲ့သို့သောသူများသာလျှင် ငရဲသားများဖြစ်ကြပေသည်။ (ရကူ)
ဘာသာပြန် — အလ်-မာအိဒ 84 စူရာ အလ်-မာအိဒ အာယာသ် 84 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်တဝ ယင်းသူတို့က ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်မြတ်က (ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည်ကြကုန်သော) သူတော်စင်သူတော်ကောင်းတို့အတွင်း၌ ပါဝင်စေတော်မူမည်ဟု မျှော်လင့်ချက်ထားရှိကြသည်ဖြစ်ရာ…
စူရာ အာယာသ် 84/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 82–86. မြန်မာဘာသာ: ภาษาไทย.