အလ်-မာအိဒ · 86/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ الْجَحِيمِ ۝٨٦
Wallazeena kafaroo wa kazzaboo bi Aayaatinaaa ulaaa`ika Ashaabul Jaheem
📖 မြန်မာဘာသာ
သို့ရာတွင် အကြင်သူများသည် သွေဖည်ငြင်းပယ်နေခဲ့ကြ၏။ ၎င်းပြင် ထိုသူများသည် �ါအရှင်မြတ်၏ဒေသနာတော်များကို မုသားဟု ငြင်းဆိုနေခဲ့ကြ၏။ ထိုကဲ့သို့သောသူများသာလျှင် ငရဲသားများဖြစ်ကြပေသည်။ (ရကူ)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 84-88 — စူရာ အလ်-မာအိဒ

84وَمَا لَنَا لَا نُؤْمِنُ بِاللَّهِ وَمَا جَاءَنَا مِنَ الْحَقِّ وَنَطْمَعُ أَن يُدْخِلَنَا رَبُّنَا مَعَ الْقَوْمِ الصَّالِحِينَ
ထို့ပြင်တဝ ယင်းသူတို့က ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်မြတ်က (ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည်ကြကုန်သော) သူတော်စင်သူတော်ကောင်းတို့အတွင်း၌ ပါဝင်စေတော်မူမည်ဟု မျှော်လင့်ချက်ထားရှိကြသည်ဖြစ်ရာ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ (ယခု) ကျွန်ုပ်တို့ထံဝယ် ရောက်ရှိလာသော အမှန်တရားကိုလည်းကောင်း၊ မယုံကြည်ကြရန် မည်သည့်အကြောင်းမျှမရှိတော့ပြီ (ဟူ၍လည်း ပြောဆိုကြကုန်သတည်း။) (တစ်အားဖြင့်နည်း) ၎င်းပြင် (ထိုသူတို့က) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်ကောင်း၊ ကျွန်ုပ်တို့ထံရောက်ရှိလာသော အမှန်တရားကိုလည်းကောင်း မယုံကြည်ကြရန် အကြောင်းမရှိပါ။ အမှန်စင်စစ်သော်ကား ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်က သူတော်စင်တို့တွင် အပါအဝင်ဖြစ်စေတော်မူမည်ကို မျှော်လင့်လျက်ရှိကြပါသည် (ဟုပြောဆိုကြ၏။)‘”
85فَأَثَابَهُمُ اللَّهُ بِمَا قَالُوا جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ وَذَٰلِكَ جَزَاءُ الْمُحْسِنِينَ
သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ထိုသူတို့၏ (ထိုသို့ဝန်ခံ) ပြောဆိုခဲ့ကြသည့်အတွက်ကြောင့် အကြင်ဥယျာဉ်များကို အစားပေးတော်မူအံ့။ ထိုဥယျာဉ်များ၏အောက်၌ စမ်းရေချောင်းများသည် စီးဆင်းလျက်ရှိမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ ထာဝစဉ်နေထိုင်ကြမည်။ ဤသည်ကား ကောင်းမြတ်သောအကျင့်သီလများကို ဖြည့်ကျင့်ဆည်းပူးကြလေသော သူတော်ကောင်းတို့၏ အကျိုးပင်တည်း။
86وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ الْجَحِيمِ
သို့ရာတွင် အကြင်သူများသည် သွေဖည်ငြင်းပယ်နေခဲ့ကြ၏။ ၎င်းပြင် ထိုသူများသည် �ါအရှင်မြတ်၏ဒေသနာတော်များကို မုသားဟု ငြင်းဆိုနေခဲ့ကြ၏။ ထိုကဲ့သို့သောသူများသာလျှင် ငရဲသားများဖြစ်ကြပေသည်။ (ရကူ)
87يَا أَيُّهَا الَّذِينَ آمَنُوا لَا تُحَرِّمُوا طَيِّبَاتِ مَا أَحَلَّ اللَّهُ لَكُمْ وَلَا تَعْتَدُوا ۚ إِنَّ اللَّهَ لَا يُحِبُّ الْمُعْتَدِينَ
အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့အဖို့ အလ္လာဟ်အရှင်မြတ်က ခွင့်ပြုထားတော်မူသည့် သန့်ရှင်းစင်ကြယ်သောအရာများကို (မိမိတို့အဖို့) (ဟရာမ်) ဟူ၍ ပိတ်ပင်တားမြစ်ခြင်း မပြုကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် စည်းကမ်း (ဥပဒေ) ကိုလည်း ဖောက်ဖျက်ကျူးလွန်ခြင်း မပြုကြလေနှင့်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းဖောက်ဖျက်ကျူးလွန်သော သူတို့ကို နှစ်သက်မြတ်နိုးတော်မူသည်မဟုတ်ချေ။
88وَكُلُوا مِمَّا رَزَقَكُمُ اللَّهُ حَلَالًا طَيِّبًا ۚ وَاتَّقُوا اللَّهَ الَّذِي أَنتُم بِهِ مُؤْمِنُونَ
ထို့ပြင်တဝ အသင်တို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူသည်များအနက်မှ (စားသုံး) ခွင့်ပြုထားတော်မူသော သန့်စင်သောအရာများကို စားသုံးကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့ သက်ဝင်ယုံကြည်လျက်ရှိကြကုန်သော အလ္လာဟ်အရှင်မြတ်အားသာ ကြောက်ရွံ့ကြလေကုန်။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
86အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 86

စူရာ အလ်-မာအိဒ အာယာသ် 86 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် အကြင်သူများသည် သွေဖည်ငြင်းပယ်နေခဲ့ကြ၏။ ၎င်းပြင် ထိုသူများသည် �ါအရှင်မြတ်၏ဒေသနာတော်များကို မုသားဟု ငြင်းဆိုနေခဲ့ကြ၏။ ထိုကဲ့သို့သောသူများသာလျှင် ငရဲသားများဖြစ်ကြပေသည်။…

စူရာ အာယာသ် 86/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 84–88. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers