အလ်-အန်အာမ် · 73/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
وَهُوَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ ۖ وَيَوْمَ يَقُولُ كُن فَيَكُونُ ۚ قَوْلُهُ الْحَقُّ ۚ وَلَهُ الْمُلْكُ يَوْمَ يُنفَخُ فِي الصُّورِ ۚ عَالِمُ الْغَيْبِ وَالشَّهَادَةِ ۚ وَهُوَ الْحَكِيمُ الْخَبِيرُ ۝٧٣
Wa an Huwal lazee khalaqas samaawaati wal arda bilhaqq; wa Yawma yaqoolu kun fa yakoon; Qawluhul haqq; wa lahul mulku Yawma yunfakhu fis Soor; `Aalimul Ghaibi wash shahaadah; wa Huwal Hakeemul Khabeer
📖 မြန်မာဘာသာ
၎င်းပြင် ထိုအရှင်မြတ်သည် အကြင် အရှင်မြတ်ပင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မိုးများကိုလည်းကောင်း၊ပထဝီမြေကိုလည်ေးကာင်း၊ မှန်ကန်တိကျစွာဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်က ဖြစ်စေ ဟူ၍ မိန့်ကြားတော်မူသောနေ့တွင် ဖြစ်သွားလတ္တံ့။ ထိုအရှင်မြတ်၏စကားတော်သည် လေးနက်ထိရောက်သော စကားတော်ပင်ဖြစ်၏။ ၎င်းပြင် တံပိုးခရာမှုတ်မည့်နေ့တွင် စိုးမိုးအုပ်ချုပ်ခြင်း(အာဏာ)သည် ထိုအရှင်မြတ်၌သာရှိအံ့။ (ထိုအရှင်မြတ်သည်)အကွယ်၌ရှိသည် တို့ကိုလည်းကောင်း၊ ရှေ့မှောက်တွင် ရှိသည်တို့ကိုလည်းကောင်း၊ (အကြွင်းမဲ့)သိရှိတော်မူသောအရှင်မြတ်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် (ဟစ်က်မသ်)အမြော်အမြင်နှင့် ပြည့်စုံတော်မူသော အရှင် (အကြောင်းစုံတို့ကိုအကြွင်းမဲ့) ကြားသိတော်မူသော အရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္ဘာ့အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေကမ္ဘာကို အမှန်တရားဖြင့် ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူ၏။

၂။ ကုန်ဆုံးမည့်နေ့တွင် အရှင်မြတ်က “ဖြစ်စေ” ဟု မိန့်တော်မူလျှင် ဖြစ်လာမည်။

၃။ အရှင်မြတ်၏ မိန့်တော်မူချက်သည် အမှန်တရားဖြစ်၏။

၄။ တံပိုးမှုတ်ခံရမည့်နေ့တွင် အာဏာစက်သည် အရှင်မြတ်အတွက်သာဖြစ်မည်။

၅။ အရှင်မြတ်သည် မမြင်နိုင်သောအရာနှင့် မြင်နိုင်သောအရာကို သိတော်မူသောအရှင်ဖြစ်၏။

၆။ အရှင်မြတ်သည် ပညာဉာဏ်နှင့်ပြည့်စုံတော်မူသောအရှင်၊ အရာခပ်သိမ်းကို အသိပေးတော်မူသောအရှင်ဖြစ်တော်မူ၏။

ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေကမ္ဘာကို အမှန်တရားနှင့်အညီ ဖန်ဆင်းတော်မူကြောင်း ဖော်ပြထားပါသည်။ ထို့နောက် ကုန်ဆုံးမည့်နေ့တွင် အရှင်မြတ်က “ဖြစ်စေ” ဟု မိန့်တော်မူလျှင် ချက်ချင်းဖြစ်လာမည်ဖြစ်ကြောင်း၊ အရှင်မြတ်၏ မိန့်တော်မူချက်သည် ဧကန်အမှန်ဖြစ်ပြီး မည်သည့်အခါမျှ မှားယွင်းခြင်းမရှိကြောင်း ရှင်းလင်းစွာ ဖော်ပြထားပါသည်။

ထို့ပြင် တံပိုးမှုတ်ခံရမည့်နေ့တွင် အာဏာစက်အားလုံးသည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်မည်ဖြစ်ကြောင်း၊ ထိုနေ့တွင် မည်သည့်ဘုရင်များ၏ အာဏာစက်မျှ မကျန်ရစ်တော့ကြောင်း ဖော်ပြထားပါသည်။ အရှင်မြတ်သည် လူသားတို့မှ မမြင်နိုင်သော လျှို့ဝှက်အရာများနှင့် မြင်နိုင်သော ထင်ရှားအရာများကို အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်ပြီး၊ အရာခပ်သိမ်းကို ဉာဏ်ပညာနှင့်အညီ စီမံခန့်ခွဲတော်မူသောအရှင်၊ အရာခပ်သိမ်းကို အသေးစိတ်သိတော်မူသောအရှင်ဖြစ်တော်မူပါသည်။

ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသော အရှင်ဖြစ်တော်မူပြီး၊ မိုးကောင်းကင်နှင့် မြေကမ္ဘာကို အမှန်တရားဖြင့် ဖန်ဆင်းတော်မူသောအရှင်ဖြစ်ကြောင်း သိရှိစေပါသည်။ အရှင်မြတ်သည် အရာခပ်သိမ်းကို “ဖြစ်စေ” ဟု မိန့်တော်မူလျှင် ဖြစ်လာနိုင်သော တန်ခိုးတော်ရှင်ဖြစ်ကြောင်း သိရှိစေပါသည်။ ကုန်ဆုံးမည့်နေ့တွင် အရှင်မြတ်သည် တစ်ဆူတည်းသော အာဏာစက်ပိုင်ရှင်ဖြစ်ကြောင်း၊ အရှင်မြတ်သည် လျှို့ဝှက်အရာနှင့် ထင်ရှားအရာအားလုံးကို သိတော်မူသောအရှင်ဖြစ



📜 အာယာသ် 71-75 — စူရာ အလ်-အန်အာမ်

71قُلْ أَنَدْعُو مِن دُونِ اللَّهِ مَا لَا يَنفَعُنَا وَلَا يَضُرُّنَا وَنُرَدُّ عَلَىٰ أَعْقَابِنَا بَعْدَ إِذْ هَدَانَا اللَّهُ كَالَّذِي اسْتَهْوَتْهُ الشَّيَاطِينُ فِي الْأَرْضِ حَيْرَانَ لَهُ أَصْحَابٌ يَدْعُونَهُ إِلَى الْهُدَى ائْتِنَا ۗ قُلْ إِنَّ هُدَى اللَّهِ هُوَ الْهُدَىٰ ۖ وَأُمِرْنَا لِنُسْلِمَ لِرَبِّ الْعَالَمِينَ
(အို-နဗီတမန်တော်) အသင်သည် (ထိုမိစ္ဆာဒိဋ္ဌိတို့အား ဤသို့)ပြောကြားပါလေ။ ငါတို့သည် အလ္လာဟ်အရှင်မြတ်အပြင် (အသင်တို့အလိုရှိသကဲ့သို့) ငါတို့အား အကျိုးဖြစ်ထွန်းစေခြင်းကိုလည်းကောင်း၊ အကျိုးယုတ်စေခြင်းကိုလည်းကောင်း၊ မပြုစွမ်းနိုင်သောအရာများကို ကိုးကွယ်ကြရမည်လော။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ငါတို့အား တရားလမ်းမှန်သို့ ပို့ဆောင်ပြီးနောက်တွင် ငါတို့သည် အကြင်သူကဲ့သို့ပင် မိမိတို့၏ခြေဖနောင့်ဖက်သို့ ပြန်လှည့်သွားကြ ရမည်လော။ထိုသူအား ရှိုင်တွာန်သည် တောတွင်း၌ သွေးဆောင်ဖြားယောင်း၍ လမ်းမှားစေခဲ့ရာ ထိုသူသည် တွေဝေ အကြံအိုက်လျက်ရှိနေလေ၏။ ထိုသူ၌ မိတ်ဆွေ အပေါင်းအဖော်များလည်းရှိ၏။ ထိုမိတ်ဆွေ အပေါင်းအဖော်များတို့သည် ထိုသူအား တရားလမ်းမှန်ရှိရာ ငါတို့ထံလာပါလေဟု ဖိတ်ခေါ်လျက်ရှိကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား)အလ္လာဟ်အရှင်မြတ် ညွှန်ကြားပြသတော် မူသောတရားလမ်းသည်သာလျှင် ဧကန်စင်စစ် (ဖြောင့်မတ်မှန်ကန်သော)တရားလမ်းဖြစ်သည်။ ၎င်းပြင် ငါတို့သည် စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ အမိန့်တော်များကို(တသဝေမတိမ်း)လိုက်နာရန် အမိန့်ပေးတော်မူခြင်းကိုလည်း ခံကြရလေပြီဟု ပြောကြားပါလေ။
72وَأَنْ أَقِيمُوا الصَّلَاةَ وَاتَّقُوهُ ۚ وَهُوَ الَّذِي إِلَيْهِ تُحْشَرُونَ
ထိုမှတစ်ပါး (ငါတို့သည် အမိန့်ပေးတော်မူခြင်းကို ခံကြရသည်မှာ) အသင်တို့သည် စွဲမြဲစွာဆွလာတ် ဝတ်ပြုကြလေကုန်။ ၎င်းပြင် အသင်တို့ သည် ထိုအရှင်မြတ်အားကြောက်ရွံ့ကြလေကုန်။ စင်စစ်သော်ကား အသင်တို့သည်ထိုအရှင်မြတ် ထံတော်သို့သာလျှင် စုရုံးကြရမည်။
73وَهُوَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ ۖ وَيَوْمَ يَقُولُ كُن فَيَكُونُ ۚ قَوْلُهُ الْحَقُّ ۚ وَلَهُ الْمُلْكُ يَوْمَ يُنفَخُ فِي الصُّورِ ۚ عَالِمُ الْغَيْبِ وَالشَّهَادَةِ ۚ وَهُوَ الْحَكِيمُ الْخَبِيرُ
၎င်းပြင် ထိုအရှင်မြတ်သည် အကြင် အရှင်မြတ်ပင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မိုးများကိုလည်းကောင်း၊ပထဝီမြေကိုလည်ေးကာင်း၊ မှန်ကန်တိကျစွာဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်က ဖြစ်စေ ဟူ၍ မိန့်ကြားတော်မူသောနေ့တွင် ဖြစ်သွားလတ္တံ့။ ထိုအရှင်မြတ်၏စကားတော်သည် လေးနက်ထိရောက်သော စကားတော်ပင်ဖြစ်၏။ ၎င်းပြင် တံပိုးခရာမှုတ်မည့်နေ့တွင် စိုးမိုးအုပ်ချုပ်ခြင်း(အာဏာ)သည် ထိုအရှင်မြတ်၌သာရှိအံ့။ (ထိုအရှင်မြတ်သည်)အကွယ်၌ရှိသည် တို့ကိုလည်းကောင်း၊ ရှေ့မှောက်တွင် ရှိသည်တို့ကိုလည်းကောင်း၊ (အကြွင်းမဲ့)သိရှိတော်မူသောအရှင်မြတ်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် (ဟစ်က်မသ်)အမြော်အမြင်နှင့် ပြည့်စုံတော်မူသော အရှင် (အကြောင်းစုံတို့ကိုအကြွင်းမဲ့) ကြားသိတော်မူသော အရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။
74۞ وَإِذْ قَالَ إِبْرَاهِيمُ لِأَبِيهِ آزَرَ أَتَتَّخِذُ أَصْنَامًا آلِهَةً ۖ إِنِّي أَرَاكَ وَقَوْمَكَ فِي ضَلَالٍ مُّبِينٍ
ထို့ပြင်တဝ (အို-နဗီတမန်တော်၊ အသင်သည်၎င်းတို့အား ပြန်လည်ပြောကြားပါလေ) တစ်ရံရောအခါ (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် မိမိဖခင်အာဇရ်အား(ဤသို့)ပြောကြားခဲ့လေသည်။ အသင်သည် ရုပ်ပွားဆင်းတုများကိုကိုးကွယ်ရာ ဘုရားများပြုလုပ်ပါသလော။ ဧကန်စင်စစ်အကျွန်ုပ်သည် အသင်နှင့်တကွ အသင်၏အမျိုးသားတို့ကိုပါအလွန်ထင်ရှားသော လမ်းမှားခြင်း၌ (ရောက်ရှိနေကြသည်ကို)တွေ့မြင်ရပါသည်။တနည်း။၎င်းပြင် (အကြင်အချိန်အခါကို ပြန်လည် သတိရပါလေ၊) တစ်ရံရောအခါ တမန်တော်အစ်ဗ်ရာဟီမ် (အလို�်အစ္စလာမ်)က မိမိ၏ဖခင် အာဇရ် အား ပြောကြားခဲ့သည်မှာ(အို-ဖခင်)ဖခင်သည် ရုပ်ပွားဆင်းတုများကို ကိုးကွယ်ရာဘုရားများပြုလုပ် ထားပါသလော။ မုချဧကန် အကျွန်ုပ်သည် ဖခင်အားလည်းကောင်း၊ ဖခင်၏အမျိုးသားများအားလည်းကောင်း၊ထင်ရှားသော လမ်းမှားခြင်း၌ (သက်ရောက်နေကြသည်ကို)တွေ့မြင်နေပါသည်ဟု ပြောကြားခဲ့၏။
75وَكَذَٰلِكَ نُرِي إِبْرَاهِيمَ مَلَكُوتَ السَّمَاوَاتِ وَالْأَرْضِ وَلِيَكُونَ مِنَ الْمُوقِنِينَ
ထိုနည်းတူစွာ ငါအရှင်မြတ်သည် အစ်ဗ်ရာဟီမ်အား လေးနက်စွာ သက်ဝင်ယုံကြည်သောသူတို့တွင် အပါအဝင်ဖြစ်စေခြင်းငှာ၊ ငါအရှင်မြတ်သည် မိုးများနှင့်ကမ္ဘာမြေကို စိုးပိုင်တော်မူကြောင်းကို ပြသတော်မူခဲ့လေသတည်း။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
73အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 73

စူရာ အလ်-အန်အာမ် အာယာသ် 73 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ထိုအရှင်မြတ်သည် အကြင် အရှင်မြတ်ပင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မိုးများကိုလည်းကောင်း၊ပထဝီမြေကိုလည်ေးကာင်း၊ မှန်ကန်တိကျစွာဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်က…

စူရာ အာယာသ် 73/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 71–75. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers