အလ်-အာအ်ရာဖ် · 28/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
وَإِذَا فَعَلُوا فَاحِشَةً قَالُوا وَجَدْنَا عَلَيْهَا آبَاءَنَا وَاللَّهُ أَمَرَنَا بِهَا ۗ قُلْ إِنَّ اللَّهَ لَا يَأْمُرُ بِالْفَحْشَاءِ ۖ أَتَقُولُونَ عَلَى اللَّهِ مَا لَا تَعْلَمُونَ ۝٢٨
Wa izaa fa`aloo faahishatan qaaloo wajadnaa `alaihaaa aabaaa`ana wallaahu amaranaa bihaa; qul innal laaha laa yaamuru bilfahshaaa`i a-taqooloona `alal laahi mmaa laa ta`lamoon
📖 မြန်မာဘာသာ
၎င်းပြင် (မယုံမကြည်သွေဖည်ငြင်းပယ်သော)သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ရာ ကိစ္စတစ်စုံတစ်ရာ ကိုပြုလုပ်ကြသည့်အခါ ကျွန်ုပ်တို့သည် မိမိတို့ ဘိုး၊ ဘေး၊ ဘီ၊ဘင်တို့အား ဤနည်းအတိုင်း(ပြုလုပ်ကြသည်ကို) တွေ့ရှိခဲ့ကြပါသည်ဟူ၍လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်လည်းကျွန်ုပ်တို့အား ဤအတိုင်းအမိန့်ပေးတော်မူခဲ့သည်ဟူ၍လည်းကောင်း၊ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အားဤသို့)ပြောဆိုပါလေ။ (အချင်းတို့) အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ဖွယ်ရာကိစ္စများကို (ပြုလုပ်ရန်) အလျင်းအမိန့်ပေးတော်မမူချေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မသိနားမလည်သ�ာကိစ္စများကို လီဆယ် ပြောဆိုကြသလော။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 26-30 — စူရာ အလ်-အာအ်ရာဖ်

26يَا بَنِي آدَمَ قَدْ أَنزَلْنَا عَلَيْكُمْ لِبَاسًا يُوَارِي سَوْآتِكُمْ وَرِيشًا ۖ وَلِبَاسُ التَّقْوَىٰ ذَٰلِكَ خَيْرٌ ۚ ذَٰلِكَ مِنْ آيَاتِ اللَّهِ لَعَلَّهُمْ يَذَّكَّرُونَ
အို-အာဒမ်၏ သားသမီးအပေါင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့၏အရှက်ကို ဖုံးအုပ်သည့် အဝတ်အစားကိုလည်းကောင်း(အသင်တို့လှပအောင်ဆင်ယင်ရန်)ဝတ်စားတန်ဆာကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့လေသည်။သို့ရာတွင် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ခြင်း၊ ဟီရိဩတ္တပ္ပတရားတည်းဟူသော ဝတ်စားတန်ဆာသည်ကားအမြင့်မြတ်ဆုံးပင်ဖြစ်ပေသည်။ ဤကား ၎င်းတို့လေ့လာမှတ်သား စဉ်းစားဆင်ခြင်နိုင်ကြရန် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာ တစ်ရပ်ပင်တည်း။
27يَا بَنِي آدَمَ لَا يَفْتِنَنَّكُمُ الشَّيْطَانُ كَمَا أَخْرَجَ أَبَوَيْكُم مِّنَ الْجَنَّةِ يَنزِعُ عَنْهُمَا لِبَاسَهُمَا لِيُرِيَهُمَا سَوْآتِهِمَا ۗ إِنَّهُ يَرَاكُمْ هُوَ وَقَبِيلُهُ مِنْ حَيْثُ لَا تَرَوْنَهُمْ ۗ إِنَّا جَعَلْنَا الشَّيَاطِينَ أَوْلِيَاءَ لِلَّذِينَ لَا يُؤْمِنُونَ
အို-အာဒမ်၏သားသမီးအပေါင်းတို့၊ ရှိုင်တွာန်မိစ္ဆာကောင်သည် အသင်တို့၏မိဘနှစ်ပါး (အာဒမ်နှင့်ဟောင်ဝါတို့)အား ၎င်းတို့နှစ်ဦးသည် ၎င်းတို့အရှက်ကို မြင်နိုင်စေရန်၎င်းတို့(၏ခန္ဓာကိုယ်)မှ ၎င်းတို့၏ အဝတ်အစားများကို ကျွတ်စေလျက် ဂျန္နတ်အမတသုခဘုံမှ ထွက်စေဘိသကဲ့သို့ (ယင်းရှိုင်တွာန် မိစ္ဆာကောင်သည်) အသင်တို့အားလည်း အလွဲသွေးဆောင် ဖြားယောင်းနိုင်ခွင့် မရှိစေရ။ စင်စစ်သော်ကား ယင်းရှိုင်တွာန်မိစ္ဆာကောင် ကိုယ်တိုင်သည်လည်းကောင်း၊ ယင်း၏မျိုးနွယ်တို့သည်လည်းကောင်း၊ အသင်တို့အား၊ အသင်တို့ ၎င်းတို့ကိုမမြင်နိုင်သောနည်းဖြင့် မြင်ကြကုန်၏။ ဧကန်မလွဲ ငါအရှင်မြတ်သည် ရှိုင်တွာန်မိစ္ဆာကောင်တို့ကို အီမာန်သက်ဝင် ယုံကြည်မှုမရှိကြသောသူတို့၏ အဆွေခင်ပွန်းများ ပြုလုပ်တော်မူခဲ့လေသတည်း။(တစ်နည်း)အို-အာဒမ်၏သားသမီးအပေါင်းတို့၊ ရှိုင်တွာန်သည် အသင်တို့၏မိဘနှစ်ပါးတို့အား ၎င်းတို့၏အရှက်ကို ၎င်းတို့အားပြသရန်အတွက် ၎င်းတို့ထံမှ ၎င်းတို့၏ဝတ်စားတန်ဆာကိုချွတ်ကာ ဂျန္နတ်မှထုတ်ခဲ့သကဲ့သို့ အသင်တို့အားသွေးဆောင်ဖြားယောင်းခွင့် မရရှိစေနှင့်။ ဧကန်မုချ ရှိုင်တွာန်နှင့် ၎င်း၏အုပ်စုသည် အသင်တို့အား ၎င်းတို့ကို အသင်တို့မမြင်နိုင်ကြသောနည်းဖြင့်မြင်ကြ၏။ ဧကန်မုချ ငါအရှင်မြတ်သည် ရှိုင်တွာန်များကိုအီမာန်ယုံကြည်မရှိကြသောသူများ၏ အဆွေခင်ပွန်းအဖြစ် လုပ်ထားတော်မူသည်။
28وَإِذَا فَعَلُوا فَاحِشَةً قَالُوا وَجَدْنَا عَلَيْهَا آبَاءَنَا وَاللَّهُ أَمَرَنَا بِهَا ۗ قُلْ إِنَّ اللَّهَ لَا يَأْمُرُ بِالْفَحْشَاءِ ۖ أَتَقُولُونَ عَلَى اللَّهِ مَا لَا تَعْلَمُونَ
၎င်းပြင် (မယုံမကြည်သွေဖည်ငြင်းပယ်သော)သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ရာ ကိစ္စတစ်စုံတစ်ရာ ကိုပြုလုပ်ကြသည့်အခါ ကျွန်ုပ်တို့သည် မိမိတို့ ဘိုး၊ ဘေး၊ ဘီ၊ဘင်တို့အား ဤနည်းအတိုင်း(ပြုလုပ်ကြသည်ကို) တွေ့ရှိခဲ့ကြပါသည်ဟူ၍လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်လည်းကျွန်ုပ်တို့အား ဤအတိုင်းအမိန့်ပေးတော်မူခဲ့သည်ဟူ၍လည်းကောင်း၊ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အားဤသို့)ပြောဆိုပါလေ။ (အချင်းတို့) အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ဖွယ်ရာကိစ္စများကို (ပြုလုပ်ရန်) အလျင်းအမိန့်ပေးတော်မမူချေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မသိနားမလည်သ�ာကိစ္စများကို လီဆယ် ပြောဆိုကြသလော။
29قُلْ أَمَرَ رَبِّي بِالْقِسْطِ ۖ وَأَقِيمُوا وُجُوهَكُمْ عِندَ كُلِّ مَسْجِدٍ وَادْعُوهُ مُخْلِصِينَ لَهُ الدِّينَ ۚ كَمَا بَدَأَكُمْ تَعُودُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ ကျွန်ုပ်၏အရှင်မြတ်သည် တရားမျှတရန် အမိန့်ပေးတော် မူခဲ့လေသည်။ ၎င်းပြင် အသင်တို့သည်မိမိတို့မျက်နှာကို စဂျ်ဒဟ် ပျပ်ဝပ်ဦးချတိုင်း တည့်မတ်စွာထားရှိကြလေကုန်။ ထို့ပြင် အသင်တို့သည် ထိုအရှင်အား ထိုအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာသူများပီသစွာ ဟစ်ခေါ်ကြလေကုန်။ အသင်တို့သည် ထိုအရှင်မြတ် အသင်တို့အားအစအဦးကနဦးက ဖန်ဆင်းတော်မူဘိသကဲ့သို့ပင် (ထိုအရှင်မတ်အထံတော်သို့ တဖန်ရှင်၍) ပြန်ကြရပေလတ္တံ့။တစ်နည်း။(အို-နဗီ) အသင်သည် (ထိုကာဖိရ်တို့အား) ဤသို့ပြောကြားပါလေ။ (အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ရွံ့ရှာဖွယ်ရာများကိုပြုလုပ်ရန် အလျင်း အမိန့်ပေးတော်မူသည်မဟုတ်။) ကျွန်ုပ်၏အရှင်က အမိန့်ပေးတော်မူသည်မှာ (ဥပမာ)တရားမျှတစွာ ပြုလုပ်ရန်၊ ၎င်းပြင် အသင်တို့သည် စဂျ်ဒဟ်ပျပ်ဝပ်ဦးချတိုင်း၊ မိမိတို့၏မျက်နှာ (ဝါ စိတ်)ကို အလ္လာဟ်အရှင်မြတ်၏ဖက်တော်သို့) တည့်မတ်စွာထားကြကုန်။ ၎င်းပြင်အသင်တို့သည် ထိုအရှင်မြတ်အား ဝတ်ပြုမှုကို ထိုအရှင်မြတ်အဖို့သာလျှင် စိတ်စေတနာဖြူစင်စွာဖြင့် ပြုလုပ်သူများအဖြစ်ဖြင့် ထိုအရှင်မြတ်အား (ဟစ်ခေါ်) ပန်ကြားကြကုန်။ ထိုအရှင်မြတ်က အသင်တို့အား စတင်ဖန်ဆင်းတော်မူသကဲ့သို့ပင် သင်တို့သည် (ထိုအရှင်မြတ်ထံတော်သို့) ပြန်လှည့် ကြရလိမ့်မည်။
30فَرِيقًا هَدَىٰ وَفَرِيقًا حَقَّ عَلَيْهِمُ الضَّلَالَةُ ۗ إِنَّهُمُ اتَّخَذُوا الشَّيَاطِينَ أَوْلِيَاءَ مِن دُونِ اللَّهِ وَيَحْسَبُونَ أَنَّهُم مُّهْتَدُونَ
ထိုအရှင်မြတ်သည် လူတစ်စုကို တရားလမ်းမှန်သို့ ရောက်စေတော်မူခဲ့လေသည်။ သို့ရာတွင် လူတစ်စုမှာမူကား လမ်းလွဲခြင်းသည် ၎င်းတို့အပေါ်၌ အတည်ဖြစ်ခဲ့ချေပြီ။အဘယ်ကြောင့်ဆိုသော်၊ 4င်းတို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍’ရှိုင်တွာန်’မိစ္ဆာကောင်တို့ကို မိတ်ဖွဲ့ခဲ့ကြလေသည်။ သို့ရာတွင် ထိုသူတို့သည် မိမိတို့ကိုယ်ကို မိမိတို့ တရားလမ်းမှန်ရရှိကြသူများဟု ထင်မှတ်ကြကုန်သည်။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
28အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 28

စူရာ အလ်-အာအ်ရာဖ် အာယာသ် 28 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (မယုံမကြည်သွေဖည်ငြင်းပယ်သော)သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ရာ ကိစ္စတစ်စုံတစ်ရာ ကိုပြုလုပ်ကြသည့်အခါ ကျွန်ုပ်တို့သည် မိမိတို့ ဘိုး၊ ဘေး၊ ဘီ၊ဘင်တို့အား…

စူရာ အာယာသ် 28/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 26–30. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers