အလ်-အာအ်ရာဖ် · 36/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
وَالَّذِينَ كَذَّبُوا بِآيَاتِنَا وَاسْتَكْبَرُوا عَنْهَا أُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ ۝٣٦
Wallazeena kazzaboo bi Aayaatinaa wastakbaroo `anhhaaa ulaaa`ika Ashaabun naari hum feehaa khaalidoon
📖 မြန်မာဘာသာ
သို့ရာတွင်မူကား အကြင်သူတို့သည် ငါအရှင်မြတ်၏ အမိန့်တော်များကို ငြင်းပယ်ကြကုန်အံ့။ ၎င်းပြင် ထိုသူတို့သည် အမိန့်တော်များကို မထီလေးစားပြုလုပ်ကြကုန်အံ့။ထို(ကဲ့သို့သော) သူတို့သာလျှင် ငရဲသားများဖြစ်ကြကုန်၏။၎င်းတို့သည် ငရဲ၌ပင် ထာဝစဉ် နေထိုင်ကြမည့်သူများ ဖြစ်ကြပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 34-38 — စူရာ အလ်-အာအ်ရာဖ်

34وَلِكُلِّ أُمَّةٍ أَجَلٌ ۖ فَإِذَا جَاءَ أَجَلُهُمْ لَا يَسْتَأْخِرُونَ سَاعَةً ۖ وَلَا يَسْتَقْدِمُونَ
လူမျိုးအသီးသီးတို့အဖို့ (အသက်ထင်ရှားနေထိုင်ရန်) သတ်မှတ်ပိုင်းခြားထားသော အချိန်ကာလသည်ရှိ၏။သို့ဖြစ်ပေရာ ၎င်းတို့၏ အချိန် ကာလသည် ဆိုက်ရောက်ခဲ့သည်ရှိသော် ၎င်းတို့သည် အချိန်အနည်းငယ်မျှပင် နောက်ဆုတ်နိုင်ကြမည်လည်း မဟုတ်ပေ။ ရှေ့တိုးနိုင်ကြမည်လည်း မဟုတ်ချေ။
35يَا بَنِي آدَمَ إِمَّا يَأْتِيَنَّكُمْ رُسُلٌ مِّنكُمْ يَقُصُّونَ عَلَيْكُمْ آيَاتِي ۙ فَمَنِ اتَّقَىٰ وَأَصْلَحَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
အို-အာဒမ်၏သားသမီးအပေါင်းတို့၊ အကယ်၍အသင်တို့ထံ အသင်တို့အနက်မှပင် ငါအရှင်မြတ်၏ အမိန့်တော်များကို အသင်တို့ရှေ့ဝယ် ရှင်းလင်း ပြောပြကြကုန်သောရစူလ်တမန်တော်များ ရောက်လာခဲ့ကြသောအခါ အကြင်သူသည် ဒုစရိုက်တို့မှ ကြဉ်ရှောင်အံ့။ ၎င်းပြင် (အပြုအမူများကို)ပြုပြင်အံ့။ ထို(ကဲ့သို့သော) သူတို့အပေါ်၌ စိုးရိမ် ကြောင့်ကြမှုလည်း ရှိလိမ့်မည် မဟုတ်ပေ။ ၎င်းပြင်ထိုသူတို့သည် ပူဆွေးကြရမည်လည်း မဟုတ်ချေ။
36وَالَّذِينَ كَذَّبُوا بِآيَاتِنَا وَاسْتَكْبَرُوا عَنْهَا أُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
သို့ရာတွင်မူကား အကြင်သူတို့သည် ငါအရှင်မြတ်၏ အမိန့်တော်များကို ငြင်းပယ်ကြကုန်အံ့။ ၎င်းပြင် ထိုသူတို့သည် အမိန့်တော်များကို မထီလေးစားပြုလုပ်ကြကုန်အံ့။ထို(ကဲ့သို့သော) သူတို့သာလျှင် ငရဲသားများဖြစ်ကြကုန်၏။၎င်းတို့သည် ငရဲ၌ပင် ထာဝစဉ် နေထိုင်ကြမည့်သူများ ဖြစ်ကြပေသည်။
37فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا أَوْ كَذَّبَ بِآيَاتِهِ ۚ أُولَٰئِكَ يَنَالُهُمْ نَصِيبُهُم مِّنَ الْكِتَابِ ۖ حَتَّىٰ إِذَا جَاءَتْهُمْ رُسُلُنَا يَتَوَفَّوْنَهُمْ قَالُوا أَيْنَ مَا كُنتُمْ تَدْعُونَ مِن دُونِ اللَّهِ ۖ قَالُوا ضَلُّوا عَنَّا وَشَهِدُوا عَلَىٰ أَنفُسِهِمْ أَنَّهُمْ كَانُوا كَافِرِينَ
အကြင်သူထက် ပိုမို မတရားကျူးလွန် သောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုကြံဖန်လီဆယ်၍စွပ်စွဲခဲ့လေသည်။ သို့တည်းမဟုတ် ထိုသူသည် ထိုအရှင်မြတ်၏ ဒေသနာတော်များကိုအမှားဟု ဆိုခဲ့လေသည်။ ထိုသူတို့ထံ ထိုသူတို့အဖို့ သတ်မှတ်ထားသော ဝေစုဝေပုံသည် (ထိုပစ္စက္ခကာလ၌ပင်) ရောက်ရှိအံ့။နောက်ဆုံးတွင်မူ ထိုသူတို့ထံ ငါအရှင်မြတ် ၏စေတမန်တို့သည်ထိုသူတို့၏ ဇီဝိန်ကို နှုတ်သိမ်း ရန် ရောက်ရှိလာကြသောအခါထိုစေတမန်တို့က (ထိုသူတို့အား ဤသို့) မေးမြန်းကြလတ္တံ့။အသင်တို့ အလ္လာဟ်အရှင်မြတ်ကိုစွန့်၍ ဟစ်ခေါ်ခဲ့ကြသောအရာများသည် အဘယ်မှာနည်း။ ထိုအခါ ၎င်းတို့က ထိုအရာများသည် ကျွန်ုပ်တို့ထံမှ ပျောက်ကွယ်သွားကြလေပြီဟု ဖြေကြားကြမည်။ ၎င်းပြင် ထိုသူများသည် မိမိတို့နှင့်ဆန့်ကျင်၍ကျွန်ုပ်တို့သည် ဧကန်စင်စစ် ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သူများဖြစ်ကြပါသ် ဟူ၍လည်း သက်သေခံကြလိမ့်မည်။
38قَالَ ادْخُلُوا فِي أُمَمٍ قَدْ خَلَتْ مِن قَبْلِكُم مِّنَ الْجِنِّ وَالْإِنسِ فِي النَّارِ ۖ كُلَّمَا دَخَلَتْ أُمَّةٌ لَّعَنَتْ أُخْتَهَا ۖ حَتَّىٰ إِذَا ادَّارَكُوا فِيهَا جَمِيعًا قَالَتْ أُخْرَاهُمْ لِأُولَاهُمْ رَبَّنَا هَٰؤُلَاءِ أَضَلُّونَا فَآتِهِمْ عَذَابًا ضِعْفًا مِّنَ النَّارِ ۖ قَالَ لِكُلٍّ ضِعْفٌ وَلَٰكِن لَّا تَعْلَمُونَ
(အလ္လာဟ်)အရှင်မြတ်သည် (ရှင်ပြန်ထမည့် နေ့တွင် ၎င်းတို့အား) အသင်တို့ မိမိတို့အလျင် လွန်လေပြီးသောကာဖိရ်ဖြစ်သောဂျင်(န်)နှင့် လူအုပ်စုများ နှင့်အတူ ဂျ�န္နမ်ငရဲဘုံသို့) လားကြလေကုန်ဟု မိန့်ကြားတော်မူအံ့။ မည်သည့်အခါမဆို အုပ်စုတစ်စုသည် (ဂျဟန္နမ်ငရဲဘုံသို့) ဝင်ရောက်လျှင်မိမိတို့နှင့် ဘာသာဝါဒတူ (အသွင်တူ) အုပ်စုအချင်းချင်းအားကျိန်ဆဲကြလတ္တံ့။ နောက်ဆုံးတွင် ထိုဂျဟန္နမ် ငရဲဘုံ၌ (အုပ်စု)အားလုံးစုမိကြသောအခါ ၎င်းတို့အနက်မှ နောင်လာနောင်သားများက မိမိတို့အနက်မှ ရှေးလူတို့နှင့် ပတ်သက်၍ အိုကျွန်တော်မျိုးတို့၏အရှင်မြတ်၊ ဤသူတို့သည်ပင်လျှင် ကျွန်တော်မျိုးတို့အား လမ်းလွဲ စေခဲ့ကြပါသဖြင့် အရှင်မြတ်သည်၎င်းတို့အား ဂျဟန္နမ်ငရဲဘုံ၏ ပြစ်ဒဏ်ကို ဆထက်ထမ်းပိုးတိုး၍ပေးတော်မူပါ ဟု လျှောက်ထားကြလတ္တံ့။ ထိုအခါ အရှင်မြတ်ကဆထက်ထမ်းပိုးပြစ်ဒဏ်သည်(အသင်တို့)အသီးသီးတို့၌ရှိ၏။သို့ရာတွင် အသင်တို့သည် မသိကြချေဟု မိန့်ကြားတော်မူအံ့။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
36အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 36

စူရာ အလ်-အာအ်ရာဖ် အာယာသ် 36 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင်မူကား အကြင်သူတို့သည် ငါအရှင်မြတ်၏ အမိန့်တော်များကို ငြင်းပယ်ကြကုန်အံ့။ ၎င်းပြင် ထိုသူတို့သည် အမိန့်တော်များကို မထီလေးစားပြုလုပ်ကြကုန်အံ့။ထို(ကဲ့သို့သော) သူတို့သာလျှင်…

စူရာ အာယာသ် 36/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 34–38. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers