يَا بَنِي آدَمَ إِمَّا يَأْتِيَنَّكُمْ رُسُلٌ مِّنكُمْ يَقُصُّونَ عَلَيْكُمْ آيَاتِي ۙ فَمَنِ اتَّقَىٰ وَأَصْلَحَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ ٣٥
🔤 Transliteration
yaa Banee Aadama immaa yaatiyannakum Rusulum minkum yaqussoona `alaikum Aayaatee famanit taqaa wa aslaha falaa khawfun `alaihim wa laa hum yahzanoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အို-အာဒမ်၏သားသမီးအပေါင်းတို့၊ အကယ်၍အသင်တို့ထံ အသင်တို့အနက်မှပင် ငါအရှင်မြတ်၏ အမိန့်တော်များကို အသင်တို့ရှေ့ဝယ် ရှင်းလင်း ပြောပြကြကုန်သောရစူလ်တမန်တော်များ ရောက်လာခဲ့ကြသောအခါ အကြင်သူသည် ဒုစရိုက်တို့မှ ကြဉ်ရှောင်အံ့။ ၎င်းပြင် (အပြုအမူများကို)ပြုပြင်အံ့။ ထို(ကဲ့သို့သော) သူတို့အပေါ်၌ စိုးရိမ် ကြောင့်ကြမှုလည်း ရှိလိမ့်မည် မဟုတ်ပေ။ ၎င်းပြင်ထိုသူတို့သည် ပူဆွေးကြရမည်လည်း မဟုတ်ချေ။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်။
ဗနီအာဒမ် (بني آدم ) — အာဒမ်၏ သားသမီးများ၊ လူသားအားလုံး။ ဣမ္မာ ယအ်သီယန္နကုမ် (إما يأتينكم ) — အကယ်၍ သင်တို့ထံ ဧကန်မုချ ရောက်လာကြလျှင်။ ရုစုလုန် မင်ကုမ် (رسل منكم ) — သင်တို့ထဲမှ ရစူလ်တမန်တော်များ။ ယကူစ္ဆူန (يقصون ) — ဖတ်ကြားပြသကြသည်၊ အစဉ်လိုက် ရှင်းလင်းတင်ပြကြသည်။ အာယာသီ (آياتي ) — ငါ၏ အာယသ်တော်များ၊ ငါ၏ ကျမ်းတော်နှင့် ပညတ်ချက်များ။ ဖမနိတ္တကြာ (فمن اتقى ) — မည်သူမည်ဝါသည် အလ္လာဟ်ကို ကြောက်ရွံ့ရိုသေ၍ မိမိကိုယ်ကို ကာကွယ်လျှင်။ ဝအဆ်လဟ (وأصلح ) — မိမိ၏ လုပ်ရပ်များကို ပြုပြင်ကောင်းမွန်စေလျှင်။ ဖလာ ခေါင်ဖွန် (فلا خوف ) — သူတို့အပေါ် မည်သည့်ကြောက်ရွံ့မှုမျှ မရှိ။ ဝလာ ဟုမ် ယဟ်ဇနူန (ولا هم يحزنون ) — သူတို့သည် ဝမ်းနည်းပူဆွေးကြရမည် မဟုတ်ပေ။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။
အို အာဒမ်၏ သားသမီးအပေါင်းတို့၊ သင်တို့ထဲမှပင် ရစူလ်တမန်တော်များသည် သင်တို့ထံသို့ ရောက်လာပြီး ငါအရှင်မြတ်၏ အာယသ်တော်များကို သင်တို့အား ဖတ်ကြားရှင်းလင်းတင်ပြကြသောအခါ သူတို့ကို နာခံကြလော့၊ သူတို့ယူဆောင်လာသည့် သွန်သင်ချက်များကို လိုက်နာကြလော့။ အကြောင်းမှာ မည်သူမည်ဝါသည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုသေလျက် အမိန့်တော်များကို လိုက်နာ၍ တားမြစ်ချက်များကို ရှောင်ကြဉ်ကာ မိမိ၏ လုပ်ရပ်များကို ပြုပြင်ကောင်းမွန်စေအံ့၊ ထိုသူတို့အပေါ်၌ ကိယာမသ်နေ့တွင် မည်သည့်ကြောက်ရွံ့မှုမျှ မရှိတော့ပေ၊ လောကီဘဝတွင် လက်လွတ်ဆုံးရှုံးခဲ့ရသည့် အကျိုးအမြတ်များအတွက်လည်း သူတို့သည် ဝမ်းနည်းပူဆွေးကြရမည် မဟုတ်ပေ။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ။
အလ္လာဟ်အရှင်မြတ်သည် လူသားအားလုံးကို မိမိတို့ထဲမှပင် ရစူလ်တမန်တော်များ စေလွှတ်တော်မူခြင်းသည် အရှင်မြတ်၏ ကြီးမားသော ကရုဏာတော်ဖြစ်သည်။ မည်သူမျှ လမ်းညွှန်ချက် မရရှိဘဲ ထားခံရမည် မဟုတ်ပေ။ ရစူလ်တမန်တော်များကို နာခံခြင်းသည် အလ္လာဟ်အရှင်မြတ်ကို နာခံခြင်းပင် ဖြစ်သည်။ သူတို့ယူဆောင်လာသည့်
يَٰبَنِيٓ ءَادَمَ إِمَّا يَأۡتِيَنَّكُمۡ رُسُلٌ مِّنكُمۡ يَقُصُّونَ عَلَيۡكُمۡ ءَايَٰتِي فَمَنِ ٱتَّقَىٰ وَأَصۡلَحَ فَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ ٣٥
အို-အာဒမ်၏သားသမီးအပေါင်းတို့၊ အကယ်၍အသင်တို့ထံ အသင်တို့အနက်မှပင် ငါအရှင်မြတ်၏ အမိန့်တော်များကို အသင်တို့ရှေ့ဝယ် ရှင်းလင်း ပြောပြကြကုန်သောရစူလ်တမန်တော်များ ရောက်လာခဲ့ကြသောအခါ အကြင်သူသည် ဒုစရိုက်တို့မှ ကြဉ်ရှောင်အံ့။ ၎င်းပြင် (အပြုအမူများကို)ပြုပြင်အံ့။ ထို(ကဲ့သို့သော) သူတို့အပေါ်၌ စိုးရိမ် ကြောင့်ကြမှုလည်း ရှိလိမ့်မည် မဟုတ်ပေ။ ၎င်းပြင်ထိုသူတို့သည် ပူဆွေးကြရမည်လည်း မဟုတ်ချေ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 33-37 — စူရာ အလ်-အာအ်ရာဖ်
33 قُلْ إِنَّمَا حَرَّمَ رَبِّيَ الْفَوَاحِشَ مَا ظَهَرَ مِنْهَا وَمَا بَطَنَ وَالْإِثْمَ وَالْبَغْيَ بِغَيْرِ الْحَقِّ وَأَن تُشْرِكُوا بِاللَّهِ مَا لَمْ يُنَزِّلْ بِهِ سُلْطَانًا وَأَن تَقُولُوا عَلَى اللَّهِ مَا لَا تَعْلَمُونَ
(အို-နဗီတမန်တော်) အသင်သည် (ထိုသူတို့အားဤသို့)ပြောကြားပါဦး။ (ဟယ်-အချင်းတို့) ငါ့အားမွေးမြူတော်မူသော အရှင်မြတ်သည် စက်ဆုပ်ဖွယ်ရာများအနက်မှထင်ရှားသောအရာများကိုလည်းကောင်း၊ ဖုံးအုပ်၍နေသောအရာများကိုလည်းကောင်း၊ ပြစ်မှုဒုစရိုက် များကိုလည်းကောင်း၊တို့အဖို့သာ)သီးသန့်ဖြစ်၏။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းမတရားသဖြင့် ညှဉ်းဆဲခြင်းကိုလည်းကောင်း၊ အသင်တို့သည်အလ္လာဟ်အရှင်မြတ်က မည်သည့်သက်သေသာဓက တစ်စုံတစ်ရာမျှ ချပေးတော်မူခြင်းမရှိခဲ့သောအရာကို ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်)ခြင်းကိုလည်းကောင်း၊အသင်တို့သည် မိမိတို့မသိ နားမလည်သောအကြောင်းအရာများကို ထိုအရှင်မြတ် အပေါ်၌ လီဆယ်ပြောဆိုခြင်းကိုလည်းကောင်း၊ ဟရာမ် ဟူ၍ တားမြစ်တော်မူခဲ့သည်သာတည်း။
34 وَلِكُلِّ أُمَّةٍ أَجَلٌ ۖ فَإِذَا جَاءَ أَجَلُهُمْ لَا يَسْتَأْخِرُونَ سَاعَةً ۖ وَلَا يَسْتَقْدِمُونَ
လူမျိုးအသီးသီးတို့အဖို့ (အသက်ထင်ရှားနေထိုင်ရန်) သတ်မှတ်ပိုင်းခြားထားသော အချိန်ကာလသည်ရှိ၏။သို့ဖြစ်ပေရာ ၎င်းတို့၏ အချိန် ကာလသည် ဆိုက်ရောက်ခဲ့သည်ရှိသော် ၎င်းတို့သည် အချိန်အနည်းငယ်မျှပင် နောက်ဆုတ်နိုင်ကြမည်လည်း မဟုတ်ပေ။ ရှေ့တိုးနိုင်ကြမည်လည်း မဟုတ်ချေ။
35 يَا بَنِي آدَمَ إِمَّا يَأْتِيَنَّكُمْ رُسُلٌ مِّنكُمْ يَقُصُّونَ عَلَيْكُمْ آيَاتِي ۙ فَمَنِ اتَّقَىٰ وَأَصْلَحَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
အို-အာဒမ်၏သားသမီးအပေါင်းတို့၊ အကယ်၍အသင်တို့ထံ အသင်တို့အနက်မှပင် ငါအရှင်မြတ်၏ အမိန့်တော်များကို အသင်တို့ရှေ့ဝယ် ရှင်းလင်း ပြောပြကြကုန်သောရစူလ်တမန်တော်များ ရောက်လာခဲ့ကြသောအခါ အကြင်သူသည် ဒုစရိုက်တို့မှ ကြဉ်ရှောင်အံ့။ ၎င်းပြင် (အပြုအမူများကို)ပြုပြင်အံ့။ ထို(ကဲ့သို့သော) သူတို့အပေါ်၌ စိုးရိမ် ကြောင့်ကြမှုလည်း ရှိလိမ့်မည် မဟုတ်ပေ။ ၎င်းပြင်ထိုသူတို့သည် ပူဆွေးကြရမည်လည်း မဟုတ်ချေ။
36 وَالَّذِينَ كَذَّبُوا بِآيَاتِنَا وَاسْتَكْبَرُوا عَنْهَا أُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
သို့ရာတွင်မူကား အကြင်သူတို့သည် ငါအရှင်မြတ်၏ အမိန့်တော်များကို ငြင်းပယ်ကြကုန်အံ့။ ၎င်းပြင် ထိုသူတို့သည် အမိန့်တော်များကို မထီလေးစားပြုလုပ်ကြကုန်အံ့။ထို(ကဲ့သို့သော) သူတို့သာလျှင် ငရဲသားများဖြစ်ကြကုန်၏။၎င်းတို့သည် ငရဲ၌ပင် ထာဝစဉ် နေထိုင်ကြမည့်သူများ ဖြစ်ကြပေသည်။
37 فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا أَوْ كَذَّبَ بِآيَاتِهِ ۚ أُولَٰئِكَ يَنَالُهُمْ نَصِيبُهُم مِّنَ الْكِتَابِ ۖ حَتَّىٰ إِذَا جَاءَتْهُمْ رُسُلُنَا يَتَوَفَّوْنَهُمْ قَالُوا أَيْنَ مَا كُنتُمْ تَدْعُونَ مِن دُونِ اللَّهِ ۖ قَالُوا ضَلُّوا عَنَّا وَشَهِدُوا عَلَىٰ أَنفُسِهِمْ أَنَّهُمْ كَانُوا كَافِرِينَ
အကြင်သူထက် ပိုမို မတရားကျူးလွန် သောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုကြံဖန်လီဆယ်၍စွပ်စွဲခဲ့လေသည်။ သို့တည်းမဟုတ် ထိုသူသည် ထိုအရှင်မြတ်၏ ဒေသနာတော်များကိုအမှားဟု ဆိုခဲ့လေသည်။ ထိုသူတို့ထံ ထိုသူတို့အဖို့ သတ်မှတ်ထားသော ဝေစုဝေပုံသည် (ထိုပစ္စက္ခကာလ၌ပင်) ရောက်ရှိအံ့။နောက်ဆုံးတွင်မူ ထိုသူတို့ထံ ငါအရှင်မြတ် ၏စေတမန်တို့သည်ထိုသူတို့၏ ဇီဝိန်ကို နှုတ်သိမ်း ရန် ရောက်ရှိလာကြသောအခါထိုစေတမန်တို့က (ထိုသူတို့အား ဤသို့) မေးမြန်းကြလတ္တံ့။အသင်တို့ အလ္လာဟ်အရှင်မြတ်ကိုစွန့်၍ ဟစ်ခေါ်ခဲ့ကြသောအရာများသည် အဘယ်မှာနည်း။ ထိုအခါ ၎င်းတို့က ထိုအရာများသည် ကျွန်ုပ်တို့ထံမှ ပျောက်ကွယ်သွားကြလေပြီဟု ဖြေကြားကြမည်။ ၎င်းပြင် ထိုသူများသည် မိမိတို့နှင့်ဆန့်ကျင်၍ကျွန်ုပ်တို့သည် ဧကန်စင်စစ် ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သူများဖြစ်ကြပါသ် ဟူ၍လည်း သက်သေခံကြလိမ့်မည်။
ဘာသာပြန် — အလ်-အာအ်ရာဖ် 35 စူရာ အလ်-အာအ်ရာဖ် အာယာသ် 35 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-အာဒမ်၏သားသမီးအပေါင်းတို့၊ အကယ်၍အသင်တို့ထံ အသင်တို့အနက်မှပင် ငါအရှင်မြတ်၏ အမိန့်တော်များကို အသင်တို့ရှေ့ဝယ် ရှင်းလင်း ပြောပြကြကုန်သောရစူလ်တမန်တော်များ ရောက်လာခဲ့ကြသောအခါ အကြင်သူသည်…
စူရာ အာယာသ် 35/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 33–37. မြန်မာဘာသာ: ภาษาไทย.