အလ်-အန်ဖာလ် · 34/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဖာလ်
وَمَا لَهُمْ أَلَّا يُعَذِّبَهُمُ اللَّهُ وَهُمْ يَصُدُّونَ عَنِ الْمَسْجِدِ الْحَرَامِ وَمَا كَانُوا أَوْلِيَاءَهُ ۚ إِنْ أَوْلِيَاؤُهُ إِلَّا الْمُتَّقُونَ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ ۝٣٤
Wa maa lahum allaa yu`az zibahumul laahu wa hum yasuddoona `anil Masjidil-Haraami wa maa kaanooo awliyaaa`ah; in awliyaaa` uhooo illal muttaqoona wa laakinna aksarahum laa ya`lamoon
📖 မြန်မာဘာသာ
သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား (လုံးဝ)အပြစ်မပေးတော်မူရန် မည်သည့်အကြောင်း ရှိချေသနည်း။ အမှန်စင်စစ်သော်ကား ၎င်းတို့သည် မတ်စ်ဂျစ်ဒ်ဟရာမ် ဗလီဝတ်ကျောင်းတော် (တွင်ဝတ်ပြုခြင်းတို့)မှ တားဆီးကြလေသည်။ စင်စစ်မူကား ၎င်းတို့သည် ထိုဗလီကျောင်းတော်ကိုစောင့် ရှောက်သောဂေါပကလူကြီးများလည်း မဟုတ်ကြချေ။မွတ္တကီ သူတော်စင်များသည်သာလျှင် ထိုဗလီကျောင်းတော်ကို အုပ်ထိန်းသူများ ဖြစ်နိုင်ကြကုန်၏။ သို့ရာတွင် ၎င်းတို့အနက် အများဆုံးသောသူတို့ကား (ဤမျှပင်) မသိနားမလည်ကြချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 32-36 — စူရာ အလ်-အန်ဖာလ်

32وَإِذْ قَالُوا اللَّهُمَّ إِن كَانَ هَٰذَا هُوَ الْحَقَّ مِنْ عِندِكَ فَأَمْطِرْ عَلَيْنَا حِجَارَةً مِّنَ السَّمَاءِ أَوِ ائْتِنَا بِعَذَابٍ أَلِيمٍ
တစ်ဖန် (အသင်သည် ၎င်းတို့အား သတိရစေပါလေ။) တစ်ရံရောအခါဝယ် ၎င်းတို့က အို- အလ္လာဟ်အရှင်မြတ်၊ အကယ်၍ ဤ(မုက္ခပါဌ်တော်)သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ အဟုတ်အမှန် ဖြစ်ခဲ့ပါလျှင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့ အပေါ်၌ ကျောက်ခဲများကို မိုးကောင်းကင်မှရွာသွန်းစေတော်မူပါ။ သို့တည်းမဟုတ် အလွန်ပြင်းပြ နာကျင်ဖွယ်သော အခြားပြစ်ဒဏ် တစ်စုံတစ်ရာကို ကျွန်တော်မျိုးအပေါ်၌ ကျရောက်စေတော်မူပါ ဟု ပြောဆိုလျှောက်ထားခဲ့ကြလေသည်။
33وَمَا كَانَ اللَّهُ لِيُعَذِّبَهُمْ وَأَنتَ فِيهِمْ ۚ وَمَا كَانَ اللَّهُ مُعَذِّبَهُمْ وَهُمْ يَسْتَغْفِرُونَ
အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့တွင် အသင်(နဗီတမန်တော်)ရှိနေစဉ် ၎င်းတို့အားပြစ်ဒဏ်ပေးတော်မူမည် မဟုတ်ပေ။ ထိုနည်းတူစွာ ၎င်းတို့သည် ပြစ်မှုဒုစရိုက်တို့မှ လွတ်ငြိမ်းချမ်းသာခွင့်ရရန် ဆုပန်လျက် ရှိနေခိုက်လည်း အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အားပြစ်ဒဏ်ပေးတော်မူမည် မဟုတ်ချေ။
34وَمَا لَهُمْ أَلَّا يُعَذِّبَهُمُ اللَّهُ وَهُمْ يَصُدُّونَ عَنِ الْمَسْجِدِ الْحَرَامِ وَمَا كَانُوا أَوْلِيَاءَهُ ۚ إِنْ أَوْلِيَاؤُهُ إِلَّا الْمُتَّقُونَ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား (လုံးဝ)အပြစ်မပေးတော်မူရန် မည်သည့်အကြောင်း ရှိချေသနည်း။ အမှန်စင်စစ်သော်ကား ၎င်းတို့သည် မတ်စ်ဂျစ်ဒ်ဟရာမ် ဗလီဝတ်ကျောင်းတော် (တွင်ဝတ်ပြုခြင်းတို့)မှ တားဆီးကြလေသည်။ စင်စစ်မူကား ၎င်းတို့သည် ထိုဗလီကျောင်းတော်ကိုစောင့် ရှောက်သောဂေါပကလူကြီးများလည်း မဟုတ်ကြချေ။မွတ္တကီ သူတော်စင်များသည်သာလျှင် ထိုဗလီကျောင်းတော်ကို အုပ်ထိန်းသူများ ဖြစ်နိုင်ကြကုန်၏။ သို့ရာတွင် ၎င်းတို့အနက် အများဆုံးသောသူတို့ကား (ဤမျှပင်) မသိနားမလည်ကြချေ။
35وَمَا كَانَ صَلَاتُهُمْ عِندَ الْبَيْتِ إِلَّا مُكَاءً وَتَصْدِيَةً ۚ فَذُوقُوا الْعَذَابَ بِمَا كُنتُمْ تَكْفُرُونَ
စင်စစ်သော်ကား(သန့်စင်သော)အိမ်တော်(ဝါ)ကအ်ဗဟ်ကျောင်းတော်၏အပါးတွင် ၎င်းတို့၏ ဆွလာတ်ဝတ်ပြုမှုသည် လေချွန်ခြင်းနှင့် လက်ခုပ်တီးခြင်းမျှသာ ဖြစ်ချေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့၏ မယုံမကြည်သွေဖည်ငြင်းပယ်မှုကြောင့် ပြစ်ဒဏ်(၏ ရသာကို မြိန်ရှက်စွာ)မြည်းစမ်းကြလေကုန်။
36إِنَّ الَّذِينَ كَفَرُوا يُنفِقُونَ أَمْوَالَهُمْ لِيَصُدُّوا عَن سَبِيلِ اللَّهِ ۚ فَسَيُنفِقُونَهَا ثُمَّ تَكُونُ عَلَيْهِمْ حَسْرَةً ثُمَّ يُغْلَبُونَ ۗ وَالَّذِينَ كَفَرُوا إِلَىٰ جَهَنَّمَ يُحْشَرُونَ
ဧကန်စင်စစ် ကာဖိရ် မယုံမကြည်သွေဖည် ငြင်းပယ်သောသူတို့သည် (လူတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှတားဆီးရန် မိမိတို့၏ဥစ္စာပစ္စည်းများကို သုံးစွဲကြလေသည်။(ယခုသော်) ၎င်းတို့သည် ထိုဥစ္စာပစ္စည်း များကို သုံးစွဲလျက်ပင်ရှိနေကြလိမ့်မည်။ သို့ရာတွင် နောက်ဆုံးတွင် ထိုပစ္စည်းများပင်၎င်းတို့၌ ဝမ်းနည်းဖွယ်ရာ ဖြစ်သွားချေမည်။ ထို့ နောက်၎င်းတို့သည် နှိမ်နင်းခြင်းကို (လည်း) ခံကြရပေ(ဦး)မည်။ ထိုမှတစ်ပါး မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့သည်ဂျဟန္နမ်ငရဲဘုံသို့ စုရုံးစေခြင်းကို ခံကြရမည်ဖြစ်သတည်း။
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
34အာယာသ်

ဘာသာပြန် — အလ်-အန်ဖာလ် 34

စူရာ အလ်-အန်ဖာလ် အာယာသ် 34 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား (လုံးဝ)အပြစ်မပေးတော်မူရန် မည်သည့်အကြောင်း ရှိချေသနည်း။ အမှန်စင်စစ်သော်ကား ၎င်းတို့သည် မတ်စ်ဂျစ်ဒ်ဟရာမ် ဗလီဝတ်ကျောင်းတော်…

စူရာ အာယာသ် 34/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 32–36. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers