وَإِذْ زَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ وَقَالَ لَا غَالِبَ لَكُمُ الْيَوْمَ مِنَ النَّاسِ وَإِنِّي جَارٌ لَّكُمْ ۖ فَلَمَّا تَرَاءَتِ الْفِئَتَانِ نَكَصَ عَلَىٰ عَقِبَيْهِ وَقَالَ إِنِّي بَرِيءٌ مِّنكُمْ إِنِّي أَرَىٰ مَا لَا تَرَوْنَ إِنِّي أَخَافُ اللَّهَ ۚ وَاللَّهُ شَدِيدُ الْعِقَابِ ٤٨
🔤 Transliteration
Wa iz zaiyana lahumush shaitaanu a`ma alahum wa qaala laa ghaaliba lakumul yawma minan naasi wa innee jaarul lakum falammaa taraaa`atil fi`ataani nakasa `alaa aqibaihi wa qaala innee bareee`um minkum innee araa maa laa tarawna inneee akhaaful laah; wallaahu shadeedul `iqaab
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့ပြင်(ပြန်လည်အောက်မေ့သတိရကြလေကုန်)။ အကြင်အခါဝယ် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ၎င်းတို့၏အပြုအမူတို့ကို ၎င်းတို့၏အမြင်၌ လှပတင့်တယ်အောင် ပြုခဲ့လေသည်။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စိတ်နှလုံးများတွင်ရှိသည်တို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပေတည်း။၎င်းပြင် ထိုရှိုင်တွာန်မိစ္ဆာကောင်က ယနေ့ လူတို့အနက်မှအသင်တို့အား အောင်နိုင်မည့်သူဟူ၍ မည်သူတစ်ဦးတစ်ယောက်မျှ မရှိချေ။ ငါသည် အသင်တို့အား ကာကွယ်စောင့်ရှောက်မည့်သူဖြစ်သည် ဟူ၍လည်း ပြောဆိုခဲ့လေသည်။ထို့နောက် အုပ်စုနှစ်စုသည် ရင်ဆိုင်ကြလေသောအခါ ယင်းရှိုင်တွာန် မိစ္ဆာကောင်သည် (နောက်ဆုတ်၍ )ထွက်ပြေးသွားခဲ့လေသည်။ ၎င်းပြင် ယင်း ရှိုင်တွာန် မိစ္ဆာကောင်က ဟယ်အချင်းတို့၊ ငါသည် အသင်တို့နှင့်မပတ်သက်၊ တာဝန်ကင်းသည်။ ငါသည် အသင်တို့မမြင်ရသောအရာများကိုမြင်၏။ ငါသည် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာအပြစ်ပေးတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။(ရကူ)
🌐 Additional reference in ภาษาไทย
၁။ ကလိမဟ် (စကားလုံး) အဓိပ္ပာယ်ရှင်းလင်းချက်။
ဝါအိဇ် (وَإِذْ ) — သတိရပါ၊ အမှတ်ရပါ။ ဇယ်ယနာ (زَيَّنَ ) — လှပအောင် ပြုလုပ်ပေးခြင်း၊ နှစ်သက်ဖွယ် ဖြစ်စေခြင်း။ ရှိုင်သွာန် (الشَّيْطَانُ ) — အီဗလီးစ်၊ မိစ္ဆာကောင်။ ဂျားရုန် (جَارٌ ) — အကာအကွယ်ပေးသူ၊ ခိုလှုံရာ။ တရားအတိ (تَرَاءَتِ ) — အချင်းချင်း မြင်ကြခြင်း၊ ရင်ဆိုင်ကြခြင်း။ ဖိအ်သာနိ (الْفِئَتَانِ ) — နှစ်ဖက်သော အုပ်စု၊ နှစ်ဖက်သော အဖွဲ့။ နကဆွာ (نَكَصَ ) — နောက်ပြန်ဆုတ်ခြင်း၊ လှည့်ပြေးခြင်း။ အလာ အက်ကိဗိုင်ဟိ (عَلَىٰ عَقِبَيْهِ ) — ခြေဖနောင်းနှစ်ဖက်ပေါ်တွင်၊ နောက်ပြန်လှည့်၍။ ဗရီအုန် (بَرِيءٌ ) — ကင်းလွတ်သူ၊ ဆက်စပ်မှုမရှိသူ။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။
အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်များအား မိမိ၏ ဂုဏ်ကျေးဇူးတော်ကို သတိရစေရန် မိန့်တော်မူသည်။ ထိုအချိန်က ရှိုင်သွာန်သည် မုရှ်ရိက်များ၏ လုပ်ရပ်များကို သူတို့အမြင်တွင် လှပကောင်းမွန်သည့်အရာအဖြစ် ထင်မြင်စေခဲ့သည်။ သူတို့အား မုစ်လင်မ်များနှင့် ရင်ဆိုင်တိုက်ခိုက်ရန် အားပေးတိုက်တွန်းခဲ့သည်။ ထို့နောက် ရှိုင်သွာန်က သူတို့အား “ယနေ့ လူသားတို့အနက် သင်တို့ကို အောင်နိုင်မည့်သူ မရှိပါ။ ဧကန်စင်စစ် ငါသည် သင်တို့အတွက် အကာအကွယ်ပေးသူ ဖြစ်သည်” ဟု ပြောဆိုခဲ့သည်။
သို့သော် မုအ်မင်န်များနှင့် မုရှ်ရိက်များ နှစ်ဖက်ရင်ဆိုင်တွေ့ကြသောအခါ မုအ်မင်န်များဘက်တွင် မလာအိကဟ် (ကောင်းကင်တမန်) များ ရှိနေသည်ကို ရှိုင်သွာန် မြင်လိုက်ရသည်။ ထိုအခါ သူသည် နောက်ပြန်လှည့်၍ ခြေဖနောင်းနှစ်ဖက်ပေါ်တွင် ပြေးလွှားကာ ဆုတ်ခွာထွက်ပြေးလေသည်။ ထို့နောက် မုရှ်ရိက်များအား “ဧကန်စင်စစ် ငါသည် သင်တို့နှင့် ကင်းလွတ်သည်။ ငါသည် သင်တို့ မမြင်နိုင်သောအရာကို မြင်နေရသည်။ ဧကန်စင်စစ် ငါသည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သည်” ဟု ပြောဆိုခဲ့သည်။ သူသည် မုရှ်ရိက်များကို စွန့်ပစ်ခဲ့ပြီး သူတို့အား ကူညီမည်ဟု ကတိပေးခဲ့သည့်အတိုင်း မကူညီခဲ့ပေ။ အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကို ဖီဆန်သူများနှင့် အပြစ်မှ စစ်မှန်သော အသနားခံခြင်းဖြင့် ဝန်ချတောင်းပန်ခြင်းမပြုသူများအတွက် အပြစ်ဒဏ်ပေးရာတွင် အလွန်ပြင်းထန်တော
وَإِذۡ زَيَّنَ لَهُمُ ٱلشَّيۡطَٰنُ أَعۡمَٰلَهُمۡ وَقَالَ لَا غَالِبَ لَكُمُ ٱلۡيَوۡمَ مِنَ ٱلنَّاسِ وَإِنِّي جَارٌ لَّكُمۡۖ فَلَمَّا تَرَآءَتِ ٱلۡفِئَتَانِ نَكَصَ عَلَىٰ عَقِبَيۡهِ وَقَالَ إِنِّي بَرِيٓءٌ مِّنكُمۡ إِنِّيٓ أَرَىٰ مَا لَا تَرَوۡنَ إِنِّيٓ أَخَافُ ٱللَّهَۚ وَٱللَّهُ شَدِيدُ ٱلۡعِقَابِ ٤٨
ထို့ပြင်(ပြန်လည်အောက်မေ့သတိရကြလေကုန်)။ အကြင်အခါဝယ် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ၎င်းတို့၏အပြုအမူတို့ကို ၎င်းတို့၏အမြင်၌ လှပတင့်တယ်အောင် ပြုခဲ့လေသည်။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စိတ်နှလုံးများတွင်ရှိသည်တို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပေတည်း။၎င်းပြင် ထိုရှိုင်တွာန်မိစ္ဆာကောင်က ယနေ့ လူတို့အနက်မှအသင်တို့အား အောင်နိုင်မည့်သူဟူ၍ မည်သူတစ်ဦးတစ်ယောက်မျှ မရှိချေ။ ငါသည် အသင်တို့အား ကာကွယ်စောင့်ရှောက်မည့်သူဖြစ်သည် ဟူ၍လည်း ပြောဆိုခဲ့လေသည်။ထို့နောက် အုပ်စုနှစ်စုသည် ရင်ဆိုင်ကြလေသောအခါ ယင်းရှိုင်တွာန် မိစ္ဆာကောင်သည် (နောက်ဆုတ်၍ )ထွက်ပြေးသွားခဲ့လေသည်။ ၎င်းပြင် ယင်း ရှိုင်တွာန် မိစ္ဆာကောင်က ဟယ်အချင်းတို့၊ ငါသည် အသင်တို့နှင့်မပတ်သက်၊ တာဝန်ကင်းသည်။ ငါသည် အသင်တို့မမြင်ရသောအရာများကိုမြင်၏။ ငါသည် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာအပြစ်ပေးတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။(ရကူ)
🖼️ Save Image
🎬 Save Video
📜 အာယာသ် 46-50 — စူရာ အလ်-အန်ဖာလ်
46 وَأَطِيعُوا اللَّهَ وَرَسُولَهُ وَلَا تَنَازَعُوا فَتَفْشَلُوا وَتَذْهَبَ رِيحُكُمْ ۖ وَاصْبِرُوا ۚ إِنَّ اللَّهَ مَعَ الصَّابِرِينَ
ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်၏အမိန့်တော်များကို လည်းကောင်း၊လိုက်နာကြလေကုန်။ ထို့ပြင် အသင်တို့သည် အချင်းချင်းအငြင်းမပွားကြကုန်လင့်။ သို့�ငြင်းပွားခဲ့ကြလျှင် အသင်တို့သည် စိတ်ဓါတ်ကျဆုံးကြပေမည်။ အသင်တို့၏ လေ(အားအင်)သည်လည်း ဆုတ်ယုတ် သွားချေမည်။ ၎င်းပြင် အသင်တို့သည်သည်းခံကြ လေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည်သည်းခံသူတို့နှင့် အတူရှိတော်မူပေသတည်း။
47 وَلَا تَكُونُوا كَالَّذِينَ خَرَجُوا مِن دِيَارِهِم بَطَرًا وَرِئَاءَ النَّاسِ وَيَصُدُّونَ عَن سَبِيلِ اللَّهِ ۚ وَاللَّهُ بِمَا يَعْمَلُونَ مُحِيطٌ
၎င်းပြင် (အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့) အသင်တို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြကုန်လင့်။ ထိုသူတို့သည် မိမိတို့အိမ်များမှပလွှားဝါးကြွားလျက်လည်းကောင်း၊ လူတို့အား ပြစားလျက်လည်းကောင်း၊ ထွက်လာခဲ့ကြလေသည်။ ထို့ပြင် ၎င်းတို့သည် (သူတစ်ပါးတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ပိတ်ပင်တားဆီးခဲ့ကြလေသည်။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုမူသမျှတို့ကို ဝန်းဝိုင်းလျက်ရှိတော်မူသတည်း။
48 وَإِذْ زَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ وَقَالَ لَا غَالِبَ لَكُمُ الْيَوْمَ مِنَ النَّاسِ وَإِنِّي جَارٌ لَّكُمْ ۖ فَلَمَّا تَرَاءَتِ الْفِئَتَانِ نَكَصَ عَلَىٰ عَقِبَيْهِ وَقَالَ إِنِّي بَرِيءٌ مِّنكُمْ إِنِّي أَرَىٰ مَا لَا تَرَوْنَ إِنِّي أَخَافُ اللَّهَ ۚ وَاللَّهُ شَدِيدُ الْعِقَابِ
ထို့ပြင်(ပြန်လည်အောက်မေ့သတိရကြလေကုန်)။ အကြင်အခါဝယ် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ၎င်းတို့၏အပြုအမူတို့ကို ၎င်းတို့၏အမြင်၌ လှပတင့်တယ်အောင် ပြုခဲ့လေသည်။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စိတ်နှလုံးများတွင်ရှိသည်တို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပေတည်း။၎င်းပြင် ထိုရှိုင်တွာန်မိစ္ဆာကောင်က ယနေ့ လူတို့အနက်မှအသင်တို့အား အောင်နိုင်မည့်သူဟူ၍ မည်သူတစ်ဦးတစ်ယောက်မျှ မရှိချေ။ ငါသည် အသင်တို့အား ကာကွယ်စောင့်ရှောက်မည့်သူဖြစ်သည် ဟူ၍လည်း ပြောဆိုခဲ့လေသည်။ထို့နောက် အုပ်စုနှစ်စုသည် ရင်ဆိုင်ကြလေသောအခါ ယင်းရှိုင်တွာန် မိစ္ဆာကောင်သည် (နောက်ဆုတ်၍ )ထွက်ပြေးသွားခဲ့လေသည်။ ၎င်းပြင် ယင်း ရှိုင်တွာန် မိစ္ဆာကောင်က ဟယ်အချင်းတို့၊ ငါသည် အသင်တို့နှင့်မပတ်သက်၊ တာဝန်ကင်းသည်။ ငါသည် အသင်တို့မမြင်ရသောအရာများကိုမြင်၏။ ငါသည် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာအပြစ်ပေးတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။(ရကူ)
49 إِذْ يَقُولُ الْمُنَافِقُونَ وَالَّذِينَ فِي قُلُوبِهِم مَّرَضٌ غَرَّ هَٰؤُلَاءِ دِينُهُمْ ۗ وَمَن يَتَوَكَّلْ عَلَى اللَّهِ فَإِنَّ اللَّهَ عَزِيزٌ حَكِيمٌ
(ပြန်လည်၍သတိရရှိကြလေကုန်)။ အကြင်အခါ၌မုနာဖစ်က်မုစ်လင်မ် အယောင်ဆောင်တို့ကလည်းကောင်း၊စိတ်နှလုံးတွင်း၌ ရောဂါစွဲကပ်လျက် ရှိသူတို့ကလည်းကောင်း၊(မုစ်လင်မ်များနှင့်ပတ်သက်၍) ဤသူတို့အား 4င်းတို့၏ ဒီန်သာသနာက လှည့်စား၍ထားလေသည်ဟုပြောဆိုကြကုန်၏။အမှန်စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်စိတ်ချလွှဲအပ်သည်ရှိသော် (ထိုသူသည်အောင်မြင်မည်သာဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော်) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသောကြောင့်ပင် ဖြစ်ပေသတည်း။
50 وَلَوْ تَرَىٰ إِذْ يَتَوَفَّى الَّذِينَ كَفَرُوا ۙ الْمَلَائِكَةُ يَضْرِبُونَ وُجُوهَهُمْ وَأَدْبَارَهُمْ وَذُوقُوا عَذَابَ الْحَرِيقِ
ထို့ပြင် (အို-နဗီတမန်တော်) အကယ်၍သာ’မလာအိကဟ်’ ကောင်းကင်တမန်များသည် ‘ကာဖိရ်’ မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့၏အသက် ဇီဝိန်ကိုနှုတ်ယူသောအချိန်တွင် ယင်းတို့၏မျက်နှာများကိုလည်းကောင်း၊ ယင်းတို့၏ ကျောက်ကုန်းများကိုလည်းကောင်း၊ ရိုက်နှက်ကြ၍အသင်တို့သည် (ငရဲ)မီး၏ပြစ်ဒဏ်ကို မြည်းစမ်းကြလေကုန်ဟု ပြောဆိုကြသည့် စက်ဆုပ်ရွံ့ရှာဖွယ်ရာအဖြစ်ကို (အသင်)မုချ တွေ့မြင်ခဲ့ရပေမည်။
ဘာသာပြန် — အလ်-အန်ဖာလ် 48 စူရာ အလ်-အန်ဖာလ် အာယာသ် 48 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်(ပြန်လည်အောက်မေ့သတိရကြလေကုန်)။ အကြင်အခါဝယ် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ၎င်းတို့၏အပြုအမူတို့ကို ၎င်းတို့၏အမြင်၌ လှပတင့်တယ်အောင် ပြုခဲ့လေသည်။ ဧကန်စင်စစ် ထိုအရှင်မြတ်သည်…
စူရာ အာယာသ် 48/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 46–50. မြန်မာဘာသာ: ภาษาไทย.