အတ်-တောင်ဘ · 120/129
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တောင်ဘ
مَا كَانَ لِأَهْلِ الْمَدِينَةِ وَمَنْ حَوْلَهُم مِّنَ الْأَعْرَابِ أَن يَتَخَلَّفُوا عَن رَّسُولِ اللَّهِ وَلَا يَرْغَبُوا بِأَنفُسِهِمْ عَن نَّفْسِهِ ۚ ذَٰلِكَ بِأَنَّهُمْ لَا يُصِيبُهُمْ ظَمَأٌ وَلَا نَصَبٌ وَلَا مَخْمَصَةٌ فِي سَبِيلِ اللَّهِ وَلَا يَطَئُونَ مَوْطِئًا يَغِيظُ الْكُفَّارَ وَلَا يَنَالُونَ مِنْ عَدُوٍّ نَّيْلًا إِلَّا كُتِبَ لَهُم بِهِ عَمَلٌ صَالِحٌ ۚ إِنَّ اللَّهَ لَا يُضِيعُ أَجْرَ الْمُحْسِنِينَ ۝١٢٠
Maa kaana li ahlil Madeenati wa man hawlahum minal A`raabi ai yatakhallafoo `ar-Rasoolil laahi wa laa yarghaboo bi anfusihim `an nafsih; zaalika bi annahum laa yuseebuhum zama unw wa laa nasabunw wa laa makhmasatun fee sabeelil laahi wa laa yata`oona mawti`ai yagheezul kuffaara wa laa yanaaloona min `aduwwin nailan illaa kutiba lahum bihee `amalun saalih; innal laaha laa yudee`u ajral muhsineen
📖 မြန်မာဘာသာ
မဒီနာမြို့သားတို့အဖို့လည်းကောင်း၊ ထိုသူတို့၏ပတ်ဝန်းကျင်၌ရှိကြသော အရဗ်ကျေးတော သားတို့အဖို့လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားစွန့်၍ နောက်ကျန်ရစ်ခဲ့ကြရန်မသင့်လျော်ခဲ့ချေ။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အသက်ဇီဝိန်များကို ထိုရစူလ်တမန်တော်မြတ်၏ အသက်ဇီဝိန်ထက် ပိုမို၍ နှစ်သက်ကြရန်လည်း မထိုက်ပေ။ဤ(ကဲ့သို့နောက်ချန်ရစ်ခဲ့ခြင်းမပြုဘဲ ရစူလ်တမန်တော်မြတ်နှင့်အတူလိုက်ကြရန် အမိန့်ပြဋ္ဌာန်းတော်မ�ခြင်း၏) အကြောင်းကား ထိုသူတို့၌ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် မည်သည့် ရေမွတ်သိပ်ခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိသော်၊ ထိုမှတစ်ပါး မည်သည့်ပင်ပန်းခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိ သော်၊ထိုမှတစ်ပါး မည်သည့်ဆာလောင်ခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိသော်၊ ထိုမှတစ်ပါး ၎င်းတို့သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား အမျက်ဒေါသထွက်စေသည့် မည်သည့် သွားလာမှုကိုမဆို သွားလာကြသည်ရှိသော်၊ ထို့ပြင် ၎င်းတို့သည်ရန်သူတစ်ဦးဦးထံမှ (ရန်သူ၏တပ်လန် ခြင်းကိုသော်လည်းကောင်း၊ထိုသူတို့ထံမှ လက်ရပစ္စည်းကိုသော်လည်းကောင်း၊ ဒဏ်ရာဒဏ်ချက်ကို သော်လည်းကောင်း၊ ဖမ်းဆီးခြင်းခံရခြင်းကိုသော်လည်းကောင်း၊ ရရှိ(ခံစား)ခဲ့ကြရသည်ရှိသော် ၎င်းတို့အဖို့ခံစားကြရသော ထိုအချက်အသီးသီးနှင့်စပ်လျဉ်း၍ ကောင်းမြတ်သောအပြုအမူတရပ်သည် ရေးသားခြင်း ခံခဲ့ကြရသည်ချည်းသာတည်း။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အကျင့်သီလ ကောင်းမြတ်သောသူတို့၏ အကျိုးကို အချည်းနှီးဖြစ်စေတော်မူသည် မဟုတ်ချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ရဆူလုလ္လာဟ် (တမန်တော်မုဟမ္မဒ် ﷺ): အလ္လာဟ်အရှင်မြတ်၏ တမန်တော်။
  • အလ်မဒီနာ: တမန်တော်မုဟမ္မဒ် ﷺ ဟိဂျ်ရာပြုပြီး နေထိုင်ခဲ့သော မြို့တော်။
  • အလ်အာအ်ရာဗ်: အာရဗီဘာသာစကားဖြင့် ပြောဆိုသော ရွာသူရွာသားများ၊ သဲကန္တာရတွင် နေထိုင်သူများ။
  • သဟ်မာအွန် (ظَمَأٌ): ရေငတ်ခြင်း၊ အလွန်အမင်း ရေငတ်ခြင်း။
  • နဆဗွန် (نَصَبٌ): ပင်ပန်းနွမ်းနယ်ခြင်း၊ ပင်ပန်းဆင်းရဲခြင်း။
  • မခ့်မဆွာ (مَخْمَصَةٌ): အစာငတ်မွတ်ခေါင်းပါးခြင်း၊ ဆာလောင်ခြင်း။
  • ဖီဆဗီလိလ္လာဟ် (فِي سَبِيلِ اللَّهِ): အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင်၊ အလ္လာဟ်အရှင်မြတ်အတွက်။
  • မော်သွအ် (مَوْطِئًا): နင်းချေသော နေရာ၊ ခြေချသော နေရာ။
  • နိုင်လွန် (نَيْلًا): ရရှိခြင်း၊ ထိရောက်ခြင်း (ဥပမာ - ရန်သူကို အနိုင်ရခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း)။
  • မုဟ်စိနီန် (الْمُحْسِنِينَ): ကောင်းမှုပြုသူများ၊ ကောင်းသောအလုပ်များကို လုပ်ဆောင်သူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

မဒီနာမြို့သူများနှင့် သူတို့အနီးတစ်ဝိုက်ရှိ ရွာသူရွာသား အာရဗ်များအတွက် အလ္လာဟ်အရှင်မြတ်၏ ရဆူလ် (တမန်တော်မုဟမ္မဒ် ﷺ) သည် စစ်ပွဲအတွက် ကိုယ်တော်တိုင် ထွက်ခွာသောအခါ နောက်တွင်ကျန်ရစ်နေခြင်းသည် မသင့်လျော်ပေ။ သူတို့သည် မိမိတို့၏ အသက်ကို ကာကွယ်ရန် ရဆူလုလ္လာဟ်၏ အသက်တော်ထက် ပို၍ နှမြောတွယ်တာခြင်းသည်လည်း မသင့်လျော်ပေ။ အမှန်မှာ သူတို့သည် ရဆူလုလ္လာဟ်၏ အသက်တော်အတွက် မိမိတို့၏ အသက်ကို စွန့်လွှတ်ရမည်ဖြစ်သည်။

ထိုသို့ဖြစ်ရခြင်းမှာ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် သူတို့သည် ရေငတ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အစာငတ်မွတ်ခေါင်းပါးခြင်းတို့ကို ခံစားရသောအခါတိုင်း၊ ကာဖိရ်များကို ဒေါသဖြစ်စေသော နေရာတစ်နေရာကို နင်းချေသောအခါတိုင်း၊ ရန်သူများကို အနိုင်ရခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ လက်ရဥစ္စာရခြင်း စသည့် ထိရောက်မှုတစ်စုံတစ်ရာကို ရရှိသောအခါတိုင်း ထိုအရာများအတွက် သူတို့အတွက် ကောင်းသောအလုပ် (ဆွဝါဗ်) တစ်ခုအဖြစ် ရေးမှတ်ထားခြင်းခံရသည်။ အကြောင်းမှာ အလ္လာဟ



📜 အာယာသ် 118-122 — စူရာ အတ်-တောင်ဘ

118وَعَلَى الثَّلَاثَةِ الَّذِينَ خُلِّفُوا حَتَّىٰ إِذَا ضَاقَتْ عَلَيْهِمُ الْأَرْضُ بِمَا رَحُبَتْ وَضَاقَتْ عَلَيْهِمْ أَنفُسُهُمْ وَظَنُّوا أَن لَّا مَلْجَأَ مِنَ اللَّهِ إِلَّا إِلَيْهِ ثُمَّ تَابَ عَلَيْهِمْ لِيَتُوبُوا ۚ إِنَّ اللَّهَ هُوَ التَّوَّابُ الرَّحِيمُ
ထိုအတူ(ထိုအရှင်မြတ်သည်)အကြင် (သာဝက)သုံးဦးတို့ အပေါ်၌လည်း (ကရုဏာတော် နှင့်လှည့်တော်မူခဲ့၏)ထိုသုံးဦးတို့သည် (မည်သို့မျှ အဆုံးအဖြတ်ကို မရရှိကြသေးဘဲ)ရွှေ့ဆိုင်းခြင်း ခံခဲ့ကြရလေရာ၊ နောက်ဆုံးတွင် ပထဝီမြေသည်ဤမျှကျယ်ဝန်းပါလျက်နှင့်ပင် ၎င်းတို့အပေါ်၌ ကျဉ်းကျပ်လာလေတော့၏။ ထို့ပြင် ၎င်းတို့အသက် ထင်ရှားရှိနေခြင်းသည်ပင် ၎င်းတို့အပေါ်၌ ကျပ်တည်းခဲယဉ်းလာခဲ့လေသည်။ ထိုမှတစ်ပါး ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်(၏အမျက်တော်)မှလွတ်ကင်းရန် ထိုအရှင်မြတ်အထံတော်မှတစ်ပါး အခြားမည်သည့် ခိုကိုးရာဌာနမျှမရှိသည်ကို ယုံကြည်လာခဲ့ကြလေသည်။ထို့နောက် ထိုအရှင်မြတ်သည် ၎င်းတို့ (အနာဂတ်ကာလများတွင်လည်း ပြစ်မှု ကျူးလွန်မိတိုင်း အရှင်မြတ်အထံတော်သို့)ပြန်လှည့်နိုင်ကြ ခြင်းငှာ ၎င်းတို့ပေါ်၌ ကရုဏာတော်နှင့် လှည့်တော်မူခဲ့လေသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်ကရုဏာတော်နှင့်လှည့်တော်မူသောအရှင်၊ အလွန်တရာသနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
119يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَكُونُوا مَعَ الصَّادِقِينَ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ ထို့ပြင် အသင်တို့သည် သစ္စာဝါဒီတို့နှင့်အတူ ရှိကြလေကုန်။ သစ္စာဝါဒီနှင့်အတူ နေထိုင်ကြလေကုန်။
120مَا كَانَ لِأَهْلِ الْمَدِينَةِ وَمَنْ حَوْلَهُم مِّنَ الْأَعْرَابِ أَن يَتَخَلَّفُوا عَن رَّسُولِ اللَّهِ وَلَا يَرْغَبُوا بِأَنفُسِهِمْ عَن نَّفْسِهِ ۚ ذَٰلِكَ بِأَنَّهُمْ لَا يُصِيبُهُمْ ظَمَأٌ وَلَا نَصَبٌ وَلَا مَخْمَصَةٌ فِي سَبِيلِ اللَّهِ وَلَا يَطَئُونَ مَوْطِئًا يَغِيظُ الْكُفَّارَ وَلَا يَنَالُونَ مِنْ عَدُوٍّ نَّيْلًا إِلَّا كُتِبَ لَهُم بِهِ عَمَلٌ صَالِحٌ ۚ إِنَّ اللَّهَ لَا يُضِيعُ أَجْرَ الْمُحْسِنِينَ
မဒီနာမြို့သားတို့အဖို့လည်းကောင်း၊ ထိုသူတို့၏ပတ်ဝန်းကျင်၌ရှိကြသော အရဗ်ကျေးတော သားတို့အဖို့လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားစွန့်၍ နောက်ကျန်ရစ်ခဲ့ကြရန်မသင့်လျော်ခဲ့ချေ။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အသက်ဇီဝိန်များကို ထိုရစူလ်တမန်တော်မြတ်၏ အသက်ဇီဝိန်ထက် ပိုမို၍ နှစ်သက်ကြရန်လည်း မထိုက်ပေ။ဤ(ကဲ့သို့နောက်ချန်ရစ်ခဲ့ခြင်းမပြုဘဲ ရစူလ်တမန်တော်မြတ်နှင့်အတူလိုက်ကြရန် အမိန့်ပြဋ္ဌာန်းတော်မ�ခြင်း၏) အကြောင်းကား ထိုသူတို့၌ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် မည်သည့် ရေမွတ်သိပ်ခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိသော်၊ ထိုမှတစ်ပါး မည်သည့်ပင်ပန်းခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိ သော်၊ထိုမှတစ်ပါး မည်သည့်ဆာလောင်ခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိသော်၊ ထိုမှတစ်ပါး ၎င်းတို့သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား အမျက်ဒေါသထွက်စေသည့် မည်သည့် သွားလာမှုကိုမဆို သွားလာကြသည်ရှိသော်၊ ထို့ပြင် ၎င်းတို့သည်ရန်သူတစ်ဦးဦးထံမှ (ရန်သူ၏တပ်လန် ခြင်းကိုသော်လည်းကောင်း၊ထိုသူတို့ထံမှ လက်ရပစ္စည်းကိုသော်လည်းကောင်း၊ ဒဏ်ရာဒဏ်ချက်ကို သော်လည်းကောင်း၊ ဖမ်းဆီးခြင်းခံရခြင်းကိုသော်လည်းကောင်း၊ ရရှိ(ခံစား)ခဲ့ကြရသည်ရှိသော် ၎င်းတို့အဖို့ခံစားကြရသော ထိုအချက်အသီးသီးနှင့်စပ်လျဉ်း၍ ကောင်းမြတ်သောအပြုအမူတရပ်သည် ရေးသားခြင်း ခံခဲ့ကြရသည်ချည်းသာတည်း။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အကျင့်သီလ ကောင်းမြတ်သောသူတို့၏ အကျိုးကို အချည်းနှီးဖြစ်စေတော်မူသည် မဟုတ်ချေ။
121وَلَا يُنفِقُونَ نَفَقَةً صَغِيرَةً وَلَا كَبِيرَةً وَلَا يَقْطَعُونَ وَادِيًا إِلَّا كُتِبَ لَهُمْ لِيَجْزِيَهُمُ اللَّهُ أَحْسَنَ مَا كَانُوا يَعْمَلُونَ
၎င်းအပြင် ထိုသူတို့သည် အသေးအဖွဲ သုံးစွဲခြင်းကိုလည်းကောင်း၊ အကြီးအကျယ် သုံးစွဲခြင်းကို လည်းကောင်း၊သုံးစွဲကြသည်ရှိသော်၊ ထို့အတူ ထိုသူတို့သည် မည်သည့်တောင်ကြားအရပ် တစ်ရပ်ရပ်ကိုမဆို ဖြတ်ကျော်ကြသည်ရှိသော်၊ထိုသူတို့အဖို့ ရေးသားထားရှိပြီး ဖြစ်ခဲ့သည်သာတည်း။ (ယင်းကဲ့သို့ ရေးသား၍ထားရှိခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည်ထိုသူတို့အား ထိုသူတို့၏အပြုအမူများနှင့်စပ်လျဉ်း၍အကောင်းဆုံးသောအကျိုးကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူခြင်းငှာ ဖြစ်ချေသည်။
122۞ وَمَا كَانَ الْمُؤْمِنُونَ لِيَنفِرُوا كَافَّةً ۚ فَلَوْلَا نَفَرَ مِن كُلِّ فِرْقَةٍ مِّنْهُمْ طَائِفَةٌ لِّيَتَفَقَّهُوا فِي الدِّينِ وَلِيُنذِرُوا قَوْمَهُمْ إِذَا رَجَعُوا إِلَيْهِمْ لَعَلَّهُمْ يَحْذَرُونَ
စင်စစ်သော်ကား ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့သည် တစ်ယောက်မကျန် (စစ်တလင်းသို့) ထွက်ကြရန်(လည်း) မထိုက်ချေ။ သို့ဖြစ်ပေရာ ၎င်းတို့ အနက် အုပ်စုတိုင်းမှလူတစ်စုသည်သာလျှင် (စစ်တလင်းသို့)ထွက်ကြရပေမည်။ သို့မှသာလျှင် (ကျန်လူတို့မှာ) ဒီန်သာသနာ နှင့်စပ်လျဉ်း၍ (အသိပညာများကို) သင်ယူဆည်းပူးနိုင်ကြပေမည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အမျိုးသားတို့အား (စစ်တလင်းမှ) မိမိတို့ထံပြန်လည် ရောက်ရှိလာခဲ့ကြသောအခါ(အလ္လာဟ်အရှင်မြတ်၏အမိန့်ပညတ်တော်များကို ဟောကြားခြင်းအားဖြင့်) သတိပေးနှိုးဆော်နိုင်ကြပေမည်။ သို့မှသာလျှင် ထိုအမျိုးသားတို့သည်(ပြစ်မှုဒုစရိုက်တို့မှ) ရှောင်ရှားတန်ကြရာ ကုန်သတည်း။
အတ်-တောင်ဘကုရ်အာန် ညွှန်းကိန်း
129အာယာသ်
MedinanRevelation
120အာယာသ်

ဘာသာပြန် — အတ်-တောင်ဘ 120

စူရာ အတ်-တောင်ဘ အာယာသ် 120 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မဒီနာမြို့သားတို့အဖို့လည်းကောင်း၊ ထိုသူတို့၏ပတ်ဝန်းကျင်၌ရှိကြသော အရဗ်ကျေးတော သားတို့အဖို့လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားစွန့်၍ နောက်ကျန်ရစ်ခဲ့ကြရန်မသင့်လျော်ခဲ့ချေ။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အသက်ဇီဝိန်များကို…

စူရာ အာယာသ် 120/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 118–122. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers