ယူနူစ် · 47/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
وَلِكُلِّ أُمَّةٍ رَّسُولٌ ۖ فَإِذَا جَاءَ رَسُولُهُمْ قُضِيَ بَيْنَهُم بِالْقِسْطِ وَهُمْ لَا يُظْلَمُونَ ۝٤٧
Wa likulli ummatir Rasoolun fa izaa jaaa`a Rasooluhum qudiya bainahum bilqisti wa hum laa yuzlamoon
📖 မြန်မာဘာသာ
စင်စစ်သော်ကား လူမျိုးတိုင်းအဖို့ တမန်တော်တစ်ပါးသည် ရှိခဲ့လေသည်။ တစ်ဖန် 4င်းတို့တမန်တော်ရောက်ရှိခဲ့သောအခါ ၎င်း တို့၏ အကြားတွင် တရားမျှ တစွာပင် စီရင်ဆုံးဖြတ်ပြီး ဖြစ်ခဲ့သည်သာတည်း။ ထို့ပြင် ၎င်း တို့သည်မတရားပြုလုပ်ခြင်းကို လုံးဝခံကြရသည် မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ ဤအာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
  • أُمَّةٍ (အုမ္မသ်) — လူမျိုးစု၊ လူ့အဖွဲ့အစည်း၊ သာသနာဝင်အုပ်စုဟု အဓိပ္ပာယ်ရပါသည်။ ဤနေရာတွင် ရှေးခေတ်ကာလက ဖြတ်သန်းသွားခဲ့ကြသော လူမျိုးအသီးသီးကို ဆိုလိုပါသည်။
  • رَسُولٌ (ရစူလ်) — အလ္လာဟ်အရှင်မြတ်ထံတော်မှ စေလွှတ်တော်မူခြင်းခံရသော တမန်တော်၊ သတင်းဆောင်ယူလာသူဟု အဓိပ္ပာယ်ရပါသည်။
  • قُضِيَ (ကုဒွီယ) — စီရင်ဆုံးဖြတ်ခြင်းခံရသည်၊ ဆုံးဖြတ်ချက်ချပြီးဖြစ်သည်ဟု အဓိပ္ပာယ်ရပါသည်။
  • بِالْقِسْطِ (ဗိလ်ကိသွ်) — တရားမျှတစွာ၊ မျှတမှုဖြင့်ဟု အဓိပ္ပာယ်ရပါသည်။
  • يُظْلَمُونَ (ယွဇ်လမူန) — မတရားပြုခြင်းခံရသည်၊ အနိုင်ကျင့်ခံရသည်ဟု အဓိပ္ပာယ်ရပါသည်။
  1. ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် လူသားအားလုံးအား ရှင်းလင်းစွာ မိန့်ကြားတော်မူသည်မှာ ရှေးကာလက ဖြတ်သန်းသွားခဲ့ကြသော လူမျိုးတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းအတွက် တမန်တော်တစ်ပါးစီ စေလွှတ်တော်မူခဲ့သည်ဟူသော အချက်ဖြစ်ပါသည်။ ထိုတမန်တော်များသည် အလ္လာဟ်အရှင်မြတ်၏ သာသနာတော်သို့ ဖိတ်ခေါ်ရန်၊ အရှင်မြတ်အား နာခံကိုးကွယ်ရန် လမ်းညွှန်ရန် စေလွှတ်ခြင်းခံခဲ့ကြရပါသည်။ မုဟမ္မဒ်(ဆွ)တမန်တော်မြတ်ကို ဤလူ့လောကသားများထံ စေလွှတ်တော်မူသကဲ့သို့ပင် ရှေးလူမျိုးများထံလည်း သက်ဆိုင်ရာ တမန်တော်များကို စေလွှတ်တော်မူခဲ့ပါသည်။

ထို့နောက် တမန်တော်တစ်ပါးစီသည် မိမိတို့၏ လူမျိုးများထံ ရောက်ရှိလာပြီး အလ္လာဟ်အရှင်မြတ်၏ သတင်းစကားကို ပို့ချပြီးသောအခါ၊ ထိုလူမျိုးများက တမန်တော်များကို မဟုတ်မမှန်စွာ ငြင်းပယ်ကြသည့်အခါ၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အကြားတွင် တရားမျှတစွာ စီရင်ဆုံးဖြတ်တော်မူပါသည်။ သစ္စာရှိသူများကို အရှင်မြတ်၏ ကရုဏာတော်ဖြင့် ကယ်တင်တော်မူပြီး၊ မဟုတ်မမှန်ငြင်းပယ်သူများကို အရှင်မြတ်၏ တရားမျှတမှုဖြင့် ဖျက်ဆီးတော်မူပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ၎င်းတို့၏ လုပ်ရပ်များအတွက် မတရားပြုခြင်းခံရမည် မဟုတ်ပါ။ ဆိုလိုသည်မှာ သက်သေအထောက်အထား မရှိဘဲ၊ သတိပေးနှ



📜 အာယာသ် 45-49 — စူရာ ယူနူစ်

45وَيَوْمَ يَحْشُرُهُمْ كَأَن لَّمْ يَلْبَثُوا إِلَّا سَاعَةً مِّنَ النَّهَارِ يَتَعَارَفُونَ بَيْنَهُمْ ۚ قَدْ خَسِرَ الَّذِينَ كَذَّبُوا بِلِقَاءِ اللَّهِ وَمَا كَانُوا مُهْتَدِينَ
ထို့ပြင် (အသင်သည် ၎င်း တို့အား) အကြင်နေ့ကို သတိပေးပါလေ။ ထိုနေ့တွင် ထိုအရှင်မြတ်သည် ၎င်း တို့အားစုရုံးတော်မူပေမည်။ ထိုအခါ ၎င်း တို့သည်(မိမိတို့မှာ လောကတွင်) နေ့၏တစ်နာရီခန့်မျှသာ နေခဲ့ကြရသည်(ဟု ထင်မှတ်ကြပေမည်)။ ၎င်း တို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦးလည်းမှတ်မိကြပေမည်။ (သို့သော်ငြားလည်း တစ်ဦးသည်တစ်ဦးအဖို့အသုံးကျမည် မဟုတ်ချေ)။ အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံခြင်းကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူတို့သည် ဧကန်မလွဲကျိုးယုတ်ဆုံးရှုံးကြခဲ့လေပြီတကား။ စင်စစ်သော်ကား ၎င်း တို့သည် တရားလမ်းမှန်ကို ရရှိအံ့သောသူများ မဟုတ်ခဲ့ကြပေ။
46وَإِمَّا نُرِيَنَّكَ بَعْضَ الَّذِي نَعِدُهُمْ أَوْ نَتَوَفَّيَنَّكَ فَإِلَيْنَا مَرْجِعُهُمْ ثُمَّ اللَّهُ شَهِيدٌ عَلَىٰ مَا يَفْعَلُونَ
စင်စစ်သော်ကား အကယ်၍ ငါအရှင်မြတ်သည်၎င်း တို့အား ငါအရှင်မြတ် ကတိထားတော်မူခဲ့သော ပြစ်ဒဏ်အချို့ကို အသင့်အား ပြတော်မူသည် ဖြစ်စေ၊ သို့တည်းမဟုတ်ငါအရှင်မြတ်သည် အသင့်အား(ထိုပြစ်ဒဏ်မကျရောက်မီ)သေဆုံးတော်မူသည်ဖြစ်စေ၊ နောက်ဆုံးတွင် ၎င်း တို့၏ပြန်လည်ရာဌာနသည် ငါအရှင်မြတ်ထံတော်၌ပင်ရှိပေသည်။ ပြီးနောက်အလ္လာဟ်အရှင်မြတ်သည် ၎င်း တို့ပြုလုပ် ကြသည်တို့ ကိုလည်းသိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
47وَلِكُلِّ أُمَّةٍ رَّسُولٌ ۖ فَإِذَا جَاءَ رَسُولُهُمْ قُضِيَ بَيْنَهُم بِالْقِسْطِ وَهُمْ لَا يُظْلَمُونَ
စင်စစ်သော်ကား လူမျိုးတိုင်းအဖို့ တမန်တော်တစ်ပါးသည် ရှိခဲ့လေသည်။ တစ်ဖန် 4င်းတို့တမန်တော်ရောက်ရှိခဲ့သောအခါ ၎င်း တို့၏ အကြားတွင် တရားမျှ တစွာပင် စီရင်ဆုံးဖြတ်ပြီး ဖြစ်ခဲ့သည်သာတည်း။ ထို့ပြင် ၎င်း တို့သည်မတရားပြုလုပ်ခြင်းကို လုံးဝခံကြရသည် မဟုတ်ပေ။
48وَيَقُولُونَ مَتَىٰ هَٰذَا الْوَعْدُ إِن كُنتُمْ صَادِقِينَ
ထိုမှတစ်ပါး ၎င်း တို့က အကယ်၍ အသင်တို့သည် မှန်ကန်စွာ ပြောဆိုသော သစ္စာဝါဒီများ ဖြစ်ကြပါလျှင်ဤ(ပြစ်ဒဏ်ကျရောက်ခြင်းနှင့်စပ်လျဉ်းသည့်) ကတိသည် မည်သည့်အခါ၌ အတည်ဖြစ်အံ့နည်းဟု ပြောဆိုကြကုန်သတည်း။
49قُل لَّا أَمْلِكُ لِنَفْسِي ضَرًّا وَلَا نَفْعًا إِلَّا مَا شَاءَ اللَّهُ ۗ لِكُلِّ أُمَّةٍ أَجَلٌ ۚ إِذَا جَاءَ أَجَلُهُمْ فَلَا يَسْتَأْخِرُونَ سَاعَةً ۖ وَلَا يَسْتَقْدِمُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အားဤသို့)ပြောကြားပါလေ။ ငါသည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသော အရေးကိစ္စမှတစ်ပါး မိမိကိုယ်နှင့် ပတ်သက်၍မည်သည့်ကျိုးယုတ်၊ ဆုံးရှုံးစေခြင်းကိုမျှလည်းကောင်း၊ မည်သည့်အကျိုးကျေးဇူး ဖြစ်ထွန်းစေခြင်းကိုမျှလည်းကောင်း၊ ပိုင်ဆိုင်သည် မဟုတ်ပေ။ လူမျိုးတိုင်းတွင် သတ်မှတ်ပိုင်းခြားအပ်သော အချိန်ကာလသည်ရှိ၏။ ၎င်း တို့၏ သတ်မှတ်ပိုင်းခြားအပ်သော အချိန်ကာလ ရောက်ရှိလာသောအခါ ၎င်း တို့သည်တစ်နာရီခန့်မျှပင် ရွှေ့ဆိုင်းနိုင်ကြသည်လည်း မဟုတ်၊။စောနိုင်ကြသည်လည်း မဟုတ်ချေ။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
47အာယာသ်

ဘာသာပြန် — ယူနူစ် 47

စူရာ ယူနူစ် အာယာသ် 47 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား လူမျိုးတိုင်းအဖို့ တမန်တော်တစ်ပါးသည် ရှိခဲ့လေသည်။ တစ်ဖန် 4င်းတို့တမန်တော်ရောက်ရှိခဲ့သောအခါ ၎င်း တို့၏ အကြားတွင် တရားမျှ…

စူရာ အာယာသ် 47/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 45–49. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 31, 2026

Don't forget us in your sincere prayers