وَمَا تَكُونُ فِي شَأْنٍ وَمَا تَتْلُو مِنْهُ مِن قُرْآنٍ وَلَا تَعْمَلُونَ مِنْ عَمَلٍ إِلَّا كُنَّا عَلَيْكُمْ شُهُودًا إِذْ تُفِيضُونَ فِيهِ ۚ وَمَا يَعْزُبُ عَن رَّبِّكَ مِن مِّثْقَالِ ذَرَّةٍ فِي الْأَرْضِ وَلَا فِي السَّمَاءِ وَلَا أَصْغَرَ مِن ذَٰلِكَ وَلَا أَكْبَرَ إِلَّا فِي كِتَابٍ مُّبِينٍ ٦١
🔤 Transliteration
Wa maa takoonu fee shaaninw wa maa tatloo minhu min quraaninw wa laa ta`maloona min `amalin illaa kunnaa `alaikum shuhoodan iz tufeedoona feeh; wa maa ya`zubu `ar Rabbika mim mis qaali zarratin fil ardi wa laa fis samaaa`i wa laaa asghara min zaalika wa laaa akbara illaa fee Kitaabim Mubeen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် မည်သည့်အခြေအနေ၌မဆို ရှိနေသည်ကိုလည်းကောင်း၊ ထို အခြေအနေတွင် အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်သရဇ္ဈယ်လျက် ရှိနေသည်ကိုလည်းကောင်း၊ အသင်တို့သည်မည်သည့် အလုပ်မျိုးကိုမဆို ပြုလုပ်လျက် ရှိနေကြသည်ကိုလည်းကောင်း၊ အသင်တို့ ထိုကိစ္စကို အာရုံစိုက်၍ စတင်�ောင်ရွက်ကြသောအချိန်အခါတွင် ငါအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် အသိသက်သေ ဖြစ်တော်မူသည်သာတည်း။ စင်စစ်သော်ကား ပထဝီမြေ၌လည်းကောင်း၊ မိုးကောင်းကင်၌လည်းကောင်း၊ ရှိသည့်အနည်းငယ် စိုးစဉ်းမျှ(သောအရာဝတ္ထု)သည်ပင်လျှင် အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(၏အသိ)မှ ပျောက်ကွယ်နေသည်မဟုတ်ပေ။ ထိုမှတစ်ပါးယင်း ထက်သေးငယ်သော(အရာဝတ္ထုသည်)လည်းကောင်း၊(ယင်းထက်)ကြီးသော(အရာဝတ္ထုသည်)လည်းကောင်း၊ ထင်ရှားစွာသော (မှတ်တမ်းတော်စာအုပ်တွင်ရေးသားပြီး)ရှိနေသည်သာတည်း။
🌐 Additional reference in ภาษาไทย
ကမ္မသဒ္ဒါနည်းအရ ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ် شَأْنٍ (ရှအ်န်) — အရေး၊ ကိစ္စ၊ လုပ်ငန်းတစ်ခုခု تَتْلُو (တတ်လူ) — ဖတ်ရွတ်သည် شُهُودًا (ရှုဟူဒါ) — မြင်တွေ့သိရှိသူများ၊ သက်သေများ تُفِيضُونَ (တုဖီဒူန) — လုပ်ငန်းတစ်ခုထဲ ဝင်ရောက်လုပ်ကိုင်ကြသည်၊ နှစ်မြှုပ်ကြသည် يَعْزُبُ (ယအ်ဇုဗု) — ကွယ်ပျောက်သည်၊ လွတ်ကင်းသည် مِثْقَالِ ذَرَّةٍ (မိစ်ကာလိ ဇရ္ရဟ်) — အနုမြူတစ်ခု၏ အလေးချိန်၊ အလွန်သေးငယ်သော အရာ၏ အလေးချိန် كِتَابٍ مُّبِينٍ (ကိတာဗိန် မုဗီန်) — ထင်ရှားလှသော မှတ်တမ်းစာအုပ် (လောင်ဟုလ် မဟ်ဖူးဇ်) အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အို တမန်တော်မုဟမ္မဒ်၊ အသင်သည် မည်သည့်ကိစ္စတွင်မဆို ရှိနေသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကုရ်အာန်ကျမ်းတော်မြတ်ကို ဖတ်ရွတ်နေသည်ဖြစ်စေ၊ သင်တို့ (မုအ်မင်န်တို့) သည် မည်သည့်ကောင်းမှုကိုမဆို ပြုလုပ်နေကြသည်ဖြစ်စေ၊ ထိုကိစ္စများထဲ သင်တို့ ဝင်ရောက်လုပ်ကိုင်နေကြချိန်တွင် ငါအရှင်မြတ်သည် သင်တို့အပေါ် မြင်တွေ့သိရှိသူများ၊ သက်သေများအဖြစ် အမြဲရှိနေတော်မူသည်။
ထို့ပြင် အသင်တို့၏ အရှင်မြတ်၏ အသိပညာတော်မှ မြေပြင်ပေါ်တွင်ဖြစ်စေ၊ မိုးကောင်းကင်တွင်ဖြစ်စေ၊ အနုမြူတစ်ခု၏ အလေးချိန်မျှသော အရာသည်ပင် ကွယ်ပျောက်လွတ်ကင်းသည် မရှိပေ။ ထို့ထက် သေးငယ်သောအရာ၊ ထို့ထက် ကြီးမားသောအရာဟူ၍လည်း မရှိပေ။ အားလုံးသည် ထင်ရှားလှသော မှတ်တမ်းစာအုပ်တွင် ရေးမှတ်ထားပြီးဖြစ်သည်။
ရှင်းလင်းချက် — အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်၏ ကိစ္စအဝဝကိုလည်းကောင်း၊ မုအ်မင်န်တို့၏ လုပ်ရပ်အားလုံးကိုလည်းကောင်း အချိန်တိုင်း မြင်တွေ့ကြားသိတော်မူသည်။ မည်သည့်အရာမျှ အရှင်မြတ်၏ အသိပညာတော်မှ လွတ်ကင်းသည် မရှိပေ။ အနုမြူအရွယ်မျှသော အသေးဆုံးအရာမှသည် အကြီးမားဆုံးအရာအထိ အားလုံးကို လောင်ဟုလ် မဟ်ဖူးဇ် (ကာကွယ်ထိန်းသိမ်းထားသော မှတ်တမ်းစာအုပ်) တွင် အသေးစိတ် ရေးမှတ်ထားတော်မူသည်။ ဤအချက်သည် အလ္လာဟ်အရှင်မြတ်၏ အဆုံးမဲ့ အသိပညာတော်နှင့် အကြွင်းမဲ့ စောင့်ကြည့်တော်မူခြင်းကို ထင်ရှားစွာ ဖော်ပြသည်။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
وَمَا تَكُونُ فِي شَأۡنٍ وَمَا تَتۡلُواْ مِنۡهُ مِن قُرۡءَانٍ وَلَا تَعۡمَلُونَ مِنۡ عَمَلٍ إِلَّا كُنَّا عَلَيۡكُمۡ شُهُودًا إِذۡ تُفِيضُونَ فِيهِۚ وَمَا يَعۡزُبُ عَن رَّبِّكَ مِن مِّثۡقَالِ ذَرَّةٍ فِي ٱلۡأَرۡضِ وَلَا فِي ٱلسَّمَآءِ وَلَآ أَصۡغَرَ مِن ذَٰلِكَ وَلَآ أَكۡبَرَ إِلَّا فِي كِتَٰبٍ مُّبِينٍ ٦١
(အို-နဗီတမန်တော်) အသင်သည် မည်သည့်အခြေအနေ၌မဆို ရှိနေသည်ကိုလည်းကောင်း၊ ထို အခြေအနေတွင် အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်သရဇ္ဈယ်လျက် ရှိနေသည်ကိုလည်းကောင်း၊ အသင်တို့သည်မည်သည့် အလုပ်မျိုးကိုမဆို ပြုလုပ်လျက် ရှိနေကြသည်ကိုလည်းကောင်း၊ အသင်တို့ ထိုကိစ္စကို အာရုံစိုက်၍ စတင်�ောင်ရွက်ကြသောအချိန်အခါတွင် ငါအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် အသိသက်သေ ဖြစ်တော်မူသည်သာတည်း။ စင်စစ်သော်ကား ပထဝီမြေ၌လည်းကောင်း၊ မိုးကောင်းကင်၌လည်းကောင်း၊ ရှိသည့်အနည်းငယ် စိုးစဉ်းမျှ(သောအရာဝတ္ထု)သည်ပင်လျှင် အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(၏အသိ)မှ ပျောက်ကွယ်နေသည်မဟုတ်ပေ။ ထိုမှတစ်ပါးယင်း ထက်သေးငယ်သော(အရာဝတ္ထုသည်)လည်းကောင်း၊(ယင်းထက်)ကြီးသော(အရာဝတ္ထုသည်)လည်းကောင်း၊ ထင်ရှားစွာသော (မှတ်တမ်းတော်စာအုပ်တွင်ရေးသားပြီး)ရှိနေသည်သာတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 59-63 — စူရာ ယူနူစ်
59 قُلْ أَرَأَيْتُم مَّا أَنزَلَ اللَّهُ لَكُم مِّن رِّزْقٍ فَجَعَلْتُم مِّنْهُ حَرَامًا وَحَلَالًا قُلْ آللَّهُ أَذِنَ لَكُمْ ۖ أَمْ عَلَى اللَّهِ تَفْتَرُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အားဤသို့)ပြောကြားပါလေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူခဲ့သော စားနပ်ရိက္ခာတို့ကို၊ ထို(သို့ချပေးသနားတော်မူပြီး) နောက်တွင် အသင်တို့သည် ယင်းစားနပ်ရိက္ခာများ အနက်မှ အချို့ကိုဟရာမ်(စားပိုင်ခွင့်မရှိ)ဟူ၍လည်းကောင်း၊ အချို့ကိုဟလာလ(စားပိုင်ခွင့် ရှိသည်)ဟူ၍လည်းကောင်း၊ သတ်မှတ်ခဲ့ကြသည်ကို စေ့စေ့စဉ်းစား ဆင်ခြင်ပြီး ဖြစ်ကြလေသလော။ (အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား ဤသို့) ပြောဆိုမေးမြန်းပါလေ။ အသို့ပါနည်း၊အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ခွင့်ပြုတော် မူခဲ့ပါသလော၊ သို့တည်းမဟုတ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ လီဆယ် စွပ်စွဲကြလေသလော။
60 وَمَا ظَنُّ الَّذِينَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ يَوْمَ الْقِيَامَةِ ۗ إِنَّ اللَّهَ لَذُو فَضْلٍ عَلَى النَّاسِ وَلَٰكِنَّ أَكْثَرَهُمْ لَا يَشْكُرُونَ
ထိုု့ပြင်အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုလီဆယ်စွပ်စွဲကြကုန်သော သူတို့၏ ထင်မြင်ယူဆချက်သည်ကိယာမသ်ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်း၍ မည်သို့ရှိပါသနည်း။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူတို့အပေါ်၌အမှန်ပင် ကျေးဇူးတော်ရှင် ဖြစ်တော်မူပေသည်။ သို့ရာတွင်၎င်း တို့ အနက်အများဆုံးသော သူတို့မူကား ကျေးဇူးတော်ကိုမသိတတ်ကြချေ။
61 وَمَا تَكُونُ فِي شَأْنٍ وَمَا تَتْلُو مِنْهُ مِن قُرْآنٍ وَلَا تَعْمَلُونَ مِنْ عَمَلٍ إِلَّا كُنَّا عَلَيْكُمْ شُهُودًا إِذْ تُفِيضُونَ فِيهِ ۚ وَمَا يَعْزُبُ عَن رَّبِّكَ مِن مِّثْقَالِ ذَرَّةٍ فِي الْأَرْضِ وَلَا فِي السَّمَاءِ وَلَا أَصْغَرَ مِن ذَٰلِكَ وَلَا أَكْبَرَ إِلَّا فِي كِتَابٍ مُّبِينٍ
(အို-နဗီတမန်တော်) အသင်သည် မည်သည့်အခြေအနေ၌မဆို ရှိနေသည်ကိုလည်းကောင်း၊ ထို အခြေအနေတွင် အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်သရဇ္ဈယ်လျက် ရှိနေသည်ကိုလည်းကောင်း၊ အသင်တို့သည်မည်သည့် အလုပ်မျိုးကိုမဆို ပြုလုပ်လျက် ရှိနေကြသည်ကိုလည်းကောင်း၊ အသင်တို့ ထိုကိစ္စကို အာရုံစိုက်၍ စတင်�ောင်ရွက်ကြသောအချိန်အခါတွင် ငါအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် အသိသက်သေ ဖြစ်တော်မူသည်သာတည်း။ စင်စစ်သော်ကား ပထဝီမြေ၌လည်းကောင်း၊ မိုးကောင်းကင်၌လည်းကောင်း၊ ရှိသည့်အနည်းငယ် စိုးစဉ်းမျှ(သောအရာဝတ္ထု)သည်ပင်လျှင် အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(၏အသိ)မှ ပျောက်ကွယ်နေသည်မဟုတ်ပေ။ ထိုမှတစ်ပါးယင်း ထက်သေးငယ်သော(အရာဝတ္ထုသည်)လည်းကောင်း၊(ယင်းထက်)ကြီးသော(အရာဝတ္ထုသည်)လည်းကောင်း၊ ထင်ရှားစွာသော (မှတ်တမ်းတော်စာအုပ်တွင်ရေးသားပြီး)ရှိနေသည်သာတည်း။
62 أَلَا إِنَّ أَوْلِيَاءَ اللَّهِ لَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
(အို-ကြားနာသူ အပေါင်းတို့ အသင်တို့သည်)သတိပြုကြလေကုန်။ အလ္လာဟ်အရှင်မြတ်၏ အဆွေတော်တို့အပေါ်၌မူကား တစ်စုံတစ်ရာကြောက်ရွံ့စိုးရိမ်ဖွယ်ရာလည်းရှိလိမ့်မည်မဟုတ်ပေ၊ ထို့ပြင် ၎င်း တို့သည် ဝမ်းနည်းပူဆွေးကြမည်လည်းမဟုတ်ချေ။
63 الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ
၎င်း (အဆွေတော်)တို့သည် အကြင်သူတို့ပင်ထိုသူတို့သည် အီမာန်ယုံကြည်မှုထားရှိကြသည့်ပြင် (ပြစ်မှုဒုစရိုက်များမှလည်း) ရှောင်ကြဉ်လျက် ရှိခဲ့ကြကုန်သတည်း။
ဘာသာပြန် — ယူနူစ် 61 စူရာ ယူနူစ် အာယာသ် 61 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် မည်သည့်အခြေအနေ၌မဆို ရှိနေသည်ကိုလည်းကောင်း၊ ထို အခြေအနေတွင် အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်သရဇ္ဈယ်လျက် ရှိနေသည်ကိုလည်းကောင်း၊…
စူရာ အာယာသ် 61/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 59–63. မြန်မာဘာသာ: ภาษาไทย.