ယူနူစ် · 60/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
وَمَا ظَنُّ الَّذِينَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ يَوْمَ الْقِيَامَةِ ۗ إِنَّ اللَّهَ لَذُو فَضْلٍ عَلَى النَّاسِ وَلَٰكِنَّ أَكْثَرَهُمْ لَا يَشْكُرُونَ ۝٦٠
Wa maa zannul lazeena yaftaroona `alal laahil kaziba Yawmal Qiyaamah; innal laaha lazoo fadlin `alan naasi wa laakinna aksarahum laa yashkuroon
📖 မြန်မာဘာသာ
ထိုု့ပြင်အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုလီဆယ်စွပ်စွဲကြကုန်သော သူတို့၏ ထင်မြင်ယူဆချက်သည်ကိယာမသ်ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်း၍ မည်သို့ရှိပါသနည်း။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူတို့အပေါ်၌အမှန်ပင် ကျေးဇူးတော်ရှင် ဖြစ်တော်မူပေသည်။ သို့ရာတွင်၎င်း တို့ အနက်အများဆုံးသော သူတို့မူကား ကျေးဇူးတော်ကိုမသိတတ်ကြချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ခက်ခဲသောစကားလုံးများ၏အဓိပ္ပာယ်
  • ဇန်န် (ظَنّ): ထင်မြင်ချက်၊ ခန့်မှန်းချက်၊ ယူဆချက်။
  • ယဖ်တရူန (يَفْتَرُونَ): လုပ်ကြံဖန်တီးကြသည်၊ မဟုတ်မမှန်လုပ်ကြံပြောဆိုကြသည်။
  • ကသိဗ (الْكَذِب): မုသား၊ မမှန်သောစကား။
  • ဖဒ်ွလ် (فَضْل): ကျေးဇူးတော်၊ ကရုဏာတော်၊ ဆုကျေးဇူး။
  • လာ ယရှ်ကုရူန (لَا يَشْكُرُونَ): ကျေးဇူးမတင်ကြ၊ ကျေးဇူးမဆပ်ကြ။
  1. အာယသ်တော်၏အနက်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်အပေါ် မုသားလုပ်ကြံဖန်တီး၍ ပြောဆိုကြသူများသည် ကိယာမသ်နေ့တွင် မိမိတို့နှင့်ပတ်သက်၍ မည်သို့ထင်မြင်ယူဆကြသနည်း။ သူတို့သည် မိမိတို့၏လုပ်ကြံမှုအတွက် အပြစ်ဒဏ်မခံရမည်ဟု ထင်မှတ်နေကြသလော။ သို့မဟုတ် အလ္လာဟ်အရှင်မြတ်သည် သူတို့အား ခွင့်လွှတ်တော်မူမည်ဟု မျှော်လင့်နေကြသလော။ ထိုသို့သောထင်မြင်ချက်သည် အလွန်မှားယွင်းလှပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူသားတို့အပေါ် ကြီးမားသောကျေးဇူးတော်နှင့် ကရုဏာတော်ကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်တော်မူသည်။ ထိုကျေးဇူးတော်ကြောင့်ပင် မုသားလုပ်ကြံသူများကို လောကီဘဝတွင် ချက်ချင်းအပြစ်ဒဏ်မပေးဘဲ ခေတ္တရွှေ့ဆိုင်းပေးတော်မူပြီး တောင်းပန်အသနားခံရန် အခွင့်အလမ်းပေးတော်မူသည်။ သို့သော် လူသားအများစုသည် အလ္လာဟ်အရှင်မြတ်၏ ထိုကဲ့သို့သောကျေးဇူးတော်များကို ကျေးဇူးမတင်ကြပေ။ သူတို့သည် ကျေးဇူးတော်ကို မသိမမြင်ဘဲ မေ့လျော့နေကြသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်အပေါ် မုသားလုပ်ကြံခြင်းသည် အလွန်ကြီးလေးသော အပြစ်ဖြစ်သည်။ ထိုသို့သောသူများသည် ကိယာမသ်နေ့တွင် အပြစ်ဒဏ်ခံရမည်ကို သတိရှိရမည်။
  • အလ္လာဟ်အရှင်မြတ်သည် လူသားတို့အပေါ် မည်မျှကျေးဇူးပြုတော်မူသည်ကို ဤအာယသ်တော်က ဖော်ပြသည်။ ချက်ချင်းအပြစ်ဒဏ်မပေးဘဲ အခွင့်အလမ်းပေးခြင်းသည် ကြီးမားသောကျေးဇူးတော်ဖြစ်သည်။
  • လူသားအများစုသည် ကျေးဇူးမတင်ကြခြင်းသည် ဝမ်းနည်းဖွယ်ရာဖြစ်သည်။ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို အမြဲသတိရပြီး ကျေးဇူးတင်ရမည်။
  • အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်တော်မူသောအရှင်၊ ကရုဏာတော်ရှင်ဖြစ်တော်မူသည်။ မိမိအမှားများကို ဝန်ခံပြီး တောင်းပန်ပါက ခွင့်လွှတ


📜 အာယာသ် 58-62 — စူရာ ယူနူစ်

58قُلْ بِفَضْلِ اللَّهِ وَبِرَحْمَتِهِ فَبِذَٰلِكَ فَلْيَفْرَحُوا هُوَ خَيْرٌ مِّمَّا يَجْمَعُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့ အားဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကြောင့်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကရုဏာတော်ကြောင့်လည်းကောင်း၊ ဤသည်တို့ကိုအကြောင်းပြု၍ လူသားတို့သည်ဝမ်းမြောက်သင့်ကြပေသည်။ ထို(ကျေးဇူးတော်ကရုဏာတော်)သည်ကား ၎င်း တို့ စုဆောင်းလျက်ရှိကုန်သော (လောကီ)ဥစ္စာပစ္စည်းများထက် လွန်စွာပိုမို၍ ကောင်း မြတ်ပေသတည်း။
59قُلْ أَرَأَيْتُم مَّا أَنزَلَ اللَّهُ لَكُم مِّن رِّزْقٍ فَجَعَلْتُم مِّنْهُ حَرَامًا وَحَلَالًا قُلْ آللَّهُ أَذِنَ لَكُمْ ۖ أَمْ عَلَى اللَّهِ تَفْتَرُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အားဤသို့)ပြောကြားပါလေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူခဲ့သော စားနပ်ရိက္ခာတို့ကို၊ ထို(သို့ချပေးသနားတော်မူပြီး) နောက်တွင် အသင်တို့သည် ယင်းစားနပ်ရိက္ခာများ အနက်မှ အချို့ကိုဟရာမ်(စားပိုင်ခွင့်မရှိ)ဟူ၍လည်းကောင်း၊ အချို့ကိုဟလာလ(စားပိုင်ခွင့် ရှိသည်)ဟူ၍လည်းကောင်း၊ သတ်မှတ်ခဲ့ကြသည်ကို စေ့စေ့စဉ်းစား ဆင်ခြင်ပြီး ဖြစ်ကြလေသလော။ (အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား ဤသို့) ပြောဆိုမေးမြန်းပါလေ။ အသို့ပါနည်း၊အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ခွင့်ပြုတော် မူခဲ့ပါသလော၊ သို့တည်းမဟုတ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ လီဆယ် စွပ်စွဲကြလေသလော။
60وَمَا ظَنُّ الَّذِينَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ يَوْمَ الْقِيَامَةِ ۗ إِنَّ اللَّهَ لَذُو فَضْلٍ عَلَى النَّاسِ وَلَٰكِنَّ أَكْثَرَهُمْ لَا يَشْكُرُونَ
ထိုု့ပြင်အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုလီဆယ်စွပ်စွဲကြကုန်သော သူတို့၏ ထင်မြင်ယူဆချက်သည်ကိယာမသ်ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်း၍ မည်သို့ရှိပါသနည်း။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူတို့အပေါ်၌အမှန်ပင် ကျေးဇူးတော်ရှင် ဖြစ်တော်မူပေသည်။ သို့ရာတွင်၎င်း တို့ အနက်အများဆုံးသော သူတို့မူကား ကျေးဇူးတော်ကိုမသိတတ်ကြချေ။
61وَمَا تَكُونُ فِي شَأْنٍ وَمَا تَتْلُو مِنْهُ مِن قُرْآنٍ وَلَا تَعْمَلُونَ مِنْ عَمَلٍ إِلَّا كُنَّا عَلَيْكُمْ شُهُودًا إِذْ تُفِيضُونَ فِيهِ ۚ وَمَا يَعْزُبُ عَن رَّبِّكَ مِن مِّثْقَالِ ذَرَّةٍ فِي الْأَرْضِ وَلَا فِي السَّمَاءِ وَلَا أَصْغَرَ مِن ذَٰلِكَ وَلَا أَكْبَرَ إِلَّا فِي كِتَابٍ مُّبِينٍ
(အို-နဗီတမန်တော်) အသင်သည် မည်သည့်အခြေအနေ၌မဆို ရှိနေသည်ကိုလည်းကောင်း၊ ထို အခြေအနေတွင် အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်သရဇ္ဈယ်လျက် ရှိနေသည်ကိုလည်းကောင်း၊ အသင်တို့သည်မည်သည့် အလုပ်မျိုးကိုမဆို ပြုလုပ်လျက် ရှိနေကြသည်ကိုလည်းကောင်း၊ အသင်တို့ ထိုကိစ္စကို အာရုံစိုက်၍ စတင်�ောင်ရွက်ကြသောအချိန်အခါတွင် ငါအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် အသိသက်သေ ဖြစ်တော်မူသည်သာတည်း။ စင်စစ်သော်ကား ပထဝီမြေ၌လည်းကောင်း၊ မိုးကောင်းကင်၌လည်းကောင်း၊ ရှိသည့်အနည်းငယ် စိုးစဉ်းမျှ(သောအရာဝတ္ထု)သည်ပင်လျှင် အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(၏အသိ)မှ ပျောက်ကွယ်နေသည်မဟုတ်ပေ။ ထိုမှတစ်ပါးယင်း ထက်သေးငယ်သော(အရာဝတ္ထုသည်)လည်းကောင်း၊(ယင်းထက်)ကြီးသော(အရာဝတ္ထုသည်)လည်းကောင်း၊ ထင်ရှားစွာသော (မှတ်တမ်းတော်စာအုပ်တွင်ရေးသားပြီး)ရှိနေသည်သာတည်း။
62أَلَا إِنَّ أَوْلِيَاءَ اللَّهِ لَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
(အို-ကြားနာသူ အပေါင်းတို့ အသင်တို့သည်)သတိပြုကြလေကုန်။ အလ္လာဟ်အရှင်မြတ်၏ အဆွေတော်တို့အပေါ်၌မူကား တစ်စုံတစ်ရာကြောက်ရွံ့စိုးရိမ်ဖွယ်ရာလည်းရှိလိမ့်မည်မဟုတ်ပေ၊ ထို့ပြင် ၎င်း တို့သည် ဝမ်းနည်းပူဆွေးကြမည်လည်းမဟုတ်ချေ။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
60အာယာသ်

ဘာသာပြန် — ယူနူစ် 60

စူရာ ယူနူစ် အာယာသ် 60 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုု့ပြင်အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုလီဆယ်စွပ်စွဲကြကုန်သော သူတို့၏ ထင်မြင်ယူဆချက်သည်ကိယာမသ်ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်း၍ မည်သို့ရှိပါသနည်း။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူတို့အပေါ်၌အမှန်ပင် ကျေးဇူးတော်ရှင် ဖြစ်တော်မူပေသည်။…

စူရာ အာယာသ် 60/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 58–62. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers