အီဗ်ရာဟီမ် · 10/52
ဘာသာပြန် အသံနိုင်ငံ — စူရာ အီဗ်ရာဟီမ်
۞ قَالَتْ رُسُلُهُمْ أَفِي اللَّهِ شَكٌّ فَاطِرِ السَّمَاوَاتِ وَالْأَرْضِ ۖ يَدْعُوكُمْ لِيَغْفِرَ لَكُم مِّن ذُنُوبِكُمْ وَيُؤَخِّرَكُمْ إِلَىٰ أَجَلٍ مُّسَمًّى ۚ قَالُوا إِنْ أَنتُمْ إِلَّا بَشَرٌ مِّثْلُنَا تُرِيدُونَ أَن تَصُدُّونَا عَمَّا كَانَ يَعْبُدُ آبَاؤُنَا فَأْتُونَا بِسُلْطَانٍ مُّبِينٍ ۝١٠
Qaalat Rusuluhum afillaahi shakkun faatiris samaawaati wal ardi yad`ookum liyaghfira lakum min zunoobikum wa yu`akhkhirakum ilaaa ajalim musam maa; qaaloo in antum illaa basharum mislunaa tureedoona an tasuddoonaa `ammaa kaana ya`budu aabaaa`unaa faatoonaa bisul taanim mubeen
📖 မြန်မာဘာသာ
၎င်းတို့၏ ရစူလ်တမန်တော်များက(၎င်းတို့အား)အသို့ပါနည်း၊ (အသင်တို့၌)အလ္လာဟ် အရှင်မြတ်နှင့်ပတ်သက်၍ ဒွိဟသံသယ ရှိနေပါသလော။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ဖန်ဆင်းတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့၏ပြစ်မှုများမှလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော် မူအံ့သောငှာလည်းကောင်း၊ အသင်တို့အား ကန့်သတ်ထားသော အချိန်ကာလတိုင်အောင် ရွှေ့ဆိုင်းတော်မူအံ့သောငှာ လည်းကောင်း၊ဖိတ်ခေါ်တော်မူလေသည်ဟု ပြောဆိုဖြေကြားခဲ့လေသည်။ (ထိုရောအခါဝယ်) ၎င်းတို့က (မိမိတို့၏ ရစူလ်တမန်တော်များအားဤသို့တုံ့ပြန်)ပြောဆိုကြလေသည်။ အသင်တို့သည်ကျွန်ုပ်တို့ကဲ့သို့ပင် လူသားမျှသာဖြစ်ကြပေသည်။ အသင်တို့သည် ကျွန်ုပ်တို့အား၊ ကျွန်ုပ်တို့၏အဖ၊ ဘိုးဘေးများ ကိုးကွယ်လျက်ရှိခဲ့ကြသည်ကိုမှ ပိတ်ပင်တားဆီးရန် ကြံရွယ်ကြပေသည်။သို့ဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်တို့ထံ ထင်ရှားသော တန်ခိုးပြာဋိဟာကို ယူဆောင်ခဲ့ကြလေကုန်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • ဖွာသိရိ (فَاطِرِ) — ဖန်ဆင်းတော်မူသောအရှင်၊ ပုံစံငါးမူမရှိဘဲ အဦးမှ ဖန်ဆင်းတော်မူသောအရှင်။
  • အာဂျလင်မုစမ္မန် (أَجَلٍ مُّسَمًّى) — သတ်မှတ်ပြီးဖြစ်သော အချိန်ကာလ၊ ဆိုလိုသည်မှာ သေဆုံးရမည့်အချိန်။
  • ဆုလ်သွာနင်မုဗီးန် (سُلْطَانٍ مُّبِينٍ) — ထင်ရှားလေးနက်သော သက်သေအထောက်အထား၊ ရှင်းလင်းသော အထောက်အထား။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော်များက မိမိတို့၏ လူမျိုးများအား ပြန်လည်ဖြေကြားခဲ့ကြသည်။ “အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ဆည်းကပ်ရာတွင် သံသယရှိစရာ တစ်စုံတစ်ရာ ရှိပါသလော။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီကို ပုံစံငါးမူမရှိဘဲ အဦးမှ ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူသည်။ ထိုအရှင်မြတ်သည် သင်တို့အား ခေါ်ဖိတ်တော်မူသည်မှာ သင်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူရန်နှင့် သတ်မှတ်ထားသော အချိန်ကာလတစ်ခုအထိ သင်တို့အား ရွှေ့ဆိုင်းပေးတော်မူရန် ဖြစ်သည်။”

ထိုအခါ သူတို့၏ လူမျိုးများက “သင်တို့သည် ကျွန်ုပ်တို့နှင့် တူညီသော လူသားများသာ ဖြစ်ကြသည်။ ကျွန်ုပ်တို့ထက် မည်သည့် ထူးခြားမှုမျှ မရှိကြပါ။ ကျွန်ုပ်တို့၏ ဘိုးဘေးများ ကိုးကွယ်ခဲ့ကြသော အရာများမှ ကျွန်ုပ်တို့အား လမ်းလွဲစေလိုကြသည်။ သို့ဖြစ်လျှင် သင်တို့၏ ပြောဆိုချက် မှန်ကန်ကြောင်း ထင်ရှားသော အထောက်အထား တစ်ခုကို ကျွန်ုပ်တို့ထံ ယူဆောင်လာကြပါ” ဟု ဆိုကြသည်။

ရှင်းလင်းစွာ ဆိုရသော် တမန်တော်များသည် မိမိတို့လူမျိုးများအား “အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကို ကိုးကွယ်ဆည်းကပ်ရာတွင် သံသယဖြစ်စရာ အကြောင်း မည်သို့မျှ မရှိပါ။ အကြောင်းမှာ ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီကို မည်သည့် ပုံစံငါးမူမျှ မရှိဘဲ အဦးမှ ဖန်ဆင်းတော်မူသော ဖန်ဆင်းရှင် ဖြစ်တော်မူသည်။ ထိုအရှင်မြတ်သည် သင်တို့အား အီမာန်ယုံကြည်မှုသို့ ခေါ်ဖိတ်တော်မူခြင်းမှာ သင်တို့၏ အတိတ်အပြစ်များကို ခွင့်လွှတ်တော်မူရန်နှင့် သင်တို့၏ သတ်မှတ်ထားသော သက်တမ်းကာလအထိ ရွှေ့ဆိုင်းပေးတော်မူရန် ဖြစ်သည်။ သင်တို့အား လောကီဘဝတွင် အပြစ်ဒဏ်ပေးတော်မူမည် မဟုတ်ပါ” ဟု



📜 အာယာသ် 8-12 — စူရာ အီဗ်ရာဟီမ်

8وَقَالَ مُوسَىٰ إِن تَكْفُرُوا أَنتُمْ وَمَن فِي الْأَرْضِ جَمِيعًا فَإِنَّ اللَّهَ لَغَنِيٌّ حَمِيدٌ
ထို့ပြင် (နဗီတမန်တော်)မူစာသည်(မိမိအမျိုးသားတို့အားဤသို့)ပြောကြားခဲ့လေသည်။ (အချင်းတို့)အကယ်၍ အသင်တို့နှင့်တကွ ကမ္ဘာမြေဝယ် ရှိသမျှသော သူခပ်သိမ်းတို့သည် ကျေးဇူးကန်းကြပါသော်လည်း၊(ထိုအရှင်မြတ်၌ တစ်စုံတစ်ရာကျိုးယုတ်မှု အလျှင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော်)ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်းကင်းမဲ့တော်မူသောအရှင်၊ ချီးမွမ်းဖွယ် ဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
9أَلَمْ يَأْتِكُمْ نَبَأُ الَّذِينَ مِن قَبْلِكُمْ قَوْمِ نُوحٍ وَعَادٍ وَثَمُودَ ۛ وَالَّذِينَ مِن بَعْدِهِمْ ۛ لَا يَعْلَمُهُمْ إِلَّا اللَّهُ ۚ جَاءَتْهُمْ رُسُلُهُم بِالْبَيِّنَاتِ فَرَدُّوا أَيْدِيَهُمْ فِي أَفْوَاهِهِمْ وَقَالُوا إِنَّا كَفَرْنَا بِمَا أُرْسِلْتُم بِهِ وَإِنَّا لَفِي شَكٍّ مِّمَّا تَدْعُونَنَا إِلَيْهِ مُرِيبٍ
အသင်တို့ထံ အသင်တို့အလျင် ရှိခဲ့ကြဘူး သောနူးဟ်၏အမျိုးသားများ၊ အာဒ်အမျိုးသားများ၊ ဆမူဒ်အမျိုးသားများနှင့် ၎င်းတို့နောက်တွင် ရှိခဲ့ဖူးကြ သောသူတို့၏သတင်းသည် မရောက်ရှိခဲ့လေသလော။ ၎င်းတို့အား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အတိအကျ မည်သူမျှမသိပေ။ ၎င်းတို့ထံ ၎င်းတို့၏ရစူလ်တမန်တော်များသည် ထင်ရှားသောသက်သေသာဓကများကို ယူဆောင်လာခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့သည်မိမိတို့၏လက်များကို ယင်းရစူလ်တမန်တော်များ၏ ပါးစပ်များထဲသို့(တစ်နည်း) မိမိတို့၏ ပါးစပ်များထဲသို့ တွန်းထိုးခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့က(ဤသို့)ပြောဆိုခဲ့ကြကုန်၏။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် အကြင်အရာကို ငြင်းပယ်ခဲ့ကြလေပြီ။အသင်တို့သည် ထိုအရာနှင့်တကွ စေလွှတ်ခြင်းခံခဲ့ကြရလေသည်။ ၎င်းပြင် ဧကန်မလွဲ ကျွန်ုပ်တို့သည် အကြင်အရာနှင့်စပ်လျဉ်း၍ ယုံမှားသံသယဖြစ်စေသော ဒွိဟ၌ပင်ရှိကြပေသည်။အသင်တို့သည် ကျွန်ုပ်တို့အား ထိုအရာဘက်သို့ ဖိတ်ခေါ်လျက်ရှိကြကုန်သည်။
10۞ قَالَتْ رُسُلُهُمْ أَفِي اللَّهِ شَكٌّ فَاطِرِ السَّمَاوَاتِ وَالْأَرْضِ ۖ يَدْعُوكُمْ لِيَغْفِرَ لَكُم مِّن ذُنُوبِكُمْ وَيُؤَخِّرَكُمْ إِلَىٰ أَجَلٍ مُّسَمًّى ۚ قَالُوا إِنْ أَنتُمْ إِلَّا بَشَرٌ مِّثْلُنَا تُرِيدُونَ أَن تَصُدُّونَا عَمَّا كَانَ يَعْبُدُ آبَاؤُنَا فَأْتُونَا بِسُلْطَانٍ مُّبِينٍ
၎င်းတို့၏ ရစူလ်တမန်တော်များက(၎င်းတို့အား)အသို့ပါနည်း၊ (အသင်တို့၌)အလ္လာဟ် အရှင်မြတ်နှင့်ပတ်သက်၍ ဒွိဟသံသယ ရှိနေပါသလော။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ဖန်ဆင်းတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့၏ပြစ်မှုများမှလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော် မူအံ့သောငှာလည်းကောင်း၊ အသင်တို့အား ကန့်သတ်ထားသော အချိန်ကာလတိုင်အောင် ရွှေ့ဆိုင်းတော်မူအံ့သောငှာ လည်းကောင်း၊ဖိတ်ခေါ်တော်မူလေသည်ဟု ပြောဆိုဖြေကြားခဲ့လေသည်။ (ထိုရောအခါဝယ်) ၎င်းတို့က (မိမိတို့၏ ရစူလ်တမန်တော်များအားဤသို့တုံ့ပြန်)ပြောဆိုကြလေသည်။ အသင်တို့သည်ကျွန်ုပ်တို့ကဲ့သို့ပင် လူသားမျှသာဖြစ်ကြပေသည်။ အသင်တို့သည် ကျွန်ုပ်တို့အား၊ ကျွန်ုပ်တို့၏အဖ၊ ဘိုးဘေးများ ကိုးကွယ်လျက်ရှိခဲ့ကြသည်ကိုမှ ပိတ်ပင်တားဆီးရန် ကြံရွယ်ကြပေသည်။သို့ဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်တို့ထံ ထင်ရှားသော တန်ခိုးပြာဋိဟာကို ယူဆောင်ခဲ့ကြလေကုန်။
11قَالَتْ لَهُمْ رُسُلُهُمْ إِن نَّحْنُ إِلَّا بَشَرٌ مِّثْلُكُمْ وَلَٰكِنَّ اللَّهَ يَمُنُّ عَلَىٰ مَن يَشَاءُ مِنْ عِبَادِهِ ۖ وَمَا كَانَ لَنَا أَن نَّأْتِيَكُم بِسُلْطَانٍ إِلَّا بِإِذْنِ اللَّهِ ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
၎င်းတို့အား ၎င်းတို့၏ ရစူလ်တမန်တော်များက(ဤသို့)ပြောဆိုဖြေကြားခဲ့ပေသည်။ (အချင်းတို့၊ဧကန်မလွဲ)ငါတို့သည် အသင်တို့ကဲ့သို့ပင် လူသားများသာဖြစ်ကြပေသည်။သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များအနက်မှ မိမိအလိုရှိတော်မူသောသူအပေါ်၌ ကျေးဇူးပြုတော်မူလေ့ရှိပေသည်။ စင်စစ်သော်ကား ငါတို့၌ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်ဖြင့်မှတစ်ပါး အသင်တို့ထံ တန်ခိုးပြာဋိဟာ တစ်စုံတစ်ခုကိုယူဆောင်လာကြရန် အခွင့်အာဏာမရှိပေ။ အမှန်သော်ကားမုအ်မင်န် သက်ဝင် ယုံကြည်သူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် အားကိုးအားထား ယုံပုံလွှဲအပ်ကြရာကုန်သတည်း။
12وَمَا لَنَا أَلَّا نَتَوَكَّلَ عَلَى اللَّهِ وَقَدْ هَدَانَا سُبُلَنَا ۚ وَلَنَصْبِرَنَّ عَلَىٰ مَا آذَيْتُمُونَا ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُتَوَكِّلُونَ
စင်စစ်သော်ကား ငါတိုသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံပုံလွှဲအပ်ထားခြင်းကို မပြုကြရန် ငါတို့၌ မည်သည့်အကြောင်းရှိပါသနည်း။ အမှန်သော်ကား ထိုအရှင်မြတ်သည် ငါတို့အား ငါတို့၏ (အကျိုးဖြစ်ထွန်းစေမည့်) လမ်းများကိုညွှန်ကြား ပြသတော်မူခဲ့လေသည်။ ၎င်းပြင် အမှန်ပင် ငါတို့သည် အသင်တို့ ငါတို့အား ဘေးဒုက္ခပေးခဲ့ကြသည်များနှင့်စပ်လျဉ်း၍ မုချသည်းခံကြရတော့မည် ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အမှန်စင်စစ် ယုံပုံလွှဲအပ် အားကိုးအားထားသူတို့သည် အလ္လာဟ်အရှင်မြတ် အပေါ်၌သာလျှင် ယုံပုံလွှဲအပ်အားကိုးအားထား ပြုလုပ်ကြရာ ကုန်သတည်း။
အီဗ်ရာဟီမ်ကုရ်အာန် ညွှန်းကိန်း
52အာယာသ်
MeccanRevelation
10အာယာသ်

ဘာသာပြန် — အီဗ်ရာဟီမ် 10

စူရာ အီဗ်ရာဟီမ် အာယာသ် 10 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းတို့၏ ရစူလ်တမန်တော်များက(၎င်းတို့အား)အသို့ပါနည်း၊ (အသင်တို့၌)အလ္လာဟ် အရှင်မြတ်နှင့်ပတ်သက်၍ ဒွိဟသံသယ ရှိနေပါသလော။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ဖန်ဆင်းတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ထိုအရှင်မြတ်သည်…

စူရာ အာယာသ် 10/52 — စူရာ အီဗ်ရာဟီမ် إبراهيم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အီဗ်ရာဟီမ် နားထောင်, စူရာ အီဗ်ရာဟီမ် ဘာသာပြန်, စူရာ အီဗ်ရာဟီမ် mp3, စူရာ အီဗ်ရာဟီမ် pdf. အာယာသ် 8–12. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, November 20, 2026

Don't forget us in your sincere prayers