အလ်-အစ်ရာ · 5/111
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အစ်ရာ
فَإِذَا جَاءَ وَعْدُ أُولَاهُمَا بَعَثْنَا عَلَيْكُمْ عِبَادًا لَّنَا أُولِي بَأْسٍ شَدِيدٍ فَجَاسُوا خِلَالَ الدِّيَارِ ۚ وَكَانَ وَعْدًا مَّفْعُولًا ۝٥
Fa-izaa jaaa`a wa`duoolaahumaa ba`asnaaa `alykurr `ibaadai-lanaaa ulee baasin shadeedin fajaasoo khilaalad diyaar; wa kaana wa`dam maf`oolaa
📖 မြန်မာဘာသာ
တစ်ဖန် ထိုနှစ်ကြိမ်အနက် ပထမအကြိမ် (ပျက်စီးရာပျက်စီးကြောင်းကို အသင်တို့ ပြုလုပ်ခဲ့ ကြသည့်)အတွက်ချိန်းချက်ထားသော ပြစ်ဒဏ်(ကျရောက်ရန်အချိန်)သည် ဆိုက်ရောက်လာသောအခါ ငါအရှင်မြတ်သည် အလွန်အမင်း တိုက်ခိုက်ကြသော မိမိကျွန်များကို အသင်တို့အပေါ်ဝယ် နိုင်လိုမင်းထက် ပြုမူစေတော်မူပေမည်။ ထိုအခါ၎င်းတို့သည် (အသင်တို့အား ဖျက်ဆီးသတ်ဖြတ်ကြရန် အသင်တို့၏) နေအိမ်များအတွင်းသို့ဝင်ရောက်ကြပေမည်။ စင်စစ်သော်ကား(ငါအရှင်မြတ်၏ ဤချိန်းချက်မှုသည် မုချ) ပြီးမြောက် အောင်မြင်မည့်ချိန်းချက်မှုပင် ဖြစ်ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 3-7 — စူရာ အလ်-အစ်ရာ

3ذُرِّيَّةَ مَنْ حَمَلْنَا مَعَ نُوحٍ ۚ إِنَّهُ كَانَ عَبْدًا شَكُورًا
အို-အကြင်သူတို့၏ သားမြေးအပေါင်းတို့၊ ငါအရှင်မြတ်သည် ထိုသူတို့အား (နဗီတမန်တော်)နူဟ် နှင့်အတူ(သင်္ဘောပေါ်သို့)တင်ဆောင်တော်မူခဲ့လေသည်။ (အသင်တို့သည် အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းဖြစ်တော်မူကြောင်းကိုသက်ဝင်ယုံကြည်ကြလေကုန်။ မလွဲဧကန် ထို(နဗီတမန်တော်)နူဟ်သည် ကျေးဇူးတော်ကို အလွန်သိတတ်သော ကျွန်တစ်ပါးဖြစ်ခဲ့ပေသတည်း။
4وَقَضَيْنَا إِلَىٰ بَنِي إِسْرَائِيلَ فِي الْكِتَابِ لَتُفْسِدُنَّ فِي الْأَرْضِ مَرَّتَيْنِ وَلَتَعْلُنَّ عُلُوًّا كَبِيرًا
စင်စစ်သော်ကား ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်တို့ထံ(သောင်ရာတ်)ကျမ်းတော်၌(�သို့)စီရင်ပြဋ္ဌာန်း(ချက်ကိုပေးပို့)တော်မူခဲ့လေသည်။ (အို-အီစ်ရာအီလီမျိုးနွယ်တို့၊) မုချစင်စစ် အသင်တို့သည် တိုင်းပြည်တွင် နှစ်ကြိမ်တိုင်တိုင် ပျက်စီးရာ ပျက်စီးကြောင်းကို ပြုလုပ်ကြပေမည်။ ထိုမှတစ်ပါး ဧကန်မလွဲ အသင်တို့သည် အကြီးအကျယ် ရက်စက်စွာအုပ်စိုးမှုဖြင့်လည်း အုပ်စိုးကြပေမည်။
5فَإِذَا جَاءَ وَعْدُ أُولَاهُمَا بَعَثْنَا عَلَيْكُمْ عِبَادًا لَّنَا أُولِي بَأْسٍ شَدِيدٍ فَجَاسُوا خِلَالَ الدِّيَارِ ۚ وَكَانَ وَعْدًا مَّفْعُولًا
တစ်ဖန် ထိုနှစ်ကြိမ်အနက် ပထမအကြိမ် (ပျက်စီးရာပျက်စီးကြောင်းကို အသင်တို့ ပြုလုပ်ခဲ့ ကြသည့်)အတွက်ချိန်းချက်ထားသော ပြစ်ဒဏ်(ကျရောက်ရန်အချိန်)သည် ဆိုက်ရောက်လာသောအခါ ငါအရှင်မြတ်သည် အလွန်အမင်း တိုက်ခိုက်ကြသော မိမိကျွန်များကို အသင်တို့အပေါ်ဝယ် နိုင်လိုမင်းထက် ပြုမူစေတော်မူပေမည်။ ထိုအခါ၎င်းတို့သည် (အသင်တို့အား ဖျက်ဆီးသတ်ဖြတ်ကြရန် အသင်တို့၏) နေအိမ်များအတွင်းသို့ဝင်ရောက်ကြပေမည်။ စင်စစ်သော်ကား(ငါအရှင်မြတ်၏ ဤချိန်းချက်မှုသည် မုချ) ပြီးမြောက် အောင်မြင်မည့်ချိန်းချက်မှုပင် ဖြစ်ပေသတည်း။
6ثُمَّ رَدَدْنَا لَكُمُ الْكَرَّةَ عَلَيْهِمْ وَأَمْدَدْنَاكُم بِأَمْوَالٍ وَبَنِينَ وَجَعَلْنَاكُمْ أَكْثَرَ نَفِيرًا
ထို့နောက် ငါအရှင်မြတ်သည် အသင်တို့အား၎င်းတို့အပေါ်၌ (လွှမ်းမိုးရန်) အလှည့်ပြန်ပေးတော်မူမည်။ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အား ပစ္စည်းဥစ္စာများဖြင့်လည်းကောင်း၊ သား(သမီး)များဖြင့်လည်းကောင်း၊ ကူညီစောင်မတော်မူမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့အားလူစုလူရုံး အားဖြင့်လည်း (လူဦးရေ)မြားမြောင်သော လူစုလူရုံးဖြစ်စေတော်မူပေမည်။
7إِنْ أَحْسَنتُمْ أَحْسَنتُمْ لِأَنفُسِكُمْ ۖ وَإِنْ أَسَأْتُمْ فَلَهَا ۚ فَإِذَا جَاءَ وَعْدُ الْآخِرَةِ لِيَسُوءُوا وُجُوهَكُمْ وَلِيَدْخُلُوا الْمَسْجِدَ كَمَا دَخَلُوهُ أَوَّلَ مَرَّةٍ وَلِيُتَبِّرُوا مَا عَلَوْا تَتْبِيرًا
အကယ်၍ အသင်တို့သည် အကောင်းပြုခဲ့ကြသည်ရှိသော် မိမိတို့ကိုယ်များအဖို့ အကောင်းပြုကြမည်သာ။သို့ရာတွင် အကယ်၍ အသင်တို့သည် အဆိုးပြုခဲ့ကြပါလျှင်လည်း မိမိတို့ကိုယ်များနှင့် ဆန့်ကျင်(၍ ပြုကြ)မည်သာတည်း။တစ်ဖန် ဒုတိယအကြိမ် (ပျက်စီးရာပျက်စီးကြောင်းကို အသင်တို့ပြုလုပ်ခဲ့ကြသည့်) အတွက် ချိန်းချက်ထားသော ဒဏ်(ကျရောက်ရန်အချိန်)သည် ဆိုက်ရောက်လာသောအခါ (ငါအရှင်မြတ်သည် မိမိအခြားကျွန်များအား) ယင်းတို့သည် အသင်တို့၏မျက်နှာများကို ပျက်စီးညှိုးနွမ်းစေကြအံ့သောငှာ လည်းကောင်း၊ထိုသူတို့သည် ဗလီဝတ်ကျောင်းတော်သို့ ပထမအကြိမ် ဝင်ရောက်ခဲ့ကြသကဲ့သို့ ဝင်ရောက် ကြအံ့သောငှာလည်းကောင်း၊ယင်းတို့(လက်လှမ်းမီ) နိုင်နင်းသမျှသော အရာဝတ္ထုများကိုဖြိုခွင်းဖျက်ဆီး ကြအံ့သောငှာလည်းကောင်း၊ (အသင်တို့အပေါ်၌ လွှမ်းမိုးစေတော်မူမည်) ဖြစ်ပေသည်။
အလ်-အစ်ရာကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
5အာယာသ်

ဘာသာပြန် — အလ်-အစ်ရာ 5

စူရာ အလ်-အစ်ရာ အာယာသ် 5 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တစ်ဖန် ထိုနှစ်ကြိမ်အနက် ပထမအကြိမ် (ပျက်စီးရာပျက်စီးကြောင်းကို အသင်တို့ ပြုလုပ်ခဲ့ ကြသည့်)အတွက်ချိန်းချက်ထားသော ပြစ်ဒဏ်(ကျရောက်ရန်အချိန်)သည် ဆိုက်ရောက်လာသောအခါ ငါအရှင်မြတ်သည်…

စူရာ အာယာသ် 5/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 3–7. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers