အလ်-အစ်ရာ · 80/111
ဘာသာပြန် အသံနိုင်ငံ — အလ်-အစ်ရာ
وَقُل رَّبِّ أَدْخِلْنِي مُدْخَلَ صِدْقٍ وَأَخْرِجْنِي مُخْرَجَ صِدْقٍ وَاجْعَل لِّي مِن لَّدُنكَ سُلْطَانًا نَّصِيرًا ۝٨٠
Wa qur Rabbi adkhilnee mudkhala sidqinw wa akhrijnee mukhraja sidqinw waj`al lee milladunka sultaanan naseeraa
📖 မြန်မာဘာသာ
၎င်းပြင် အသင်သည် အို-ကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား (မဒီနဟ်မြို့တော်သို့) နှစ်သက်ကောင်းမွန်စွာဝင်ရောက်စေခြင်းမျိုးနှင့်ဝင်ရောက် စေတော်မူပါ။ ထိုနည်းတူစွာအရှင်မြတ်သည် ကျွန်တော်မျိုးအား (မက္ကဟ်မြို့တော်မှ)နှစ်သက်ကောင်းမွန်စွာ ထွက်စေခြင်းမျိုးနှင့် ထွက်စေတော်မူပါ။ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိအထံတော်မှ ကူညီစောင်မမည့် အားအင်စိုးမိုးမှုကို ချီးမြှင့်ပေးသနားတော်မူပါဟု လျှောက်ထားလျက်ရှိပါလေ။

🎧 နားထောင်


📜 အာယာသ် 78-82 — အလ်-အစ်ရာ

78أَقِمِ الصَّلَاةَ لِدُلُوكِ الشَّمْسِ إِلَىٰ غَسَقِ اللَّيْلِ وَقُرْآنَ الْفَجْرِ ۖ إِنَّ قُرْآنَ الْفَجْرِ كَانَ مَشْهُودًا
(အို-နဗီတမန်တော်) အသင်သည် နေမွန်းလွဲချိန်မှစ၍ ညဉ့်မှောင်ချိန်အထိ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။ ၎င်းပြင် မိုးသောက်ချိန် ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။ ဧကန်မလွဲ မိုးသောက်ချိန် ဆွလာတ်ဝတ်ပြုမှုသည် (မလာအိကဟ် ကောင်းကင်တမန်များ) လာရောက်ချိန်ပင် ဖြစ်ချေသတည်း။
79وَمِنَ اللَّيْلِ فَتَهَجَّدْ بِهِ نَافِلَةً لَّكَ عَسَىٰ أَن يَبْعَثَكَ رَبُّكَ مَقَامًا مَّحْمُودًا
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်ညဉ့်၌တစ်ဖန်တဟဂျွဒ်ဆွလာတ်ကိုလည်း မိမိ၌အပို(တာဝန်)အဖြစ် ဆောက်တည်ပါလေ။ အမှန်စင်စစ် အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မကာမု မဟ်မူဒ်သို့ အသင့်အား ပို့တော်မူအံ့သတည်း။
80وَقُل رَّبِّ أَدْخِلْنِي مُدْخَلَ صِدْقٍ وَأَخْرِجْنِي مُخْرَجَ صِدْقٍ وَاجْعَل لِّي مِن لَّدُنكَ سُلْطَانًا نَّصِيرًا
၎င်းပြင် အသင်သည် အို-ကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား (မဒီနဟ်မြို့တော်သို့) နှစ်သက်ကောင်းမွန်စွာဝင်ရောက်စေခြင်းမျိုးနှင့်ဝင်ရောက် စေတော်မူပါ။ ထိုနည်းတူစွာအရှင်မြတ်သည် ကျွန်တော်မျိုးအား (မက္ကဟ်မြို့တော်မှ)နှစ်သက်ကောင်းမွန်စွာ ထွက်စေခြင်းမျိုးနှင့် ထွက်စေတော်မူပါ။ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိအထံတော်မှ ကူညီစောင်မမည့် အားအင်စိုးမိုးမှုကို ချီးမြှင့်ပေးသနားတော်မူပါဟု လျှောက်ထားလျက်ရှိပါလေ။
81وَقُلْ جَاءَ الْحَقُّ وَزَهَقَ الْبَاطِلُ ۚ إِنَّ الْبَاطِلَ كَانَ زَهُوقًا
ထို့ပြင် အသင်သည် (ဤသို့) ပြောကြားပါလေ။အမှန်သည် ရောက်ရှိလာခဲ့ချေပြီ၊ ၎င်းပြင် အမှားသည် ပျောက်ကွယ်သွားခဲ့လေပြီ၊ ဧကန်မလွဲ အမှားသည် ကွယ်ပျောက်မည့်အရာပင် ဖြစ်ခဲ့ပေသတည်း။(ဟူ၍ဖြစ်၏)။
82وَنُنَزِّلُ مِنَ الْقُرْآنِ مَا هُوَ شِفَاءٌ وَرَحْمَةٌ لِّلْمُؤْمِنِينَ ۙ وَلَا يَزِيدُ الظَّالِمِينَ إِلَّا خَسَارًا
စင်စစ် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်တွင် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့၏ အနာရောဂါကင်းပျောက်စေသောအရာကို ချပေးသနားတော်မူလေသည်။ သို့ရာတွင် ထိုအရာသည် မတရားကျူးလွန်သူ တို့၌ ဆုံးရှုံးမှုမှတစ်ပါး(အခြားတစ်စုံတစ်ရာ) ကိုတိုးပွားစေခြင်း အလျင်းရှိမည်မဟုတ်ပေ။
အလ်-အစ်ရာကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
80အာယာသ်

ဘာသာပြန် — အလ်-အစ်ရာ 80

စူရာ အလ်-အစ်ရာ အာယာသ် 80 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အသင်သည် အို-ကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား (မဒီနဟ်မြို့တော်သို့) နှစ်သက်ကောင်းမွန်စွာဝင်ရောက်စေခြင်းမျိုးနှင့်ဝင်ရောက် စေတော်မူပါ။ ထိုနည်းတူစွာအရှင်မြတ်သည် ကျွန်တော်မျိုးအား…

စူရာ အာယာသ် 80/111 — အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-အစ်ရာ နားထောင်, အလ်-အစ်ရာ ဘာသာပြန်, အလ်-အစ်ရာ mp3, အလ်-အစ်ရာ pdf. အာယာသ် 78–82. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers