အလ်-ကဟ်ဖ် · 52/110
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကဟ်ဖ်
وَيَوْمَ يَقُولُ نَادُوا شُرَكَائِيَ الَّذِينَ زَعَمْتُمْ فَدَعَوْهُمْ فَلَمْ يَسْتَجِيبُوا لَهُمْ وَجَعَلْنَا بَيْنَهُم مَّوْبِقًا ۝٥٢
Wa Yawma yaqoolu naadoo shurakaaa`i yal lazeena za`amtum fada`awhum falam yastajeeboo lahum wa ja`alnaa bainahum maw biqaa
📖 မြန်မာဘာသာ
ထိုနည်းတူစွာ အကြင်နေ့ကိုလည်း(သတိ ထားကြလေကုန်) ထိုအရှင်မြတ်သည် (ထိုနေ့တွင် မုရှ်ရစ်က်တို့အား)အသင်တို့သည် မိမိတို့ယုံကြည်(ကိုးကွယ်)ခဲ့ကြသော ငါအရှင်မြတ်၏တွဲဖက်များကို ဟစ်ခေါ်ကြလေကုန်ဟု မိန့်ကြားတော်မူလေသောအခါ ၎င်းတို့သည် ယင်းတွဲဖက်များကို ဟစ်ခေါ်ကြပေမည်။ သို့ရာတွင် ယင်းတွဲဖက်များမှာမူကား ၎င်းတို့အားပြန်၍ထူးကြမည် မဟုတ်ပေ။ ၎င်းပြင် ငါအရှင်မြတ်သည် ယင်း(မုရှ်ရစ်က်တို့နှင့် ၎င်းတို့၏ကိုးကွယ်ရာ) တို့၏စပ်ကြားတွင်အကွယ်အကာတစ်ခု ချထားတော် မူပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မသဒ္ဒါများ၏ အဓိပ္ပာယ်များ
  • နာဒူ (نَادُوا): ခေါ်ကြပါ၊ အကူအညီတောင်းကြပါ။
  • ရှုရကာအီ (شُرَكَائِيَ): ငါနှင့်တွဲဖက်ထားသော ဘုရားများ။
  • ဇအာမ်တွမ် (زَعَمْتُمْ): သင်တို့ ထင်မှတ်ခဲ့ကြသည်။
  • ဖဒအောင်ဟွမ် (فَدَعَوْهُمْ): သူတို့သည် ထိုဘုရားများကို ခေါ်ကြသည်။
  • ဖလမ် ယသ်သဂျီဗူ (فَلَمْ يَسْتَجِيبُوا): သူတို့သည် ပြန်မဖြေကြပါ။
  • မောင်ဗိကန် (مَوْبِقًا): ပျက်စီးရာ၊ ဖျက်ဆီးတတ်သော နေရာ (ဤနေရာတွင် ငရဲမီး)။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော်မုဟမ္မဒ် (ဆွ) အား ဤသို့ ပြောပြပါ။ ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် ရုပ်တုကိုးကွယ်သူများအား ဤသို့ မိန့်တော်မူမည်။ သင်တို့သည် ငါအရှင်မြတ်နှင့် တွဲဖက်ထားခဲ့ကြသော ဘုရားများကို ခေါ်ကြပါ။ သူတို့သည် သင်တို့အား ကူညီနိုင်မည်လော၊ သင်တို့အတွက် ကယ်တင်နိုင်မည်လော ဟု စမ်းသပ်တော်မူမည်။ ထိုအခါ သူတို့သည် မိမိတို့ကိုးကွယ်ခဲ့ကြသော ရုပ်တုများ၊ ဘုရားများကို ခေါ်ကြမည်။ သို့သော် ထိုဘုရားများသည် သူတို့အား လုံးဝ ပြန်မဖြေကြပါ။ သူတို့အတွက် ကူညီခြင်း၊ ကယ်တင်ခြင်း၊ ထောက်ခံခြင်း မပြုနိုင်ကြပါ။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ကိုးကွယ်သူများနှင့် ကိုးကွယ်ခံရသူများ၏ အကြားတွင် ပျက်စီးရာ နေရာတစ်ခုကို ပြုလုပ်တော်မူမည်။ ထိုနေရာမှာ ငရဲမီးဖြစ်ပြီး ထိုသူအားလုံး အတူတကွ ပျက်စီးကြရမည်ဖြစ်သည်။ သူတို့သည် မိမိတို့ ကိုးကွယ်ခဲ့ကြသော ဘုရားများနှင့်အတူ ငရဲမီးထဲတွင် ကျဆင်းကြရမည်။ ထိုဘုရားများသည် သူတို့အား မည်သည့်အကူအညီမျှ မပေးနိုင်ကြပါ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူသည်။ မည်သည့်အရာမျှ ကိုယ်တော်နှင့် တွဲဖက်တုန်းတူ မဖြစ်နိုင်ပါ။
  • ရုပ်တုများ၊ သူတော်စင်များ၊ မည်သည့်ဖန်ဆင်းခံမျှ ကိယာမသ်နေ့တွင် ကူညီနိုင်မည် မဟုတ်ပါ။
  • လူသားသည် မိမိ၏ ကောင်းမှုကုသိုလ်များဖြင့်သာ ကယ်တင်ခြင်းရမည်။
  • အလ္လာဟ်အရှင်မြတ်သည် တရားစီရင်တော်မူသော အရှင်ဖြစ်ပြီး မည်သူမျှ ကိုယ်တော်၏ အမိန့်တော်ကို မလွန်ဆန်နိုင်ပါ။
  • ဤအာယသ်တော်သည် အစ္စလာမ်သာသနာတော်၏ အခြေခံ


📜 အာယာသ် 50-54 — စူရာ အလ်-ကဟ်ဖ်

50وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ كَانَ مِنَ الْجِنِّ فَفَسَقَ عَنْ أَمْرِ رَبِّهِ ۗ أَفَتَتَّخِذُونَهُ وَذُرِّيَّتَهُ أَوْلِيَاءَ مِن دُونِي وَهُمْ لَكُمْ عَدُوٌّ ۚ بِئْسَ لِلظَّالِمِينَ بَدَلًا
၎င်းပြင် (ပြန်လည်၍သတိရကြလေကုန်၊) တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် ကောင်းကင် တမန်တို့အားအသင်တို့သည် အာဒမ်၏အရှေ့ဝယ် ဦးချကြလေကုန် ဟုမိန့်ကြားတော်မူခဲ့ပေရာ အစ်ဗ်လိစ်မှတစ်ပါး ကောင်းကင် တမန်အပေါင်းတို့သည် ဦးချခဲ့ကြကုန်၏။ ယင်းအစ်ဗ်လီစ်မှာမူကားဂျင်(န်)သတ္တဝါတို့အနက်မှဖြစ်ခဲ့ရာ ၎င်းသည် မိမိအားဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်၏ အမိန့်တော်ကိုသွေဖည်ခဲ့လေ၏။ သို့ပါလျက် အသင်တို့သည် ငါအရှင်မြတ်အား စွန့်၍ ယင်းအစ်ဗ်လီစ်ကိုလည်းကောင်း၊ ယင်းအစ်ဗ်လီစ်၏သားမြေးတို့ကိုလည်းကောင်း၊ အဆွေခင်ပွန်းများပြုလုပ် ကြလေသလော။ အမှန်စင်စစ် ၎င်းတို့မှာမူကား အသင်တို့၏ရန်သူများပင်ဖြစ်ကြကုန်၏။ မတရား ကျူးလွန်သူ တို့၏အကျိုးသည်အလွန်ဆိုးရွားလှပေသည်တကား။
51۞ مَّا أَشْهَدتُّهُمْ خَلْقَ السَّمَاوَاتِ وَالْأَرْضِ وَلَا خَلْقَ أَنفُسِهِمْ وَمَا كُنتُ مُتَّخِذَ الْمُضِلِّينَ عَضُدًا
ငါအရှင်မြတ်သည် ယင်းရှိုင်တွာန်မိစ္ဆာကောင်တို့အား မိုးကောင်းကင်များကို ဖန်ဆင်းတော်မူရာ၌ လည်းကောင်း၊ ပထဝီမြေကို ဖန်ဆင်းတော်မူရာ၌လည်းကောင်း၊အဆင်သင့် ခေါ်ထားတော်မူခဲ့သည်မဟုတ်ပေ။ ထိုနည်းတူစွာ၎င်းတို့အား ဖန်ဆင်းတော်မူရာ၌လည်း(အဆင့်သင့်ခေါ်ထားခြင်းကိုပြုတော်)မမူခဲ့ချေ။ အမှန်စင်စစ်သော်ကား ငါအရှင်မြတ်သည် (သူတစ်ပါးကို)လမ်းလွဲစေသောသူတို့အား (မိမိ)လက်ရုံးအဖြစ် ပြုတော်မူမည့်အရှင် မဟုတ်ပေ။
52وَيَوْمَ يَقُولُ نَادُوا شُرَكَائِيَ الَّذِينَ زَعَمْتُمْ فَدَعَوْهُمْ فَلَمْ يَسْتَجِيبُوا لَهُمْ وَجَعَلْنَا بَيْنَهُم مَّوْبِقًا
ထိုနည်းတူစွာ အကြင်နေ့ကိုလည်း(သတိ ထားကြလေကုန်) ထိုအရှင်မြတ်သည် (ထိုနေ့တွင် မုရှ်ရစ်က်တို့အား)အသင်တို့သည် မိမိတို့ယုံကြည်(ကိုးကွယ်)ခဲ့ကြသော ငါအရှင်မြတ်၏တွဲဖက်များကို ဟစ်ခေါ်ကြလေကုန်ဟု မိန့်ကြားတော်မူလေသောအခါ ၎င်းတို့သည် ယင်းတွဲဖက်များကို ဟစ်ခေါ်ကြပေမည်။ သို့ရာတွင် ယင်းတွဲဖက်များမှာမူကား ၎င်းတို့အားပြန်၍ထူးကြမည် မဟုတ်ပေ။ ၎င်းပြင် ငါအရှင်မြတ်သည် ယင်း(မုရှ်ရစ်က်တို့နှင့် ၎င်းတို့၏ကိုးကွယ်ရာ) တို့၏စပ်ကြားတွင်အကွယ်အကာတစ်ခု ချထားတော် မူပေမည်။
53وَرَأَى الْمُجْرِمُونَ النَّارَ فَظَنُّوا أَنَّهُم مُّوَاقِعُوهَا وَلَمْ يَجِدُوا عَنْهَا مَصْرِفًا
ထိုမှတစ်ပါး အပြစ်ရှိသူတို့သည် (ဂျဟန္နမ်ငရဲ)မီးကို တွေ့မြင်ကြသောအခါ ၎င်းတို့သည် ဧကန်မလွဲ မိမိတို့မှာယင်းမီးထဲသို့ ကျဆင်းအံ့သောသူများပင် ဖြစ်ကြသည်ဟုယုံကြည်ကြပေမည်။ သို့ရာတွင် ၎င်းတို့သည် ယင်းမီး(ဘေးမှ)လွဲရှောင်နိုင်ရန်နေရာတစ်စုံတစ်ခုကိုမျှတွေ့ရှိကြမည်မဟုတ်ပေ။
54وَلَقَدْ صَرَّفْنَا فِي هَٰذَا الْقُرْآنِ لِلنَّاسِ مِن كُلِّ مَثَلٍ ۚ وَكَانَ الْإِنسَانُ أَكْثَرَ شَيْءٍ جَدَلًا
၎င်းပြင် ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်တွင် လူတို့၏အကျိုးငှာ ဥပမာပုံဆောင်ချက် အလုံးစုံတို့ကို အနည်းနည်းအဖုံဖုံဖြင့် မိန့်ကြား တော်မူခဲ့ပေသည်။ စင်စစ်လူသားတို့မှာ အရာခပ်သိမ်းတို့ထက် အငြင်းအသန်ဆုံးပင်ဖြစ်ကြကုန်သတည်း။
အလ်-ကဟ်ဖ်ကုရ်အာန် ညွှန်းကိန်း
110အာယာသ်
MeccanRevelation
52အာယာသ်

ဘာသာပြန် — အလ်-ကဟ်ဖ် 52

စူရာ အလ်-ကဟ်ဖ် အာယာသ် 52 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုနည်းတူစွာ အကြင်နေ့ကိုလည်း(သတိ ထားကြလေကုန်) ထိုအရှင်မြတ်သည် (ထိုနေ့တွင် မုရှ်ရစ်က်တို့အား)အသင်တို့သည် မိမိတို့ယုံကြည်(ကိုးကွယ်)ခဲ့ကြသော ငါအရှင်မြတ်၏တွဲဖက်များကို ဟစ်ခေါ်ကြလေကုန်ဟု မိန့်ကြားတော်မူလေသောအခါ…

စူရာ အာယာသ် 52/110 — စူရာ အလ်-ကဟ်ဖ် الكهف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကဟ်ဖ် နားထောင်, စူရာ အလ်-ကဟ်ဖ် ဘာသာပြန်, စူရာ အလ်-ကဟ်ဖ် mp3, စူရာ အလ်-ကဟ်ဖ် pdf. အာယာသ် 50–54. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers