အလ်-ဗကရ · 115/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَلِلَّهِ الْمَشْرِقُ وَالْمَغْرِبُ ۚ فَأَيْنَمَا تُوَلُّوا فَثَمَّ وَجْهُ اللَّهِ ۚ إِنَّ اللَّهَ وَاسِعٌ عَلِيمٌ ۝١١٥
Wa lillaahil mashriqu walmaghrib; fa aynamaa tuwalloo fasamma wajhullaah; innal laaha waasi`un Aleem
📖 မြန်မာဘာသာ
စင်စစ်ဆိုသော် အရှေ့နှင့်အနောက် (အစရှိသော အရပ် ၈ မျက်နှာမျှမက ရှိရှိသမျှသော စကြာဝဠာများကိုပင်) အလ္လာဟ် အရှင်မြတ်က (ဖန်ဆင်းတော်မူလေသည်ဖြစ်ရာ) ထိုအရှင်သည် သာလျှင် စိုးပိုင်တော်မူသော အရှင်တည်း။သို့ဖြစ်လေရာ အသင်တို့သည် (ထိုအရှင်မြတ်ကို ခဝပ်ကိုးကွယ်ရာ၌) မည်သည့်ဘက်သို့မဆို မျက်နှာ ပြုကြပါမူထို(မျက်နှာပြုရာ) ဘက်၌ပင် အလ္လာဟ် အရှင်မြတ်၏ မျက်နှာတော်သည် (အသင်တို့ရှေ့တွင်) ရှိနေတော်မူသည်(ဟု မှတ်ပါလေ၊) (အကြောင်းဟူမူ) ဧကန်မုချ အလ္လာဟ် အရှင်မြတ် သည်(အနန္တတန်ခိုးတော်ရှင် ဖြစ်တော်မူသည့်အတိုင်း) ခပ်သိမ်းကုန်(သော အရပ်ဒိသာ) တို့ကို လွှမ်းခြုံ တော်မူသောအသျှင်၊ အလုံးစုံကို အကြွင်းမဲ့ သိတော် မူသောအရှင် ဖြစ်တော်မူသောကြောင့်တည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • အလ်-မရှ်ရိက် (الْمَشْرِق): နေထွက်ရာ အရပ်။
  • အလ်-မဂ်ရိဗ် (الْمَغْرِب): နေဝင်ရာ အရပ်။
  • ဖအဲနမာ တုဝလ္လူ (فَأَيْنَمَا تُوَلُّوا): သင်တို့ မျက်နှာလှည့်သည့် မည်သည့်အရပ်မဆို။
  • ဖသမ်မ (فَثَمَّ): ထိုအရပ်၌။
  • ဝဂျ်ဟုလ္လာဟ် (وَجْهُ اللَّهِ): အလ္လာဟ်အရှင်မြတ်၏ မျက်နှာတော် (ရည်ရွယ်ချက်၊ ကျေနပ်မှု)။
  • ဝါစိအ် (وَاسِع): ကျယ်ဝန်းတော်မူသော၊ ရက်ရောတော်မူသော။
  • အလီမ် (عَلِيم): အရာခပ်သိမ်းကို အသိပညာနှင့် ပြည့်စုံတော်မူသော။

၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်

အရှင်မြတ်သည် နေထွက်ရာနှင့် နေဝင်ရာ အရပ်ဒေသအားလုံးကို ပိုင်ဆိုင်တော်မူသည်။ ထို့ကြောင့် သင်တို့သည် မည်သည့်အရပ်သို့ မျက်နှာမူဆွလာသ်ဝတ်ပြုသည်ဖြစ်စေ၊ ထိုအရပ်၌ အလ္လာဟ်အရှင်မြတ်၏ မျက်နှာတော်ရှိသည်။ အရှင်မြတ်က သင်တို့အား ဂျေရုဆလင်ဘက်သို့ဖြစ်စေ၊ ကအ်ဗဟ်ဘက်သို့ဖြစ်စေ မျက်နှာမူရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့ကြောင့် အမိန့်တော်အတိုင်း မျက်နှာမူခြင်းဖြင့် အရှင်မြတ်၏ ကျေနပ်မှုကို ရှာဖွေရာရောက်သည်။ အကယ်၍ ကအ်ဗဟ်ဘက်သို့ မျက်နှာမူရန် အခက်အခဲရှိခြင်း၊ သို့မဟုတ် မှားယွင်းစွာ မျက်နှာမူမိခြင်းတို့ ဖြစ်ပေါ်ခဲ့လျှင်လည်း အပြစ်မရှိပါ။ အကြောင်းမှာ အရပ်မျက်နှာအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ ပိုင်ဆိုင်မှုဖြစ်သောကြောင့်တည်း။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကျယ်ဝန်းတော်မူသော၊ ရက်ရောတော်မူသော၊ မိမိဖန်ဆင်းခံများအား ကရုဏာတော်ဖြင့် လွှမ်းခြုံတော်မူသော၊ လွယ်ကူစေတော်မူသော အရှင်ဖြစ်တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် သင်တို့၏ စိတ်ရည်ရွယ်ချက်များ၊ ပြုလုပ်မှုများကို အသိပညာနှင့် ပြည့်စုံတော်မူသည်။ မည်သည့်အရပ်တွင် ဆွလာသ်ဝတ်ပြုသည်ဖြစ်စေ၊ ဒုအာပြုသည်ဖြစ်စေ အရှင်မြတ်သည် အားလုံးကို အသိဖြစ်တော်မူသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာတစ်ခွင်၏ အရှင်သခင် ဖြစ်တော်မူသည်။ မည်သည့်အရပ်တွင်မဆို အရှင်မြတ်အား ရှိခိုးကိုးကွယ်နိုင်သည်။ ဤအချက်သည်


📜 အာယာသ် 113-117 — စူရာ အလ်-ဗကရ

113وَقَالَتِ الْيَهُودُ لَيْسَتِ النَّصَارَىٰ عَلَىٰ شَيْءٍ وَقَالَتِ النَّصَارَىٰ لَيْسَتِ الْيَهُودُ عَلَىٰ شَيْءٍ وَهُمْ يَتْلُونَ الْكِتَابَ ۗ كَذَٰلِكَ قَالَ الَّذِينَ لَا يَعْلَمُونَ مِثْلَ قَوْلِهِمْ ۚ فَاللَّهُ يَحْكُمُ بَيْنَهُمْ يَوْمَ الْقِيَامَةِ فِيمَا كَانُوا فِيهِ يَخْتَلِفُونَ
ယဟူဒီတို့က ခရစ်ယာန်တို့သည် မည်သည့် အခြေခံတရားပေါ်၌မျှ တည်ရှိနေကြသည်မဟုတ် ဟူ၍လည်းကောင်း၊ ထိုနည်းတူစွာ ခရစ်ယာန်တို့ကလည်း ယဟူဒီဘာသာဝင် တို့သည် မည်သည့် အခြေခံတရား ပေါ်၌မျှ တည်ရှိနေကြသည် မဟုတ်ဟူ၍လည်ကောင်း၊ (တစ်စုကိုတစ်စုပုတ်ခတ်) ပြောဆိုကြကုန်၏။ စင်စစ် တမူကား ယင်းသူတို့နှစ်စု စလုံးသည် (အလ္လာဟ် အရှင်မြတ်အထံတော်မှ ထုတ်ပြန်ပို့ချသော တဆူ တည်းသော) ကျမ်းဂန်ကိုပင် ရွတ်ဖတ်သရဇ္ဈာယ် လျက်ရှိကြကုန်၏။ ဤကဲ့သို့ ယဟူဒီဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များ ပြောဆိုကြသကဲ့သို့ပင် သာသနာရေး၌ တတ်သိလိမ္မာခြင်းမရှိသော ပညာမဲ့သူတို့ ကလည်း(အစ္စလာမ်သာသနာသည် အခြေအမြစ်မရှိသော သာသနာဖြစ်သည်ဟူ၍) ပြောဆိုကြလေသည်။ သို့ဖြစ်ရာ အလ္လာဟ် အရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့၌ ယင်းသူတို့ ငြင်းခုံလျက်ရှိသော ပြဿနာရပ် အကြောင်းခြင်းရာ များကို (မျက်ဝါးထင်ထင် ပေါ်လွင်ထင်ရှားစွာ) စီရင် ဆုံးဖြတ် အမိန့်ချမှတ်တော်မူအံ့။
114وَمَنْ أَظْلَمُ مِمَّن مَّنَعَ مَسَاجِدَ اللَّهِ أَن يُذْكَرَ فِيهَا اسْمُهُ وَسَعَىٰ فِي خَرَابِهَا ۚ أُولَٰئِكَ مَا كَانَ لَهُمْ أَن يَدْخُلُوهَا إِلَّا خَائِفِينَ ۚ لَهُمْ فِي الدُّنْيَا خِزْيٌ وَلَهُمْ فِي الْآخِرَةِ عَذَابٌ عَظِيمٌ
ထို့ပြင်တဝ အလ္လာဟ် အရှင်မြတ်၏ ဗလီကျောင်းတော်များ၌ ထိုအရှင်မြတ်၏နာမံတော်ကို ထုတ်ဖော်တသ စီးဖြန်းသရဇ္ဈာယ်ခြင်း၊ ဂုဏ်တော် ချီးမွမ်းခြင်းကို တားဆီးပိတ်ပင် ကန့်ကွက်ကြရုံမျှမက ထိုဗလီကျောင်းတော်များ၏ ပျက်စီးရာပျက်စီးကြောင်းကိုလည်း ကြိုးပမ်းအားထုတ် ကြကုန်သော သူတို့ထက် သာလွန်ဆိုးယုတ်သောသူသည် အဘယ်မှာလျှင် ရှိနိုင်ပါဦးအံ့နည်း၊ (ဗလီကျောင်းတော်များကို ဖျက်ဆီးဘို့ရာဝေးစွ၊) ထိုသူတို့ ကိုယ်တိုင်ပင်လျှင်အလ္လာဟ် အရှင်မြတ်အား ကြောက်ရွံ့ ရိုသေသောစိတ်ဖြင့် ထိုဗလီကျောင်းတော် များတွင်းသို့ ဝင်ရောက်ရာ၏။ ထိုကဲ့သို့ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြသော သူတို့၏အဖို့ရာကား ဤဘဝ၌ပင် ဂုဏ်အသရေဆုတ်ယုတ် ခြင်းဖြစ်သည့်ပြင် နောင်တမလွန်ဘဝ၌လည်း ထိုသူတို့အဘို့ ကြီးလေးသော အပြစ်ဒဏ်(အဆင်သင့်စီမံပြီး) �ှိလေသတည်း။
115وَلِلَّهِ الْمَشْرِقُ وَالْمَغْرِبُ ۚ فَأَيْنَمَا تُوَلُّوا فَثَمَّ وَجْهُ اللَّهِ ۚ إِنَّ اللَّهَ وَاسِعٌ عَلِيمٌ
စင်စစ်ဆိုသော် အရှေ့နှင့်အနောက် (အစရှိသော အရပ် ၈ မျက်နှာမျှမက ရှိရှိသမျှသော စကြာဝဠာများကိုပင်) အလ္လာဟ် အရှင်မြတ်က (ဖန်ဆင်းတော်မူလေသည်ဖြစ်ရာ) ထိုအရှင်သည် သာလျှင် စိုးပိုင်တော်မူသော အရှင်တည်း။သို့ဖြစ်လေရာ အသင်တို့သည် (ထိုအရှင်မြတ်ကို ခဝပ်ကိုးကွယ်ရာ၌) မည်သည့်ဘက်သို့မဆို မျက်နှာ ပြုကြပါမူထို(မျက်နှာပြုရာ) ဘက်၌ပင် အလ္လာဟ် အရှင်မြတ်၏ မျက်နှာတော်သည် (အသင်တို့ရှေ့တွင်) ရှိနေတော်မူသည်(ဟု မှတ်ပါလေ၊) (အကြောင်းဟူမူ) ဧကန်မုချ အလ္လာဟ် အရှင်မြတ် သည်(အနန္တတန်ခိုးတော်ရှင် ဖြစ်တော်မူသည့်အတိုင်း) ခပ်သိမ်းကုန်(သော အရပ်ဒိသာ) တို့ကို လွှမ်းခြုံ တော်မူသောအသျှင်၊ အလုံးစုံကို အကြွင်းမဲ့ သိတော် မူသောအရှင် ဖြစ်တော်မူသောကြောင့်တည်း။
116وَقَالُوا اتَّخَذَ اللَّهُ وَلَدًا ۗ سُبْحَانَهُ ۖ بَل لَّهُ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۖ كُلٌّ لَّهُ قَانِتُونَ
ထို(ခရစ်ယာန်) တို့သည် အလ္လာဟ် အရှင်မြတ်၌ သားတော်ရှိသည်ဟူ၍ (မဟုတ်မလျား စွပ်စွဲ) ပြောဆိုကြကုန်၏။ (ဤစကားသည် မှားလေစွ၊ အကြောင်းမှာ) အလ္လာဟ် အရှင်မြတ်သည် (ဃရာဝါသ အိမ်ထောင်မှုကိစ္စတို့မှ) လုံးလုံးကင်းစင်တော်မူသော အရှင်တည်း။ စင်စစ်တမူကား မိုးကောင်းကင်နှင့် ပထဝီမြေပြင်၌ ရှိရှိသမျှသော အရာခပ်သိမ်းတို့ကို အလ္လာဟ် အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။ ထိုထိုသော အရာခပ်သိမ်းတို့ သည်လည်း ထိုအရှင်မြတ်၏ အမိန့်တော်ကို နာခံလျက် ရှိကြကုန်၏။
117بَدِيعُ السَّمَاوَاتِ وَالْأَرْضِ ۖ وَإِذَا قَضَىٰ أَمْرًا فَإِنَّمَا يَقُولُ لَهُ كُن فَيَكُونُ
(ထိုအလ္လာဟ် အရှင်မြတ်သည်) မိုဃ်းကောင်းကင်များနှင့်တကွ ပထဝီမြေပြင်ကို စတင်ပြုပြင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူသည်၊ (ထိုမျှမကသေး) မည်သည့်အခါမဆို ထိုအရှင်မြတ် သည် တစ်စုံတစ်ခုသော အမှုကိစ္စကို ဆုံးဖြတ်စီရင် ပြဋ္ဌာန်းတော်မူလိုပါလျှင် (နတ္ထိတ မရှိရာဘဝမှအတ္ထိတ ရှိရာဘဝသို့) ဖြစ်စေ(ဟူသောအမိန့်တော်) ပေးရုံမျှဖြင့် ထိုအမှုကိစ္စအဝဝတို့သည် (ပြတတေ့ အလိုရှိတော်သူသည့်အတိုင်း တခဏချင်းတွင်ပင်) ဖြစ်ပေါ်လာလေသတည်း။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
115အာယာသ်

ဘာသာပြန် — အလ်-ဗကရ 115

စူရာ အလ်-ဗကရ အာယာသ် 115 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်ဆိုသော် အရှေ့နှင့်အနောက် (အစရှိသော အရပ် ၈ မျက်နှာမျှမက ရှိရှိသမျှသော စကြာဝဠာများကိုပင်) အလ္လာဟ် အရှင်မြတ်က…

စူရာ အာယာသ် 115/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 113–117. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers