အလ်-ဗကရ · 116/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَقَالُوا اتَّخَذَ اللَّهُ وَلَدًا ۗ سُبْحَانَهُ ۖ بَل لَّهُ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۖ كُلٌّ لَّهُ قَانِتُونَ ۝١١٦
Wa qaalut takhazal laahu waladan subhaanahoo bal lahoo maa fis samaawaati wal ardi kullul lahoo qaanitoon
📖 မြန်မာဘာသာ
ထို(ခရစ်ယာန်) တို့သည် အလ္လာဟ် အရှင်မြတ်၌ သားတော်ရှိသည်ဟူ၍ (မဟုတ်မလျား စွပ်စွဲ) ပြောဆိုကြကုန်၏။ (ဤစကားသည် မှားလေစွ၊ အကြောင်းမှာ) အလ္လာဟ် အရှင်မြတ်သည် (ဃရာဝါသ အိမ်ထောင်မှုကိစ္စတို့မှ) လုံးလုံးကင်းစင်တော်မူသော အရှင်တည်း။ စင်စစ်တမူကား မိုးကောင်းကင်နှင့် ပထဝီမြေပြင်၌ ရှိရှိသမျှသော အရာခပ်သိမ်းတို့ကို အလ္လာဟ် အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။ ထိုထိုသော အရာခပ်သိမ်းတို့ သည်လည်း ထိုအရှင်မြတ်၏ အမိန့်တော်ကို နာခံလျက် ရှိကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အရှင်မြတ်သည် သားတော်တစ်ပါးကို မိမိအဖို့ ယူတော်မူသည်ဟု သူတို့ဆိုကြ၏။
  2. ဤအာယသ်တော်သည် မဒီနာမြို့ရှိ ယဟူဒီများ၊ နဂျ်ရန်မြို့ရှိ ခရစ်ယာန်များနှင့် အာရဗ်မုရှ်ရိက်များ (အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ကိုးကွယ်သူများ) ပြောဆိုခဲ့ကြသော မှားယွင်းသည့်စကားများကို ရည်ညွှန်းဖော်ပြထားခြင်းဖြစ်သည်။ ယဟူဒီများက "အုဇိုင်ရ်သည် အလ္လာဟ်အရှင်မြတ်၏သားတော်ဖြစ်သည်" ဟု ဆိုကြပြီး၊ ခရစ်ယာန်များက "မရ်ယမ်သားတော် အီစာ (ယေရှု) သည် အလ္လာဟ်အရှင်မြတ်၏သားတော်ဖြစ်သည်" ဟု ဆိုကြကာ၊ မုရှ်ရိက်များကမူ "မာလာအိကဟ် (ကောင်းကင်တမန်) များသည် အလ္လာဟ်အရှင်မြတ်၏သမီးတော်များဖြစ်ကြသည်" ဟု ဆိုကြသည်။ ဤသို့ဆိုခြင်းသည် အလ္လာဟ်အရှင်မြတ်အပေါ် လုံးဝမှားယွင်းသော စွပ်စွဲချက်ဖြစ်သည်။

အလ္လာဟ်အရှင်မြတ်သည် ထိုသို့သော စကားများမှ လုံးဝကင်းရှင်းတော်မူပြီး၊ အလွန်မြင့်မြတ်တော်မူသည်။ အရှင်မြတ်သည် မည်သည့်အရာကိုမျှ မလိုအပ်တော်မူဘဲ၊ မိမိ၏ဖန်ဆင်းခံသတ္တဝါများထံမှ လုံးဝကင်းလွတ်တော်မူသည်။ သားတော်တစ်ပါးကို ယူသည်ဆိုခြင်းသည် သားတော်လိုအပ်သူတို့၏ လက္ခဏာဖြစ်သည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် မည်သည့်အရာကိုမျှ မလိုအပ်တော်မူသော ကြွယ်ဝချမ်းသာတော်မူသောအရှင်ဖြစ်တော်မူသည်။

အမှန်စင်စစ် မိုးကောင်းကင်များနှင့် မြေပြင်တွင် ရှိရှိသမျှသော အရာအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ ပိုင်ဆိုင်မှုဖြစ်သည်။ ဖန်ဆင်းခံသတ္တဝါအားလုံးသည် အရှင်မြတ်၏ ကျွန်များဖြစ်ကြပြီး၊ အားလုံးသည် အရှင်မြတ်၏ အမိန့်တော်ကို နာခံကြရသည်။ အရှင်မြတ်သည် မိမိအလိုတော်ရှိသည့်အတိုင်း သူတို့အား စီမံခန့်ခွဲတော်မူသည်။ သူတို့အားလုံးသည် အရှင်မြတ်၏ စီမံခန့်ခွဲမှုအောက်တွင် နာခံအပ်နှံထားကြရသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်သည်။

အလ္လာဟ်အရှင်မြတ်သည် မည်သည့်အရာကိုမျှ မလိုအပ်တော်မူသော ကြွယ်ဝချမ်းသာတော်မူသောအရှင်ဖြစ်တော်မူကြောင်း သိရှိရခြင်းသည် အီမာန် (ယုံကြည်ခြင်း) ကို ခိုင်မာစေပြီး၊ အရှင်မြတ်အပေါ် ချစ်ခင်လေးစားမှုကို တိုးပွားစေသည်။

မိုးကောင်းကင်များနှင့် မြေပြင်တွင် ရှိရှိသမျှသော အရာအားလုံးသည် အလ္လ



📜 အာယာသ် 114-118 — စူရာ အလ်-ဗကရ

114وَمَنْ أَظْلَمُ مِمَّن مَّنَعَ مَسَاجِدَ اللَّهِ أَن يُذْكَرَ فِيهَا اسْمُهُ وَسَعَىٰ فِي خَرَابِهَا ۚ أُولَٰئِكَ مَا كَانَ لَهُمْ أَن يَدْخُلُوهَا إِلَّا خَائِفِينَ ۚ لَهُمْ فِي الدُّنْيَا خِزْيٌ وَلَهُمْ فِي الْآخِرَةِ عَذَابٌ عَظِيمٌ
ထို့ပြင်တဝ အလ္လာဟ် အရှင်မြတ်၏ ဗလီကျောင်းတော်များ၌ ထိုအရှင်မြတ်၏နာမံတော်ကို ထုတ်ဖော်တသ စီးဖြန်းသရဇ္ဈာယ်ခြင်း၊ ဂုဏ်တော် ချီးမွမ်းခြင်းကို တားဆီးပိတ်ပင် ကန့်ကွက်ကြရုံမျှမက ထိုဗလီကျောင်းတော်များ၏ ပျက်စီးရာပျက်စီးကြောင်းကိုလည်း ကြိုးပမ်းအားထုတ် ကြကုန်သော သူတို့ထက် သာလွန်ဆိုးယုတ်သောသူသည် အဘယ်မှာလျှင် ရှိနိုင်ပါဦးအံ့နည်း၊ (ဗလီကျောင်းတော်များကို ဖျက်ဆီးဘို့ရာဝေးစွ၊) ထိုသူတို့ ကိုယ်တိုင်ပင်လျှင်အလ္လာဟ် အရှင်မြတ်အား ကြောက်ရွံ့ ရိုသေသောစိတ်ဖြင့် ထိုဗလီကျောင်းတော် များတွင်းသို့ ဝင်ရောက်ရာ၏။ ထိုကဲ့သို့ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြသော သူတို့၏အဖို့ရာကား ဤဘဝ၌ပင် ဂုဏ်အသရေဆုတ်ယုတ် ခြင်းဖြစ်သည့်ပြင် နောင်တမလွန်ဘဝ၌လည်း ထိုသူတို့အဘို့ ကြီးလေးသော အပြစ်ဒဏ်(အဆင်သင့်စီမံပြီး) �ှိလေသတည်း။
115وَلِلَّهِ الْمَشْرِقُ وَالْمَغْرِبُ ۚ فَأَيْنَمَا تُوَلُّوا فَثَمَّ وَجْهُ اللَّهِ ۚ إِنَّ اللَّهَ وَاسِعٌ عَلِيمٌ
စင်စစ်ဆိုသော် အရှေ့နှင့်အနောက် (အစရှိသော အရပ် ၈ မျက်နှာမျှမက ရှိရှိသမျှသော စကြာဝဠာများကိုပင်) အလ္လာဟ် အရှင်မြတ်က (ဖန်ဆင်းတော်မူလေသည်ဖြစ်ရာ) ထိုအရှင်သည် သာလျှင် စိုးပိုင်တော်မူသော အရှင်တည်း။သို့ဖြစ်လေရာ အသင်တို့သည် (ထိုအရှင်မြတ်ကို ခဝပ်ကိုးကွယ်ရာ၌) မည်သည့်ဘက်သို့မဆို မျက်နှာ ပြုကြပါမူထို(မျက်နှာပြုရာ) ဘက်၌ပင် အလ္လာဟ် အရှင်မြတ်၏ မျက်နှာတော်သည် (အသင်တို့ရှေ့တွင်) ရှိနေတော်မူသည်(ဟု မှတ်ပါလေ၊) (အကြောင်းဟူမူ) ဧကန်မုချ အလ္လာဟ် အရှင်မြတ် သည်(အနန္တတန်ခိုးတော်ရှင် ဖြစ်တော်မူသည့်အတိုင်း) ခပ်သိမ်းကုန်(သော အရပ်ဒိသာ) တို့ကို လွှမ်းခြုံ တော်မူသောအသျှင်၊ အလုံးစုံကို အကြွင်းမဲ့ သိတော် မူသောအရှင် ဖြစ်တော်မူသောကြောင့်တည်း။
116وَقَالُوا اتَّخَذَ اللَّهُ وَلَدًا ۗ سُبْحَانَهُ ۖ بَل لَّهُ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۖ كُلٌّ لَّهُ قَانِتُونَ
ထို(ခရစ်ယာန်) တို့သည် အလ္လာဟ် အရှင်မြတ်၌ သားတော်ရှိသည်ဟူ၍ (မဟုတ်မလျား စွပ်စွဲ) ပြောဆိုကြကုန်၏။ (ဤစကားသည် မှားလေစွ၊ အကြောင်းမှာ) အလ္လာဟ် အရှင်မြတ်သည် (ဃရာဝါသ အိမ်ထောင်မှုကိစ္စတို့မှ) လုံးလုံးကင်းစင်တော်မူသော အရှင်တည်း။ စင်စစ်တမူကား မိုးကောင်းကင်နှင့် ပထဝီမြေပြင်၌ ရှိရှိသမျှသော အရာခပ်သိမ်းတို့ကို အလ္လာဟ် အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။ ထိုထိုသော အရာခပ်သိမ်းတို့ သည်လည်း ထိုအရှင်မြတ်၏ အမိန့်တော်ကို နာခံလျက် ရှိကြကုန်၏။
117بَدِيعُ السَّمَاوَاتِ وَالْأَرْضِ ۖ وَإِذَا قَضَىٰ أَمْرًا فَإِنَّمَا يَقُولُ لَهُ كُن فَيَكُونُ
(ထိုအလ္လာဟ် အရှင်မြတ်သည်) မိုဃ်းကောင်းကင်များနှင့်တကွ ပထဝီမြေပြင်ကို စတင်ပြုပြင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူသည်၊ (ထိုမျှမကသေး) မည်သည့်အခါမဆို ထိုအရှင်မြတ် သည် တစ်စုံတစ်ခုသော အမှုကိစ္စကို ဆုံးဖြတ်စီရင် ပြဋ္ဌာန်းတော်မူလိုပါလျှင် (နတ္ထိတ မရှိရာဘဝမှအတ္ထိတ ရှိရာဘဝသို့) ဖြစ်စေ(ဟူသောအမိန့်တော်) ပေးရုံမျှဖြင့် ထိုအမှုကိစ္စအဝဝတို့သည် (ပြတတေ့ အလိုရှိတော်သူသည့်အတိုင်း တခဏချင်းတွင်ပင်) ဖြစ်ပေါ်လာလေသတည်း။
118وَقَالَ الَّذِينَ لَا يَعْلَمُونَ لَوْلَا يُكَلِّمُنَا اللَّهُ أَوْ تَأْتِينَا آيَةٌ ۗ كَذَٰلِكَ قَالَ الَّذِينَ مِن قَبْلِهِم مِّثْلَ قَوْلِهِمْ ۘ تَشَابَهَتْ قُلُوبُهُمْ ۗ قَدْ بَيَّنَّا الْآيَاتِ لِقَوْمٍ يُوقِنُونَ
(အကယ်၍သာ အလ္လာဟ် အရှင်မြတ်သည် ကျွန်ုပ်တို့ကို တရားတော်အတိုင်း လိုက်နာကျင့်စေ လိုပါလျှင်) အဘယ်ကြောင့် ထိုအသျှင်မြတ်သည် ကျွန်ုပ်တို့နှင့် တိုက်ရိုက စကားမပြောကြားပါသနည်း၊ သို့တည်းမဟုတ် ကျွန်ုပ်တို့ထံသို့ (ထင်ရှားပေါ်လွင်သော) သက်သေလက္ခဏာ တစ်စုံတစ်ခုကို မပို့ချပါသနည်းဟု အသိတရား ကင်းမဲ့သောသူများက ပြောဆိုကြကုန်၏။ ထိုနည်းတူစွာ ယင်းသူတို့၏အထက် အဆက်ဆက်က ဖြစ်ခဲ့ဘူးသော ရှေးသူမိုက်တို့ကလည်း ဤသူများပြောဆိုကြသကဲ့သို့ပင် ပြောဆိုခဲ့ကြလေပြီ၊ ယင်းသူတို့အားလုံး၏စိတ်နှလုံးများသည် (အသိအလိမ္မာကင်းမဲ့ရာ၌ လည်းကောင်း၊ မောက်မာပလွှားရာ၌ လည်းကောင်း) ထပ်တူထပ်မျှပင် ဖြစ်ချေသည်။ ဧကန်ဆတ်ဆတ် ငါအရှင်မြတ်သည် ယုံကြည်လိုကြကုန်သော သူတို့အဘို့အရာ (အသင်၏ တမန်တော်ဖြစ်ကြောင်း နှင့်စပ်လျဉ်း၍) မြောက်မြားစွာသော ထောက်ခံချက်သက်သေ လက္ခဏရပ် တို့ကို ရှင်းလင်းထင်ရှားစွာ ဖော်ပြထား တော်မူပြီး ဖြစ်လေသည်။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
116အာယာသ်

ဘာသာပြန် — အလ်-ဗကရ 116

စူရာ အလ်-ဗကရ အာယာသ် 116 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို(ခရစ်ယာန်) တို့သည် အလ္လာဟ် အရှင်မြတ်၌ သားတော်ရှိသည်ဟူ၍ (မဟုတ်မလျား စွပ်စွဲ) ပြောဆိုကြကုန်၏။ (ဤစကားသည် မှားလေစွ၊…

စူရာ အာယာသ် 116/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 114–118. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers