အလ်-ဗကရ · 139/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
قُلْ أَتُحَاجُّونَنَا فِي اللَّهِ وَهُوَ رَبُّنَا وَرَبُّكُمْ وَلَنَا أَعْمَالُنَا وَلَكُمْ أَعْمَالُكُمْ وَنَحْنُ لَهُ مُخْلِصُونَ ۝١٣٩
Qul atuhaaajjoonanaa fil laahi wa Huwa Rabbunaa wa Rabbukum wa lanaa a`maalunaa wa lakum a`maalukum wa nahnu lahoo mukhlisson
📖 မြန်မာဘာသာ
အို-နဗီတမန်တော် မုဟမ္မဒ်(ဆွ)၊ အသင်သည် ယင်းယဟူဒီနှင့် ခရစ်ယာန်ဘာသာဝင်တို့ကို] ဟယ်-အချင်းတို့ အသင်တို့သည် အလ္လာဟ် အရှင်မြတ်နှင့် ပတ်သက်၍ ငါတို့နှင့် အခြေအတင် ပြောဆိုငြင်းခုံ ကြလေသလော၊ စင်စစ်တမူကား ထိုအရှင်မြတ်သည်သာလျှင် ငါတို့ကိုလည်းကောင်း၊ အသင်တို့ကိုလည်းကောင်း၊ မွေးမြူတော်မူသော အသျှင်တည်း။ ထို့ပြင်တဝ ငါတို့၏ ကိုယ်ကျင့်သီလများသည် ငါတို့အဖို့အရာသာ ဖြစ်သည်၊ ထိုနည်းတူစွာ အသင်တို့၏ ကိုယ်ကျင့်သီလ များသည်လည်း အသင်တို့အဘို့ အရာသာဖြစ်သည်။ ငါတို့သည် ထိုအရှင်မြတ်ကိုသာလျှင် စိတ်စေတနာ ဖြူစင်စွာဖြင့် ကိုးကွယ်ဆည်းကပ်သူများ ဖြစ်ကြလေသည် ဟု ပြောကြားပါလေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 137-141 — စူရာ အလ်-ဗကရ

137فَإِنْ آمَنُوا بِمِثْلِ مَا آمَنتُم بِهِ فَقَدِ اهْتَدَوا ۖ وَّإِن تَوَلَّوْا فَإِنَّمَا هُمْ فِي شِقَاقٍ ۖ فَسَيَكْفِيكَهُمُ اللَّهُ ۚ وَهُوَ السَّمِيعُ الْعَلِيمُ
ထို့ကြောင့် အကယ်စင်စစ် (ယဟူဒီနှင့် ခရစ်ယာန် ဘာသာဝင်တို့သည်) အသင်တို့ယုံကြည်ကြသကဲ့သို့ ယုံကြည်ကြပါမူ ဧကန်အမှန် ယင်းသူတို့သည်လည်း တရားလမ်းမှန်ကို ရရှိကြကုန်အံ့။ သို့ရာတွင် အကယ်၍သာ လွှဲဖယ် ရှောင်ရှား ကျောခိုင်းသွားကြပါမူ ယင်းသူတို့သည် ငြင်းခုံကွဲပြား ဆန့်ကျင်ဘက်ပြုကြသူများသာ ဖြစ်ကြလတ္တံ့။ သို့ဖြစ်လေရာ အကယ်၍ ယင်းသူတို့နှင့် ယှဉ်ပြိုင်ဖို့ရာ အကြောင်းကိစ္စ ပေါ်ပေါက်လာပါက အသင်သည် မစိုးရိမ်လင့်။ အသင်၏အဖို့ အလ္လာဟ် အရှင်မြတ်သည် အလုံးစုံတို့ကို အကြွင်းမရှိ ကြားတော်မူထသော အရှင်၊ အရာပ်သိမ်းကို အကြွင်းမရှိ သိစွမ်းတော်မူသော အရှင်ပေတည်း။
138صِبْغَةَ اللَّهِ ۖ وَمَنْ أَحْسَنُ مِنَ اللَّهِ صِبْغَةً ۖ وَنَحْنُ لَهُ عَابِدُونَ
(အို-မုစ်လင်မ် အပေါင်းတို့၊ အသင်တို့သည် ယဟူဒီနှင့် ခရစ်ယာန် ဘာသာဝင်တို့ကို ဟယ်-အချင်းတို့ အကျွန်ုပ်တို့ကို) အလ္လာဟ် အရှင်မြတ်သည် (အစ္စလာမ်သာသနာတော်၏) ဆေးရောင်ဖြင့် ချယ်ထားတော် မူလေပြီ။ ထိုအလ္လာဟ်အရှင်မြတ်ထက်ပင် သာ၍ ကောင်းမွန်စွာ ဆေးရောင်ချယ်နိုင်သူ မည်သူရှိပါသေးသနည်း။ ထို့ကြောင့် အကျွန်ုပ်တို့သည် ထိုအလ္လာဟ် အသျှင်မြတ်ကို သာလျှင် ခဝပ်ကိုးကွယ်ကြသူများ ဖြစ်ကြသည် (ဟု ပြောဆိုကြ ကုန်လော့)။
139قُلْ أَتُحَاجُّونَنَا فِي اللَّهِ وَهُوَ رَبُّنَا وَرَبُّكُمْ وَلَنَا أَعْمَالُنَا وَلَكُمْ أَعْمَالُكُمْ وَنَحْنُ لَهُ مُخْلِصُونَ
အို-နဗီတမန်တော် မုဟမ္မဒ်(ဆွ)၊ အသင်သည် ယင်းယဟူဒီနှင့် ခရစ်ယာန်ဘာသာဝင်တို့ကို] ဟယ်-အချင်းတို့ အသင်တို့သည် အလ္လာဟ် အရှင်မြတ်နှင့် ပတ်သက်၍ ငါတို့နှင့် အခြေအတင် ပြောဆိုငြင်းခုံ ကြလေသလော၊ စင်စစ်တမူကား ထိုအရှင်မြတ်သည်သာလျှင် ငါတို့ကိုလည်းကောင်း၊ အသင်တို့ကိုလည်းကောင်း၊ မွေးမြူတော်မူသော အသျှင်တည်း။ ထို့ပြင်တဝ ငါတို့၏ ကိုယ်ကျင့်သီလများသည် ငါတို့အဖို့အရာသာ ဖြစ်သည်၊ ထိုနည်းတူစွာ အသင်တို့၏ ကိုယ်ကျင့်သီလ များသည်လည်း အသင်တို့အဘို့ အရာသာဖြစ်သည်။ ငါတို့သည် ထိုအရှင်မြတ်ကိုသာလျှင် စိတ်စေတနာ ဖြူစင်စွာဖြင့် ကိုးကွယ်ဆည်းကပ်သူများ ဖြစ်ကြလေသည် ဟု ပြောကြားပါလေ။
140أَمْ تَقُولُونَ إِنَّ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ وَيَعْقُوبَ وَالْأَسْبَاطَ كَانُوا هُودًا أَوْ نَصَارَىٰ ۗ قُلْ أَأَنتُمْ أَعْلَمُ أَمِ اللَّهُ ۗ وَمَنْ أَظْلَمُ مِمَّن كَتَمَ شَهَادَةً عِندَهُ مِنَ اللَّهِ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ
အသင်တို့က နဗီတမန်တော်များ ဖြစ်ကြသော အစ်ဗ်ရာဟီမ်(အ)၊ အစ္စမာအီလ်(အ)၊ အစ္စဟာက်(အ)၊ ယအ်ကူဗ်(အ)နှင့် [နဗီတမန်တော် ယအ်ကူဗ်(အ)၏ သားမြေးတို့အနက်] ပွင့်သမျှသော နဗီတမန်တော်များသည် ယဟူဒီ ဘာသာဝင်များ သော်လည်းကောင်း၊ သို့မ ဟုတ် ခရစ်ယာန်ဘာသာဝင်များ သော်လည်းကောင်း၊ ဖြစ်ခဲ့ကြလေသည်ဟု ပြောဆိုကြလေသလော။ အို-နဗီ တမန်တော် မုဟမ္မဒ်(ဆွ) အသင်သည် ယင်းသူတို့အား ဟယ်-အချင်းတို့၊ (ဤအကြောင်းကို) အသင်တို့ကပင် ပို၍ သိရှိကြလေသလော၊ သို့တည်းမဟုတ် အလ္လာဟ် အရှင်မြတ်ကပင် ပို၍ပင် သိရှိတော်မူပါသလောဟု မေးပါလေ၊(အကယ်၍ ဤအကြောင်းကို သိလျက်နှင့်ပင် ယင်းသူတို့ လျှို့ဝှက်ထားကြပါလျင်) အလ္လာဟ် အရှင်မြတ် အထံတော်မှ ချပေးသနားတော်မူသော သက်သေခံချက်ကို ထိမ်ချန် လျှို့ဝှက်ထားသောသူထက် သာလွန်၍ မတရား သောသူသည် အဘယ်မှာ ရှိနိုင်ပါအံ့နည်း။ အမှန်စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် အသင်တို့ ပြုကျင့်ကြကုန်သော ကိစ္စအဝဝကို လျစ်လျူရှုတော်မူမည့် အရှင်မဟုတ်ပေ။
141تِلْكَ أُمَّةٌ قَدْ خَلَتْ ۖ لَهَا مَا كَسَبَتْ وَلَكُم مَّا كَسَبْتُمْ ۖ وَلَا تُسْأَلُونَ عَمَّا كَانُوا يَعْمَلُونَ
ထိုသူတို့သည် (အတိတ်ကာလ၌) လွန်လေပြီးသော သာသနာဝင်လူစုဖြစ်ကြကုန်၍ ထိုသူတို့ပြုကျင့် ဆည်းပူးခဲ့သမျှ သောသုစရိုက်မှု ကုသိုလ်ကံ၊ ဒုစရိုက်မှု အကုသိုလ်ကံတို့သည် ထိုသူတို့ အဘို့သာဖြစ်လေသည်။ ထိုနည်းတူစွာ အသင်တို့ ပြုကျင့် ဆည်းပူးခဲ့သမျှ သော(ကောင်းမှုမကောင်းမှု) တို့၏အကျိုးသည်လည်း သင်တို့အဘို့ အရာသာတည်း။ ထိုမှတပါးအသင်တို့ သည် ထိုသူတို့ပြုကျင့်ခဲ့ကြသော ကိစ္စများနှင့် စပ်လျဉ်း၍ မေးမြန်းခြင်းကို ခံကြရမည်မဟုတ်ပေ။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
139အာယာသ်

ဘာသာပြန် — အလ်-ဗကရ 139

စူရာ အလ်-ဗကရ အာယာသ် 139 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-နဗီတမန်တော် မုဟမ္မဒ်(ဆွ)၊ အသင်သည် ယင်းယဟူဒီနှင့် ခရစ်ယာန်ဘာသာဝင်တို့ကို] ဟယ်-အချင်းတို့ အသင်တို့သည် အလ္လာဟ် အရှင်မြတ်နှင့် ပတ်သက်၍…

စူရာ အာယာသ် 139/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 137–141. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers