အလ်-ဗကရ · 24/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
فَإِن لَّمْ تَفْعَلُوا وَلَن تَفْعَلُوا فَاتَّقُوا النَّارَ الَّتِي وَقُودُهَا النَّاسُ وَالْحِجَارَةُ ۖ أُعِدَّتْ لِلْكَافِرِينَ ۝٢٤
Fail lam taf`aloo wa lan taf`aloo fattaqun Naaral latee waqooduhan naasu walhijaaratu u`iddat lilkaafireen
📖 မြန်မာဘာသာ
အသင်တို့သည် ကုရ်အာန်ကျမ်းမြတ်နှင့် ယှဉ်ပြိုင်ခြင်းများကို အတိတ်ကာလတွင် မလုပ်နိုင်ခဲ့ကြ၊ ယခုမျက်မှောက် ပစ္စုပ္ပန်ကာလတွင် လုပ်နိုင်ကြသည်လည်းမဟုတ်၊ နောင်အနာဂတ်ကာလတွင်လည်း အလျှင်းလုပ်နိုင်ကြမည် မဟုတ်ပေ၊ သို့ဖြစ်ရာ အသင်တို့သည် ငရဲမီးဘေးမှ ဝေးစွာရှောင်ရှားကြကုန်၊ ထိုမီး၏မီးစာမှာ (အယူမှောက်မှားသော) ကာဖိရ် မိစ္ဆာဒိဋ္ဌိ များနှင့် (ထိုမိစ္ဆာ ဒိဋ္ဌိများ ဆည်းကပ်ကိုးကွယ်ကြသည့်) ကျောက်တုံးများ ဖြစ်ချေသည်။ ထိုမီးသည် ကာဖိရ် များအဘို့ အသင့်ပြုလုပ်ထားရှိပြီး ဖြစ်ပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 22-26 — စူရာ အလ်-ဗကရ

22الَّذِي جَعَلَ لَكُمُ الْأَرْضَ فِرَاشًا وَالسَّمَاءَ بِنَاءً وَأَنزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجَ بِهِ مِنَ الثَّمَرَاتِ رِزْقًا لَّكُمْ ۖ فَلَا تَجْعَلُوا لِلَّهِ أَندَادًا وَأَنتُمْ تَعْلَمُونَ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့ (နေထိုင် သွားလာနိုင်ရန် အလို့ငှာ) ဤပထဝီမြေပြင်ကို အခင်းအဖြစ်လည်းကောင်း၊ မိုးကောင်းကင်ကို အမိုးအဖြစ်လည်းကောင်း၊ ပြုလုပ်ပေးသနားတော်မူ၍ ယင်းမိုးကောင်းကင်မှပင် မိုးရွာသွန်းစေပြီး ထိုမိုးရေဖြင့် ကောက်ပဲသီးနှံ အမျိုးမျိုးတို့ကို အသင်တို့အဘို့ ရိက္ခာအဖြစ် ပေါက်ရောက်စေတော်မူ၏၊ သို့ဖြစ်ရာ အသင်တို့သည် (အနန္တကျေးဇူးတော်ရှင် ဖြစ်တော်မူထသော) အလ္လာဟ်အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ တွဲဖက်၍ ခဝပ်ကိုးကွယ်ခြင်းကို အလျှင်း မပြုကြလင့်၊ (သို့ အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်၍ ခဝပ်ကိုးကွယ်ခြင်း မပြုအပ်သည့်အကြောင်းကို) အသင်တို့ကိုယ်တိုင်လည်း အသိ ပင် ဖြစ်ကြသည်။
23وَإِن كُنتُمْ فِي رَيْبٍ مِّمَّا نَزَّلْنَا عَلَىٰ عَبْدِنَا فَأْتُوا بِسُورَةٍ مِّن مِّثْلِهِ وَادْعُوا شُهَدَاءَكُم مِّن دُونِ اللَّهِ إِن كُنتُمْ صَادِقِينَ
ငါ၏အစေတော် နဗီတမန်တော် မုဟမ္မဒ် (ဆွ) အထံသို့ ငါအရှင်ထုတ်ပြန်ပို့ချတော်မူသော ကုရ်အာန်ကျမ်းမြတ်နှင့် စပ်လျဉ်း၍ အကယ်၍ အသင်တို့(စိတ်၌) ယုံမှားသံသယ ဒွိဟရှိခဲ့ပါလျှင် ထိုကျမ်းမြတ်နှင့် အလားတူ ကဏ္ဍတစ်ခုမျှ (စီကုန်း ရေးသား၍) ယူဆောင်လာကြကုန်လော့။ အကယ်၍ အသင်တို့သည် (သစ္စဝါဒီ) မှန်ကန်သော စကားပြောဆိုသူများ ဖြစ်ကြပါလျှင် သို့စီကုန်းရေးသားရာ၌ အလ္လာဟ်အရှင်မြတ်နှင့် ပြိုင်ဆိုင်၍ အသင်တို့အား ကူညီ ယိုင်းပင်းမည့် သူများကိုလည်း ခေါ်ဆောင်လာ ကြကုန်လော့။
24فَإِن لَّمْ تَفْعَلُوا وَلَن تَفْعَلُوا فَاتَّقُوا النَّارَ الَّتِي وَقُودُهَا النَّاسُ وَالْحِجَارَةُ ۖ أُعِدَّتْ لِلْكَافِرِينَ
အသင်တို့သည် ကုရ်အာန်ကျမ်းမြတ်နှင့် ယှဉ်ပြိုင်ခြင်းများကို အတိတ်ကာလတွင် မလုပ်နိုင်ခဲ့ကြ၊ ယခုမျက်မှောက် ပစ္စုပ္ပန်ကာလတွင် လုပ်နိုင်ကြသည်လည်းမဟုတ်၊ နောင်အနာဂတ်ကာလတွင်လည်း အလျှင်းလုပ်နိုင်ကြမည် မဟုတ်ပေ၊ သို့ဖြစ်ရာ အသင်တို့သည် ငရဲမီးဘေးမှ ဝေးစွာရှောင်ရှားကြကုန်၊ ထိုမီး၏မီးစာမှာ (အယူမှောက်မှားသော) ကာဖိရ် မိစ္ဆာဒိဋ္ဌိ များနှင့် (ထိုမိစ္ဆာ ဒိဋ္ဌိများ ဆည်းကပ်ကိုးကွယ်ကြသည့်) ကျောက်တုံးများ ဖြစ်ချေသည်။ ထိုမီးသည် ကာဖိရ် များအဘို့ အသင့်ပြုလုပ်ထားရှိပြီး ဖြစ်ပေသည်။
25وَبَشِّرِ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ أَنَّ لَهُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ ۖ كُلَّمَا رُزِقُوا مِنْهَا مِن ثَمَرَةٍ رِّزْقًا ۙ قَالُوا هَٰذَا الَّذِي رُزِقْنَا مِن قَبْلُ ۖ وَأُتُوا بِهِ مُتَشَابِهًا ۖ وَلَهُمْ فِيهَا أَزْوَاجٌ مُّطَهَّرَةٌ ۖ وَهُمْ فِيهَا خَالِدُونَ
(အို-နဗီတမန်တော်) အသင်သည် အီမာန်ယုံကြည်ခြင်း သဒ္ဓါတရားထားရှိ၍ ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြကုန်သော မုအ်မင် များအား ပီတိသောမနဿ ဖြစ်စေသော မင်္ဂလာသတင်းကို ပေးလေလော့၊ ဧကန်ဆတ်ဆတ် ထိုသို့သော သီလဝန္တ ပုဂ္ဂိုလ်များ(စံစားနေထိုင်ရန် အလို့ငှာ) ဂျန္နတ် အမတသုခဘုံများ သည်အသင့်ရှိ၏။ ထိုသုခဘုံများအောက်၌ စမ်းရေချောင်းများလည်း (အယဉ်တွေတွေ) စီးဆင်းလျက်ရှိ၏။သုခဘုံသားများအား ထိုသုခဘုံ၏ သစ်သီးဝလံ များကို တည်ခင်းကျွေးမွေးသည့် အခါတိုင်း၌ အကျွန်ုပ်တို့သည် ဤသစ်သီးဝလံမျိုးကို ယခင် ကလည်း စားသုံးရဘူးပြီဟု ဆိုကြအံ့၊ ထိုနောက် ထိုသုခဘုံသားများသည်(ရသာခြားနား၍) သဏ္ဌာန် တူမျှသော သစ်သီးဝလံများ တည်ခင်းကျွေးမွေးခြင်းကိုလည်း ခံစားကြရဦးအံ့၊ ထိုသုခဘုံသားများ အဖို့ ထိုသုခဘုံတွင် သန့်စင်သော ကြင်ရာကြင်ဘက် များသည်လည်း ရှိဦးအံ့၊ ထို့ပြင်တဝ ထိုသုခဘုံသားများသည် ထိုသုခဘုံများ၌ ထာဝစဉ် စံစားကြရအံ့။
26۞ إِنَّ اللَّهَ لَا يَسْتَحْيِي أَن يَضْرِبَ مَثَلًا مَّا بَعُوضَةً فَمَا فَوْقَهَا ۚ فَأَمَّا الَّذِينَ آمَنُوا فَيَعْلَمُونَ أَنَّهُ الْحَقُّ مِن رَّبِّهِمْ ۖ وَأَمَّا الَّذِينَ كَفَرُوا فَيَقُولُونَ مَاذَا أَرَادَ اللَّهُ بِهَٰذَا مَثَلًا ۘ يُضِلُّ بِهِ كَثِيرًا وَيَهْدِي بِهِ كَثِيرًا ۚ وَمَا يُضِلُّ بِهِ إِلَّا الْفَاسِقِينَ
အလ္လာဟ်အရှင်မြတ်သည် ခြင်ကောင်နှင့် ဖြစ်စေ၊ ခြင်ကောင်�က် သေးငယ်သောအရာနှင့်ဖြစ်စေ၊ ပုံဆောင်ခြင်းကို (သေးနုပ်သည်ဟူ၍) ရှက်တော်မမူချေ။ ယုံကြည်သောမုအ်မင် များသည် ထိုပုံဆောင်ချက်ကို မိမိတို့အား မွေးမြူတော်မူသော အရှင့်ထံတော်မှ လျော်ကန် သင့်မြတ်လှသော ပုံဆောင်ချက် ဖြစ်သည်ဟူ၍ သိနားလည်ကြ သည်။ ကာဖိရ်တို့မှာမူ အလ္လာဟ်အရှင်မြတ်သည် ဤမျှသေးနုပ်သောအရာကို ပုံဆောင်ခြင်း အားဖြင့် မည်သို့သောအကြောင်းအရာကို ရည်စူးတော်မူပါသနည်းဟု (ပြက်ရယ်) ပြောဆိုကြလေသည်။ အလ္လာဟ်အရှင်သည် ထိုကဲ့သို့သော ပုံဆောင်ချက်ဖြင့် များစွာ သောသူများကို လမ်းမှားသို့ ပို့ဆောင်တော်မူ၍ များစွာသော သူများကိုကား တရားလမ်းမှန်သို့ ညွှန်ကြားပြသတော်မူသည်။ အမှန်စင်စစ်သော်ကား ထိုကဲ့သို့သော ပုံဆောင်ချက် ဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိအမိန့်တော်ကို မနာခံသော မသူတော်များမှအပ အခြားမည်သူ ကိုမျှ လမ်းမှားသို့ ပို့ဆောင်တော်မူသည် မဟုတ်ချေ။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
24အာယာသ်

ဘာသာပြန် — အလ်-ဗကရ 24

စူရာ အလ်-ဗကရ အာယာသ် 24 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသင်တို့သည် ကုရ်အာန်ကျမ်းမြတ်နှင့် ယှဉ်ပြိုင်ခြင်းများကို အတိတ်ကာလတွင် မလုပ်နိုင်ခဲ့ကြ၊ ယခုမျက်မှောက် ပစ္စုပ္ပန်ကာလတွင် လုပ်နိုင်ကြသည်လည်းမဟုတ်၊ နောင်အနာဂတ်ကာလတွင်လည်း အလျှင်းလုပ်နိုင်ကြမည်…

စူရာ အာယာသ် 24/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 22–26. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers