အလ်-ဗကရ · 245/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
مَّن ذَا الَّذِي يُقْرِضُ اللَّهَ قَرْضًا حَسَنًا فَيُضَاعِفَهُ لَهُ أَضْعَافًا كَثِيرَةً ۚ وَاللَّهُ يَقْبِضُ وَيَبْسُطُ وَإِلَيْهِ تُرْجَعُونَ ۝٢٤٥
Man zal lazee yuqridul laaha qardan hasanan fayudaa `ifahoo lahoo ad`aafan kaseerah; wallaahu yaqbidu wa yabsut-u wa ilaihi turja`oon
📖 မြန်မာဘာသာ
အလ္လာဟ်အရှင်မြတ်အား မွန်မြတ်လှစွာသော ကြွေးမြီချေးငှားမည့်သူသည် မည်သူနည်း။ သို့ ချေးငှားခြင်း အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ယင်းကဲ့သို့သောချေး ငှားခြင်း၏ အကျိုးကို ထိုသူအဖို့ အဆပေါင်းမြောက်မြားစွာ တိုးပွားစေတော်မူအံ့။ (တဖန် ယင်းကဲ့သို့ ကြွေးမြီချေးငှားသူတို့ အဖို့မှာလည်း မိမိတို့၏ဥစ္စာပစ္စည်း နည်းပါးသွားမည်ကို စိုးရိမ် မကင်းမဖြစ်သင့်ချေ။) အဘယ့်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည်သာလျှင်(ဥစ္စာပစ္စည်းကို) ကျပ်တည်းစေတော် မူသည်။ ထိုအရှင်မြတ်သည်ပင်လျှင် (ဥစ္စာပစ္စည်းကို) ချောင် လည်စေတော်မူလေသည်။ တစ်ဖန် အသင်တို့သည် ထိုအရှင် မြတ်အထံတော်သို့သာလျှင် ပြန်လှည့်ကြရပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မသဒ္ဒါအနက်ဖွင့်ဆိုချက်များ
  • يُقْرِضُ اللَّهَ: အလ္လာဟ်အရှင်မြတ်အား ချေးငှားသည်။ ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဥစ္စာဓနကို သုံးစွဲလှူဒါန်းခြင်းဖြစ်သည်။
  • قَرْضًا حَسَنًا: ကောင်းမြတ်သောချေးငှားမှု။ ဆိုလိုသည်မှာ စိတ်ရင်းမှန်ဖြင့်၊ ခွင့်ပြုထားသော ဥစ္စာဓနဖြင့် လှူဒါန်းခြင်းဖြစ်သည်။
  • فَيُضَاعِفَهُ: ထို့နောက် အရှင်မြတ်သည် ထိုလှူဒါန်းမှုကို များစွာတိုးပွားစေတော်မူသည်။
  • يَقْبِضُ: ရိက္ခာကို ကျဉ်းမြောင်းစေတော်မူသည်။
  • يَبْسُطُ: ရိက္ခာကို ကျယ်ဝန်းစေတော်မူသည်။
  1. အာယသ်တော်၏အနက်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် မိမိကျေးကျွန်များအား ဤသို့မေးခွန်းထုတ်တော်မူသည်။ မည်သူသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ကောင်းမြတ်သောစိတ်ရင်းဖြင့် မိမိဥစ္စာဓနကို လှူဒါန်းမည်နည်း။ ထိုသို့လှူဒါန်းပါက အလ္လာဟ်အရှင်မြတ်သည် ထိုလှူဒါန်းမှုကို အဆမတန်များပြားစွာ တိုးပွားစေတော်မူမည်။ ဤတွင် အလ္လာဟ်အရှင်မြတ်အား ချေးငှားခြင်းဟု ဆိုခြင်းမှာ အရှင်မြတ်သည် မည်သည့်အရာကိုမျှ လိုအပ်တော်မူခြင်းမရှိဘဲ၊ ကျေးကျွန်များအား များစွာသောအကျိုးကို ချီးမြှင့်ပေးတော်မူရန် ဤသို့ဖော်ပြတော်မူခြင်းဖြစ်သည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ရိက္ခာကို ကျဉ်းမြောင်းစေတော်မူသူလည်းဖြစ်သည်၊ ကျယ်ဝန်းစေတော်မူသူလည်းဖြစ်သည်။ အရှင်မြတ်သည် မိမိဉာဏ်ပညာနှင့်အညီ မည်သူ့ကို ရိက္ခာကျဉ်းမြောင်းစေမည်၊ မည်သူ့ကို ရိက္ခာကျယ်ဝန်းစေမည်ကို ဆုံးဖြတ်တော်မူသည်။ ထို့ကြောင့် လှူဒါန်းရာတွင် စိုးရိမ်ပူပန်ခြင်းမရှိဘဲ လှူဒါန်းသင့်သည်။ အကြောင်းမှာ ရိက္ခာပေးတော်မူသူမှာ အလ္လာဟ်အရှင်မြတ်သာလျှင်ဖြစ်သည်။ နောက်ဆုံးတွင် သင်တို့အားလုံးသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့သာ ပြန်လည်ရောက်ရှိကြရမည်။ ထိုအခါ အရှင်မြတ်သည် သင်တို့၏လုပ်ရပ်များအတွက် အကျိုးအပြစ်ကို ပေးတော်မူမည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ လှူဒါန်းခြင်းသည် ဆုံးရှုံးမှုမဟုတ်ဘဲ၊ အဆမတန်များပြားသော အကျိုးအမြတ်ကို ရရှိစေသည်။
  • စိတ်ရင်းမှန်ဖြင့် လှူဒါန်းခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် ချေးငှားခြင်းကဲ့သို့ဖ


📜 အာယာသ် 243-247 — စူရာ အလ်-ဗကရ

243۞ أَلَمْ تَرَ إِلَى الَّذِينَ خَرَجُوا مِن دِيَارِهِمْ وَهُمْ أُلُوفٌ حَذَرَ الْمَوْتِ فَقَالَ لَهُمُ اللَّهُ مُوتُوا ثُمَّ أَحْيَاهُمْ ۚ إِنَّ اللَّهَ لَذُو فَضْلٍ عَلَى النَّاسِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَشْكُرُونَ
(အို-နဗီတမန်တော်)အသင် မသိမမြင် မဆင် ခင်မိပါသလော။ အရေအတွက်အားဖြင့် ထောင်ပေါင်းများ စွာသော သူတို့သည် သေဘေးမှလွတ်မြောက်ရန်အလို့ငှာ မိမိတို့နေအိမ်များမှ ထွက်ခွာကြသောအခါဝယ် အလ္လာဟ် အရှင်မြတ်က ယင်းသူတို့အား အသင်တို့သည် သေကြကုန် လော့ ဟု မိန့်ကြားတော်မူ၏။ သို့မိန့်ကြားတော်မူ (လေရာ ယင်းသူတို့သည် သေကြေပျက်စီးသွားကြ၏) ထို့နောက် တဖန် ထိုအရှင်မြတ်က ယင်းသူတို့ကို ရှင်ပြန်စေတော်မူခဲ့သည်။ မချွတ်မလွဲ အလ္လာဟ် အရှင်မြတ်သည် လူခပင်းတို့အပေါ်ဝယ် မုချ ကျေးဇူးပြုတော်မူထသောအရှင် ဖြစ်တော်မူလေသည်။ သို့ရာတွင် လူတို့အနက် မြောက်မြားစွာသော သူတို့သည် (ငါအရှင်မြတ်၏) ကျေးဇူးတော်ကို မသိတတ်ကြချေ။
244وَقَاتِلُوا فِي سَبِيلِ اللَّهِ وَاعْلَمُوا أَنَّ اللَّهَ سَمِيعٌ عَلِيمٌ
ထို့ပြင်တဝ အသင်တို့သည် (အထက်ဖော်ပြပါ အတ္ထုပ္ပတ္တိကို ဆင်ခြင်၍) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်။ ၎င်းပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလုံးစုံကို အကြွင်းမရှိ ကြားတော်မူသောအရှင်၊ အကြွင်းမရှိသိတော် မူသောအရှင် ဖြစ်တော်မူသည်ကိုလည်း အသင်တို့သည်ယုံ ကြည်မှတ်ယူကြကုန်လော့။
245مَّن ذَا الَّذِي يُقْرِضُ اللَّهَ قَرْضًا حَسَنًا فَيُضَاعِفَهُ لَهُ أَضْعَافًا كَثِيرَةً ۚ وَاللَّهُ يَقْبِضُ وَيَبْسُطُ وَإِلَيْهِ تُرْجَعُونَ
အလ္လာဟ်အရှင်မြတ်အား မွန်မြတ်လှစွာသော ကြွေးမြီချေးငှားမည့်သူသည် မည်သူနည်း။ သို့ ချေးငှားခြင်း အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ယင်းကဲ့သို့သောချေး ငှားခြင်း၏ အကျိုးကို ထိုသူအဖို့ အဆပေါင်းမြောက်မြားစွာ တိုးပွားစေတော်မူအံ့။ (တဖန် ယင်းကဲ့သို့ ကြွေးမြီချေးငှားသူတို့ အဖို့မှာလည်း မိမိတို့၏ဥစ္စာပစ္စည်း နည်းပါးသွားမည်ကို စိုးရိမ် မကင်းမဖြစ်သင့်ချေ။) အဘယ့်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည်သာလျှင်(ဥစ္စာပစ္စည်းကို) ကျပ်တည်းစေတော် မူသည်။ ထိုအရှင်မြတ်သည်ပင်လျှင် (ဥစ္စာပစ္စည်းကို) ချောင် လည်စေတော်မူလေသည်။ တစ်ဖန် အသင်တို့သည် ထိုအရှင် မြတ်အထံတော်သို့သာလျှင် ပြန်လှည့်ကြရပေမည်။
246أَلَمْ تَرَ إِلَى الْمَلَإِ مِن بَنِي إِسْرَائِيلَ مِن بَعْدِ مُوسَىٰ إِذْ قَالُوا لِنَبِيٍّ لَّهُمُ ابْعَثْ لَنَا مَلِكًا نُّقَاتِلْ فِي سَبِيلِ اللَّهِ ۖ قَالَ هَلْ عَسَيْتُمْ إِن كُتِبَ عَلَيْكُمُ الْقِتَالُ أَلَّا تُقَاتِلُوا ۖ قَالُوا وَمَا لَنَا أَلَّا نُقَاتِلَ فِي سَبِيلِ اللَّهِ وَقَدْ أُخْرِجْنَا مِن دِيَارِنَا وَأَبْنَائِنَا ۖ فَلَمَّا كُتِبَ عَلَيْهِمُ الْقِتَالُ تَوَلَّوْا إِلَّا قَلِيلًا مِّنْهُمْ ۗ وَاللَّهُ عَلِيمٌ بِالظَّالِمِينَ
(အို-နဗီ တမန်တော်) အသင်သည် နဗီတမန် တော်မူစာ (အလိုင်ဟစ္စလာမ်) ကွယ်လွန်ပြီးသည့်နောက အစ္စရာအီလီ မျိုးနွယ်များအနက်မှ ဦးစီးနာယကများ၏ (ဖြစ် အင်များ)ကို လေ့လာဆင်ခြင်သုံးသပ်ပြီးသည် မဟုတ်ပါလော။ အခါတစ်ပါး၌ ယင်းသူတို့သည် မိမိတို့၏ နဗီတမန် တော်အား ကျွန်တော်မျိုးတို့အဖို့ ဘုရင်တစ်ပါးကို ခန့်အပ် တင်မြှောက်၍ ပေးတော်မူပါ၊ ကျွန်တော်မျိုးတို့သည် အလ္လာဟ် အရှင်မြတ်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြပါမည် ဟု လျှောက် ထားကြကုန်၏။ ထိုအခါ နဗီတမန်တော်က (အချင်းတို့) အကယ်၍သာ အသင်တို့အပေါ်ဝယ် (အလ္လာဟ် အရှင်မြတ် အထံတော်မှ) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန် အမိန့်ပြဌာန်း ချက်သည် အတည်ဖြစ်ပါမူ အသင်တို့သည် (စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်ခြင်းမပြုသူများ ဖြစ်တန်ရာသည် မဟုတ်လော) ဟု ဖြေကြားတော်မူ၏။ ထိုအခါ ယင်းသူတို့က အမှန်စင်စစ် ကျွန်တော်မျိုးတို့သည် မိမိတို့ အိုးအိမ်စည်းစိမ် များနှင့်တကွ မိမိတို့သားသမီးများကိုပါ စွန့်လွှတ်ခွဲခွာ၍ နှင်ထုတ်ခြင်းခံရသူ များဖြစ်ကြရကား ကျွန်တော်မျိုး တို့အဖို့ အလ္လာဟ်အရှင်မြတ် ၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ခြင်းမပြုရန် အဘယ်မှာလျှင် အကြောင်းရှိနိုင်ပါအံ့နည်း ဟု လျှောက် ထားကြပြန်လေသည်။ ထို့နောက် (အလ္လာဟ်အရှင်မြတ် အထံ တော်မှ) ယင်းသူတို့ အပေါ်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန် အမိန့်တော်ကျရောက် လာသောအခါ ယင်းသူတို့ အနက်မှ အနည်းငယ်သောသူများမှအပ (ကျန်လူအားလုံးတို့သည်) ကျောခိုင်းသွားကြလေသည်။ စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် စည်းကမ်းဖောက် ဖျက်သောသူတို့ကို သေချာ စေ့ငုံစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
247وَقَالَ لَهُمْ نَبِيُّهُمْ إِنَّ اللَّهَ قَدْ بَعَثَ لَكُمْ طَالُوتَ مَلِكًا ۚ قَالُوا أَنَّىٰ يَكُونُ لَهُ الْمُلْكُ عَلَيْنَا وَنَحْنُ أَحَقُّ بِالْمُلْكِ مِنْهُ وَلَمْ يُؤْتَ سَعَةً مِّنَ الْمَالِ ۚ قَالَ إِنَّ اللَّهَ اصْطَفَاهُ عَلَيْكُمْ وَزَادَهُ بَسْطَةً فِي الْعِلْمِ وَالْجِسْمِ ۖ وَاللَّهُ يُؤْتِي مُلْكَهُ مَن يَشَاءُ ۚ وَاللَّهُ وَاسِعٌ عَلِيمٌ
ထို့နောက် ယင်းသူတို့အား ထိုသူတို့၏ နဗီတမန် တော်က ဟယ်-အချင်းတို့ ဧကန်ဆတ်ဆတ် အလ္လာဟ်အရှင် မြတ်သည် အသင်တို့အပေါ် တွာလူတ် ကို ဘုရင်အဖြစ်တင် မြှောက်တော်မူလေပြီ ဟု ပြောကြားလေရာထိုသူတို့က အဘယ်အတွက်ကြောင့် ယင်း ‘တွာလူတ်’ တွင် ကျွန်တော် မျိုးတို့အပေါ်၌ မင်းလုပ် အုပ်ချုပ် နိုင်ရန် ဩဇာအာဏာသည် အသို့လျှင်ရှိနိုင်အံ့နည်း၊ အမှန်စင်စစ် ကျွန်တော်မျိုးတို့သည် ယင်းပုဂ္ဂိုလ် ထက်ပင် ဩဇာအာဏာ ရထိုက်သူများဖြစ်ကြ ပါသည်။ ၎င်းပြင် ထို ‘တွာလူတ်’ သည် ဥစ္စာဓန<ကယ်ဝချမ်း သာမှုကိုလည်း ရရှိသူ မဟုတ်ပါ ဟု လျှောက်ထားကြကုန်၏။ ထိုအခါဝယ် ယင်း နဗီတမန်တော်က ဟယ်-အချင်းတို့ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ယင်း ‘တွာလူတ်’ ကိုပင် အသင်တို့အပေါ်၌ (ဘုရင်အဖြစ်) ရွေးချယ် တင်မြှောက် တော်မူလေပြီ၊ ထို့ပြင်တဝ ထိုအရှင်မြတ်သည် ယင်း ‘တွာလူတ်’ အား (စစ်မက်ရေးရာ အဖြာဖြာ၌ ကျွမ်းကျင်လိမ္မာခြင်းတည်း ဟူသော) ဉာဏဗလ၌လည်းကောင်း၊ (ရူပလက္ခဏာ�ြန် အင်္ဂါ နှင့်ပြည့်စုံ၍ ကိုယ်ခန္ဓာ ထွားကျိုင်းခွန်အားကြီးမားခြင်းတည်း ဟူသော) ကာယဗလအရာ၌လည်းကောင်း၊ အသင်တို့ထက် ကျယ်ဝန်း စွာပေး သနားတော်မူလေသည်။ အကြောင်းမူကား အလ္လာဟ် အရှင်မြတ်သည် မိမိ(ပိုင်ဆိုင်တော်မူသော) ဩဇာအာဏာကို မိမိနှစ်သက်လိုလားတော်မူသော သူကိုသာလျှင် ပေးသနား တော်မူလေသည်။ တဖန် အလ္လာဟ်အရှင်မြတ်သည်သာလျှင် (ဥစ္စာဓန ချမ်းသာ ကြွယ်ဝမှုကို) ကျယ်ဝန်းစွာ ပေးသနား တော်မူသော အရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော် မူသောအရှင် ဖြစ်တော်မူပေသည်။ ဟု ပြန်လည် ဖြေကြား တော်မူလေသတည်း။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
245အာယာသ်

ဘာသာပြန် — အလ်-ဗကရ 245

စူရာ အလ်-ဗကရ အာယာသ် 245 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အလ္လာဟ်အရှင်မြတ်အား မွန်မြတ်လှစွာသော ကြွေးမြီချေးငှားမည့်သူသည် မည်သူနည်း။ သို့ ချေးငှားခြင်း အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ယင်းကဲ့သို့သောချေး ငှားခြင်း၏…

စူရာ အာယာသ် 245/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 243–247. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers