အလ်-ဗကရ · 244/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَقَاتِلُوا فِي سَبِيلِ اللَّهِ وَاعْلَمُوا أَنَّ اللَّهَ سَمِيعٌ عَلِيمٌ ۝٢٤٤
Wa qaatiloo fee sabeelil laahi wa`lamooo annal laaha Samee`un `Aleem
📖 မြန်မာဘာသာ
ထို့ပြင်တဝ အသင်တို့သည် (အထက်ဖော်ပြပါ အတ္ထုပ္ပတ္တိကို ဆင်ခြင်၍) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်။ ၎င်းပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလုံးစုံကို အကြွင်းမရှိ ကြားတော်မူသောအရှင်၊ အကြွင်းမရှိသိတော် မူသောအရှင် ဖြစ်တော်မူသည်ကိုလည်း အသင်တို့သည်ယုံ ကြည်မှတ်ယူကြကုန်လော့။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 242-246 — စူရာ အလ်-ဗကရ

242كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمْ آيَاتِهِ لَعَلَّكُمْ تَعْقِلُونَ
ဤနည်းနှင်နှင် အလ္လာဟ်အရှင်မြတ်သည် မိမိ အမိန့်ပညတ်တော်များကို အသင်တို့(လိုက်နာကျင့်သုံးနိုင်ရန်) အလို့ငှာ ရှင်းလင်းထင်ရှားစွာထုတ်ဖော်မိန့်ကြား တော်မူလေ သည်။ သို့မှသာလျှင် အသင်တို့သည် သိနားလည် ကြပေမည်။
243۞ أَلَمْ تَرَ إِلَى الَّذِينَ خَرَجُوا مِن دِيَارِهِمْ وَهُمْ أُلُوفٌ حَذَرَ الْمَوْتِ فَقَالَ لَهُمُ اللَّهُ مُوتُوا ثُمَّ أَحْيَاهُمْ ۚ إِنَّ اللَّهَ لَذُو فَضْلٍ عَلَى النَّاسِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَشْكُرُونَ
(အို-နဗီတမန်တော်)အသင် မသိမမြင် မဆင် ခင်မိပါသလော။ အရေအတွက်အားဖြင့် ထောင်ပေါင်းများ စွာသော သူတို့သည် သေဘေးမှလွတ်မြောက်ရန်အလို့ငှာ မိမိတို့နေအိမ်များမှ ထွက်ခွာကြသောအခါဝယ် အလ္လာဟ် အရှင်မြတ်က ယင်းသူတို့အား အသင်တို့သည် သေကြကုန် လော့ ဟု မိန့်ကြားတော်မူ၏။ သို့မိန့်ကြားတော်မူ (လေရာ ယင်းသူတို့သည် သေကြေပျက်စီးသွားကြ၏) ထို့နောက် တဖန် ထိုအရှင်မြတ်က ယင်းသူတို့ကို ရှင်ပြန်စေတော်မူခဲ့သည်။ မချွတ်မလွဲ အလ္လာဟ် အရှင်မြတ်သည် လူခပင်းတို့အပေါ်ဝယ် မုချ ကျေးဇူးပြုတော်မူထသောအရှင် ဖြစ်တော်မူလေသည်။ သို့ရာတွင် လူတို့အနက် မြောက်မြားစွာသော သူတို့သည် (ငါအရှင်မြတ်၏) ကျေးဇူးတော်ကို မသိတတ်ကြချေ။
244وَقَاتِلُوا فِي سَبِيلِ اللَّهِ وَاعْلَمُوا أَنَّ اللَّهَ سَمِيعٌ عَلِيمٌ
ထို့ပြင်တဝ အသင်တို့သည် (အထက်ဖော်ပြပါ အတ္ထုပ္ပတ္တိကို ဆင်ခြင်၍) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်။ ၎င်းပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလုံးစုံကို အကြွင်းမရှိ ကြားတော်မူသောအရှင်၊ အကြွင်းမရှိသိတော် မူသောအရှင် ဖြစ်တော်မူသည်ကိုလည်း အသင်တို့သည်ယုံ ကြည်မှတ်ယူကြကုန်လော့။
245مَّن ذَا الَّذِي يُقْرِضُ اللَّهَ قَرْضًا حَسَنًا فَيُضَاعِفَهُ لَهُ أَضْعَافًا كَثِيرَةً ۚ وَاللَّهُ يَقْبِضُ وَيَبْسُطُ وَإِلَيْهِ تُرْجَعُونَ
အလ္လာဟ်အရှင်မြတ်အား မွန်မြတ်လှစွာသော ကြွေးမြီချေးငှားမည့်သူသည် မည်သူနည်း။ သို့ ချေးငှားခြင်း အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ယင်းကဲ့သို့သောချေး ငှားခြင်း၏ အကျိုးကို ထိုသူအဖို့ အဆပေါင်းမြောက်မြားစွာ တိုးပွားစေတော်မူအံ့။ (တဖန် ယင်းကဲ့သို့ ကြွေးမြီချေးငှားသူတို့ အဖို့မှာလည်း မိမိတို့၏ဥစ္စာပစ္စည်း နည်းပါးသွားမည်ကို စိုးရိမ် မကင်းမဖြစ်သင့်ချေ။) အဘယ့်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည်သာလျှင်(ဥစ္စာပစ္စည်းကို) ကျပ်တည်းစေတော် မူသည်။ ထိုအရှင်မြတ်သည်ပင်လျှင် (ဥစ္စာပစ္စည်းကို) ချောင် လည်စေတော်မူလေသည်။ တစ်ဖန် အသင်တို့သည် ထိုအရှင် မြတ်အထံတော်သို့သာလျှင် ပြန်လှည့်ကြရပေမည်။
246أَلَمْ تَرَ إِلَى الْمَلَإِ مِن بَنِي إِسْرَائِيلَ مِن بَعْدِ مُوسَىٰ إِذْ قَالُوا لِنَبِيٍّ لَّهُمُ ابْعَثْ لَنَا مَلِكًا نُّقَاتِلْ فِي سَبِيلِ اللَّهِ ۖ قَالَ هَلْ عَسَيْتُمْ إِن كُتِبَ عَلَيْكُمُ الْقِتَالُ أَلَّا تُقَاتِلُوا ۖ قَالُوا وَمَا لَنَا أَلَّا نُقَاتِلَ فِي سَبِيلِ اللَّهِ وَقَدْ أُخْرِجْنَا مِن دِيَارِنَا وَأَبْنَائِنَا ۖ فَلَمَّا كُتِبَ عَلَيْهِمُ الْقِتَالُ تَوَلَّوْا إِلَّا قَلِيلًا مِّنْهُمْ ۗ وَاللَّهُ عَلِيمٌ بِالظَّالِمِينَ
(အို-နဗီ တမန်တော်) အသင်သည် နဗီတမန် တော်မူစာ (အလိုင်ဟစ္စလာမ်) ကွယ်လွန်ပြီးသည့်နောက အစ္စရာအီလီ မျိုးနွယ်များအနက်မှ ဦးစီးနာယကများ၏ (ဖြစ် အင်များ)ကို လေ့လာဆင်ခြင်သုံးသပ်ပြီးသည် မဟုတ်ပါလော။ အခါတစ်ပါး၌ ယင်းသူတို့သည် မိမိတို့၏ နဗီတမန် တော်အား ကျွန်တော်မျိုးတို့အဖို့ ဘုရင်တစ်ပါးကို ခန့်အပ် တင်မြှောက်၍ ပေးတော်မူပါ၊ ကျွန်တော်မျိုးတို့သည် အလ္လာဟ် အရှင်မြတ်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြပါမည် ဟု လျှောက် ထားကြကုန်၏။ ထိုအခါ နဗီတမန်တော်က (အချင်းတို့) အကယ်၍သာ အသင်တို့အပေါ်ဝယ် (အလ္လာဟ် အရှင်မြတ် အထံတော်မှ) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန် အမိန့်ပြဌာန်း ချက်သည် အတည်ဖြစ်ပါမူ အသင်တို့သည် (စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်ခြင်းမပြုသူများ ဖြစ်တန်ရာသည် မဟုတ်လော) ဟု ဖြေကြားတော်မူ၏။ ထိုအခါ ယင်းသူတို့က အမှန်စင်စစ် ကျွန်တော်မျိုးတို့သည် မိမိတို့ အိုးအိမ်စည်းစိမ် များနှင့်တကွ မိမိတို့သားသမီးများကိုပါ စွန့်လွှတ်ခွဲခွာ၍ နှင်ထုတ်ခြင်းခံရသူ များဖြစ်ကြရကား ကျွန်တော်မျိုး တို့အဖို့ အလ္လာဟ်အရှင်မြတ် ၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ခြင်းမပြုရန် အဘယ်မှာလျှင် အကြောင်းရှိနိုင်ပါအံ့နည်း ဟု လျှောက် ထားကြပြန်လေသည်။ ထို့နောက် (အလ္လာဟ်အရှင်မြတ် အထံ တော်မှ) ယင်းသူတို့ အပေါ်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန် အမိန့်တော်ကျရောက် လာသောအခါ ယင်းသူတို့ အနက်မှ အနည်းငယ်သောသူများမှအပ (ကျန်လူအားလုံးတို့သည်) ကျောခိုင်းသွားကြလေသည်။ စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် စည်းကမ်းဖောက် ဖျက်သောသူတို့ကို သေချာ စေ့ငုံစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
244အာယာသ်

ဘာသာပြန် — အလ်-ဗကရ 244

စူရာ အလ်-ဗကရ အာယာသ် 244 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်တဝ အသင်တို့သည် (အထက်ဖော်ပြပါ အတ္ထုပ္ပတ္တိကို ဆင်ခြင်၍) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်။ ၎င်းပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည်…

စူရာ အာယာသ် 244/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 242–246. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers