အလ်-ဗကရ · 57/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَظَلَّلْنَا عَلَيْكُمُ الْغَمَامَ وَأَنزَلْنَا عَلَيْكُمُ الْمَنَّ وَالسَّلْوَىٰ ۖ كُلُوا مِن طَيِّبَاتِ مَا رَزَقْنَاكُمْ ۖ وَمَا ظَلَمُونَا وَلَٰكِن كَانُوا أَنفُسَهُمْ يَظْلِمُونَ ۝٥٧
Wa zallalnaa `alaikumul ghamaama wa anzalnaa `alaikumul Manna was Salwaa kuloo min taiyibaati maa razaqnaakum wa maa zalamoonaa wa laakin kaanooo anfusahum yazlimoon
📖 မြန်မာဘာသာ
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) ငါအရှင်သည် အသင်တို့အပေါ်ဝယ် မိုးတိမ်များကို အရိပ်အာဝါသအဖြစ် ပြုလုပ်ပေးတော်မူ၏။ ထိုမျှမကသေး (မွတ်သိပ်ဆာလောင်ခြင်းမှ ကင်းစိမ့်သောငှာ) ငါအရှင်သည် မန္နဟူသော စားဘွယ်ရာတမျိုးနှင့် စလ်ဝါ ခေါ် ငုံးသတ္တဝါ တစ်မျိုးကို ချပေးသနားတော် မူ၏။ သို့ဖြစ်ရာ အသင်တို့သည် ငါအရှင် ပေးသနားတော်မူသည့် ကောင်းမြတ်သော ခဲဘွယ် ဘောဇဉ်များကို စားသုံးကြကုန်။ ထိုသူတို့သည် ငါအရှင်မြတ်အား နှိပ်စက် ညှဉ်းပန်းကြသည် မဟုတ်။ မိမိတို့ကိုယ်ကို မိမိတို့ပင် နှိပ်စက်ညှဉ်းပန်းကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 55-59 — စူရာ အလ်-ဗကရ

55وَإِذْ قُلْتُمْ يَا مُوسَىٰ لَن نُّؤْمِنَ لَكَ حَتَّىٰ نَرَى اللَّهَ جَهْرَةً فَأَخَذَتْكُمُ الصَّاعِقَةُ وَأَنتُمْ تَنظُرُونَ
(အို-အစ္စရာအီလီမျိုးနွယ်အပေါင်းတို့ ပြန်လည်အောက်မေ့ သတိရကြကုန်) တရံရောအခါ အသင်တို့က အိုမူစာ၊ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကို ဒိဌမျက်ဝါးထင်ထင် မဖူးမြင်ရသမျှ ကာလပတ်လုံး ကျွန်ုပ်တို့သည် အသင့်အားအလျင်း ယုံကြည်ကြမည်မဟုတ်ဟု ပြောဆို ကြကုန်၏။(ထိုကဲ့သို့ မပြောသင့် မပြောအပ်သော စကားရပ်ကို ပြောဆိုကြသည့်အတွက်) အသင်တို့အား (အလ္လာဟ် အရှင် မြတ်၏ကြောက်မက်ဖွယ်ကောင်းသော) မိုးကြိုးလောင်မီးသည် ဖမ်းဆီး(ကွပ်မျက်) လိုက်လေပြီ။ အသင်တို့ကိုယ်တိုင်လည်း (ထိုအခြင်းအရာကို) တွေ့မြင်ကြပေသည်။
56ثُمَّ بَعَثْنَاكُم مِّن بَعْدِ مَوْتِكُمْ لَعَلَّكُمْ تَشْكُرُونَ
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊) အသင်တို့ အသက်သေကြေ ပျက်စီးပြီးသည့် နောက်သော်မှပင် ငါအရှင်သည် အသင်တို့အား တဖန်ရှင်ပြန်ထစေတော်မူ၏။ သို့မှသာလျှင် အသင်တို့သည် ကျေးဇူးတင်ကြမည်။
57وَظَلَّلْنَا عَلَيْكُمُ الْغَمَامَ وَأَنزَلْنَا عَلَيْكُمُ الْمَنَّ وَالسَّلْوَىٰ ۖ كُلُوا مِن طَيِّبَاتِ مَا رَزَقْنَاكُمْ ۖ وَمَا ظَلَمُونَا وَلَٰكِن كَانُوا أَنفُسَهُمْ يَظْلِمُونَ
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) ငါအရှင်သည် အသင်တို့အပေါ်ဝယ် မိုးတိမ်များကို အရိပ်အာဝါသအဖြစ် ပြုလုပ်ပေးတော်မူ၏။ ထိုမျှမကသေး (မွတ်သိပ်ဆာလောင်ခြင်းမှ ကင်းစိမ့်သောငှာ) ငါအရှင်သည် မန္နဟူသော စားဘွယ်ရာတမျိုးနှင့် စလ်ဝါ ခေါ် ငုံးသတ္တဝါ တစ်မျိုးကို ချပေးသနားတော် မူ၏။ သို့ဖြစ်ရာ အသင်တို့သည် ငါအရှင် ပေးသနားတော်မူသည့် ကောင်းမြတ်သော ခဲဘွယ် ဘောဇဉ်များကို စားသုံးကြကုန်။ ထိုသူတို့သည် ငါအရှင်မြတ်အား နှိပ်စက် ညှဉ်းပန်းကြသည် မဟုတ်။ မိမိတို့ကိုယ်ကို မိမိတို့ပင် နှိပ်စက်ညှဉ်းပန်းကြကုန်၏။
58وَإِذْ قُلْنَا ادْخُلُوا هَٰذِهِ الْقَرْيَةَ فَكُلُوا مِنْهَا حَيْثُ شِئْتُمْ رَغَدًا وَادْخُلُوا الْبَابَ سُجَّدًا وَقُولُوا حِطَّةٌ نَّغْفِرْ لَكُمْ خَطَايَاكُمْ ۚ وَسَنَزِيدُ الْمُحْسِنِينَ
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်၊) တရံရောအခါ ငါအရှင်သည် မိန့်ကြားခဲ့သည်မှာ အသင်တို့သည် ဤမြို့သို့ဝင်ရောက်၍ အလိုရှိရာခဲဘွယ်ဘောဇဉ်များကို အဘယ်မှမဆို မိမိတို့ဆန္ဒ အလိုက်ဖေါဖေါသီသီ စားသုံးကြကုန်၊ (ငါ့အားလည်း ခယရိုကျိုး သောအနေအားဖြင့်) ဝပ်တွား၍ မြို့တံခါးပေါက်သို့ ဝင်ကြ ကုန်(ကျွန်တော်မျိုးတို့အား အပြစ်များမှ ချမ်းသာခွင့် ပေးသနားတော် မူပါ) ဟုလည်း မြွက်ဆိုကြကုန်။ (ဖေါ်ပြပါအမိန့် ဩဝါဒများကို လိုက်နာ ကျင့်မူကြပါလျှင်) ငါအရှင်သည် အသင်တို့၏ မှားယွင်မှုများကို ခွင့်လွှတ်တော် မူမည်။ ထို့ပြင်တဝ ငါအရှင်သည် ကောင်းမှုပြုသော သူများ ကိုလည်းကုသိုလ်အကျိုး ဆထက်တိုး၍ ပေးသနားတော်မူမည်။
59فَبَدَّلَ الَّذِينَ ظَلَمُوا قَوْلًا غَيْرَ الَّذِي قِيلَ لَهُمْ فَأَنزَلْنَا عَلَى الَّذِينَ ظَلَمُوا رِجْزًا مِّنَ السَّمَاءِ بِمَا كَانُوا يَفْسُقُونَ
သို့ရာတွင် (တရားတော်ကို) ကျူးလွန် ကြသောထို(အစ္စရာအီလီ) လူမျိုးတို့သည် မိမိတို့အား သင်ကြားပို့ချထားသော စကားရပ်နှင့် ဆန့်ကျင်သည့် အခြား (မလျော်ကန်သော) စကားရပ်ကို ပြောင်းလွှဲ၍ သုံးစွဲကြလေသည်။ သို့ဖြစ်ရာငါအရှင်သည် တရားတော်ကို ကျူးလွန်သော ထို(အစ္စရာအီလ်) မျိုးနွယ်အပေါ်သို့ ဒုစရိုက်မှုများ ပြုလေ့ရှိကြ သည့်အတွက် မိုးကောင်းကင်မှ ရောဂါကပ်ကို စိုက်ရောက်စေတော်မူလေသည်။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
57အာယာသ်

ဘာသာပြန် — အလ်-ဗကရ 57

စူရာ အလ်-ဗကရ အာယာသ် 57 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) ငါအရှင်သည် အသင်တို့အပေါ်ဝယ် မိုးတိမ်များကို အရိပ်အာဝါသအဖြစ် ပြုလုပ်ပေးတော်မူ၏။ ထိုမျှမကသေး (မွတ်သိပ်ဆာလောင်ခြင်းမှ ကင်းစိမ့်သောငှာ)…

စူရာ အာယာသ် 57/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 55–59. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers