إِذْ تَمْشِي أُخْتُكَ فَتَقُولُ هَلْ أَدُلُّكُمْ عَلَىٰ مَن يَكْفُلُهُ ۖ فَرَجَعْنَاكَ إِلَىٰ أُمِّكَ كَيْ تَقَرَّ عَيْنُهَا وَلَا تَحْزَنَ ۚ وَقَتَلْتَ نَفْسًا فَنَجَّيْنَاكَ مِنَ الْغَمِّ وَفَتَنَّاكَ فُتُونًا ۚ فَلَبِثْتَ سِنِينَ فِي أَهْلِ مَدْيَنَ ثُمَّ جِئْتَ عَلَىٰ قَدَرٍ يَا مُوسَىٰ ٤٠
🔤 Transliteration
Iz tamsheee ukhtuka fataqoolu hal adullukum `alaa mai yakfuluhoo faraja `naaka ilaaa ummika kai taqarra `ainuhaa wa laa tahzan; wa qatalta nafsan fanajjainaaka minal ghammi wa fatannaaka futoonaa; falabista sineena feee ahli Madyana summa ji`ta `alaa qadariny yaa Moosa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အကြင်အခါဝယ် အသင်၏ အစ်မသည် လမ်းလျှောက်၍လာလေသည်။ ထို့နောက်၎င်းက ကျွန်ုပ်သည်အသင်တို့အား ဤ(ကလေးသူငယ်)ကို (ကောင်းစွာ)မွေးမြူပြုစုနိုင်မည့်သူအား ညွှန်ပြရမည်လောဟု ပြောဆိုလေသည်။ တစ်ဖန်ငါအရှင်မြတ်သည် အသင်အား အသင်၏ မိခင်ထံသို့ ထိုမိခင်၏မျက်စိအေးမြ (ကြည်လင်)အံ့သောငှာလည်းကောင်း၊ ယင်းမိခင်သည် ဝမ်းနည်းပူဆွေးခြင်း မဖြစ်ရန်လည်း ကောင်း၊ပြန်လည် ရောက်ရှိစေတော်မူခဲ့ပေသည်။ ထို့ပြင် အသင်သည်လူတစ်ယောက်ကို(မတော်တဆ)သတ်ဖြတ်မိခဲ့ရာ ငါအရှင်မြတ်သည် အသင်၏ စိတ်ဒုက္ခရောက်ရှိခြင်းမှ ကယ်တင်တော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် အသင့်အား အကြီးအကျယ် စမ်းသပ်တော်မူခဲ့ပေသည်။ ထို့နောက် အသင်သည်မဒ်ယန်မြို့သားတို့တွင် အနှစ်နှစ်အလလ နေ(ထိုင်)ခဲ့လေသည်။ထို့နောက် တစ်ဖန် အို-မူစာ၊ အသင်သည် သတ်မှတ်ပိုင်းခြားအပ်သောအချိန်၌(ဤနေရာသို့ပြန်လည်)ရောက်ရှိလာခဲ့လေသည်။
🌐 Additional reference in ภาษาไทย
ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ စကားလုံးအဓိပ္ပာယ်များ إِذْ تَمْشِي أُخْتُكَ: သင်၏အစ်မသည် လမ်းလျှောက်လာစဉ်။ هَلْ أَدُلُّكُمْ: ငါသည် သင်တို့အား ညွှန်ပြရမည်လော။ مَن يَكْفُلُهُ: မည်သူက သူ့ကို ပြုစုစောင့်ရှောက်မည်နည်း။ فَرَجَعْنَاكَ: ငါအရှင်မြတ်သည် သင့်ကို ပြန်လည်ပို့ဆောင်ပေးခဲ့၏။ تَقَرَّ عَيْنُهَا: သူမ၏မျက်စိသည် အေးမြကြည်နူးရမည်။ وَلَا تَحْزَنَ: သူမသည် ဝမ်းနည်းပူဆွေးခြင်း မရှိရမည်။ وَقَتَلْتَ نَفْسًا: သင်သည် လူတစ်ဦးကို သတ်ခဲ့၏။ فَنَجَّيْنَاكَ مِنَ الْغَمِّ: ငါအရှင်မြတ်သည် သင့်ကို ပူဆွေးမှုမှ ကယ်တင်ခဲ့၏။ وَفَتَنَّاكَ فُتُونًا: ငါအရှင်မြတ်သည် သင့်ကို အကြိမ်ကြိမ် စမ်းသပ်ခဲ့၏။ فَلَبِثْتَ سِنِينَ: သင်သည် နှစ်များစွာ နေထိုင်ခဲ့၏။ أَهْلَ مَدْيَنَ: မဒ်ယန်မြို့သူများ။ عَلَىٰ قَدَرٍ: သတ်မှတ်ထားသော အချိန်အပေါ်၌။ ဤအာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အို မူစာ၊ ငါအရှင်မြတ်သည် သင့်အား ကျေးဇူးပြုတော်မူခဲ့သည့်အချိန်ကို သတိရပါ။ ထိုအခါ သင်၏အစ်မသည် သင့်ကို နောက်မှလိုက်လျှောက်ရင်း ဖာရိုမင်း၏လူများထံသို့ ရောက်ရှိလာပြီး "ဤကလေးကို ပြုစုစောင့်ရှောက်ပေးမည့်သူတစ်ဦးကို ကျွန်ုပ်ညွှန်ပြပေးရမည်လော" ဟု မေးမြန်းခဲ့၏။ ထိုအခါ ငါအရှင်မြတ်သည် သင့်အား သင့်မိခင်ထံသို့ ပြန်လည်ပို့ဆောင်ပေးတော်မူခဲ့၏။ အကြောင်းမှာ သူမ၏မျက်စိအေးမြကြည်နူးရန်နှင့် သင့်အတွက် ဝမ်းနည်းပူဆွေးခြင်းမဖြစ်ရန်အတွက်ဖြစ်၏။
ထို့နောက် သင်သည် ကိဗ်သွိလူမျိုးတစ်ဦးကို သတ်မိခဲ့၏။ ထိုအခါ ငါအရှင်မြတ်သည် သင့်အား ပူဆွေးသောကမှ ကယ်တင်တော်မူခဲ့၏။ ငါအရှင်မြတ်သည် သင့်အား အကြိမ်ကြိမ်အဖန်ဖန် စမ်းသပ်တော်မူခဲ့၏။ ထို့နောက် သင်သည် မဒ်ယန်မြို့သူများအကြားတွင် နှစ်များစွာနေထိုင်ခဲ့၏။ ထို့နောက် အို မူစာ၊ သင်သည် ငါအရှင်မြတ် သတ်မှတ်တော်မူထားသော အချိန်အပေါ်၌ ရောက်ရှိလာခဲ့၏။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ အလ္လာဟ်အရှင်မြတ်သည် မိမိချစ်မြတ်နိုးသော ကျေးကျွန်များကို ခက်ခဲသောအခြေအနေများမှ ကယ်တင်တော်မူပြီး သူတို့အတွက် အကောင်းဆုံးသော အစီအစဉ်ကို စီ
إِذۡ تَمۡشِيٓ أُخۡتُكَ فَتَقُولُ هَلۡ أَدُلُّكُمۡ عَلَىٰ مَن يَكۡفُلُهُۥۖ فَرَجَعۡنَٰكَ إِلَىٰٓ أُمِّكَ كَيۡ تَقَرَّ عَيۡنُهَا وَلَا تَحۡزَنَۚ وَقَتَلۡتَ نَفۡسًا فَنَجَّيۡنَٰكَ مِنَ ٱلۡغَمِّ وَفَتَنَّٰكَ فُتُونًاۚ فَلَبِثۡتَ سِنِينَ فِيٓ أَهۡلِ مَدۡيَنَ ثُمَّ جِئۡتَ عَلَىٰ قَدَرٍ يَٰمُوسَىٰ ٤٠
အကြင်အခါဝယ် အသင်၏ အစ်မသည် လမ်းလျှောက်၍လာလေသည်။ ထို့နောက်၎င်းက ကျွန်ုပ်သည်အသင်တို့အား ဤ(ကလေးသူငယ်)ကို (ကောင်းစွာ)မွေးမြူပြုစုနိုင်မည့်သူအား ညွှန်ပြရမည်လောဟု ပြောဆိုလေသည်။ တစ်ဖန်ငါအရှင်မြတ်သည် အသင်အား အသင်၏ မိခင်ထံသို့ ထိုမိခင်၏မျက်စိအေးမြ (ကြည်လင်)အံ့သောငှာလည်းကောင်း၊ ယင်းမိခင်သည် ဝမ်းနည်းပူဆွေးခြင်း မဖြစ်ရန်လည်း ကောင်း၊ပြန်လည် ရောက်ရှိစေတော်မူခဲ့ပေသည်။ ထို့ပြင် အသင်သည်လူတစ်ယောက်ကို(မတော်တဆ)သတ်ဖြတ်မိခဲ့ရာ ငါအရှင်မြတ်သည် အသင်၏ စိတ်ဒုက္ခရောက်ရှိခြင်းမှ ကယ်တင်တော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် အသင့်အား အကြီးအကျယ် စမ်းသပ်တော်မူခဲ့ပေသည်။ ထို့နောက် အသင်သည်မဒ်ယန်မြို့သားတို့တွင် အနှစ်နှစ်အလလ နေ(ထိုင်)ခဲ့လေသည်။ထို့နောက် တစ်ဖန် အို-မူစာ၊ အသင်သည် သတ်မှတ်ပိုင်းခြားအပ်သောအချိန်၌(ဤနေရာသို့ပြန်လည်)ရောက်ရှိလာခဲ့လေသည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 38-42 — စူရာ တာဟာ
38 إِذْ أَوْحَيْنَا إِلَىٰ أُمِّكَ مَا يُوحَىٰ
အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင်၏မိခင်ထံသို့ ထုတ်ပြန်အပ်သော အကြောင်းကို ဤသို့ထုတ်ပြန်တော်မူခဲ့လေသည်။
39 أَنِ اقْذِفِيهِ فِي التَّابُوتِ فَاقْذِفِيهِ فِي الْيَمِّ فَلْيُلْقِهِ الْيَمُّ بِالسَّاحِلِ يَأْخُذْهُ عَدُوٌّ لِّي وَعَدُوٌّ لَّهُ ۚ وَأَلْقَيْتُ عَلَيْكَ مَحَبَّةً مِّنِّي وَلِتُصْنَعَ عَلَىٰ عَيْنِي
အသင်မသည် ထိုမူစာအား သေတ္တာထဲသို့ ထည့်လော့။ ထို့နောက် အသင်မ ယင်းမူစာအား(သေတ္တာနှင့်တကွ)မြစ်ထဲသို့ (မျှော)ချလော့။ ထိုအခါ ထိုမြစ်(ရေ)သည် ယင်းမူစာအား ကမ်းခြေသို့ (ရိုက်ခတ်) ဆိုက်ရောက်စေမည်။ ထိုရောအခါဝယ် ငါအရှင်မြတ်၏ရန်သူလည်းဖြစ်သူ၊ ထိုမူစာ၏ရန်သလည်းဖြစ်သူသည် ထိုမူစာအား (ရေထဲမှ) ဆယ်ယူလိမ့်မည်ဟု (ထုတ်ပြန်တော်မူခဲ့လေသည်။) ထို့ပြင် ငါအရှင်မြတ်သည် (အသင့်အား မြင်သူတိုင်းချစ်ခင်အံ့သောငှာ)အသင့်အပေါ်၌ မိမိအထံတော်မှ ချစ်မြတ်နိုးမှုကို သက်ရောက်စေတော် မူခဲ့ပေသည်။(ယင်းကဲ့သို့ပြုတော်မူခြင်းမှာ) စင်စစ် အသင်သည် ငါအရှင်မြတ်၏ မျက်မှောက်တော်၌ မွေးမြူပြုစုခြင်း ခံရအံ့သောငှာဖြစ်ပေသတည်း။
40 إِذْ تَمْشِي أُخْتُكَ فَتَقُولُ هَلْ أَدُلُّكُمْ عَلَىٰ مَن يَكْفُلُهُ ۖ فَرَجَعْنَاكَ إِلَىٰ أُمِّكَ كَيْ تَقَرَّ عَيْنُهَا وَلَا تَحْزَنَ ۚ وَقَتَلْتَ نَفْسًا فَنَجَّيْنَاكَ مِنَ الْغَمِّ وَفَتَنَّاكَ فُتُونًا ۚ فَلَبِثْتَ سِنِينَ فِي أَهْلِ مَدْيَنَ ثُمَّ جِئْتَ عَلَىٰ قَدَرٍ يَا مُوسَىٰ
အကြင်အခါဝယ် အသင်၏ အစ်မသည် လမ်းလျှောက်၍လာလေသည်။ ထို့နောက်၎င်းက ကျွန်ုပ်သည်အသင်တို့အား ဤ(ကလေးသူငယ်)ကို (ကောင်းစွာ)မွေးမြူပြုစုနိုင်မည့်သူအား ညွှန်ပြရမည်လောဟု ပြောဆိုလေသည်။ တစ်ဖန်ငါအရှင်မြတ်သည် အသင်အား အသင်၏ မိခင်ထံသို့ ထိုမိခင်၏မျက်စိအေးမြ (ကြည်လင်)အံ့သောငှာလည်းကောင်း၊ ယင်းမိခင်သည် ဝမ်းနည်းပူဆွေးခြင်း မဖြစ်ရန်လည်း ကောင်း၊ပြန်လည် ရောက်ရှိစေတော်မူခဲ့ပေသည်။ ထို့ပြင် အသင်သည်လူတစ်ယောက်ကို(မတော်တဆ)သတ်ဖြတ်မိခဲ့ရာ ငါအရှင်မြတ်သည် အသင်၏ စိတ်ဒုက္ခရောက်ရှိခြင်းမှ ကယ်တင်တော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် အသင့်အား အကြီးအကျယ် စမ်းသပ်တော်မူခဲ့ပေသည်။ ထို့နောက် အသင်သည်မဒ်ယန်မြို့သားတို့တွင် အနှစ်နှစ်အလလ နေ(ထိုင်)ခဲ့လေသည်။ထို့နောက် တစ်ဖန် အို-မူစာ၊ အသင်သည် သတ်မှတ်ပိုင်းခြားအပ်သောအချိန်၌(ဤနေရာသို့ပြန်လည်)ရောက်ရှိလာခဲ့လေသည်။
41 وَاصْطَنَعْتُكَ لِنَفْسِي
စင်စစ် ငါအရှင်မြတ်သည် အသင်အား ငါအရှင်မြတ်၏(အရေးကိစ္စများကို ဆောင်ရွက်ရန်)အလို့ငှာ ရွေးချယ်တော်မူခဲ့လေပြီ။
42 اذْهَبْ أَنتَ وَأَخُوكَ بِآيَاتِي وَلَا تَنِيَا فِي ذِكْرِي
(သို့ဖြစ်ပေရာ ယခုမူကား) အသင်သည်လည်းကောင်း၊ အသင်၏နောင်တော်(ဟာရူန်)သည်လည်း ကောင်း၊ငါအရှင်မြတ်၏သက်သေလက္ခဏာတော်များနှင့်တကွ သွားကြလေကုန်။ ၎င်းပြင် အသင်တို့နှစ်ဦးသည် ငါအရှင်မြတ်အားအောက်မေ့တသခြင်းနှင့် စပ်လျဉ်း၍ ဝီရိယ မပေါ့ကြကုန်လင့်။
ဘာသာပြန် — တာဟာ 40 စူရာ တာဟာ အာယာသ် 40 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကြင်အခါဝယ် အသင်၏ အစ်မသည် လမ်းလျှောက်၍လာလေသည်။ ထို့နောက်၎င်းက ကျွန်ုပ်သည်အသင်တို့အား ဤ(ကလေးသူငယ်)ကို (ကောင်းစွာ)မွေးမြူပြုစုနိုင်မည့်သူအား ညွှန်ပြရမည်လောဟု ပြောဆိုလေသည်။…
စူရာ အာယာသ် 40/135 — စူရာ တာဟာ طه (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ တာဟာ နားထောင်, စူရာ တာဟာ ဘာသာပြန်, စူရာ တာဟာ mp3, စူရာ တာဟာ pdf. အာယာသ် 38–42. မြန်မာဘာသာ: ภาษาไทย.