တာဟာ · 41/135
ဘာသာပြန် အသံနိုင်ငံ — စူရာ တာဟာ
وَاصْطَنَعْتُكَ لِنَفْسِي ۝٤١
Wastana` tuka linafsee
📖 မြန်မာဘာသာ
စင်စစ် ငါအရှင်မြတ်သည် အသင်အား ငါအရှင်မြတ်၏(အရေးကိစ္စများကို ဆောင်ရွက်ရန်)အလို့ငှာ ရွေးချယ်တော်မူခဲ့လေပြီ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 39-43 — စူရာ တာဟာ

39أَنِ اقْذِفِيهِ فِي التَّابُوتِ فَاقْذِفِيهِ فِي الْيَمِّ فَلْيُلْقِهِ الْيَمُّ بِالسَّاحِلِ يَأْخُذْهُ عَدُوٌّ لِّي وَعَدُوٌّ لَّهُ ۚ وَأَلْقَيْتُ عَلَيْكَ مَحَبَّةً مِّنِّي وَلِتُصْنَعَ عَلَىٰ عَيْنِي
အသင်မသည် ထိုမူစာအား သေတ္တာထဲသို့ ထည့်လော့။ ထို့နောက် အသင်မ ယင်းမူစာအား(သေတ္တာနှင့်တကွ)မြစ်ထဲသို့ (မျှော)ချလော့။ ထိုအခါ ထိုမြစ်(ရေ)သည် ယင်းမူစာအား ကမ်းခြေသို့ (ရိုက်ခတ်) ဆိုက်ရောက်စေမည်။ ထိုရောအခါဝယ် ငါအရှင်မြတ်၏ရန်သူလည်းဖြစ်သူ၊ ထိုမူစာ၏ရန်သလည်းဖြစ်သူသည် ထိုမူစာအား (ရေထဲမှ) ဆယ်ယူလိမ့်မည်ဟု (ထုတ်ပြန်တော်မူခဲ့လေသည်။) ထို့ပြင် ငါအရှင်မြတ်သည် (အသင့်အား မြင်သူတိုင်းချစ်ခင်အံ့သောငှာ)အသင့်အပေါ်၌ မိမိအထံတော်မှ ချစ်မြတ်နိုးမှုကို သက်ရောက်စေတော် မူခဲ့ပေသည်။(ယင်းကဲ့သို့ပြုတော်မူခြင်းမှာ) စင်စစ် အသင်သည် ငါအရှင်မြတ်၏ မျက်မှောက်တော်၌ မွေးမြူပြုစုခြင်း ခံရအံ့သောငှာဖြစ်ပေသတည်း။
40إِذْ تَمْشِي أُخْتُكَ فَتَقُولُ هَلْ أَدُلُّكُمْ عَلَىٰ مَن يَكْفُلُهُ ۖ فَرَجَعْنَاكَ إِلَىٰ أُمِّكَ كَيْ تَقَرَّ عَيْنُهَا وَلَا تَحْزَنَ ۚ وَقَتَلْتَ نَفْسًا فَنَجَّيْنَاكَ مِنَ الْغَمِّ وَفَتَنَّاكَ فُتُونًا ۚ فَلَبِثْتَ سِنِينَ فِي أَهْلِ مَدْيَنَ ثُمَّ جِئْتَ عَلَىٰ قَدَرٍ يَا مُوسَىٰ
အကြင်အခါဝယ် အသင်၏ အစ်မသည် လမ်းလျှောက်၍လာလေသည်။ ထို့နောက်၎င်းက ကျွန်ုပ်သည်အသင်တို့အား ဤ(ကလေးသူငယ်)ကို (ကောင်းစွာ)မွေးမြူပြုစုနိုင်မည့်သူအား ညွှန်ပြရမည်လောဟု ပြောဆိုလေသည်။ တစ်ဖန်ငါအရှင်မြတ်သည် အသင်အား အသင်၏ မိခင်ထံသို့ ထိုမိခင်၏မျက်စိအေးမြ (ကြည်လင်)အံ့သောငှာလည်းကောင်း၊ ယင်းမိခင်သည် ဝမ်းနည်းပူဆွေးခြင်း မဖြစ်ရန်လည်း ကောင်း၊ပြန်လည် ရောက်ရှိစေတော်မူခဲ့ပေသည်။ ထို့ပြင် အသင်သည်လူတစ်ယောက်ကို(မတော်တဆ)သတ်ဖြတ်မိခဲ့ရာ ငါအရှင်မြတ်သည် အသင်၏ စိတ်ဒုက္ခရောက်ရှိခြင်းမှ ကယ်တင်တော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် အသင့်အား အကြီးအကျယ် စမ်းသပ်တော်မူခဲ့ပေသည်။ ထို့နောက် အသင်သည်မဒ်ယန်မြို့သားတို့တွင် အနှစ်နှစ်အလလ နေ(ထိုင်)ခဲ့လေသည်။ထို့နောက် တစ်ဖန် အို-မူစာ၊ အသင်သည် သတ်မှတ်ပိုင်းခြားအပ်သောအချိန်၌(ဤနေရာသို့ပြန်လည်)ရောက်ရှိလာခဲ့လေသည်။
41وَاصْطَنَعْتُكَ لِنَفْسِي
စင်စစ် ငါအရှင်မြတ်သည် အသင်အား ငါအရှင်မြတ်၏(အရေးကိစ္စများကို ဆောင်ရွက်ရန်)အလို့ငှာ ရွေးချယ်တော်မူခဲ့လေပြီ။
42اذْهَبْ أَنتَ وَأَخُوكَ بِآيَاتِي وَلَا تَنِيَا فِي ذِكْرِي
(သို့ဖြစ်ပေရာ ယခုမူကား) အသင်သည်လည်းကောင်း၊ အသင်၏နောင်တော်(ဟာရူန်)သည်လည်း ကောင်း၊ငါအရှင်မြတ်၏သက်သေလက္ခဏာတော်များနှင့်တကွ သွားကြလေကုန်။ ၎င်းပြင် အသင်တို့နှစ်ဦးသည် ငါအရှင်မြတ်အားအောက်မေ့တသခြင်းနှင့် စပ်လျဉ်း၍ ဝီရိယ မပေါ့ကြကုန်လင့်။
43اذْهَبَا إِلَىٰ فِرْعَوْنَ إِنَّهُ طَغَىٰ
အသင်တို့ နှစ်ဦးသည် ဖိရ်အောင်(န်)ထံသို့ သွားကြလေကုန်။ ဧကန်မလွဲ ယင်းဖိရ်အောင်(န်)သည် လွန်စွာမောက်မာလျက် ရှိနေချေပြီ။
တာဟာကုရ်အာန် ညွှန်းကိန်း
135အာယာသ်
MeccanRevelation
41အာယာသ်

ဘာသာပြန် — တာဟာ 41

စူရာ တာဟာ အာယာသ် 41 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ် ငါအရှင်မြတ်သည် အသင်အား ငါအရှင်မြတ်၏(အရေးကိစ္စများကို ဆောင်ရွက်ရန်)အလို့ငှာ ရွေးချယ်တော်မူခဲ့လေပြီ။

စူရာ အာယာသ် 41/135 — စူရာ တာဟာ طه (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ တာဟာ နားထောင်, စူရာ တာဟာ ဘာသာပြန်, စူရာ တာဟာ mp3, စူရာ တာဟာ pdf. အာယာသ် 39–43. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers