أَمِ اتَّخَذُوا مِن دُونِهِ آلِهَةً ۖ قُلْ هَاتُوا بُرْهَانَكُمْ ۖ هَٰذَا ذِكْرُ مَن مَّعِيَ وَذِكْرُ مَن قَبْلِي ۗ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ الْحَقَّ ۖ فَهُم مُّعْرِضُونَ ٢٤
🔤 Transliteration
Amit takhazoo min doonihee aalihatan qul haatoo burhaanakum haaza zikru mam ma`iya wa zikru man qablee; bal aksaruhum laa ya`lamoonal haqqa fahum mu`ridoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
သို့ပါလျက် ယင်း(မုရှ်ရစ်က်)တို့သည် ထိုအရှင်မြတ်အပြင် ကိုးကွယ်ရာများပြုလုပ်ထားကြသလော။ (အို-နဗီ တမန်တော်)အသင်သည်(၎င်းတို့အားဤသို့)ပြောကြားပါလေ၊(အချင်းတို့)အသင်တို့သည် မိမိတို့၏သက်သေသာဓက အထောက်အထားများကို ယူဆောင်ခဲ့ကြလေကုန်။ ဤသည် ငါနှင့်အတူရှိကြသောသူတို့အား သတိပေးနှိုးဆော်ချက်သည်လည်းကောင်း၊ငါ၏အလျင် ရှိခဲ့ဖူးသောသူတို့အား သတိပေးနှိုးဆော်ချက်သည်လည်းကောင်း၊ ဖြစ်ချေသည်။ သို့ပါလျက်ထိုသူတို့အနက် အများဆုံးသောသူတို့မှာမူကား အမှန်ကို မသိကြချေ။ သို့ဖြစ်ပေရာ၎င်းတို့သည် မျက်နှာလွှဲ၍ နေကြကုန်၏။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ အမိတ္တခ་ဇူး (أَمِ اتَّخَذُوا ) — သို့မဟုတ် သူတို့သည် မိမိတို့ဘာသာဖြင့် သတ်မှတ်ယူဆကြသလော။မင်ဒူနိဟိ (مِن دُونِهِ ) — အလ္လာဟ်အရှင်မြတ်ကို ချန်လှပ်၍ အခြားသောအရာများကို။ဗုရ်ဟာနကုမ် (بُرْهَانَكُمْ ) — သင်တို့၏ ခိုင်လုံသော အထောက်အထား၊ သက်သေအထောက်အထား။ဇိကရု (ذِكْرُ ) — သတိပေးနှိုးဆော်ချက်၊ ဆုံးမဩဝါဒ၊ ကျမ်းတော်။မုအ်ရိဒူန (مُّعْرِضُونَ ) — မျက်နှာလွှဲဖယ်၍ လျစ်လျူရှုသူများ။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်အား စွန့်လွှတ်၍ အခြားသော ဘုရားများကို ကိုးကွယ်ဆည်းကပ်နေကြသော မုရှ်ရိက် (အလ္လာဟ်နှင့်တွဲဖက်ကိုးကွယ်သူ) များအား ရှုတ်ချတော်မူသော အာယသ်တော်ဖြစ်ပါသည်။ အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွ) အား ဤသို့မိန့်ကြားတော်မူသည် — ထိုအယူမှားသူများကို မေးမြန်းလော့။ သူတို့ကိုးကွယ်နေကြသော ဘုရားများသည် ကိုးကွယ်ခြင်းကို ခံထိုက်ကြောင်း ခိုင်လုံသော အထောက်အထား၊ သက်သေကို ယူဆောင်လာကြပါစေ။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ခိုင်လုံသော သက်သေကို တင်ပြတော်မူသည်။ ဤကုရ်အာန်ကျမ်းတော်မြတ်သည် ကျွန်ုပ် (တမန်တော်) နှင့်အတူ ရှိသောသူများအတွက် သတိပေးနှိုးဆော်ချက်ဖြစ်သည်။ ထို့အပြင် ကျွန်ုပ်အလျင် ရှိခဲ့ကြသော တမန်တော်များထံ ချပေးအပ်ခဲ့သော ကျမ်းများ (တောင်ရသ်၊ အိန်ဂျီလ် စသည်) သည်လည်း ထိုအကြောင်းအရာကို သတိပေးနှိုးဆော်ထားသည်။ ထိုကျမ်းများအားလုံးကို ပြန်လည်သုံးသပ်ကြည့်ပါ။ အလ္လာဟ်အရှင်မြတ်သည် သားတော်တစ်ပါး သို့မဟုတ် တွဲဖက်ဘုရားတစ်ပါး ရှိသည်ဟု မည်သည့်နေရာတွင်မျှ တွေ့ရှိပါမည်လော။
သို့သော် ထိုအယူမှားသူအများစုသည် အမှန်တရားကို မသိကြပါ။ သူတို့သည် အသိပညာမရှိဘဲ ဘိုးဘေးများ၏ အလေ့အထကို လိုက်နာခြင်း၊ မှားယွင်းသော ထင်မြင်ယူဆချက်များကို အခြေခံခြင်းဖြင့်သာ ကိုးကွယ်ကြသည်။ ထို့ကြောင့် သူတို့သည် အမှန်တရားကို မျက်နှာလွှဲဖယ်၍ လျစ်လျူရှုထားကြသည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသော ဘုရားဖြစ
أَمِ ٱتَّخَذُواْ مِن دُونِهِۦٓ ءَالِهَةًۖ قُلۡ هَاتُواْ بُرۡهَٰنَكُمۡۖ هَٰذَا ذِكۡرُ مَن مَّعِيَ وَذِكۡرُ مَن قَبۡلِيۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ ٱلۡحَقَّۖ فَهُم مُّعۡرِضُونَ ٢٤
သို့ပါလျက် ယင်း(မုရှ်ရစ်က်)တို့သည် ထိုအရှင်မြတ်အပြင် ကိုးကွယ်ရာများပြုလုပ်ထားကြသလော။ (အို-နဗီ တမန်တော်)အသင်သည်(၎င်းတို့အားဤသို့)ပြောကြားပါလေ၊(အချင်းတို့)အသင်တို့သည် မိမိတို့၏သက်သေသာဓက အထောက်အထားများကို ယူဆောင်ခဲ့ကြလေကုန်။ ဤသည် ငါနှင့်အတူရှိကြသောသူတို့အား သတိပေးနှိုးဆော်ချက်သည်လည်းကောင်း၊ငါ၏အလျင် ရှိခဲ့ဖူးသောသူတို့အား သတိပေးနှိုးဆော်ချက်သည်လည်းကောင်း၊ ဖြစ်ချေသည်။ သို့ပါလျက်ထိုသူတို့အနက် အများဆုံးသောသူတို့မှာမူကား အမှန်ကို မသိကြချေ။ သို့ဖြစ်ပေရာ၎င်းတို့သည် မျက်နှာလွှဲ၍ နေကြကုန်၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 22-26 — စူရာ အလ်-အန်ဘီယာ
22 لَوْ كَانَ فِيهِمَا آلِهَةٌ إِلَّا اللَّهُ لَفَسَدَتَا ۚ فَسُبْحَانَ اللَّهِ رَبِّ الْعَرْشِ عَمَّا يَصِفُونَ
အကယ်၍သာ ယင်း(မိုးကောင်းကင်နှင့်ပထဝီမြေ)နှစ်ခုတွင် အလ္လာဟ်အရှင်မြတ်အပြင် အခြား(ထာဝရတည်ရှိသော)ကိုးကွယ်ရာများရှိခဲ့ကြပါမူ(မိုးကောင်းကင်နှင့်ပထဝီမြေ)နှစ်ခုစလုံးမှာ မလွဲဧကန် ပျက်စီးခဲ့ပြီးဖြစ်ကြပေမည်။ စင်စစ်သော်ကား အရ်(ရှ်)ပလ္လင်တော်ကို စိုးပိုင်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ ကြံဖန် စွပ်စွဲကြသည်တို့မှ (လုံးဝ)စင်ကြယ်သန့်ရှင်း အပြစ်ကင်းတော်မူ၏။
23 لَا يُسْأَلُ عَمَّا يَفْعَلُ وَهُمْ يُسْأَلُونَ
ထိုအရှင်မြတ်သည် မိမိပြုလုပ်တော်မူသော ကိစ္စများနှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်း ခံရတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့မူကား (မိမိတို့ပြုလုပ်ကြသော အမှုကိစ္စတို့နှင့်စပ်လျဉ်း၍) စစ်ဆေး မေးမြန်းခြင်းကို ခံကြရပေမည်။
24 أَمِ اتَّخَذُوا مِن دُونِهِ آلِهَةً ۖ قُلْ هَاتُوا بُرْهَانَكُمْ ۖ هَٰذَا ذِكْرُ مَن مَّعِيَ وَذِكْرُ مَن قَبْلِي ۗ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ الْحَقَّ ۖ فَهُم مُّعْرِضُونَ
သို့ပါလျက် ယင်း(မုရှ်ရစ်က်)တို့သည် ထိုအရှင်မြတ်အပြင် ကိုးကွယ်ရာများပြုလုပ်ထားကြသလော။ (အို-နဗီ တမန်တော်)အသင်သည်(၎င်းတို့အားဤသို့)ပြောကြားပါလေ၊(အချင်းတို့)အသင်တို့သည် မိမိတို့၏သက်သေသာဓက အထောက်အထားများကို ယူဆောင်ခဲ့ကြလေကုန်။ ဤသည် ငါနှင့်အတူရှိကြသောသူတို့အား သတိပေးနှိုးဆော်ချက်သည်လည်းကောင်း၊ငါ၏အလျင် ရှိခဲ့ဖူးသောသူတို့အား သတိပေးနှိုးဆော်ချက်သည်လည်းကောင်း၊ ဖြစ်ချေသည်။ သို့ပါလျက်ထိုသူတို့အနက် အများဆုံးသောသူတို့မှာမူကား အမှန်ကို မသိကြချေ။ သို့ဖြစ်ပေရာ၎င်းတို့သည် မျက်နှာလွှဲ၍ နေကြကုန်၏။
25 وَمَا أَرْسَلْنَا مِن قَبْلِكَ مِن رَّسُولٍ إِلَّا نُوحِي إِلَيْهِ أَنَّهُ لَا إِلَٰهَ إِلَّا أَنَا فَاعْبُدُونِ
စင်စစ် ငါအရှင်မြတ်သည် အသင့်အလျင်စေလွှတ်တော်မူခဲ့သော မည်သည့်ရစူလ်တမန်တော်၏ ထံသို့မဆို ဧကန်အမှန် ငါအရှင်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် ငါအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်ဟူ၍ အမိန့်တော် ထုတ်ပြန်ချမှတ်တော်မူခဲ့သည်သာ ဖြစ်သည်။
26 وَقَالُوا اتَّخَذَ الرَّحْمَٰنُ وَلَدًا ۗ سُبْحَانَهُ ۚ بَلْ عِبَادٌ مُّكْرَمُونَ
ထိုမှတစ်ပါး ၎င်းတို့က "ရဟ်မာန်" အနန္တကရုဏာတော်ရှင်သည်(မလာအိကဟ် ကောင်းကင်တမန်များအား)သားသမီးပြုလုပ်တော်မူခဲ့သည်ဟု (စွပ်စွဲ)ပြောဆိုကြကုန်၏။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား (ကောင်းကင်တမန်သည်ထိုအရှင်မြတ်၏သားသမီးများ မဟုတ်ကြချေ။ ထိုအရှင်မြတ်၏) မြင့်မြတ်သော ကျွန်များပင် ဖြစ်ကြကုန်၏။
ဘာသာပြန် — အလ်-အန်ဘီယာ 24 စူရာ အလ်-အန်ဘီယာ အာယာသ် 24 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ပါလျက် ယင်း(မုရှ်ရစ်က်)တို့သည် ထိုအရှင်မြတ်အပြင် ကိုးကွယ်ရာများပြုလုပ်ထားကြသလော။ (အို-နဗီ တမန်တော်)အသင်သည်(၎င်းတို့အားဤသို့)ပြောကြားပါလေ၊(အချင်းတို့)အသင်တို့သည် မိမိတို့၏သက်သေသာဓက အထောက်အထားများကို ယူဆောင်ခဲ့ကြလေကုန်။ ဤသည်…
စူရာ အာယာသ် 24/112 — စူရာ အလ်-အန်ဘီယာ الأنبياء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဘီယာ နားထောင်, စူရာ အလ်-အန်ဘီယာ ဘာသာပြန်, စူရာ အလ်-အန်ဘီယာ mp3, စူရာ အလ်-အန်ဘီယာ pdf. အာယာသ် 22–26. မြန်မာဘာသာ: ภาษาไทย.