အလ်-ဟဂ်ျ · 38/78
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟဂ်ျ
۞ إِنَّ اللَّهَ يُدَافِعُ عَنِ الَّذِينَ آمَنُوا ۗ إِنَّ اللَّهَ لَا يُحِبُّ كُلَّ خَوَّانٍ كَفُورٍ ۝٣٨
Innal laaha yudaafi` `anil lazeena aamanoo; innal laaha laa yuhibbu kulla khawwaanin kafoor
📖 မြန်မာဘာသာ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့ဘက်မှ (မုရှ်ရစ်က်တို့၏ ဘေးအန္တရာယ်များကို) တွန်းလှန်ပယ်ရှားတော်မူမည်။ (တစ်နည်း) မုအ်မင်န်သက်ဝင်ယုံကြည်သော သူတို့ဘက်မှ (မုရှ်ရစ်က်တို့၏ ဘေးအန္တရာယ်များကို) ခုခံကာကွယ်တော်မူမည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မည်သည့်သွေဖည်ငြင်းပယ်သော သစ္စာသွေသူကိုမျှ နှစ်သက်တော်မူသည် မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ယုဒါဖိအု (يُدَافِعُ): ကာကွယ်ပေးသည်၊ ဖယ်ရှားပေးသည်၊ တွန်းလှန်ပေးသည် ဟု အဓိပ္ပာယ်ရသည်။
  • ခေါဝ်ဝါန် (خَوَّانٍ): အလွန်အမင်း သစ္စာဖောက်သူ၊ ယုံကြည်အပ်နှံချက်ကို ဖောက်ဖျက်သူ ဟု အဓိပ္ပာယ်ရသည်။
  • ကဖူရ် (كَفُورٍ): အလွန်အမင်း ကျေးဇူးကန်းသူ၊ အလ္လာဟ်အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်များကို ငြင်းပယ်သူ ဟု အဓိပ္ပာယ်ရသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများကို ရန်သူများ၏ အန္တရာယ်များ၊ မကောင်းမှုပြုသူများ၏ လျှို့ဝှက်ကြံစည်မှုများမှ ကာကွယ်စောင့်ရှောက်ပေးတော်မူသည်။ အရှင်မြတ်သည် မိမိ၏ ယုံကြည်အပ်နှံချက်များကို ဖောက်ဖျက်သော သစ္စာဖောက်သူတိုင်းကိုလည်းကောင်း၊ အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်များကို ငြင်းပယ်၍ ကျေးဇူးကန်းသော သူတိုင်းကိုလည်းကောင်း နှစ်သက်တော်မူသည် မဟုတ်ပေ။ ထိုသူတို့သည် အရှင်မြတ်အား ရန်သူများနှင့် တွဲဖက်ကိုးကွယ်ခြင်းဖြင့် ကျေးဇူးကန်းမှုကို ကျူးလွန်ကြသူများ ဖြစ်ကြသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကျမ်းတော်မြတ်အပေါ် ချစ်မြတ်နိုးမှု တိုးပွားစေသော သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများကို အမြဲတမ်း ကာကွယ်စောင့်ရှောက်ပေးတော်မူကြောင်း သိရှိရခြင်းသည် မုအ်မင်န်တို့၏ စိတ်နှလုံးကို ငြိမ်းချမ်းမှုနှင့် ရဲစွမ်းသတ္တိ ဖြစ်ပေါ်စေသည်။ ရန်သူများ မည်မျှပင် ကြံစည်စေကာမူ အရှင်မြတ်သည် မိမိအား ယုံကြည်ကိုးစားသူများကို စွန့်ပစ်တော်မူမည် မဟုတ်ပေ။
  • အရှင်မြတ်သည် သစ္စာဖောက်ခြင်းနှင့် ကျေးဇူးကန်းခြင်းကို မနှစ်သက်ကြောင်း သိရှိရခြင်းသည် မုအ်မင်န်တို့အား ရိုးသားဖြောင့်မတ်မှုနှင့် ကျေးဇူးသိတတ်မှုကို လက်ကိုင်ထားရန် လှုံ့ဆော်ပေးသည်။
  • အီမာန်ယုံကြည်ခြင်းသည် လောကီဘဝတွင် ကာကွယ်မှုနှင့် လုံခြုံမှုကို ရရှိစေပြီး နောင်တမလွန်ဘဝတွင် အရှင်မြတ်၏ နှစ်သက်မှုကို ရရှိစေမည့် လမ်းစဉ်ဖြစ်ကြောင်း နားလည်သဘောပေါက်စေသည်။
  • အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသော အရှင်ဖြစ်တော်မူကြောင်း အသိအမှတ


📜 အာယာသ် 36-40 — စူရာ အလ်-ဟဂ်ျ

36وَالْبُدْنَ جَعَلْنَاهَا لَكُم مِّن شَعَائِرِ اللَّهِ لَكُمْ فِيهَا خَيْرٌ ۖ فَاذْكُرُوا اسْمَ اللَّهِ عَلَيْهَا صَوَافَّ ۖ فَإِذَا وَجَبَتْ جُنُوبُهَا فَكُلُوا مِنْهَا وَأَطْعِمُوا الْقَانِعَ وَالْمُعْتَرَّ ۚ كَذَٰلِكَ سَخَّرْنَاهَا لَكُمْ لَعَلَّكُمْ تَشْكُرُونَ
စင်စစ် ငါအရှင်မြတ်သည် ကုရ်ဗာနီကုလားအုတ်များကို အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်၏(သာသနာ့)အထိမ်းအမှတ်များအနက် အထိမ်းအမှတ်တစ်ရပ် ပြုလုပ်တော်မူခဲ့၏။ အသင်တို့အဖို့ ယင်းကုရ်ဗာနီ ကုလားအုတ်များတွင် ကောင်းကျိုးသည်ရှိပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ယင်းကုရ်ဗာနီကုလားအုတ်များအပေါ်ဝယ် (၎င်းတို့အား)စီတန်းရပ်စေလျက် အလ္လာဟ်အရှင်မြတ်၏ နာမံတော်ကို ရွတ်ဆိုတသ(၍ကုရ်ဗာနီပြုလုပ်)ကြလေကုန်။ ထို့နောက် ယင်းကုရ်ဗာနီကုလားအုတ်များသည် ဘေးစောင်းလဲကျသွားကြလေသောအခါ အသင်တို့သည် ၎င်းတို့(၏အသား)အနက်မှ မိမိတို့ကိုယ်တိုင်လည်း စားသုံးကြလေကုန်။ (လက်ဖြန့်တောင်းခံခြင်း မပြုဘဲ) ရောင့်ရဲတင်းတိမ်(မှုဖြင့်သိက္ခာစောင့်စည်း)သူအား လည်းကောင်း၊ (သိက္ခာမစောင့်စည်းနိုင်ဘဲဖွင့်ဟ) တောင်းရမ်းသူအားလည်းကောင်း၊ ကျွေးမွေးကြ လေကုန်။ ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် အသင်တို့ ကျေးဇူးတင်ကြအံ့သောငှာ ယင်းကုရ်ဗာနီကုလားအုတ်များကို အသင်တို့၏လက်အောက်ခံ ဖြစ်စေတော်မူခဲ့ပေသတည်း။
37لَن يَنَالَ اللَّهَ لُحُومُهَا وَلَا دِمَاؤُهَا وَلَٰكِن يَنَالُهُ التَّقْوَىٰ مِنكُمْ ۚ كَذَٰلِكَ سَخَّرَهَا لَكُمْ لِتُكَبِّرُوا اللَّهَ عَلَىٰ مَا هَدَاكُمْ ۗ وَبَشِّرِ الْمُحْسِنِينَ
အလ္လာဟ်အရှင်မြတ် အထံတော်သို့ ယင်း ကုရ်ဗာနီသားကောင်တို့၏ အသားများသည် အလျင်းရောက်ရှိသည် မဟုတ်ပေ။ ထိုနည်းတူစွာ ယင်းကုရ်ဗာနီ သားကောင်တို့၏ အသွေးများသည်လည်း အလျင်းရောက်ရှိသည် မဟုတ်ပေ။ စင်စစ် အသင်တို့၏ ရိုသေလေးမြတ်မှု၊ အမိန့်တော်ကိုရိုသေလိုက်နာမှု၊ ကောင်းမြတ်သော အကျင့်သီလသည်သာလျှင် ထိုအရှင်မြတ် အထံတော်သို့ ရောက်ရှိပေသည်။ ဤနည်းနှင်နှင် အရှင်မြတ်သည် အသင်တို့အား တရားလမ်းမှန်ကို ညွှန်ပြတော်မူသောကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ် ကြီးမြတ်တော်မူကြောင်း ရွတ်ဆိုချီးကျူးကြအံ့သောငှာ ထိုအရှင်မြတ်သည် ယင်းကုရ်ဗာနီ သားကောင်များကို အသင်တို့၏လက်အောက်ခံများ ပြုလုပ်ထားတော်မူပေသည်။ (အိုနဗီတမန်တော်၊)အသင်သည် စေတနာဖြူစင်သော သူတို့အားဝမ်းမြောက်ဖွယ် သတင်းကောင်းကို ပြောကြားပါလေ။
38۞ إِنَّ اللَّهَ يُدَافِعُ عَنِ الَّذِينَ آمَنُوا ۗ إِنَّ اللَّهَ لَا يُحِبُّ كُلَّ خَوَّانٍ كَفُورٍ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့ဘက်မှ (မုရှ်ရစ်က်တို့၏ ဘေးအန္တရာယ်များကို) တွန်းလှန်ပယ်ရှားတော်မူမည်။ (တစ်နည်း) မုအ်မင်န်သက်ဝင်ယုံကြည်သော သူတို့ဘက်မှ (မုရှ်ရစ်က်တို့၏ ဘေးအန္တရာယ်များကို) ခုခံကာကွယ်တော်မူမည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မည်သည့်သွေဖည်ငြင်းပယ်သော သစ္စာသွေသူကိုမျှ နှစ်သက်တော်မူသည် မဟုတ်ပေ။
39أُذِنَ لِلَّذِينَ يُقَاتَلُونَ بِأَنَّهُمْ ظُلِمُوا ۚ وَإِنَّ اللَّهَ عَلَىٰ نَصْرِهِمْ لَقَدِيرٌ
(ယခုသော်) တိုက်ခိုက်ခြင်းခံနေကြရသော (မွတ်စ်လင်မ်)တို့သည် (ခုခံတိုက်ခိုက်)ခွင့် ရရှိလေပြီ။ အကြောင်းမူကား၊ ၎င်းတို့သည် နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ကြရလေသည်။ ၎င်းပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ကူညီစောင်မနိုင်စွမ်းရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
40الَّذِينَ أُخْرِجُوا مِن دِيَارِهِم بِغَيْرِ حَقٍّ إِلَّا أَن يَقُولُوا رَبُّنَا اللَّهُ ۗ وَلَوْلَا دَفْعُ اللَّهِ النَّاسَ بَعْضَهُم بِبَعْضٍ لَّهُدِّمَتْ صَوَامِعُ وَبِيَعٌ وَصَلَوَاتٌ وَمَسَاجِدُ يُذْكَرُ فِيهَا اسْمُ اللَّهِ كَثِيرًا ۗ وَلَيَنصُرَنَّ اللَّهُ مَن يَنصُرُهُ ۗ إِنَّ اللَّهَ لَقَوِيٌّ عَزِيزٌ
အကြင်သူသည် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ကား အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်ဟု ပြောဆိုကြခြင်းမှတစ်ပါး (မည်သည့်အကြောင်းမျှမရှိဘဲ) မတရားသဖြင့် မိမိတို့နေအိမ်များမှ နှင်ထုတ်ခြင်းကို ခံခဲ့ကြရရှာလေသည်။ စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် လူတို့အား တစ်ဦးကိုတစ်ဦးဖြင့် ကာကွယ်တော်မူခြင်း မရှိပါမူ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်း များသည်လည်းကောင်း၊ ခရစ်ယာန်ဝတ်ကျောင်း များသည်လည်းကောင်း၊ ယဟူဒီဝတ်ကျောင်း များသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ နာမံတော်များကို များပြားစွာရွတ်ဆိုလျက်ရှိသော မွတ်စ်လင်မ်တို့၏ဗလီ ဝတ်ကျောင်းများသည်လည်းကောင်း၊ ဖြိုဖျက်ခြင်း ခံကြရမည်အမှန်ပင်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုအရှင်မြတ်အား ကူညီသောသူကို မုချကူညီတော်မူမည် ဖြစ်ပေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အင်အားပြည့်စုံတော်မူသောအရှင်၊ တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အလ်-ဟဂ်ျကုရ်အာန် ညွှန်းကိန်း
78အာယာသ်
MedinanRevelation
38အာယာသ်

ဘာသာပြန် — အလ်-ဟဂ်ျ 38

စူရာ အလ်-ဟဂ်ျ အာယာသ် 38 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့ဘက်မှ (မုရှ်ရစ်က်တို့၏ ဘေးအန္တရာယ်များကို) တွန်းလှန်ပယ်ရှားတော်မူမည်။ (တစ်နည်း) မုအ်မင်န်သက်ဝင်ယုံကြည်သော သူတို့ဘက်မှ (မုရှ်ရစ်က်တို့၏…

စူရာ အာယာသ် 38/78 — စူရာ အလ်-ဟဂ်ျ الحج (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟဂ်ျ နားထောင်, စူရာ အလ်-ဟဂ်ျ ဘာသာပြန်, စူရာ အလ်-ဟဂ်ျ mp3, စူရာ အလ်-ဟဂ်ျ pdf. အာယာသ် 36–40. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers