အလ်-ဟဂ်ျ · 39/78
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟဂ်ျ
أُذِنَ لِلَّذِينَ يُقَاتَلُونَ بِأَنَّهُمْ ظُلِمُوا ۚ وَإِنَّ اللَّهَ عَلَىٰ نَصْرِهِمْ لَقَدِيرٌ ۝٣٩
Uzina lillazeena yuqaataloona bi annahum zulimoo; wa innal laaha `alaa nasrihim la Qaderr
📖 မြန်မာဘာသာ
(ယခုသော်) တိုက်ခိုက်ခြင်းခံနေကြရသော (မွတ်စ်လင်မ်)တို့သည် (ခုခံတိုက်ခိုက်)ခွင့် ရရှိလေပြီ။ အကြောင်းမူကား၊ ၎င်းတို့သည် နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ကြရလေသည်။ ၎င်းပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ကူညီစောင်မနိုင်စွမ်းရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဝါစာ ရှင်းလင်းချက်
  • أُذِنَ (အုဇိန) — ခွင့်ပြုခြင်းခံရသည်။
  • لِلَّذِينَ يُقَاتَلُونَ (လိလ္လဇီန ယုကာသာလူန) — မိမိတို့အား တိုက်ခိုက်ခံနေရသူများအတွက်။
  • بِأَنَّهُمْ ظُلِمُوا (ဗိအန္နဟုမ် ဇုလိမု) — အကြောင်းမှာ သူတို့သည် မတရားနှိပ်စက်ခံခဲ့ရသောကြောင့်။
  • عَلَىٰ نَصْرِهِمْ لَقَدِيرٌ (အလာ နဆ်ရိဟိမ် လကဒီးရ်) — သူတို့အား ကူညီရန် အလ္လာဟ်သည် အမှန်ပင် တတ်စွမ်းနိုင်တော်မူသည်။
  1. အာယသ်၏ အဓိပ္ပာယ် ဖွင့်ဆိုချက်

ဤအာယသ်သည် မွတ်စ်လင်မ်များအား စစ်တိုက်ခွင့် ပထမဆုံး ခွင့်ပြုတော်မူသော အာယသ် ဖြစ်သည်။ အစ္စလာမ်၏ အစောပိုင်းကာလတွင် မွတ်စ်လင်မ်များသည် မိမိတို့အား နှိပ်စက်ညှဉ်းပန်းသူများကို ပြန်လည်တိုက်ခိုက်ခြင်းမပြုဘဲ စိတ်ရှည်သည်းခံရန် အမိန့်ပေးခံခဲ့ရသည်။ သို့သော် မုရှ်ရိက်များ၏ နှိပ်စက်ညှဉ်းပန်းမှုသည် အထွတ်အထိပ်သို့ ရောက်ရှိလာပြီး တမန်တော်မုဟမ္မဒ် (ဆွ) သည် မက္ကာမှ မဒီနာသို့ ဟိဂျ်ရသ် ပြုလုပ်တော်မူပြီးနောက် အစ္စလာမ်သည် အင်အားစုစည်းလာသောအခါ အလ္လာဟ်သည် မွတ်စ်လင်မ်များအား မိမိတို့ကို တိုက်ခိုက်နေသော ရန်သူများကို ခုခံတိုက်ခိုက်ခွင့် ပြုတော်မူခဲ့သည်။ ဤခွင့်ပြုချက်သည် သူတို့အပေါ် ကျူးလွန်ခံခဲ့ရသော မတရားမှုနှင့် ကျူးကျော်မှုများကြောင့် ဖြစ်သည်။ အလ္လာဟ်သည် မိမိအား ယုံကြည်သူများအား ရန်သူများအပေါ် အောင်မြင်စေရန် တတ်စွမ်းနိုင်တော်မူသည်။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိပါက စစ်တိုက်ရန်မလိုဘဲ မွတ်စ်လင်မ်များအား အောင်ပွဲပေးနိုင်တော်မူသည်။ သို့သော် ဉာဏ်ပညာတော်အရ မွတ်စ်လင်မ်များအား ကာဖိရ်များနှင့် စစ်တိုက်ခြင်းဖြင့် စမ်းသပ်ရန် ဆုံးဖြတ်တော်မူခဲ့သည်။ ဤသည်မှာ မွတ်စ်လင်မ်များ၏ စိတ်ရှည်မှု၊ ဇွဲလုံ့လနှင့် အလ္လာဟ်အပေါ် ယုံကြည်ကိုးစားမှုကို ထင်ရှားစေရန် ဖြစ်သည်။

  1. ဤအာယသ်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် မတရားခံရသူများဘက်မှ ရပ်တည်တော်မူပြီး သူတို့အား ကူညီရန် အမြဲတမ်း အသင့်ရှိတော်မူသည်။
  • အစ္စလာမ်သည် ငြိမ်းချမ်းရေးကို ဦးစားပေးသော်လည်း မတရားမှုနှင့် ကျူးကျော်မှုကို ခုခံရန် ခွင့်ပြုထားသည်။
  • မွတ်စ်လ


📜 အာယာသ် 37-41 — စူရာ အလ်-ဟဂ်ျ

37لَن يَنَالَ اللَّهَ لُحُومُهَا وَلَا دِمَاؤُهَا وَلَٰكِن يَنَالُهُ التَّقْوَىٰ مِنكُمْ ۚ كَذَٰلِكَ سَخَّرَهَا لَكُمْ لِتُكَبِّرُوا اللَّهَ عَلَىٰ مَا هَدَاكُمْ ۗ وَبَشِّرِ الْمُحْسِنِينَ
အလ္လာဟ်အရှင်မြတ် အထံတော်သို့ ယင်း ကုရ်ဗာနီသားကောင်တို့၏ အသားများသည် အလျင်းရောက်ရှိသည် မဟုတ်ပေ။ ထိုနည်းတူစွာ ယင်းကုရ်ဗာနီ သားကောင်တို့၏ အသွေးများသည်လည်း အလျင်းရောက်ရှိသည် မဟုတ်ပေ။ စင်စစ် အသင်တို့၏ ရိုသေလေးမြတ်မှု၊ အမိန့်တော်ကိုရိုသေလိုက်နာမှု၊ ကောင်းမြတ်သော အကျင့်သီလသည်သာလျှင် ထိုအရှင်မြတ် အထံတော်သို့ ရောက်ရှိပေသည်။ ဤနည်းနှင်နှင် အရှင်မြတ်သည် အသင်တို့အား တရားလမ်းမှန်ကို ညွှန်ပြတော်မူသောကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ် ကြီးမြတ်တော်မူကြောင်း ရွတ်ဆိုချီးကျူးကြအံ့သောငှာ ထိုအရှင်မြတ်သည် ယင်းကုရ်ဗာနီ သားကောင်များကို အသင်တို့၏လက်အောက်ခံများ ပြုလုပ်ထားတော်မူပေသည်။ (အိုနဗီတမန်တော်၊)အသင်သည် စေတနာဖြူစင်သော သူတို့အားဝမ်းမြောက်ဖွယ် သတင်းကောင်းကို ပြောကြားပါလေ။
38۞ إِنَّ اللَّهَ يُدَافِعُ عَنِ الَّذِينَ آمَنُوا ۗ إِنَّ اللَّهَ لَا يُحِبُّ كُلَّ خَوَّانٍ كَفُورٍ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့ဘက်မှ (မုရှ်ရစ်က်တို့၏ ဘေးအန္တရာယ်များကို) တွန်းလှန်ပယ်ရှားတော်မူမည်။ (တစ်နည်း) မုအ်မင်န်သက်ဝင်ယုံကြည်သော သူတို့ဘက်မှ (မုရှ်ရစ်က်တို့၏ ဘေးအန္တရာယ်များကို) ခုခံကာကွယ်တော်မူမည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မည်သည့်သွေဖည်ငြင်းပယ်သော သစ္စာသွေသူကိုမျှ နှစ်သက်တော်မူသည် မဟုတ်ပေ။
39أُذِنَ لِلَّذِينَ يُقَاتَلُونَ بِأَنَّهُمْ ظُلِمُوا ۚ وَإِنَّ اللَّهَ عَلَىٰ نَصْرِهِمْ لَقَدِيرٌ
(ယခုသော်) တိုက်ခိုက်ခြင်းခံနေကြရသော (မွတ်စ်လင်မ်)တို့သည် (ခုခံတိုက်ခိုက်)ခွင့် ရရှိလေပြီ။ အကြောင်းမူကား၊ ၎င်းတို့သည် နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ကြရလေသည်။ ၎င်းပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ကူညီစောင်မနိုင်စွမ်းရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
40الَّذِينَ أُخْرِجُوا مِن دِيَارِهِم بِغَيْرِ حَقٍّ إِلَّا أَن يَقُولُوا رَبُّنَا اللَّهُ ۗ وَلَوْلَا دَفْعُ اللَّهِ النَّاسَ بَعْضَهُم بِبَعْضٍ لَّهُدِّمَتْ صَوَامِعُ وَبِيَعٌ وَصَلَوَاتٌ وَمَسَاجِدُ يُذْكَرُ فِيهَا اسْمُ اللَّهِ كَثِيرًا ۗ وَلَيَنصُرَنَّ اللَّهُ مَن يَنصُرُهُ ۗ إِنَّ اللَّهَ لَقَوِيٌّ عَزِيزٌ
အကြင်သူသည် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ကား အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်ဟု ပြောဆိုကြခြင်းမှတစ်ပါး (မည်သည့်အကြောင်းမျှမရှိဘဲ) မတရားသဖြင့် မိမိတို့နေအိမ်များမှ နှင်ထုတ်ခြင်းကို ခံခဲ့ကြရရှာလေသည်။ စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် လူတို့အား တစ်ဦးကိုတစ်ဦးဖြင့် ကာကွယ်တော်မူခြင်း မရှိပါမူ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်း များသည်လည်းကောင်း၊ ခရစ်ယာန်ဝတ်ကျောင်း များသည်လည်းကောင်း၊ ယဟူဒီဝတ်ကျောင်း များသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ နာမံတော်များကို များပြားစွာရွတ်ဆိုလျက်ရှိသော မွတ်စ်လင်မ်တို့၏ဗလီ ဝတ်ကျောင်းများသည်လည်းကောင်း၊ ဖြိုဖျက်ခြင်း ခံကြရမည်အမှန်ပင်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုအရှင်မြတ်အား ကူညီသောသူကို မုချကူညီတော်မူမည် ဖြစ်ပေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အင်အားပြည့်စုံတော်မူသောအရှင်၊ တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
41الَّذِينَ إِن مَّكَّنَّاهُمْ فِي الْأَرْضِ أَقَامُوا الصَّلَاةَ وَآتَوُا الزَّكَاةَ وَأَمَرُوا بِالْمَعْرُوفِ وَنَهَوْا عَنِ الْمُنكَرِ ۗ وَلِلَّهِ عَاقِبَةُ الْأُمُورِ
အကြင်သူတို့သည် အကယ်၍ ငါအရှင်မြတ်သည် ထိုသူတို့အား ကမ္ဘာမြေဝယ် လွှမ်းမိုးအုပ်စိုးမှုကို ပေးတော်မူခဲ့ပါလျှင် ၎င်းတို့သည် ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြပေမည်။ ၎င်းပြင် ဇကာတ်ကိုလည်း ပေးဆပ်ကြပေမည်။ ကောင်းမြတ်သော ကိစ္စများကိုလည်း အမိန့်ပေးကြပေမည်။ မကောင်းမှုများမှလည်း တားမြစ်ကြပေမည်။ အမှန်သော်ကား အရေးကိစ္စ (အလုံးစုံ)တို့၏ နောက်ဆုံးအကျိုးသည်အလ္လာဟ် အရှင်မြတ်အထံတော်၌သာ ရှိပေသည်။
အလ်-ဟဂ်ျကုရ်အာန် ညွှန်းကိန်း
78အာယာသ်
MedinanRevelation
39အာယာသ်

ဘာသာပြန် — အလ်-ဟဂ်ျ 39

စူရာ အလ်-ဟဂ်ျ အာယာသ် 39 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ယခုသော်) တိုက်ခိုက်ခြင်းခံနေကြရသော (မွတ်စ်လင်မ်)တို့သည် (ခုခံတိုက်ခိုက်)ခွင့် ရရှိလေပြီ။ အကြောင်းမူကား၊ ၎င်းတို့သည် နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ကြရလေသည်။ ၎င်းပြင်…

စူရာ အာယာသ် 39/78 — စူရာ အလ်-ဟဂ်ျ الحج (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟဂ်ျ နားထောင်, စူရာ အလ်-ဟဂ်ျ ဘာသာပြန်, စူရာ အလ်-ဟဂ်ျ mp3, စူရာ အလ်-ဟဂ်ျ pdf. အာယာသ် 37–41. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers