ثُمَّ خَلَقْنَا النُّطْفَةَ عَلَقَةً فَخَلَقْنَا الْعَلَقَةَ مُضْغَةً فَخَلَقْنَا الْمُضْغَةَ عِظَامًا فَكَسَوْنَا الْعِظَامَ لَحْمًا ثُمَّ أَنشَأْنَاهُ خَلْقًا آخَرَ ۚ فَتَبَارَكَ اللَّهُ أَحْسَنُ الْخَالِقِينَ ١٤
🔤 Transliteration
Summa khalaqnan nutfata `alaqatan fakhalaqnal `alaqata mudghatan fakhalaq nal mudghata `izaaman fakasawnal `izaama lahman summa anshaanaahu khalqan aakhar; fatabaarakal laahu ahsanul khaaliqeen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့နောက် ငါအရှင်မြတ်သည် ယင်း ကလလရေကြည်ကို သွေးခဲအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းသွေးခဲကို အသားတုံးအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းအသားတုံးကို အရိုးများအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ ထို့နောက် ငါအရှင် မြတ်သည် ယင်းအရိုးများကို အသားဖြင့် တန်ဆာဆင်မြန်း၍ ပေးတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်း(အသားဖြင့် ဆင်မြန်းပြီးဖြစ်သောအရိုးများ)ကို အခြားဖန်ဆင်းအပ်သော အရာတစ်ခုအဖြစ် ဖြစ်ပေါ်၍လာစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ အကောင်းဆုံးသော ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် အဘယ်မျှ ထူးကဲမြင့်မြတ်လှဘိပါသနည်း။
🌐 Additional reference in ภาษาไทย
၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
النُّطْفَة (နွတ်ဖာ) — သုက်ရည်၊ သန္ဓေသားလောင်း၏ အစပထမ အရည်စက်။ عَلَقَة (အလကဟ်) — သွေးခဲ၊ သွေးစုတ်၊ သန္ဓေသားလောင်း ဒုတိယအဆင့်။ مُضْغَة (မုဒ်ဂဟ်) — ဝါးလိုက်သကဲ့သို့ အသားစိုင်အခဲ၊ တတိယအဆင့်။ عِظَام (အိဇಾಙ်) — အရိုးများ။ كَسَوْنَا (ကဆောင်နာ) — ဖုံးအုပ်ပေးခဲ့သည်၊ ဝတ်ဆင်ပေးခဲ့သည်။ أَنشَأْنَاهُ (အန်ရှာအ်နာဟု) — အသစ်တစ်ဖန် ဖန်ဆင်းတည်ဆောက်ခဲ့သည်။ خَلْقًا آخَر (ခလ်ကန် အာခရ်) — အခြားဖန်ဆင်းမှုတစ်မျိုး၊ ဝိညာဉ်မှုတ်သွင်းခြင်းဖြင့် လူသားအဖြစ် ဖြစ်ပေါ်စေခြင်း။ فَتَبَارَكَ اللَّهُ (ဖတဗာရကလ္လာဟု) — အလ္လာဟ်အရှင်မြတ်သည် မင်္ဂလာတော်နှင့် ပြည့်စုံတော်မူ၏၊ မြင့်မြတ်တော်မူ၏။ أَحْسَنُ الْخَالِقِينَ (အဟ်ဆနုလ် ခါလိကီန်) — ဖန်ဆင်းသူအားလုံးထက် အကောင်းဆုံး ဖန်ဆင်းတော်မူသူ။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
ထို့နောက် ငါအရှင်မြတ်သည် သုက်ရည်စက်ကို သွေးခဲအဖြစ် ပြောင်းလဲဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် သွေးခဲကို ဝါးလိုက်သော အသားစိုင်အဖြစ် ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ထိုအသားစိုင်ကို အရိုးများအဖြစ် ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ထိုအရိုးများကို အသားဖြင့် ဖုံးအုပ်ပေးတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ထိုသန္ဓေသားလောင်းကို အခြားဖန်ဆင်းမှုတစ်မျိုးအဖြစ် အသစ်တစ်ဖန် ဖန်ဆင်းတော်မူခဲ့၏။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် မင်္ဂလာတော်နှင့် ပြည့်စုံတော်မူ၏၊ ဖန်ဆင်းသူအားလုံးထက် အကောင်းဆုံး ဖန်ဆင်းတော်မူသူ ဖြစ်တော်မူ၏။
ရှင်းလင်းချက် — ဤအာယသ်တော်သည် လူသားတစ်ဦး မိခင်ဝမ်းထဲတွင် ဖြစ်ပေါ်တည်ဆောက်ခြင်း၏ အဆင့်ဆင့်ကို အလွန်တိကျစွာ ဖော်ပြထားသည်။ သုက်ရည်စက်မှ သွေးခဲသို့၊ သွေးခဲမှ အသားစိုင်သို့၊ အသားစိုင်မှ အရိုးများသို့၊ အရိုးများမှ အသားဖြင့် ဖုံးအုပ်ခြင်းသို့၊ ထို့နောက် ဝိညာဉ်မှုတ်သွင်းခြင်းဖြင့် အသက်ရှင်သော လူသားအဖြစ် အသစ်တစ်ဖန် ဖန်ဆင်းခြင်းသို့ ရောက်ရှိစေတော်မူသည်။ ဤအဆင့်တစ်ခုချင်းစီသည် အလ္လာဟ်အရှင်မြတ်၏ ဉာဏ်ပညာတော်နှင့် စွမ်းအားတော်ကို ထင်ရှားစွာ ဖော်ပြသည်။ ဖန်ဆင်းခြင်းအနုပညာသည် အလ္လာဟ်အရှင်မြတ်ထံတော်မှသာ လာသည်။ မည်သည့်ဖန်ဆင်းရ
ثُمَّ خَلَقۡنَا ٱلنُّطۡفَةَ عَلَقَةً فَخَلَقۡنَا ٱلۡعَلَقَةَ مُضۡغَةً فَخَلَقۡنَا ٱلۡمُضۡغَةَ عِظَٰمًا فَكَسَوۡنَا ٱلۡعِظَٰمَ لَحۡمًا ثُمَّ أَنشَأۡنَٰهُ خَلۡقًا ءَاخَرَۚ فَتَبَارَكَ ٱللَّهُ أَحۡسَنُ ٱلۡخَٰلِقِينَ ١٤
ထို့နောက် ငါအရှင်မြတ်သည် ယင်း ကလလရေကြည်ကို သွေးခဲအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းသွေးခဲကို အသားတုံးအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းအသားတုံးကို အရိုးများအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ ထို့နောက် ငါအရှင် မြတ်သည် ယင်းအရိုးများကို အသားဖြင့် တန်ဆာဆင်မြန်း၍ ပေးတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်း(အသားဖြင့် ဆင်မြန်းပြီးဖြစ်သောအရိုးများ)ကို အခြားဖန်ဆင်းအပ်သော အရာတစ်ခုအဖြစ် ဖြစ်ပေါ်၍လာစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ အကောင်းဆုံးသော ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် အဘယ်မျှ ထူးကဲမြင့်မြတ်လှဘိပါသနည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 12-16 — စူရာ အလ်-မုအ်မီနွန်
12 وَلَقَدْ خَلَقْنَا الْإِنسَانَ مِن سُلَالَةٍ مِّن طِينٍ
မချွတ်မလွဲ ငါအရှင်မြတ်သည် လူသားကို ရွှံ့မြေ ၏ အဆီအနှစ်ဖြင့့်် ဖန်ဆင်းတော် မူခဲ့၏။
13 ثُمَّ جَعَلْنَاهُ نُطْفَةً فِي قَرَارٍ مَّكِينٍ
ထို့နောက် ငါအရှင်မြတ်သည် ထိုလူသား(၏ အဆက်အနွယ်)ကို လုံခြုံသောနေရာတစ်ခု (သားအိမ်တွင်း)၌ ကလလရေကြည် ဖြစ်စေတော်မူခဲ့၏။
14 ثُمَّ خَلَقْنَا النُّطْفَةَ عَلَقَةً فَخَلَقْنَا الْعَلَقَةَ مُضْغَةً فَخَلَقْنَا الْمُضْغَةَ عِظَامًا فَكَسَوْنَا الْعِظَامَ لَحْمًا ثُمَّ أَنشَأْنَاهُ خَلْقًا آخَرَ ۚ فَتَبَارَكَ اللَّهُ أَحْسَنُ الْخَالِقِينَ
ထို့နောက် ငါအရှင်မြတ်သည် ယင်း ကလလရေကြည်ကို သွေးခဲအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းသွေးခဲကို အသားတုံးအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းအသားတုံးကို အရိုးများအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ ထို့နောက် ငါအရှင် မြတ်သည် ယင်းအရိုးများကို အသားဖြင့် တန်ဆာဆင်မြန်း၍ ပေးတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်း(အသားဖြင့် ဆင်မြန်းပြီးဖြစ်သောအရိုးများ)ကို အခြားဖန်ဆင်းအပ်သော အရာတစ်ခုအဖြစ် ဖြစ်ပေါ်၍လာစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ အကောင်းဆုံးသော ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် အဘယ်မျှ ထူးကဲမြင့်မြတ်လှဘိပါသနည်း။
15 ثُمَّ إِنَّكُم بَعْدَ ذَٰلِكَ لَمَيِّتُونَ
တစ်ဖန် ဧကန်အမှန် အသင်တို့သည် ထို (ထူး ဆန်းအံ့ဖွယ်ဖြစ်သော အခြေအနေတို့ကို ကျော်လွန်ပြီး)နောက် အမှန်ပင် အသက်သေဆုံးကြရမည့်သူများ ဖြစ်ကြကုန်၏။
16 ثُمَّ إِنَّكُمْ يَوْمَ الْقِيَامَةِ تُبْعَثُونَ
တစ်ဖန် ဧကန်မလွဲ အသင်တို့သည် ကိယာမတ်နေ့တွင် ရှင်ပြန်ထကြရအံ့သတည်း။
ဘာသာပြန် — အလ်-မုအ်မီနွန် 14 စူရာ အလ်-မုအ်မီနွန် အာယာသ် 14 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် ငါအရှင်မြတ်သည် ယင်း ကလလရေကြည်ကို သွေးခဲအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းသွေးခဲကို အသားတုံးအဖြစ်…
စူရာ အာယာသ် 14/118 — စူရာ အလ်-မုအ်မီနွန် المؤمنون (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မုအ်မီနွန် နားထောင်, စူရာ အလ်-မုအ်မီနွန် ဘာသာပြန်, စူရာ အလ်-မုအ်မီနွန် mp3, စူရာ အလ်-မုအ်မီနွန် pdf. အာယာသ် 12–16. မြန်မာဘာသာ: ภาษาไทย.