အလ်-ကစာစ် · 46/88
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကစာစ်
وَمَا كُنتَ بِجَانِبِ الطُّورِ إِذْ نَادَيْنَا وَلَٰكِن رَّحْمَةً مِّن رَّبِّكَ لِتُنذِرَ قَوْمًا مَّا أَتَاهُم مِّن نَّذِيرٍ مِّن قَبْلِكَ لَعَلَّهُمْ يَتَذَكَّرُونَ ۝٤٦
Wa maa kunta bijaanibit Toori iz naadainaa wa laakir rahmatam mir Rabbika litunzira qawmam maaa ataahum min nazeerim min qablika la`allahum yatazakkaroon
📖 မြန်မာဘာသာ
၎င်းပြင် ငါအရှင်မြတ်သည်(မူစာအား)ဟစ်ခေါ်တော်မူခဲ့စဉ်အခါတွင် အသင်သည် ‘တွူရ်’ တောင်၏နံဘေး၌ ရှိခဲ့သည်လည်းမဟုတ်ပေ။ သို့ရာ တွင် အသင်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကရုဏာတော်ဖြင့် အကြင်အမျိုးသားတို့အား သတိပေးနှိုးဆော်အံ့သောငှာ(နဗီတမန်တော်အဖြစ် ချီးမြှင့်တော်မူခြင်းကို ခံခဲ့ရလေသည်)။ထို အမျိုးသားတို့ထံ အသင့်အလျင် သတိပေးနှိုးဆော်သူ တစ်ဦးမျှပင် ရောက်ရှိ၍လာခဲ့သည် မဟုတ်ပေ။ သို့မှသာလျှင် ၎င်းတို့သည် တရားရကြပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ ဤအာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများမှာ အောက်ပါအတိုင်းဖြစ်သည်။
  • သွ်ူရ် (الطُّور) ဆိုသည်မှာ တောင်ကို ဆိုလိုသည်။ ဤနေရာတွင် တူးစီနာ တောင်ကို ရည်ညွှန်းသည်။
  • နာဒိုင်နာ (نَادَيْنَا) ဆိုသည်မှာ ငါအရှင်မြတ် ခေါ်တော်မူခဲ့သည် ဟု အဓိပ္ပာယ်ရသည်။ မူစာ (အ.စ) အား အရှင်မြတ် စကားပြောတော်မူခဲ့သော အချိန်ကို ရည်ညွှန်းသည်။
  • နဇီးရ် (نَذِير) ဆိုသည်မှာ သတိပေးနှိုးဆော်သူ၊ သတိပေးသူ ဟု အဓိပ္ပာယ်ရသည်။
  • ယတဇက္ကာရူန (يَتَذَكَّرُونَ) ဆိုသည်မှာ သူတို့သည် သတိရတကြည့်ကြမည်၊ ဆုံးမဩဝါဒ ခံယူကြမည် ဟု အဓိပ္ပာယ်ရသည်။
  1. ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွ) အား မိန့်ကြားတော်မူသည်မှာ အို တမန်တော်၊ အသင်သည် တူးစီနာ တောင်၏ ဘေးနားတွင် မရှိခဲ့ပါ။ ငါအရှင်မြတ်သည် မူစာ (အ.စ) အား ခေါ်တော်မူပြီး စကားပြောတော်မူခဲ့သော အချိန်တွင် အသင်သည် ထိုနေရာ၌ မရှိခဲ့ပါ။ ထို့ကြောင့် ထိုအဖြစ်အပျက်များကို အသင်ကိုယ်တိုင် မျက်မြင်ကြားသိ မခံစားခဲ့ရပါ။ သို့သော် ငါအရှင်မြတ်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကရုဏာတော်အဖြစ် ထိုသတင်းအချက်အလက်များကို ဝဟ်ယ်ဖြင့် သင်ကြားပေးတော်မူခဲ့သည်။ ဤသည်မှာ အသင်သည် ယခင်က သတိပေးနှိုးဆော်သူ တစ်ဦးမျှ မရောက်ရှိခဲ့သော လူမျိုးတစ်မျိုးအား သတိပေးနှိုးဆော်ရန်အတွက်ဖြစ်သည်။ သူတို့သည် သတိရတကြည့်ပြီး ဆုံးမဩဝါဒ ခံယူကြရန်အတွက်ဖြစ်သည်။ ဤလူမျိုးတို့သည် မက္ကာမြို့သူမြို့သားများဖြစ်ကြပြီး သူတို့ထံသို့ တမန်တော်မုဟမ္မဒ် (ဆွ) မတိုင်မီ သတိပေးနှိုးဆော်သူ တစ်ဦးမျှ မရောက်ရှိခဲ့ပါ။ သူတို့သည် တမန်တော်အီစာ (အ.စ) နှင့် တမန်တော်မုဟမ္မဒ် (ဆွ) အကြား ကာလတစ်ခုတွင် ရှိနေခဲ့ကြသည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွ) အား ကရုဏာတော်အဖြစ် စေလွှတ်တော်မူခဲ့ခြင်းဖြစ်သည်။
  2. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများမှာ အောက်ပါအတိုင်းဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်များအား ဝဟ်ယ် (ဗျာဒိတ်တော်) ဖြင့် သတင်းအချက်အလက်များကို


📜 အာယာသ် 44-48 — စူရာ အလ်-ကစာစ်

44وَمَا كُنتَ بِجَانِبِ الْغَرْبِيِّ إِذْ قَضَيْنَا إِلَىٰ مُوسَى الْأَمْرَ وَمَا كُنتَ مِنَ الشَّاهِدِينَ
စင်စစ်သော်ကား (အို-တမန်တော်၊) ငါအရှင်မြတ်သည် မူစာ၏ထံသို့ အမိန့်တော်(များ)ကို ထုတ်ပြန်တော်မူခဲ့စဉ်အခါ၌ အသင်သည် (တောင်၏) အနောက်ဘက်အရပ်၌ ရှိခဲ့သည်လည်းမဟုတ်ပေ။ ထိုနည်းတူစွာ အသင်သည် ကြည့်ရှုသောသူတို့တွင် အပါအဝင် ဖြစ်ခဲ့သည်လည်း မဟုတ်ပေ။
45وَلَٰكِنَّا أَنشَأْنَا قُرُونًا فَتَطَاوَلَ عَلَيْهِمُ الْعُمُرُ ۚ وَمَا كُنتَ ثَاوِيًا فِي أَهْلِ مَدْيَنَ تَتْلُو عَلَيْهِمْ آيَاتِنَا وَلَٰكِنَّا كُنَّا مُرْسِلِينَ
သို့ရာတွင် ငါအရှင်မြတ်သည် မြောက်မြားစွာသော မျိုးဆက်တို့ကို ပေါက်ပွားစေတော်မူခဲ့၏။ ၎င်းတို့အပေါ်၌ နှစ်ပရိစ္ဆေဒလည်း ကြာညောင်းခဲ့၏။ ထိုမှတစ်ပါး(အို-တမန်တော်၊) အသင်သည် မဒ်ယန်မြို့သားတို့တွင် နေထိုင်ကာ ၎င်းတို့ရှေ့ဝယ် ငါ အရှင်မြတ်၏ အာယတ်တော်များကို ဖတ်ကြားလျက် ရှိခဲ့ဖူးသည်လည်း မဟုတ်ပေ။ သို့ရာတွင် ငါအရှင်မြတ်သည် (အသင့်အား ရစူလ်တမန်တော်အဖြစ်) စေလွှတ်တော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူသည်။
46وَمَا كُنتَ بِجَانِبِ الطُّورِ إِذْ نَادَيْنَا وَلَٰكِن رَّحْمَةً مِّن رَّبِّكَ لِتُنذِرَ قَوْمًا مَّا أَتَاهُم مِّن نَّذِيرٍ مِّن قَبْلِكَ لَعَلَّهُمْ يَتَذَكَّرُونَ
၎င်းပြင် ငါအရှင်မြတ်သည်(မူစာအား)ဟစ်ခေါ်တော်မူခဲ့စဉ်အခါတွင် အသင်သည် ‘တွူရ်’ တောင်၏နံဘေး၌ ရှိခဲ့သည်လည်းမဟုတ်ပေ။ သို့ရာ တွင် အသင်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကရုဏာတော်ဖြင့် အကြင်အမျိုးသားတို့အား သတိပေးနှိုးဆော်အံ့သောငှာ(နဗီတမန်တော်အဖြစ် ချီးမြှင့်တော်မူခြင်းကို ခံခဲ့ရလေသည်)။ထို အမျိုးသားတို့ထံ အသင့်အလျင် သတိပေးနှိုးဆော်သူ တစ်ဦးမျှပင် ရောက်ရှိ၍လာခဲ့သည် မဟုတ်ပေ။ သို့မှသာလျှင် ၎င်းတို့သည် တရားရကြပေမည်။
47وَلَوْلَا أَن تُصِيبَهُم مُّصِيبَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ فَيَقُولُوا رَبَّنَا لَوْلَا أَرْسَلْتَ إِلَيْنَا رَسُولًا فَنَتَّبِعَ آيَاتِكَ وَنَكُونَ مِنَ الْمُؤْمِنِينَ
စင်စစ်သော်ကား အကယ်၍သာ ၎င်းတို့အပေါ်၌ ၎င်းတို့ကြိုတင်ပို့နှင့်ခဲ့ကြသော(ပြစ်မှုများ)ကြောင့် ဒုက္ခတစ်စုံတစ်ရာ သက်ရောက်လာသောအခါ ၎င်းတို့က အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် အဘယ့်ကြောင့် ကျွန်တော်မျိုးတို့ထံ ရစူလ်တမန်တော်တစ်ပါးပါးကို စေလွှတ်တော်မမူခဲ့ပါသနည်း။ သို့စေလွှတ်တော်မူခဲ့ပါလျှင် ကျွန်တော်မျိုးတို့သည် အရှင်မြတ်၏ အမိန့်တော်များကိုလိုက်နာ ကြမည်ဖြစ်ပါသည်။ ထို့ပြင် ကျွန်တော်မျိုးတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူများတွင် အပါအဝင် ဖြစ်ကြပါမည်ဟု မပြောဆိုကြပါလျှင် (ငါအရှင်မြတ်သည် ရစူလ်တမန်တော်ကို စေလွှတ်တော်မူမည် မဟုတ်ပေ)။
48فَلَمَّا جَاءَهُمُ الْحَقُّ مِنْ عِندِنَا قَالُوا لَوْلَا أُوتِيَ مِثْلَ مَا أُوتِيَ مُوسَىٰ ۚ أَوَلَمْ يَكْفُرُوا بِمَا أُوتِيَ مُوسَىٰ مِن قَبْلُ ۖ قَالُوا سِحْرَانِ تَظَاهَرَا وَقَالُوا إِنَّا بِكُلٍّ كَافِرُونَ
သို့ရာတွင် ၎င်းတို့ထံသို့ ငါအရှင်မြတ်ထံတော်မှ အမှန်တရားသည် ရောက်ရှိ၍လာသောအခါ ၎င်းတို့က အဘယ် ကြောင့်(ဤရစူလ်တမန်တော်သည်)မူစာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ရသကဲ့သို့သောအရာကို ချီးမြှင့်ပေးသနားတော်မူခြင်း မခံခဲ့ရပါသနည်းဟု ပြောဆိုခဲ့ကြကုန်၏။၎င်းတို့သည် ယခင်က တမန်တော်မူစာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ရသောအရာကို ငြင်းပယ်ခဲ့ကြသည်မဟုတ်လော။ ၎င်းတို့က (တောင်ရာတ်ကျမ်းနှင့် ကုရ်အာန်ကျမ်းမြတ်)နှစ်ခုလုံးပင် အချင်းချင်း တစ်ခုကိုတစ်ခု ရိုင်းပင်းထောက်ခံသော ပဉ္စလက်အတတ်ဖြစ်သည်ဟု ပြောဆိုခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့က ဧကန်စင်စစ် ကျွန်ုပ်တို့သည် အားလုံးကိုငြင်းပယ်သူများပင် ဖြစ်ကြသည်ဟု ပြောဆိုခဲ့ကြကုန်၏။
အလ်-ကစာစ်ကုရ်အာန် ညွှန်းကိန်း
88အာယာသ်
MeccanRevelation
46အာယာသ်

ဘာသာပြန် — အလ်-ကစာစ် 46

စူရာ အလ်-ကစာစ် အာယာသ် 46 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ငါအရှင်မြတ်သည်(မူစာအား)ဟစ်ခေါ်တော်မူခဲ့စဉ်အခါတွင် အသင်သည် ‘တွူရ်’ တောင်၏နံဘေး၌ ရှိခဲ့သည်လည်းမဟုတ်ပေ။ သို့ရာ တွင် အသင်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသော…

စူရာ အာယာသ် 46/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 44–48. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers